Premier League Transfer News

17 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ ရိုးမားအသင်းဆီ ကွင်းလယ်လူ ဂရာနစ် ချာကာကို ရောင်းမရမှာကို စိတ်ပူနေကြပြီး အက်စတန် ဗီလာရဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို စိတ်ဝင်စားနေတဲ့ မော်ရင်ညိုကြောင့် ဆွစ်ဇာလန်ကပ္ပတိန်ကို လာမယ့်နှစ်မှာ သက်တမ်းတိုးမရဘဲ အလကားလက်လွှတ်ရမှာကို စိုးရိမ်နေကြ။

– အာဆင်နယ်အသင်းအနေနဲ့ အန်ဒါလက်ချ်အသင်းရဲ့ ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါကို ခေါ်ယူဖို့ ပေါင် ၁၃ သန်းတန် ကမ်းလှမ်းမှု ပယ်ချခံရပြီးနောက်မှာ ဆက်လက်ဆွေးနွေးနေပြီး ဘယ်လ်ဂျီယမ်သားအတွက် မကြာခင်မှာ သဘောတူညီမှုရရှိနိုင်မယ်လို့ ယုံကြည်နေ။

– ကစားသမားဝယ်ရောင်းလုပ်ရာမှာ ကျွမ်းကျင်တဲ့ အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းအနေနဲ့ မနှစ်က ဟာသာဘာလင်အသင်းမှာ လာရောက်ကစားခဲ့ဖူးတဲ့ အာဆင်နယ်ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီကို ဈေးချောင်ချောင်နဲ့ ခေါ်ယူရရှိနိုင်ဖို့ ကြိုးစားနေ။

– အာဆင်နယ်အသင်းအနေနဲ့ အိုင်းယက်စ်ဂိုးသမား အန်ဒရီ အိုနာနာကို ပေါင် ၇ သန်းနဲ့ ခေါ်ယူရရှိနိုင်ဖို့ ကြိုးစားနေပြီး ဘန်းဒ် လီနိုကို ရောင်းထုတ်သွားမှာဖြစ်သလို တန်းဆင်း ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းရဲ့ အင်္ဂလန်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကိုလည်း စောင့်ကြည့်နေ။

– အာဆင်နယ်အသင်းက စောင့်ကြည့်နေပြီး ခေါ်ယူဖို့ အလိုရှိနေတဲ့ ကွင်းလယ်လူ မာနူယယ် လိုကာတယ်လီအနေနဲ့ ပြီးခဲ့တဲ့ ဆွစ်ဇာလန်နဲ့ ပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုးနဲ့အတူ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိသွားခဲ့တာကြောင့် သူ့ရဲ့ ဆိုဈေးက ပိုမိုမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းနေကြ။

– အာဆင်နယ်အသင်းအနေနဲ့ လူငယ်ကွင်းလယ်လူ အီမီးလ် စမစ်ရိုးအတွက် အက်စတန်ဗီလာအသင်းရဲ့ ပေါင် ၂၅ သန်းတန် ကမ်းလှမ်းမှုကို ရောင်းရန်မဟုတ်ဆိုတဲ့ တံဆိပ်ကပ် ပယ်ချခဲ့အပြီးမှာ နှစ်ရှည်စာချုပ် ချုပ်ဆိုသွားနိုင်ဖို့ ပိုမိုအရှိန်မြှင့် ကြိုးစားနေ။

– အာဆင်နယ်အသင်းရဲ့ ဒီနွေရာသီ ပစ်မှတ်တစ်ခုဖြစ်တဲ့ လက်စတာစီးတီးကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆန်ရဲ့ စိတ်နေစိတ်ထားကို အသင်းဂန္ထဝင်တိုက်စစ်မှူး သီယာရီ အွန်နရီက သဘောကျနေပြီး မာနကြီးပြီး စိတ်ဓာတ်ပြင်းပြတဲ့ ကစားသမားမျိုးကို ပိုင်ဆိုင်ရတာဟာ ဆုလာဘ်တစ်ခုလို့ မှတ်ချက်ပေးသွားခဲ့။

– ဘရိုက်တန်အသင်းအနေနဲ့ အာဆင်နယ်အသင်းဘက်က ကမ်းလှမ်းထားတဲ့ သူတို့ရဲ့ နောက်ခံလူ ဘန်ဝှိုက်အတွက် ပေါင်သန်း ၄၀ ဆိုတဲ့ ငွေကြေးပမာဏကို ပယ်ချလိုက်ပြီး ပေါင်သန်း ၅၀ မရဘူးဆိုရင် လက်ခံစဉ်းစားမှာ မဟုတ်ကြောင်း မြောက်လန်ဒန်သားတွေကို သတိပေးသွား။

– အာဆင်နယ်အသင်းအနေနဲ့ ဟက်တာ ဘယ်လာရင်၊ အိန်းစလီ မိတ်လန်းနိုင်းလ်စ်၊ လူးကပ်စ် တော်ရဲရား၊ မက်တီယို ဂန်ဒူဇီနဲ့ အက်ဒီ နကီးတီးယားတို့ ၅ ဦးကို ရောင်းချလို့ ရမယ့် ပြောင်းရွှေ့ကြေးပမာဏကို ပေါင် ၁၀၄ သန်းအထိ ခန့်မှန်းထားပြီး လူသစ်ခေါ်ယူရာမှာ အသုံးချဖို့ ရည်ရွယ်ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ႐ိုးမားအသင္းဆီ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကို ေရာင္းမရမွာကို စိတ္ပူေနၾကၿပီး အက္စတန္ ဗီလာရဲ႕ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ကို စိတ္ဝင္စားေနတဲ့ ေမာ္ရင္ညိဳေၾကာင့္ ဆြစ္ဇာလန္ကပၸတိန္ကို လာမယ့္ႏွစ္မွာ သက္တမ္းတိုးမရဘဲ အလကားလက္လႊတ္ရမွာကို စိုးရိမ္ေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ အန္ဒါလက္ခ်္အသင္းရဲ႕ ကြင္းလယ္လူ ဆမ္ဘီ လိုကြန္ဂါကို ေခၚယူဖို႔ ေပါင္ ၁၃ သန္းတန္ ကမ္းလွမ္းမႈ ပယ္ခ်ခံရၿပီးေနာက္မွာ ဆက္လက္ေဆြးေႏြးေနၿပီး ဘယ္လ္ဂ်ီယမ္သားအတြက္ မၾကာခင္မွာ သေဘာတူညီမႈရရွိႏိုင္မယ္လို႔ ယုံၾကည္ေန။

– ကစားသမားဝယ္ေရာင္းလုပ္ရာမွာ ကြၽမ္းက်င္တဲ့ အသင္းေတြထဲက တစ္သင္းျဖစ္တဲ့ ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္အသင္းအေနနဲ႔ မႏွစ္က ဟာသာဘာလင္အသင္းမွာ လာေရာက္ကစားခဲ့ဖူးတဲ့ အာဆင္နယ္ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီကို ေဈးေခ်ာင္ေခ်ာင္နဲ႔ ေခၚယူရရွိႏိုင္ဖို႔ ႀကိဳးစားေန။

– အာဆင္နယ္အသင္းအေနနဲ႔ အိုင္းယက္စ္ဂိုးသမား အန္ဒရီ အိုနာနာကို ေပါင္ ၇ သန္းနဲ႔ ေခၚယူရရွိႏိုင္ဖို႔ ႀကိဳးစားေနၿပီး ဘန္းဒ္ လီႏိုကို ေရာင္းထုတ္သြားမွာျဖစ္သလို တန္းဆင္း ရွက္ဖီးလ္ဒ္ယူႏိုက္တက္အသင္းရဲ႕ အဂၤလန္ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ကိုလည္း ေစာင့္ၾကည့္ေန။

– အာဆင္နယ္အသင္းက ေစာင့္ၾကည့္ေနၿပီး ေခၚယူဖို႔ အလိုရွိေနတဲ့ ကြင္းလယ္လူ မာႏူယယ္ လိုကာတယ္လီအေနနဲ႔ ၿပီးခဲ့တဲ့ ဆြစ္ဇာလန္နဲ႔ ပြဲစဥ္မွာ သြင္းဂိုးႏွစ္ဂိုးနဲ႔အတူ အေကာင္းဆုံးကစားသမားဆုကိုလည္း ရရွိသြားခဲ့တာေၾကာင့္ သူ႔ရဲ႕ ဆိုေဈးက ပိုမိုျမင့္တက္လာႏိုင္တယ္လို႔ ခန႔္မွန္းေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ လူငယ္ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးအတြက္ အက္စတန္ဗီလာအသင္းရဲ႕ ေပါင္ ၂၅ သန္းတန္ ကမ္းလွမ္းမႈကို ေရာင္းရန္မဟုတ္ဆိုတဲ့ တံဆိပ္ကပ္ ပယ္ခ်ခဲ့အၿပီးမွာ ႏွစ္ရွည္စာခ်ဳပ္ ခ်ဳပ္ဆိုသြားႏိုင္ဖို႔ ပိုမိုအရွိန္ျမႇင့္ ႀကိဳးစားေန။

– အာဆင္နယ္အသင္းရဲ႕ ဒီေႏြရာသီ ပစ္မွတ္တစ္ခုျဖစ္တဲ့ လက္စတာစီးတီးကြင္းလယ္လူ ဂ်ိမ္းစ္ မက္ဒီဆန္ရဲ႕ စိတ္ေနစိတ္ထားကို အသင္းဂႏၴဝင္တိုက္စစ္မႉး သီယာရီ အြန္နရီက သေဘာက်ေနၿပီး မာနႀကီးၿပီး စိတ္ဓာတ္ျပင္းျပတဲ့ ကစားသမားမ်ိဳးကို ပိုင္ဆိုင္ရတာဟာ ဆုလာဘ္တစ္ခုလို႔ မွတ္ခ်က္ေပးသြားခဲ့။

– ဘ႐ိုက္တန္အသင္းအေနနဲ႔ အာဆင္နယ္အသင္းဘက္က ကမ္းလွမ္းထားတဲ့ သူတို႔ရဲ႕ ေနာက္ခံလူ ဘန္ဝႈိက္အတြက္ ေပါင္သန္း ၄၀ ဆိုတဲ့ ေငြေၾကးပမာဏကို ပယ္ခ်လိုက္ၿပီး ေပါင္သန္း ၅၀ မရဘူးဆိုရင္ လက္ခံစဥ္းစားမွာ မဟုတ္ေၾကာင္း ေျမာက္လန္ဒန္သားေတြကို သတိေပးသြား။

– အာဆင္နယ္အသင္းအေနနဲ႔ ဟက္တာ ဘယ္လာရင္၊ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္၊ လူးကပ္စ္ ေတာ္ရဲရား၊ မက္တီယို ဂန္ဒူဇီနဲ႔ အက္ဒီ နကီးတီးယားတို႔ ၅ ဦးကို ေရာင္းခ်လို႔ ရမယ့္ ေျပာင္းေ႐ႊ႕ေၾကးပမာဏကို ေပါင္ ၁၀၄ သန္းအထိ ခန႔္မွန္းထားၿပီး လူသစ္ေခၚယူရာမွာ အသုံးခ်ဖို႔ ရည္႐ြယ္ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.