Article La Liga Premier League Serie A

လမ်းတဝက်မှာ လှေပြေးရင်း တက်ကျိုး အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတဲ့ ကစားသမား ၅ ဦး

၅။ အလက်ဇန်းဒါး ပါတို
၂၀၀၇ မှာ ပေါင် ၂၁.၆ သန်းနဲ့ အေစီမီလန်ကို ရောက်လာခဲ့တဲ့ ပါတိုရဲ့ အသင်းရဲ့ အနာဂတ်ကြယ်ပွင့်အဖြစ် ရည်မှန်းခံခဲ့ရသူပါ။ ဘရာဇီးလ်ကစားသမားတွေရဲ့ ထုံးစံအတိုင်းပဲလို့တောင် ဆိုရမလို ထိပ်သီးကစားသမားဘဝမှာ ကြာကြာမ​တောင့်ခံနိုင်ခဲ့ပါဘူး။

ဒဏ်ရာထိုးနှက်မှုအပြင် ကွင်းပြင်ပ လူမှုရေးအရှုပ်အထွေးနဲ့ ပြဿနာတွေက သူ့ခြေစွမ်းကောင်းတွေကို ပြန်ရုတ်သိမ်းသွားခဲ့ပြီး ၂၀၁၃ မှာ ဇာတိဘရာဇီးလ်ကို ပြန်ခဲ့ရကာ ၂၀၁၆ မှာတော့ ချယ်လ်ဆီးကို လာကစားနိုင်ခဲ့ပေမယ့် မထွန်းပေါက်နိုင်တော့သလို လက်ရှိမှာ မေဂျာလိဂ်ကလပ် အော်လန်ဒိုအသင်းမှာ ကစားနေရပါတယ်။

၄။ ရီကာဒို ကွာရက်စ်မာ
၂၀၀၀ ခုနှစ်အစောပိုင်းကာလတွေမှာ စပို့တင်း လစ္စဘွန်းအသင်းရဲ့ ကမ္ဘာကျော်ထုတ်ကုန်နှစ်ခုက ရီကာဒို ကွာရက်စ်မာနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့နှစ်ဦးပါ။ ရော်နယ်လ်ဒိုကတော့ ကမ္ဘာ့အဆင့် ၁ နေရာထိ ရောက်လာခဲ့ချိန်မှာ ကွာရက်စ်မာက အဝေးကြီး ပြတ်ကျန်နေခဲ့ရပါတယ်။

ဘာစီလိုနာ၊ အင်တာမီလန်နဲ့ ချယ်လ်ဆီးလို အသင်းတွေမှာ ကစားခဲ့ဖူးပေမယ့် ဖန်တီးနိုင်စွမ်းမြင့်တဲ့ သူ့ရဲ့ခြေစွမ်းတွေက အားထုတ်မှုကင်းမဲ့စွာနဲ့ အချည်းနှီးဖြစ်ပြီး ရုန်းကန်ခဲ့ရပေမယ့် ပေါ်တိုနဲ့ ဘက်ဆစ်တက်အသင်းတွေမှာတော့ အကောင်းဆုံးကစားသမားဘဝကို ရရှိခဲ့ပြီး ၂၀၁၆ ယူရိုဘုရင်အဖြစ် ပေါ်တူဂီလူစာရင်းမှာလည်း ပါဝင်နိုင်ခဲ့ပါသေးတယ်။

၃။ ဂျက်ခ် ဝီလ်ရှီးယား
အာဆင်ဝင်းဂါးရဲ့လက်အောက်မှာ အင်္ဂလန်ရဲ့ အလားအလာအကောင်းဆုံး ငွေကြယ်ပွင့်အဖြစ် လင်းလက်ခဲ့တဲ့ ဘေဘီဂျက်ကို အဓိကဒုက္ခပေးသွားခဲ့တာက ပေါက်ကွဲအားပြင်းပြီး ဒဏ်ရာရလွယ်တဲ့ ကစားဟန်နဲ့ ဒဏ်ရပြဿနာတွေသာ ဖြစ်ပါတယ်။ ဒါက သူ့ကစားသမားဘဝကိုလည်း ရပ်တန့်သွားစေခဲ့တယ်။

ချန်ပီယံလိဂ်ပွဲမှာ ဘာစီလိုနာကို ပြသခဲ့တဲ့ သူ့ရဲ့ခြေစွမ်းတွေ​က ဒီနေ့အထိ တသသပြောစရာ ဖြစ်နေပြီး အာဆင်နယ်အကယ်ဒမီထွက်တွေထဲမှာ အင်္ဂလန်ကွင်းလယ်ရဲ့ အနာဂတ်အဖြစ်လည်း သတ်မှတ်ခံခဲ့ရချိန်မှာ ဒဏ်ရာကျိန်စာဆိုးတွေက သူ့ရဲ့ ကံချော်မှုလို့သာ စိတ်မကောင်းဖွယ်ရာ ဆိုရတော့မှာပါ။

၂။ မာရီယို ဘာလိုတယ်လီ
စူပါ မာရီယိုလို့ လူသိများတဲ့ အီတလီတိုက်စစ်မှူး အမွှေဇယားကြီးကတော့ ပြောမဆုံးနိုင်တဲ့ ဇာတလမ်းအဆန်းကြီးတွေကိုမှ ပိုင်ဆိုင်ထားသူပါ။ ကမ္ဘာ့စင်မြင့်မှာ လူငယ်ခြေတက်အဖြစ် အင်တာမီလန်မှာ ထိုးထွက်လာခဲ့ပြီး ကွင်းထဲကခြေစွမ်းကောင်းတွေနဲ့ သူ့ရဲ့ အကျင့်စရိုက်တွေက ဆန့်ကျင်ဘက်မှာ ရပ်တည်ခဲ့တာပါ။

နောက်ဆုံးမှာ​တော့ သူ့ရဲ့ ပါရမီထူးတဲ့ ခြေစွမ်းတွေက အရာရာကို ကဖျက်ကယက်လုပ်ချင်တဲ့ သူ့ရဲ့ ကိုယ်ကျင့်လက္ခဏာအောက်မှာ စုန်းစုန်းမြုပ်သွားခဲ့ပြီး စည်းကမ်းမဲ့ရမ်းကားတဲ့ နေထိုင်မှုပုံစံကြောင့် မန်စီးတီး၊ အေစီမီလန်၊ လီဗာပူးလ်တို့လို အသင်းကြီးတွေကနေ လက်ရှိမှာ အီတလီ Second Division အထိ အောက်ဆင်းကန်နေရတာပါ။

၁။ အက်ဒရီယာနို
ဖခင်ကို ဆုံးရှုံးလိုက်ရခြင်းက ဘဝရဲ့ အကြီးမားဆုံး ထိုးနှက်မှုဖြစ်ခဲ့ပြီး စိတ်ကျဝေဒနါစွဲကပ်သွားခဲ့တဲ့ အက်ဒရီယာနိုပါ။ သူက အချိန်တိုအတွင်းမှာ ပိုင်ဆိုင်ခဲ့တဲ့ ကမ္ဘာ့အဆင့် အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တယောက်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပါးမားနဲ့ အင်တာမီလန်ကစားသမားဘဝမှာ ရရှိခဲ့တယ်။

ဒါပေမယ့် စည်းကမ်းပိုင်းမလိုက်နာမှုနဲ့ အလုပ်တာဝန်မကျေမှုတွေက ဘရာဇီးလ်တိုက်စစ်မှူးရဲ့ ကစားသမားဘဝမှာ ယိုပေါက်တွေ ဖြစ်လာခဲ့ပြီး အင်တာမီလန်ကစားသမားဘဝမှာပဲ ခြေစွမ်းကျဆင်းသွားခဲ့ပြီး ဖလာမင်ဂိုအသင်းကို ၂၀၀၉ မှာ ပြန်ခဲ့ရသလို အကြောင်းရင်းကတော့ ဖခင်ဆိုတဲ့ တံတိုင်းကြီး ပြိုကျသွားခဲ့ခြင်းဟာ သူ့ကို အသက် ၃၉ နှစ်မှာ အနားယူသွားစေခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၅။ အလက္ဇန္းဒါး ပါတို
၂၀၀၇ မွာ ေပါင္ ၂၁.၆ သန္းနဲ႔ ေအစီမီလန္ကို ေရာက္လာခဲ့တဲ့ ပါတိုရဲ႕ အသင္းရဲ႕ အနာဂတ္ၾကယ္ပြင့္အျဖစ္ ရည္မွန္းခံခဲ့ရသူပါ။ ဘရာဇီးလ္ကစားသမားေတြရဲ႕ ထုံးစံအတိုင္းပဲလို႔ေတာင္ ဆိုရမလို ထိပ္သီးကစားသမားဘဝမွာ ၾကာၾကာမ​ေတာင့္ခံႏိုင္ခဲ့ပါဘူး။

ဒဏ္ရာထိုးႏွက္မႈအျပင္ ကြင္းျပင္ပ လူမႈေရးအရႈပ္အေထြးနဲ႔ ျပႆနာေတြက သူ႔ေျခစြမ္းေကာင္းေတြကို ျပန္႐ုတ္သိမ္းသြားခဲ့ၿပီး ၂၀၁၃ မွာ ဇာတိဘရာဇီးလ္ကို ျပန္ခဲ့ရကာ ၂၀၁၆ မွာေတာ့ ခ်ယ္လ္ဆီးကို လာကစားႏိုင္ခဲ့ေပမယ့္ မထြန္းေပါက္ႏိုင္ေတာ့သလို လက္ရွိမွာ ေမဂ်ာလိဂ္ကလပ္ ေအာ္လန္ဒိုအသင္းမွာ ကစားေနရပါတယ္။

၄။ ရီကာဒို ကြာရက္စ္မာ
၂၀၀၀ ခုႏွစ္အေစာပိုင္းကာလေတြမွာ စပို႔တင္း လစၥဘြန္းအသင္းရဲ႕ ကမာၻေက်ာ္ထုတ္ကုန္ႏွစ္ခုက ရီကာဒို ကြာရက္စ္မာနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ႏွစ္ဦးပါ။ ေရာ္နယ္လ္ဒိုကေတာ့ ကမာၻ႔အဆင့္ ၁ ေနရာထိ ေရာက္လာခဲ့ခ်ိန္မွာ ကြာရက္စ္မာက အေဝးႀကီး ျပတ္က်န္ေနခဲ့ရပါတယ္။

ဘာစီလိုနာ၊ အင္တာမီလန္နဲ႔ ခ်ယ္လ္ဆီးလို အသင္းေတြမွာ ကစားခဲ့ဖူးေပမယ့္ ဖန္တီးႏိုင္စြမ္းျမင့္တဲ့ သူ႔ရဲ႕ေျခစြမ္းေတြက အားထုတ္မႈကင္းမဲ့စြာနဲ႔ အခ်ည္းႏွီးျဖစ္ၿပီး ႐ုန္းကန္ခဲ့ရေပမယ့္ ေပၚတိုနဲ႔ ဘက္ဆစ္တက္အသင္းေတြမွာေတာ့ အေကာင္းဆုံးကစားသမားဘဝကို ရရွိခဲ့ၿပီး ၂၀၁၆ ယူ႐ိုဘုရင္အျဖစ္ ေပၚတူဂီလူစာရင္းမွာလည္း ပါဝင္ႏိုင္ခဲ့ပါေသးတယ္။

၃။ ဂ်က္ခ္ ဝီလ္ရွီးယား
အာဆင္ဝင္းဂါးရဲ႕လက္ေအာက္မွာ အဂၤလန္ရဲ႕ အလားအလာအေကာင္းဆုံး ေငြၾကယ္ပြင့္အျဖစ္ လင္းလက္ခဲ့တဲ့ ေဘဘီဂ်က္ကို အဓိကဒုကၡေပးသြားခဲ့တာက ေပါက္ကြဲအားျပင္းၿပီး ဒဏ္ရာရလြယ္တဲ့ ကစားဟန္နဲ႔ ဒဏ္ရျပႆနာေတြသာ ျဖစ္ပါတယ္။ ဒါက သူ႔ကစားသမားဘဝကိုလည္း ရပ္တန္႔သြားေစခဲ့တယ္။

ခ်န္ပီယံလိဂ္ပြဲမွာ ဘာစီလိုနာကို ျပသခဲ့တဲ့ သူ႔ရဲ႕ေျခစြမ္းေတြ​က ဒီေန႔အထိ တသသေျပာစရာ ျဖစ္ေနၿပီး အာဆင္နယ္အကယ္ဒမီထြက္ေတြထဲမွာ အဂၤလန္ကြင္းလယ္ရဲ႕ အနာဂတ္အျဖစ္လည္း သတ္မွတ္ခံခဲ့ရခ်ိန္မွာ ဒဏ္ရာက်ိန္စာဆိုးေတြက သူ႔ရဲ႕ ကံေခ်ာ္မႈလို႔သာ စိတ္မေကာင္းဖြယ္ရာ ဆိုရေတာ့မွာပါ။

၂။ မာရီယို ဘာလိုတယ္လီ
စူပါ မာရီယိုလို႔ လူသိမ်ားတဲ့ အီတလီတိုက္စစ္မႉး အေမႊဇယားႀကီးကေတာ့ ေျပာမဆုံးႏိုင္တဲ့ ဇာတလမ္းအဆန္းႀကီးေတြကိုမွ ပိုင္ဆိုင္ထားသူပါ။ ကမာၻ႔စင္ျမင့္မွာ လူငယ္ေျခတက္အျဖစ္ အင္တာမီလန္မွာ ထိုးထြက္လာခဲ့ၿပီး ကြင္းထဲကေျခစြမ္းေကာင္းေတြနဲ႔ သူ႔ရဲ႕ အက်င့္စ႐ိုက္ေတြက ဆန္႔က်င္ဘက္မွာ ရပ္တည္ခဲ့တာပါ။

ေနာက္ဆုံးမွာ​ေတာ့ သူ႔ရဲ႕ ပါရမီထူးတဲ့ ေျခစြမ္းေတြက အရာရာကို ကဖ်က္ကယက္လုပ္ခ်င္တဲ့ သူ႔ရဲ႕ ကိုယ္က်င့္လကၡဏာေအာက္မွာ စုန္းစုန္းျမဳပ္သြားခဲ့ၿပီး စည္းကမ္းမဲ့ရမ္းကားတဲ့ ေနထိုင္မႈပုံစံေၾကာင့္ မန္စီးတီး၊ ေအစီမီလန္၊ လီဗာပူးလ္တို႔လို အသင္းႀကီးေတြကေန လက္ရွိမွာ အီတလီ Second Division အထိ ေအာက္ဆင္းကန္ေနရတာပါ။

၁။ အက္ဒရီယာႏို
ဖခင္ကို ဆုံးရႈံးလိုက္ရျခင္းက ဘဝရဲ႕ အႀကီးမားဆုံး ထိုးႏွက္မႈျဖစ္ခဲ့ၿပီး စိတ္က်ေဝဒနါစြဲကပ္သြားခဲ့တဲ့ အက္ဒရီယာႏိုပါ။ သူက အခ်ိန္တိုအတြင္းမွာ ပိုင္ဆိုင္ခဲ့တဲ့ ကမာၻ႔အဆင့္ အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တေယာက္ဆိုတဲ့ ဂုဏ္ပုဒ္ကို ပါးမားနဲ႔ အင္တာမီလန္ကစားသမားဘဝမွာ ရရွိခဲ့တယ္။

ဒါေပမယ့္ စည္းကမ္းပိုင္းမလိုက္နာမႈနဲ႔ အလုပ္တာဝန္မေက်မႈေတြက ဘရာဇီးလ္တိုက္စစ္မႉးရဲ႕ ကစားသမားဘဝမွာ ယိုေပါက္ေတြ ျဖစ္လာခဲ့ၿပီး အင္တာမီလန္ကစားသမားဘဝမွာပဲ ေျခစြမ္းက်ဆင္းသြားခဲ့ၿပီး ဖလာမင္ဂိုအသင္းကို ၂၀၀၉ မွာ ျပန္ခဲ့ရသလို အေၾကာင္းရင္းကေတာ့ ဖခင္ဆိုတဲ့ တံတိုင္းႀကီး ၿပိဳက်သြားခဲ့ျခင္းဟာ သူ႔ကို အသက္ ၃၉ ႏွစ္မွာ အနားယူသြားေစခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.