International Match Report

ရမ်ဆေး ဂိုးသွင်းပြီး နောက်တစ်ဆင့်တက်တဲ့ ဝေးလ်စ်ရဲ့ နိုင်ပွဲကြောင့် ဘာတွေဆက်ဖြစ်ဦးမလဲ

ပြီးခဲ့တဲ့ညက ယူရို ၂၀၂၀ အုပ်စု(A) ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝေးလ်စ်နဲ့ တူရကီတို့ရဲ့ ပွဲစဉ်မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ်နဲ့ ပြည်တွင်းလိဂ်တွေမှာ ကစားသမားတွေကို ခိုင်ခိုင်မာမာ အခြေချထားနိုင်ခဲ့တဲ့ ရောဘတ် ပေ့ချ်ရဲ့ ကိုင်တွယ်မှုနဲ့ နည်းပြ ရိုင်ယန်ဂစ် မရှိချိန်မှာလည်း နိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ်။

ဆွစ်ဇာလန်ကို သရေကျခဲ့တဲ့ လူစာရင်းအတိုင်း အပြောင်းအလဲမရှိ ပွဲထွက်ခဲ့တဲ့ ဝေးလ်စ်တို့အနေနဲ့ တူရကီကို အိမ်ရှင်သတ်မှတ်ခံရတာကြောင့် အဝါရောင်ဝတ်စုံနဲ့ ကစားခဲ့ရပြီး ပွဲချိန် ၆ မိနစ်မှာကတည်းက အသင်းခေါင်းဆောင် ဘေးလ် ပေးပို့တဲ့ ဘောလုံးကနေ ရမ်ဆေး ဂိုးသွင်းနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးသမား ချာကီယာ မယုံနိုင်လောက်အောင်ပဲ ခြေထောက်နဲ့ ပိတ်ဆို့သွားနိုင်ခဲ့တာပါ။

ဘူးရက် ယီးလ်မက်ဇ်ရဲ့ ကံစမ်းမှုတွေက ဂိုးမဖြစ်ခဲ့သလို ဝေးလ်စ်အတွက် ဆွစ်ဇာလန်နဲ့ပွဲမှာ ဂိုးသွင်းပေးထားတဲ့ ကီဖာမိုးရ်ကလည်း လွဲချော်နေခဲ့ပြီး တူရကီဘက်က ဆန်ဂျစ် အွန်ဒါနဲ့ ချယ်လ်ဟာနိုးလူးတို့ ကွင်းလယ်ကလည်း ခြေစွမ်းမဆိုးခဲ့လို့ ကွင်းလယ်မှာ အီမနေဘဲ ဂိုးပေါက်ကို အရောက်သွားခဲ့တဲ့ နှစ်သင်းရဲ့ ပွဲစဉ်က တော်တော်လေး ကြည့်လို့ ကောင်းခဲ့ပါတယ်။

တူရကီရဲ့ လူကျွံထောင်ချောက်တွေကတော့ ကလေးအဆင့်ပဲဖြစ်နေပြီး ဝေးလ်စ်တို့ မကြာခဏ ဖောက်ထွက်နိုင်ခဲ့သလို ပွဲချိန် ၂၃ မိနစ်မှာတော့ ရမ်ဆေးက အခွင့်အရေးကောင်းတစ်ခုကို ထပ်ဖြုန်းခဲ့ချိန်မှာ အော့တိုမန်အင်ပိုင်ယာဟောင်းတွေကတော့ ထောင့်ကန်ဘောတွေမှာ တော်တော်လေး ခြိမ်းခြောက်နိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၄၂ မိနစ်မှာတော့ ဝေးလ်စ်တို့ ဂိုးစတင်ရရှိသွားခဲ့ပြီး ၂၃ မိနစ်က ပုံစံအတိုင်းပဲ တူရကီရဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားတဲ့ ရမ်ဆေးက ဒီတစ်ကြိမ်မှာတော့ ဘေးလ်ရဲ့ ပေးပို့မှုကို ရင်ဘတ်နဲ့ အကျအနထိန်းသိမ်းပြီးမှ တစ်ယောက်ချင်းတွေ့ရတဲ့ ဂိုးသမားကို အနိုင်ယူသွားနိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ တူရကီတို့ ပိုမိုတိုက်စစ်ဆင်လာခဲ့ပြီး ယီးလ်မက်ဇ်၊ အွန်ဒါ၊ ချယ်လ်ဟာနိုးလူးတို့ အခွင့်အရေးတွေကို ဖြုန်းတီးနေခဲ့သလို ဘေးလ်ရဲ့ ဂိုးဧရိယာထိပ်က ကန်ချက်ကတော့ လွဲချော်ခဲ့ ရမ်ဆေးရဲ့ ကန်ချက်ကိုလည်း ဂိုးသမား ချာကီယာက ပိတ်ဆို့သွားနိုင်ခဲ့ချိန်မှာ ခံစစ်တွေက ရှင်းထုတ်နိုင်ခဲ့တာပါ။

ပွဲချိန် ၆၁ မိနစ်မှာတော့ ဘေးလ်က သူကိုယ်တိုင်ကြောင့်ရတဲ့ ပင်နယ်တီကို ဂိုးသမားကို လှည့်စားပြီးမှ ဂိုးဘားပေါ် ကျော်ကန်ပစ်ခဲ့လို့ ဝေးလ်စ်တို့ အနိုင်ထိန်းသိမ်းဖို့ ရုန်းကန်ခဲ့ရပြီး တူရကီတို့ရဲ့ အိုင်ဟန်၊ ဆိုယွန်ကျူး၊ ဒီမီရယ်လ်တို့ရဲ့ ထောင့်ကန်ဘောတွေက ခေါင်းတိုက်မှုဒဏ်ကို အတော်လေး တောင့်ခံခဲ့ရပါတယ်။

နာကျင်အချိန်ပိုမှာတော့ တန်ပြန်တိုက်စစ်ကနေ လူကျွံအောင်ပြေးတဲ့ ဟာရီ ဝီလ်ဆန်ကြောင့် ဂျိမ်းစ်ရဲ့ ကြိုးစားမွုနဲ့ ပေးပို့မှုက တိုင်မင်ပျက်ခဲ့ရပေမယ့် ပွဲချိန် ၉၅ မိနစ်မှာတော့ ခြေမကောင်း ဂိုးမပြတ်ဘဲ ကံကောင်းလို့ နိုင်တယ်ဆိုပြီး အပြောခံရမယ့်အရေးက ဝေးလ်စ်တို့ ရုန်းထွက်နိုင်ခဲ့ကြပါတယ်။

ဒီဂိုးကိုတော့ ပွဲပြီးခါနီးဖြစ်လို့ ထောင့်ကန်ဘောကနေ အချိန်ဆွဲတော့မယ်လို့ ထင်နေတဲ့ တူရကီနောက်တန်းတွေရဲ့ ပေါ့လျော့မှုကနေ ပင်နယ်တီဧရိယာထဲကို ဘေးလ်က တစ်ကိုယ်တော်ဆွဲဝင်ပြီး ပို့ပေးတာကို နောက်ခံလူ ကွန်နာ ရောဘတ်စ်က အနီးကပ် ကန်သွင်းနိုင်ခဲ့လို့ ဝေးလ်စ်တို့ အနိုင်ပြတ်သွားခဲ့ပြီး အကောင်းဆုံးတတိယအဖြစ် နောက်တစ်ဆင့်ကို တက်ဖို့ အနည်းဆုံးအဆင့်အဖြစ် အာမခံချက် ရှိသွားခဲ့ပါတယ်။

ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ရမ်ဆေးကတော့ ၁၇ ဂိုးမြောက် သွင်းဂိုးကို ရရှိခဲ့တာဖြစ်ပြီး သူဂိုးသွင်းနိုင်တိုင်း နိုင်ငံတကာက နာမည်ကြီးတွေ သေဆုံးတဲ့ မျက်ခုံးလှုပ်စရာဖြစ်စဉ်က ရင်ခုန်စရာဖြစ်ခဲ့သလို ၂၀၁၁ က အိုစမာ ဘင်လာဒင်နဲ့ မွမ်မာ ဂဒါဖီတို့လို လူတွေ ဘဝဆုံးခဲ့သလိုမျိုး ထပ်မံဖြစ်ပေါ်ဦးမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ညက ယူ႐ို ၂၀၂၀ အုပ္စု(A) ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေဝးလ္စ္နဲ႔ တူရကီတို႔ရဲ႕ ပြဲစဥ္မွာေတာ့ အဂၤလန္ ပရီးမီးယားလိဂ္နဲ႔ ျပည္တြင္းလိဂ္ေတြမွာ ကစားသမားေတြကို ခိုင္ခိုင္မာမာ အေျခခ်ထားႏိုင္ခဲ့တဲ့ ေရာဘတ္ ေပ့ခ်္ရဲ႕ ကိုင္တြယ္မႈနဲ႔ နည္းျပ ႐ိုင္ယန္ဂစ္ မရွိခ်ိန္မွာလည္း ႏိုင္ပြဲကို ရယူသြားႏိုင္ခဲ့ပါတယ္။

ဆြစ္ဇာလန္ကို သေရက်ခဲ့တဲ့ လူစာရင္းအတိုင္း အေျပာင္းအလဲမရွိ ပြဲထြက္ခဲ့တဲ့ ေဝးလ္စ္တို႔အေနနဲ႔ တူရကီကို အိမ္ရွင္သတ္မွတ္ခံရတာေၾကာင့္ အဝါေရာင္ဝတ္စုံနဲ႔ ကစားခဲ့ရၿပီး ပြဲခ်ိန္ ၆ မိနစ္မွာကတည္းက အသင္းေခါင္းေဆာင္ ေဘးလ္ ေပးပို႔တဲ့ ေဘာလုံးကေန ရမ္ေဆး ဂိုးသြင္းႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္ ဂိုးသမား ခ်ာကီယာ မယုံႏိုင္ေလာက္ေအာင္ပဲ ေျခေထာက္နဲ႔ ပိတ္ဆို႔သြားႏိုင္ခဲ့တာပါ။

ဘူးရက္ ယီးလ္မက္ဇ္ရဲ႕ ကံစမ္းမႈေတြက ဂိုးမျဖစ္ခဲ့သလို ေဝးလ္စ္အတြက္ ဆြစ္ဇာလန္နဲ႔ပြဲမွာ ဂိုးသြင္းေပးထားတဲ့ ကီဖာမိုးရ္ကလည္း လြဲေခ်ာ္ေနခဲ့ၿပီး တူရကီဘက္က ဆန္ဂ်စ္ အြန္ဒါနဲ႔ ခ်ယ္လ္ဟာႏိုးလူးတို႔ ကြင္းလယ္ကလည္း ေျခစြမ္းမဆိုးခဲ့လို႔ ကြင္းလယ္မွာ အီမေနဘဲ ဂိုးေပါက္ကို အေရာက္သြားခဲ့တဲ့ ႏွစ္သင္းရဲ႕ ပြဲစဥ္က ေတာ္ေတာ္ေလး ၾကည့္လို႔ ေကာင္းခဲ့ပါတယ္။

တူရကီရဲ႕ လူကြၽံေထာင္ေခ်ာက္ေတြကေတာ့ ကေလးအဆင့္ပဲျဖစ္ေနၿပီး ေဝးလ္စ္တို႔ မၾကာခဏ ေဖာက္ထြက္ႏိုင္ခဲ့သလို ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ ရမ္ေဆးက အခြင့္အေရးေကာင္းတစ္ခုကို ထပ္ျဖဳန္းခဲ့ခ်ိန္မွာ ေအာ့တိုမန္အင္ပိုင္ယာေဟာင္းေတြကေတာ့ ေထာင့္ကန္ေဘာေတြမွာ ေတာ္ေတာ္ေလး ၿခိမ္းေျခာက္ႏိုင္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ ေဝးလ္စ္တို႔ ဂိုးစတင္ရရွိသြားခဲ့ၿပီး ၂၃ မိနစ္က ပုံစံအတိုင္းပဲ တူရကီရဲ႕ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားတဲ့ ရမ္ေဆးက ဒီတစ္ႀကိမ္မွာေတာ့ ေဘးလ္ရဲ႕ ေပးပို႔မႈကို ရင္ဘတ္နဲ႔ အက်အနထိန္းသိမ္းၿပီးမွ တစ္ေယာက္ခ်င္းေတြ႕ရတဲ့ ဂိုးသမားကို အႏိုင္ယူသြားႏိုင္ခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ တူရကီတို႔ ပိုမိုတိုက္စစ္ဆင္လာခဲ့ၿပီး ယီးလ္မက္ဇ္၊ အြန္ဒါ၊ ခ်ယ္လ္ဟာႏိုးလူးတို႔ အခြင့္အေရးေတြကို ျဖဳန္းတီးေနခဲ့သလို ေဘးလ္ရဲ႕ ဂိုးဧရိယာထိပ္က ကန္ခ်က္ကေတာ့ လြဲေခ်ာ္ခဲ့ ရမ္ေဆးရဲ႕ ကန္ခ်က္ကိုလည္း ဂိုးသမား ခ်ာကီယာက ပိတ္ဆို႔သြားႏိုင္ခဲ့ခ်ိန္မွာ ခံစစ္ေတြက ရွင္းထုတ္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ေဘးလ္က သူကိုယ္တိုင္ေၾကာင့္ရတဲ့ ပင္နယ္တီကို ဂိုးသမားကို လွည့္စားၿပီးမွ ဂိုးဘားေပၚ ေက်ာ္ကန္ပစ္ခဲ့လို႔ ေဝးလ္စ္တို႔ အႏိုင္ထိန္းသိမ္းဖို႔ ႐ုန္းကန္ခဲ့ရၿပီး တူရကီတို႔ရဲ႕ အိုင္ဟန္၊ ဆိုယြန္က်ဴး၊ ဒီမီရယ္လ္တို႔ရဲ႕ ေထာင့္ကန္ေဘာေတြက ေခါင္းတိုက္မႈဒဏ္ကို အေတာ္ေလး ေတာင့္ခံခဲ့ရပါတယ္။

နာက်င္အခ်ိန္ပိုမွာေတာ့ တန္ျပန္တိုက္စစ္ကေန လူကြၽံေအာင္ေျပးတဲ့ ဟာရီ ဝီလ္ဆန္ေၾကာင့္ ဂ်ိမ္းစ္ရဲ႕ ႀကဳိးစားမြဳနဲ႔ ေပးပို႔မႈက တိုင္မင္ပ်က္ခဲ့ရေပမယ့္ ပြဲခ်ိန္ ၉၅ မိနစ္မွာေတာ့ ေျခမေကာင္း ဂိုးမျပတ္ဘဲ ကံေကာင္းလို႔ ႏိုင္တယ္ဆိုၿပီး အေျပာခံရမယ့္အေရးက ေဝးလ္စ္တို႔ ႐ုန္းထြက္ႏိုင္ခဲ့ၾကပါတယ္။

ဒီဂိုးကိုေတာ့ ပြဲၿပီးခါနီးျဖစ္လို႔ ေထာင့္ကန္ေဘာကေန အခ်ိန္ဆြဲေတာ့မယ္လို႔ ထင္ေနတဲ့ တူရကီေနာက္တန္းေတြရဲ႕ ေပါ့ေလ်ာ့မႈကေန ပင္နယ္တီဧရိယာထဲကို ေဘးလ္က တစ္ကိုယ္ေတာ္ဆြဲဝင္ၿပီး ပို႔ေပးတာကို ေနာက္ခံလူ ကြန္နာ ေရာဘတ္စ္က အနီးကပ္ ကန္သြင္းႏိုင္ခဲ့လို႔ ေဝးလ္စ္တို႔ အႏိုင္ျပတ္သြားခဲ့ၿပီး အေကာင္းဆုံးတတိယအျဖစ္ ေနာက္တစ္ဆင့္ကို တက္ဖို႔ အနည္းဆုံးအဆင့္အျဖစ္ အာမခံခ်က္ ရွိသြားခဲ့ပါတယ္။

ဒီပြဲမွာ ဂိုးသြင္းႏိုင္ခဲ့တဲ့ ရမ္ေဆးကေတာ့ ၁၇ ဂိုးေျမာက္ သြင္းဂိုးကို ရရွိခဲ့တာျဖစ္ၿပီး သူဂိုးသြင္းႏိုင္တိုင္း ႏိုင္ငံတကာက နာမည္ႀကီးေတြ ေသဆုံးတဲ့ မ်က္ခုံးလႈပ္စရာျဖစ္စဥ္က ရင္ခုန္စရာျဖစ္ခဲ့သလို ၂၀၁၁ က အိုစမာ ဘင္လာဒင္နဲ႔ မြမ္မာ ဂဒါဖီတို႔လို လူေတြ ဘဝဆုံးခဲ့သလိုမ်ိဳး ထပ္မံျဖစ္ေပၚဦးမလားဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.