International Match Report

ယူရို ၂၀၂၀ ကို ပန်းခင်းတဲ့ လမ်းလား ထင်ရအောင် ချန်ပီယံခြေစွမ်းပြတဲ့ အီတလီ

အီတလီအသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ တူရကီနဲ့ပွဲက လူစာရင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ဖလော်ရန်ဇီတစ်နေရာကိုပဲ အပြောင်းအလဲလုပ်ခဲ့ပြီး ကောင်းမွန်သပ်ရပ်တဲ့ စုဖွဲ့မှုနဲ့ ဆွစ်ဇာလန်ကို အကောင်းဆုံး ရင်ဆိုင်လာခဲ့သလို ဆွစ်ဇာလန်ကလည်း ဝေးလ်စ်နဲ့ပွဲက တူညီတဲ့ ၁၁ ယောက်နဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။

ပွဲစတာနဲ့ အီတလီတို့ ဖိကစားနိုင်ခဲ့သလို တောင်ပံတွေကနေ တိုက်စစ်ဆင်ခဲ့ပြီး ပွဲချိန် ၁၂ မိနစ်မှာ အင်ဆီညာ ပင်နယ်တီဧရိယာထဲမှာ လဲကျခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရသလို ဆွစ်ဇာလန်နည်းပြ ပက်ကိုဗစ်ကတော့ ပြိုင်ဘက်ကို ဘယ်လိုတုံ့ပြန်ကစားရမယ်ဆိုတာကို အဖြေမရှာနိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာ အသင်းခေါင်းဆောင် ခေးလီနီက ထောင့်ကန်ဘောကနေ ဘောလုံးယှဉ်လုပြီး ပြန်ကျလာတဲ့ ဘောလုံးကို ကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပေမယ့် ခုန်လုစဉ်မှာ လက်နဲ့ ထိခဲ့မိတာကြောင့် VAR နဲ့ ပယ်ဖျက်ခံခဲ့ရပြီး ၅ မိနစ်အကြာမှာတော့ ပေါင်နောက်ကြောဒဏ်ရာ ရရှိသွားခဲ့လို့ လာဇီယိုရဲ့ အချယ်ဘီနဲ့ လူစားလဲကစားခဲ့ရပါတယ်။

ဘယ်သန်နောက်ခံလူကို ဘယ်သန်နောက်ခံလူနဲ့ပဲ လူစားလဲခဲ့တာကတော့ မန်ချီနီရဲ့ တိကျသေသပ်မှုကို ချီးကျူးရမှာဖြစ်ပြီး ပွဲချိန် ၂၆ မိနစ်မှာတော့ ကွင်းလယ်ကနေ ဆွစ်ဇာလန်တိုက်စစ်ကို ဟန့်တားနိုင်ခဲ့တဲ့ လိုကာတယ်လီက ညာတောင်ပံကို တင်ပေးလိုက်တဲ့ ဘောလုံးကို ဘယ်ရာဒီက ပြေးထွက်ရယူပြီး အနိမ့်ဘော ချိုးပေးတာမှာ စတင်ခဲ့တဲ့ လိုကာတယ်လီကပဲ ပြန်လည်အဆုံးသတ်ပိတ်သွင်းနိုင်ခဲ့လို့ အီတလီတို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီဂိုးမှာ ဆာဆူအိုလို အတွဲအဖက်ရဲ့ နားလည်မှုနဲ့အတူ ဘောလုံးကို စတင်ပြီး ၁၀ စက္ကန့်အကြာမှာ ဂိုးသွင်းမယ့်နေရာဆီ ရောက်သွားအောင် ပြေးလွှားသွားခဲ့ပြီး ဘယ်ရာဒီရဲ့ ပေးပို့မှုကို အဆုံးသတ်နိုင်ခဲ့တဲ့ ကြိုးစားမှု၊ လုပ်အားနှုန်းနဲ့ အကွက်မြင်မှုတွေကလည်း ချီးကျူးစရာဖြစ်ခဲ့ပြီး ပထမပိုင်းမှာ အီတလီတို့ အခွင့်အရေးတွေကို ထပ်ပြီး အသုံးမချနိုင်တာမို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းစစချင်းမှာ ဆွစ်ဇာလန်တို့ ပြန်ရုန်းခဲ့သေးပေမယ့် အရာမထင်ခဲ့ဘဲ ပွဲချိန် ၅၂ မိနစ်မှာတော့ ဘာရဲလားပေးတဲ့ ဘောလုံးကို လိုကာတယ်လီကပဲ နေရာယူပုံ ပျက်ယွင်းနေတဲ့ တစ်ဖက်နောက်ခံလူတွေကြားကနေ အားနည်းတဲ့ ဘယ်ခြေနဲ့ လှမ်းကန်ခဲ့ရာမှာ ဂိုးသမား ဆွမ်းမားကို အငိုက်မိစေနိုင်ခဲ့ပြီး အီတလီတို့ ဒုတိယဂိုး ထပ်မံရရှိခဲ့တာပါ။

ဆွစ်ဇာလန်တို့ နှစ်ဂိုးပေးရအပြီးမှာ အီတလီဘက်ကို ဘောလုံးပိုင်ဆိုင်မှု အသာစီး ပြန်ယူနိုင်ခဲ့ပေမယ့် တူတူတန်တန် အပိုင်ကန်ခွင့်မျိုးတော့ မရခဲ့ဘဲ ချေပဂိုးနဲ့ လွဲချော်နေခဲ့သလို ဇူးဘားရဲ့ ထောင့်ကျဉ်းကန်ချက်ကိုလည်း ဒွန်နာရမ်မာ ပိတ်ဆို့သွားနိုင်ခဲ့လို့ အဇူရီတွေ Clean Sheet ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

မိနစ် ၇၀ ကျော်မှာ အင်မိုဘီလီကတော့ နှစ်ကြိမ်တိုင်တိုင် ဂိုးပေါက်လွဲချော်ခဲ့ပြီး ပွဲချိန် ၈၉ မိနစ်မှာတော့ ဆွစ်ဇာလန်ကွင်းလယ်အမှားကြောင့် ဘောလုံးပျက်ရာကနေ လူစားဝင်နောက်ခံလူ တိုလွိုင် ပေးတဲ့ ဘောလုံးကို အဝေးကနေ ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဆွမ်းမား လေးလံနေပြီး ကာကွယ်မှု မကောင်းခဲ့လို့ တတိယဂိုးကို အီတလီတို့ ရယူနိုင်ခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ အီတလီတို့ကတော့ နှစ်ပွဲကစား နှစ်ပွဲနိုင်၊ ရဂိုး ၆ ဂိုး၊ ရမှတ် ၆ မှတ်နဲ့ အုပ်စု(A)ကို ဦးဆောင်နိုင်ခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့သလို နည်းပြ မန်ချီနီရဲ့ လက်အောက်မှာ ၂၀၁၈ အောက်တိုဘာလကတည်းက ၂၈ ပွဲဆက်တိုက် ရှံးပွဲမရှိဘဲ နောက်ဆုံး ၉ ပွဲဆက် အနိုင်ရရှိမှုနဲ့အတူ ယူရို ၂၀၂၀ ပြိုင်ပွဲဟာ သူတို့အတွက် ပန်းခင်းတဲ့ လမ်းဖြစ်အောင် ပြောင်းလဲနိုင်ဖို့ ရေပန်းစားလာခဲ့ပြီဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အီတလီအသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ တူရကီနဲ႔ပြဲက လူစာရင္းမွာ ေျခစြမ္းမျပႏိုင္တဲ့ ဖေလာ္ရန္ဇီတစ္ေနရာကိုပဲ အေျပာင္းအလဲလုပ္ခဲ့ၿပီး ေကာင္းမြန္သပ္ရပ္တဲ့ စုဖြဲ႕မႈနဲ႔ ဆြစ္ဇာလန္ကို အေကာင္းဆုံး ရင္ဆိုင္လာခဲ့သလို ဆြစ္ဇာလန္ကလည္း ေဝးလ္စ္နဲ႔ပြဲက တူညီတဲ့ ၁၁ ေယာက္နဲ႔ပဲ ပြဲထြက္လာခဲ့ပါတယ္။

ပြဲစတာနဲ႔ အီတလီတို႔ ဖိကစားႏိုင္ခဲ့သလို ေတာင္ပံေတြကေန တိုက္စစ္ဆင္ခဲ့ၿပီး ပြဲခ်ိန္ ၁၂ မိနစ္မွာ အင္ဆီညာ ပင္နယ္တီဧရိယာထဲမွာ လဲက်ခဲ့ေပမယ့္ ျငင္းပယ္ခံခဲ့ရသလို ဆြစ္ဇာလန္နည္းျပ ပက္ကိုဗစ္ကေတာ့ ၿပိဳင္ဘက္ကို ဘယ္လိုတုံ႔ျပန္ကစားရမယ္ဆိုတာကို အေျဖမရွာႏိုင္ဘဲ ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၁၉ မိနစ္မွာ အသင္းေခါင္းေဆာင္ ေခးလီနီက ေထာင့္ကန္ေဘာကေန ေဘာလုံးယွဥ္လုၿပီး ျပန္က်လာတဲ့ ေဘာလုံးကို ကန္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ေပမယ့္ ခုန္လုစဥ္မွာ လက္နဲ႔ ထိခဲ့မိတာေၾကာင့္ VAR နဲ႔ ပယ္ဖ်က္ခံခဲ့ရၿပီး ၅ မိနစ္အၾကာမွာေတာ့ ေပါင္ေနာက္ေၾကာဒဏ္ရာ ရရွိသြားခဲ့လို႔ လာဇီယိုရဲ႕ အခ်ယ္ဘီနဲ႔ လူစားလဲကစားခဲ့ရပါတယ္။

ဘယ္သန္ေနာက္ခံလူကို ဘယ္သန္ေနာက္ခံလူနဲ႔ပဲ လူစားလဲခဲ့တာကေတာ့ မန္ခ်ီနီရဲ႕ တိက်ေသသပ္မႈကို ခ်ီးက်ဴးရမွာျဖစ္ၿပီး ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ ကြင္းလယ္ကေန ဆြစ္ဇာလန္တိုက္စစ္ကို ဟန႔္တားႏိုင္ခဲ့တဲ့ လိုကာတယ္လီက ညာေတာင္ပံကို တင္ေပးလိုက္တဲ့ ေဘာလုံးကို ဘယ္ရာဒီက ေျပးထြက္ရယူၿပီး အနိမ့္ေဘာ ခ်ိဳးေပးတာမွာ စတင္ခဲ့တဲ့ လိုကာတယ္လီကပဲ ျပန္လည္အဆုံးသတ္ပိတ္သြင္းႏိုင္ခဲ့လို႔ အီတလီတို႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒီဂိုးမွာ ဆာဆူအိုလို အတြဲအဖက္ရဲ႕ နားလည္မႈနဲ႔အတူ ေဘာလုံးကို စတင္ၿပီး ၁၀ စကၠန႔္အၾကာမွာ ဂိုးသြင္းမယ့္ေနရာဆီ ေရာက္သြားေအာင္ ေျပးလႊားသြားခဲ့ၿပီး ဘယ္ရာဒီရဲ႕ ေပးပို႔မႈကို အဆုံးသတ္ႏိုင္ခဲ့တဲ့ ႀကိဳးစားမႈ၊ လုပ္အားႏႈန္းနဲ႔ အကြက္ျမင္မႈေတြကလည္း ခ်ီးက်ဴးစရာျဖစ္ခဲ့ၿပီး ပထမပိုင္းမွာ အီတလီတို႔ အခြင့္အေရးေတြကို ထပ္ၿပီး အသုံးမခ်ႏိုင္တာမို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းစစခ်င္းမွာ ဆြစ္ဇာလန္တို႔ ျပန္႐ုန္းခဲ့ေသးေပမယ့္ အရာမထင္ခဲ့ဘဲ ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ဘာရဲလားေပးတဲ့ ေဘာလုံးကို လိုကာတယ္လီကပဲ ေနရာယူပုံ ပ်က္ယြင္းေနတဲ့ တစ္ဖက္ေနာက္ခံလူေတြၾကားကေန အားနည္းတဲ့ ဘယ္ေျခနဲ႔ လွမ္းကန္ခဲ့ရာမွာ ဂိုးသမား ဆြမ္းမားကို အငိုက္မိေစႏိုင္ခဲ့ၿပီး အီတလီတို႔ ဒုတိယဂိုး ထပ္မံရရွိခဲ့တာပါ။

ဆြစ္ဇာလန္တို႔ ႏွစ္ဂိုးေပးရအၿပီးမွာ အီတလီဘက္ကို ေဘာလုံးပိုင္ဆိုင္မႈ အသာစီး ျပန္ယူႏိုင္ခဲ့ေပမယ့္ တူတူတန္တန္ အပိုင္ကန္ခြင့္မ်ိဳးေတာ့ မရခဲ့ဘဲ ေခ်ပဂိုးနဲ႔ လြဲေခ်ာ္ေနခဲ့သလို ဇူးဘားရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ကိုလည္း ဒြန္နာရမ္မာ ပိတ္ဆို႔သြားႏိုင္ခဲ့လို႔ အဇူရီေတြ Clean Sheet ကို ဆက္ထိန္းထားႏိုင္ခဲ့ပါတယ္။

မိနစ္ ၇၀ ေက်ာ္မွာ အင္မိုဘီလီကေတာ့ ႏွစ္ႀကိမ္တိုင္တိုင္ ဂိုးေပါက္လြဲေခ်ာ္ခဲ့ၿပီး ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ ဆြစ္ဇာလန္ကြင္းလယ္အမွားေၾကာင့္ ေဘာလုံးပ်က္ရာကေန လူစားဝင္ေနာက္ခံလူ တိုလြိဳင္ ေပးတဲ့ ေဘာလုံးကို အေဝးကေန ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဆြမ္းမား ေလးလံေနၿပီး ကာကြယ္မႈ မေကာင္းခဲ့လို႔ တတိယဂိုးကို အီတလီတို႔ ရယူႏိုင္ခဲ့ပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ အီတလီတို႔ကေတာ့ ႏွစ္ပြဲကစား ႏွစ္ပြဲႏိုင္၊ ရဂိုး ၆ ဂိုး၊ ရမွတ္ ၆ မွတ္နဲ႔ အုပ္စု(A)ကို ဦးေဆာင္ႏိုင္ခဲ့ၿပီး ေနာက္တစ္ဆင့္ကို တက္ေရာက္သြားခဲ့သလို နည္းျပ မန္ခ်ီနီရဲ႕ လက္ေအာက္မွာ ၂၀၁၈ ေအာက္တိုဘာလကတည္းက ၂၈ ပြဲဆက္တိုက္ ရွံးပြဲမရွိဘဲ ေနာက္ဆုံး ၉ ပြဲဆက္ အႏိုင္ရရွိမႈနဲ႔အတူ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲဟာ သူတို႔အတြက္ ပန္းခင္းတဲ့ လမ္းျဖစ္ေအာင္ ေျပာင္းလဲႏိုင္ဖို႔ ေရပန္းစားလာခဲ့ၿပီျဖစ္ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.