Premier League Transfer News

အီဒူးကို ရှုတ်ချနေကြပြီး အပြောင်းအရွှေ့အတွက် မေးခွန်းထုတ်နေတဲ့ အာဆင်နယ်ပရိသတ်များ

အာဆင်နယ်ပရိသတ်တွေအနေနဲ့ အသင်းကို ရောက်လာကတည်းက ဘာမှ ဖြစ်မြောက်အောင် လုပ်မပြနိုင်ဘဲ ကစားသမား ခေါ်ယူမှုမှာရော လူသစ်ရှာဖွေမှုနဲ့ ကင်းထောက်မှုတွေမှာပါ တခြားအသင်းတွေနောက်ကို ကျန်ရစ်ခဲ့စေတဲ့ နည်းစနစ်ဒါရိုက်တာ အီဒူး ဂက်စပါကို အသင်းမှာ ဆက်ပြီး မမြင်ချင်ကြတော့အောင် ဖြစ်နေကြပြီလို့ သိရပါတယ်။

စရောက်ရောက်ချင်းကတော့ အီဒူးဟာ မာတီနယ်လီရဲ့ မပြီးပြတ်သေးတဲ့ အပြောင်းအရွှေ့ကို အီတူယာနိုဘက်က လက်ခံနိုင်အောင် ဝင်ညှိပေးနိုင်ခဲ့လို့ သူရဲကောင်းလိုလိုဖြစ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ အာဆင်နယ်အသင်းဟာ ဘရာဇီးလ်သားတွေချည်း ခေါ်ယူပြီး အလုပ်လုပ်ခွင့်ပါမစ်တွေ တစ်သီကြီး လျှောက်ပေးလို့ မရတဲ့ အင်္ဂလန်အသင်းဖြစ်နေချိန်မှာ သူ့ရဲ့ အလုပ်မဖြစ်မှုက တဖြည်းဖြည်း ထင်ရှားလာခဲ့တာပါ။

အသင်းရဲ့ ပထမဦးစားပေးပစ်မှတ် မာတင် အော်ဒီဂွါဒ်ကို ရီးရဲလ်မက်ဒရစ်က ပြောင်းလာဖို့ ဥရောပကစားခွင့် အနေအထားအရ မစည်းရုံးနိုင်တော့ချိန်မှာ ဒုတိယဦးစားပေးပစ်မှတ် အီမီလီယာနို ဘွင်ဒီယာကို တရားဝင် ကမ်းလှမ်းမှု လုံးဝမရှိခဲ့ဘဲ အက်စတန်ဗီလာအသင်းဆီ လက်လွှတ်ပေးခဲ့တယ်ဆိုတဲ့ ပေါက်ကြားမှုက ဘရာဇီးလ်သားအတွက်တော့ တော်တော်လေး ဆိုးရွားတဲ့ ပြစ်တင်မှုတွေနဲ့ ကြုံလာခဲ့ရတာပါ။

မူလသတင်းတွေအရ အာဆင်နယ်ဟာ နော့ဝစ်ချ်ဆီကို နှစ်ကြိမ်ကမ်းလှမ်းခဲ့တယ်လို့ ဆိုခဲ့ကြပေမယ့် နောက်ဆုံးသတင်းအရတော့ လုံးဝကို အသင်းရဲ့ ဖန်တီးမှုပိုင်းမှာ ပြန်လည်အားဖြည့်ဖို့ မကြိုးစားခဲ့တာဖြစ်ပြီး အသင်းရဲ့ အောင်မြင်ခဲ့စဉ်က Invincible တစ်ယောက်ဖြစ်လို့ ယုံကြည်ခဲ့ကြတဲ့ ပရိသတ်တွေကို ဖင်ထိုင်ကျစေခဲ့တာဖြစ်ပါတယ်။

ဒီအချိန်မှာ ဆွစ်ဇာလန်အသင်းခေါင်းဆောင် ဂရာနစ် ချာကာကို ယူရို ၁၈ သန်းနဲ့ ရောင်းထုတ်ပစ်ဖို့ နီးစပ်နေပြီး သူ့နေရာအတွက် အန်ဒါလက်ချ်ရဲ့ ခြေစွမ်းပြနိုင်မယ်လို့ ကံသေကံမ မပြောနိုင်သေးတဲ့ ဘယ်လ်ဂျီယမ်သား ဆမ်ဘီ လိုကွန်ဂါကို ယူရိုသန်း ၂၀ နဲ့ ဒုတိယအကြိမ် ကမ်းလှမ်းဖို့ ပြင်နေခဲ့တာက အတွေ့အကြုံရင့် ကစားသမားနဲ့ လူငယ်ကစားသမား တစ်ဈေးတန်းတည်းထားတာလားလို့ပါ မေးခွန်းထုတ်စရာဖြစ်ခဲ့တာပါ။

ပရိသတ်တွေကတော့ ဒီလိုမျိုး အထူအပါး နားမလည်တဲ့ အသင်းမျိုးဟာ လုံးဝကို အဆင့်အတန်းမရှိတော့ဘဲ ပြီးဆုံးသွားခဲ့ပြီလို့ ဥရောပ ဈေးကွက်မှာ လုံးဝ ကျွမ်းကျင်မှု မရှိတဲ့ ဘရာဇီးလ်နည်းစနစ်ဒါရိုက်တာကို အခြေပြုတိုက်ခိုက်ခဲ့ကြပြီး ဝီလီယန်ကို ခေါ်ယူခဲ့မှုအပေါ်ပါ ပြန်လည်တူးဆွ နေကြသလို နံပါတ် ၁၀ နေရာကို အားဖြည့်ဖို့ နှစ်ပတ်လုံးလုံး ဘာတွေလုပ်နေတာလဲလို့ပါ ဆော်ပလော်တီးလာကြတာဖြစ်ပါတယ်။

မြောက်လန်ဒန်ဒါဘီပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးစ်ရဲ့ ဖျံကျလွန်းသူကြီး ဖာဘီယို ပါရာတီချီကို ခေါ်ယူလိုက်တာကလည်း အီဒူးရဲ့ အပြစ်တွေကို အတိတ်မှာရော ပစ္စုပ္ပန်နဲ့ အနာဂတ်မှာပါ ကွက်ကွက်ကွင်းကွင်း မြင်တွေ့စရာဖြစ်လာတော့မယ့်အချိန်မှာ ဒီအတိုင်း ရှေ့ဆက်လို့ မရတော့တဲ့ အသင်းရဲ့ အပြောင်းအရွှေ့ဌာနနဲ့ ရာသီသစ်အတွက် စိုးရိမ်မှုတွေ ကြီးထွားလာကြတာပါ။

ဒန်နီယယ်လ် အီယက်ခ်ရဲ့ လွှဲပြောင်းဝယ်ယူနိုင်ခြေကို ခဏမေ့ထားပြီး ခရိုယန်ကီတွေရဲ့ ခေါင်းမာမှုတွေနဲ့ပဲ ရှေ့ဆက်ဖို့ တွေးရဦးမယ့် အချိန်မှာ ပရိသတ်တွေအနေနဲ့ တစ်ကြိမ်တစ်ခါက နားစွန်နားဖျား ကြားဖူးတဲ့ လိုင်လီဂုရုဟောင်း လူးဝစ် ကမ်ပို့စ်ကို မျှော်လင့်ချင်စရာဖြစ်ပြီး အီဒူးကတော့ အသင်းအတွက် ဘယ်လိုမှ စိတ်ကျေနပ်စရာ ဖြစ်မလာနိုင်တော့တာပါ။

ဒါကြောင့် အာဆင်နယ်ပရိသတ်တွေအနေနဲ့ ဘယ်လောက်အထိ သည်းခံရဦးမလဲဆိုတာကတော့ ဝဋ်ရှိသရွေ့တော့ စောင့်ကြည့်ရဦးမှာဖြစ်ပြီး ပင်လယ်ရေတွေ ခန်းပြီး ခရိုယန်ကီတွေ အသင်းကို စွန့်လွှတ်မယ့်နေ့ မဝေးဘဲ ပိုင်ရှင်သစ်နဲ့ အရည်အချင်းရှိသူတွေရဲ့ နေ့ရက်တွေမှှာ ပြန်လည်ပျော်မွေ့နိုင်ဖို့ ဆုတောင်းနေကြမှာပဲဖြစ်ကြောင်း ဆိုရှယ်မီဒီယာက အသံတွေနဲ့အတူ စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ အသင္းကို ေရာက္လာကတည္းက ဘာမွ ျဖစ္ေျမာက္ေအာင္ လုပ္မျပႏိုင္ဘဲ ကစားသမား ေခၚယူမႈမွာေရာ လူသစ္ရွာေဖြမႈနဲ႔ ကင္းေထာက္မႈေတြမွာပါ တျခားအသင္းေတြေနာက္ကို က်န္ရစ္ခဲ့ေစတဲ့ နည္းစနစ္ဒါ႐ိုက္တာ အီဒူး ဂက္စပါကို အသင္းမွာ ဆက္ၿပီး မျမင္ခ်င္ၾကေတာ့ေအာင္ ျဖစ္ေနၾကၿပီလို႔ သိရပါတယ္။

စေရာက္ေရာက္ခ်င္းကေတာ့ အီဒူးဟာ မာတီနယ္လီရဲ႕ မၿပီးျပတ္ေသးတဲ့ အေျပာင္းအေ႐ႊ႕ကို အီတူယာႏိုဘက္က လက္ခံႏိုင္ေအာင္ ဝင္ညႇိေပးႏိုင္ခဲ့လို႔ သူရဲေကာင္းလိုလိုျဖစ္ခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ အာဆင္နယ္အသင္းဟာ ဘရာဇီးလ္သားေတြခ်ည္း ေခၚယူၿပီး အလုပ္လုပ္ခြင့္ပါမစ္ေတြ တစ္သီႀကီး ေလွ်ာက္ေပးလို႔ မရတဲ့ အဂၤလန္အသင္းျဖစ္ေနခ်ိန္မွာ သူ႔ရဲ႕ အလုပ္မျဖစ္မႈက တျဖည္းျဖည္း ထင္ရွားလာခဲ့တာပါ။

အသင္းရဲ႕ ပထမဦးစားေပးပစ္မွတ္ မာတင္ ေအာ္ဒီဂြါဒ္ကို ရီးရဲလ္မက္ဒရစ္က ေျပာင္းလာဖို႔ ဥေရာပကစားခြင့္ အေနအထားအရ မစည္း႐ုံးႏိုင္ေတာ့ခ်ိန္မွာ ဒုတိယဦးစားေပးပစ္မွတ္ အီမီလီယာႏို ဘြင္ဒီယာကို တရားဝင္ ကမ္းလွမ္းမႈ လုံးဝမရွိခဲ့ဘဲ အက္စတန္ဗီလာအသင္းဆီ လက္လႊတ္ေပးခဲ့တယ္ဆိုတဲ့ ေပါက္ၾကားမႈက ဘရာဇီးလ္သားအတြက္ေတာ့ ေတာ္ေတာ္ေလး ဆိုး႐ြားတဲ့ ျပစ္တင္မႈေတြနဲ႔ ႀကဳံလာခဲ့ရတာပါ။

မူလသတင္းေတြအရ အာဆင္နယ္ဟာ ေနာ့ဝစ္ခ်္ဆီကို ႏွစ္ႀကိမ္ကမ္းလွမ္းခဲ့တယ္လို႔ ဆိုခဲ့ၾကေပမယ့္ ေနာက္ဆုံးသတင္းအရေတာ့ လုံးဝကို အသင္းရဲ႕ ဖန္တီးမႈပိုင္းမွာ ျပန္လည္အားျဖည့္ဖို႔ မႀကိဳးစားခဲ့တာျဖစ္ၿပီး အသင္းရဲ႕ ေအာင္ျမင္ခဲ့စဥ္က Invincible တစ္ေယာက္ျဖစ္လို႔ ယုံၾကည္ခဲ့ၾကတဲ့ ပရိသတ္ေတြကို ဖင္ထိုင္က်ေစခဲ့တာျဖစ္ပါတယ္။

ဒီအခ်ိန္မွာ ဆြစ္ဇာလန္အသင္းေခါင္းေဆာင္ ဂရာနစ္ ခ်ာကာကို ယူ႐ို ၁၈ သန္းနဲ႔ ေရာင္းထုတ္ပစ္ဖို႔ နီးစပ္ေနၿပီး သူ႔ေနရာအတြက္ အန္ဒါလက္ခ်္ရဲ႕ ေျခစြမ္းျပႏိုင္မယ္လို႔ ကံေသကံမ မေျပာႏိုင္ေသးတဲ့ ဘယ္လ္ဂ်ီယမ္သား ဆမ္ဘီ လိုကြန္ဂါကို ယူ႐ိုသန္း ၂၀ နဲ႔ ဒုတိယအႀကိမ္ ကမ္းလွမ္းဖို႔ ျပင္ေနခဲ့တာက အေတြ႕အႀကဳံရင့္ ကစားသမားနဲ႔ လူငယ္ကစားသမား တစ္ေဈးတန္းတည္းထားတာလားလို႔ပါ ေမးခြန္းထုတ္စရာျဖစ္ခဲ့တာပါ။

ပရိသတ္ေတြကေတာ့ ဒီလိုမ်ိဳး အထူအပါး နားမလည္တဲ့ အသင္းမ်ိဳးဟာ လုံးဝကို အဆင့္အတန္းမရွိေတာ့ဘဲ ၿပီးဆုံးသြားခဲ့ၿပီလို႔ ဥေရာပ ေဈးကြက္မွာ လုံးဝ ကြၽမ္းက်င္မႈ မရွိတဲ့ ဘရာဇီးလ္နည္းစနစ္ဒါ႐ိုက္တာကို အေျချပဳတိုက္ခိုက္ခဲ့ၾကၿပီး ဝီလီယန္ကို ေခၚယူခဲ့မႈအေပၚပါ ျပန္လည္တူးဆြ ေနၾကသလို နံပါတ္ ၁၀ ေနရာကို အားျဖည့္ဖို႔ ႏွစ္ပတ္လုံးလုံး ဘာေတြလုပ္ေနတာလဲလို႔ပါ ေဆာ္ပေလာ္တီးလာၾကတာျဖစ္ပါတယ္။

ေျမာက္လန္ဒန္ဒါဘီၿပိဳင္ဘက္ ေတာ့တင္ဟမ္ေဟာ့စပါးစ္ရဲ႕ ဖ်ံက်လြန္းသူႀကီး ဖာဘီယို ပါရာတီခ်ီကို ေခၚယူလိုက္တာကလည္း အီဒူးရဲ႕ အျပစ္ေတြကို အတိတ္မွာေရာ ပစၥဳပၸန္နဲ႔ အနာဂတ္မွာပါ ကြက္ကြက္ကြင္းကြင္း ျမင္ေတြ႕စရာျဖစ္လာေတာ့မယ့္အခ်ိန္မွာ ဒီအတိုင္း ေရွ႕ဆက္လို႔ မရေတာ့တဲ့ အသင္းရဲ႕ အေျပာင္းအေ႐ႊ႕ဌာနနဲ႔ ရာသီသစ္အတြက္ စိုးရိမ္မႈေတြ ႀကီးထြားလာၾကတာပါ။

ဒန္နီယယ္လ္ အီယက္ခ္ရဲ႕ လႊဲေျပာင္းဝယ္ယူႏိုင္ေျခကို ခဏေမ့ထားၿပီး ခ႐ိုယန္ကီေတြရဲ႕ ေခါင္းမာမႈေတြနဲ႔ပဲ ေရွ႕ဆက္ဖို႔ ေတြးရဦးမယ့္ အခ်ိန္မွာ ပရိသတ္ေတြအေနနဲ႔ တစ္ႀကိမ္တစ္ခါက နားစြန္နားဖ်ား ၾကားဖူးတဲ့ လိုင္လီဂု႐ုေဟာင္း လူးဝစ္ ကမ္ပို႔စ္ကို ေမွ်ာ္လင့္ခ်င္စရာျဖစ္ၿပီး အီဒူးကေတာ့ အသင္းအတြက္ ဘယ္လိုမွ စိတ္ေက်နပ္စရာ ျဖစ္မလာႏိုင္ေတာ့တာပါ။

ဒါေၾကာင့္ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ဘယ္ေလာက္အထိ သည္းခံရဦးမလဲဆိုတာကေတာ့ ဝဋ္ရွိသေ႐ြ႕ေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ၿပီး ပင္လယ္ေရေတြ ခန္းၿပီး ခ႐ိုယန္ကီေတြ အသင္းကို စြန႔္လႊတ္မယ့္ေန႔ မေဝးဘဲ ပိုင္ရွင္သစ္နဲ႔ အရည္အခ်င္းရွိသူေတြရဲ႕ ေန႔ရက္ေတြမွွာ ျပန္လည္ေပ်ာ္ေမြ႕ႏိုင္ဖို႔ ဆုေတာင္းေနၾကမွာပဲျဖစ္ေၾကာင္း ဆိုရွယ္မီဒီယာက အသံေတြနဲ႔အတူ စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.