International Match Report

ပေါ့ဘာရဲ့ ဆရာကျကျ ထိန်းသိမ်းခဲ့တဲ့ ပြင်သစ်ရဲ့ နိုင်ပွဲနဲ့ တစိမ်းဆန်ခဲ့တဲ့ ဂျာမနီ

ပြင်သစ်အသင်းဟာ ဒီနေ့မှာ သူတို့ရဲ့ ကစားနေကျ ၄-၃-၃ ပုံစံကိုပဲ အသုံးပြုလာခဲ့ပြီး ကွင်းလယ်မှာ ပေါ့ဘာကို စိတ်ကြိုက်ကစားခွင့် ပေးနိုင်ဖို့ ကွန်တေနဲ့ ရာဗျိုတို့နှစ်ယောက်ရဲ့ လုပ်အားနှုန်းနဲ့ ကြံ့ခိုင်မှုတွေနဲ့ အုတ်မြစ်ချပေးခဲ့သလို တိုက်စစ်မှာတော့ ဂရီးဇ်မန်း၊ အမ်ဘာပေနဲ့ ဘန်ဇီးမားတို့ကို တွဲထုတ်ပြီး တောင့်တင်းတဲ့ စုဖွဲ့မှုနဲ့ ပွဲထွက်လာခဲ့ပါတယ်။

ဂျာမနီကတော့ ပရိသတ်တွေ စိတ်ထဲက လူစာရင်းနဲ့ ကွင်းထဲမှာ မြင်ခဲ့ရတဲ့ လူစာရင်း တစ်ထပ်တည်း မကျခဲ့ဘူးလို့ ပြောရမှာဖြစ်သလို နည်းပြ ယိုအာခင်မ် လော့ဗ်အနေနဲ့ ၃-၄-၂-၁ ပုံစံမှာ ရွေးချယ်ထားခဲ့တဲ့ ကွင်းလယ်နဲ့ ခံစစ်ကစားသမားတွေဟာ Gegenpress ကို ကစားဖို့ လိုအပ်ချက်တွေ ရှိနေသေးတဲ့ ပုံစံနဲ့ ပြင်သစ်တို့ကို ထိန်းချုပ်ဖို့ အပြည့်အဝ မအောင်မြင်ခဲ့ဘဲ အားလုံးရဲ့ မှတ်ဉာဏ်ထဲက ရင်းနှီးတဲ့အသင်းမဟုတ်တဲ့ တစိမ်းတစ်သင်းလိုဖြစ်နေခဲ့တာကိုလည်း တွေ့ရပါတယ်။

ဂနာဘရီကို အထောင်ထားပြီး မူလာ၊ ဟာဗတ်ဇ်တို့နဲ့ ရံပေးခဲ့တဲ့ တိုက်စစ်က ခန့်မှန်းရလွယ်နေခဲ့သလို ကွင်းလယ်က ခရူးစ်နဲ့ ဂွန်ဒိုးဝမ်ကတော့ ချဲလ်ဆီးကို ရှုံးတဲ့ ဂွါဒီယိုလာရဲ့ မန်စီးတီးကို ပြန်မြင်ရစေပြီး အသင်းကြီးချင်း တွေ့ဆုံမှုမှာ ကျားကုတ်ကျားခဲ ဖျက်ထုတ်ပေးမယ့်သူမျိုး မပါခဲ့တာက အတိုင်းအတာတစ်ခုအထိ စကားပြောသွားခဲ့တာပါ။

၃ ယောက်တန်း ခံစစ်ဖြစ်လို့ လော့ဗ်အနေနဲ့ ဂွါဒီယိုလာလောက် အဖြစ်မဆိုးခဲ့ပေမယ့် အစွန်လူအတွဲတွေဖြစ်တဲ့ ဂင်တာနဲ့ ကင်းမစ်ချ်၊ ရူဒီဂါနဲ့ ဂိုဆန်စ်တို့ကြားမှာ ကြီးကြီးမားမား မဟုတ်ပေမယ့် သတိထားနိုင်တဲ့ ဟာကွက်တချို့ဖြစ်ပေါ်နေခဲ့ပြီး တောင်ပံ Overlapping ကစားရချိန်မှာ အမ်ဘာပေ အတွက် အကြိုက်ကျစရာ အခိုက်အတန့်တွေကိုလည်း မြင်ခဲ့ရပါတယ်။

ပေါ့ဘာကတော့ ပြင်သစ်ကွင်းလယ်မှာ လွတ်လွတ်လပ်လပ်ကစားပြီး ဘောလုံးဖြန့်နိုင်ခဲ့သလို ဂျာမနီရဲ့ အားနည်းချက်နေရာတွေကို ရှာဖွေ ပေးပို့သွားခဲ့ပြီး သူ့ကို ဂွန်ဒိုးဝမ်နဲ့ ခရူးစ်တို့က Pressing မလုပ်နိုင်အောင်လည်း ကွန်တေနဲ့ ရာဗျိုတို့က Mezzala ဆန်ဆန် အတက်အဆင်း ကစားပေးခဲ့ချိန်မှာ မန်ချက်စတာယူနိုက်တက်ရဲ့ ဆရာသမားကတော့ Regista အဖြစ် လှလှကြီး အသုံးတော်ခံသွားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာတော့ ပေါ့ဘာရဲ့ အကွက်မြင်ပြီး တိကျလွန်းတဲ့ ပေးပို့မှုကနေ ဘယ်နောက်ခံလူ လူကာ ဟာနန်ဒက်ဇ်က ဖြတ်ချိုးပေးတာကို ဂျာမနီအသင်းခေါင်းဆောင်နောက်ခံလူ ဟမ်းမဲလ် ရှုင်းထုတ်ခဲ့ပေမယ့် ခြေနုတ်ခြေသိမ်း လေးနေတာကြောင့် လိုအပ်တဲ့ Angle ကို မကန်မိဘဲ ဂိုးထဲ တည့်တည့်ကန်မိခဲ့လို့ ဒီပွဲရဲ့ တစ်လုံးတည်းသောဂိုးက Own Goal ဖြစ်သွားခဲ့ပါတယ်။

ဒီဂိုးမှာ ဂျာမန်နောက်တန်းရဲ့ ဗျူဟာနဲ့ တာဝန်ရှုပ်ထွေးမှု အတော်များများကိုလည်း မြင်ခဲ့ရပြီး မလိုအပ်ဘဲ ကိုယ်ပိုင်ခံစစ်နေရာကို စွန့်ခွာခဲ့တဲ့ ဂင်တာကြောင့် ဟာနန်ဒက်ဇ်ဆီ ပေါ့ဘာ ပေးဖို့ အကောင်းဆုံး အခွင့်အရေးကြီးဖြစ်သွားခဲ့သလို ဒီအပေါက်ကြီးကို ကင်းမစ်ချ်လည်း လိုက်မပိတ်နိုင်ခဲ့ဘဲ နောက်ဆုံးမှာ ဟမ်းမဲလ်က နာမည်ပျက်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဂိုးပေးလိုက်ရအပြီးမှာ ဂျာမနီတို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ Pressing ကစားနေခဲ့ပေမယ့် ပြင်သစ်တို့ရဲ့ အရှိုက်ကို ထိုးနှက်နိုင်ခြင်း မရှိဘဲ ကန်ချက်နဲ့ ခေါင်းတိုက်မှုတွေက တလွဲတွေပဲ ဖြစ်နေခဲ့ပြီး Set Pieces တွေကိုလည်း ကောင်းကောင်း အသုံးမချနိုင်ခဲ့လို့ ပထမပိုင်းက တစ်ဂိုး-ဂိုးမရှိပဲ ဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ဘောလုံးပိုင်ဆိုင်မှုများပြီး ပွဲမစည်တဲ့ ကစားကွက်ကို ဂျာမန်တွေ မပြောင်းလဲနိုင်ခဲ့ချိန်မှာ ပြင်သစ်တွေ ဘောလုံးရတိုင်း ရင်ခုန်နေခဲ့ရပြီး ပွဲချိန် ၅၂ မိနစ်မှာ အမ်ဘာပေရဲ့ ပေးပို့မှုကို ရရှိသွားတဲ့ ရာဗျိုက ချိုးပေးမလိုလိုနဲ့ ထောင့်ကျဉ်းကို ကန်ရာမှာ ဂိုးသမား နွိုင်ယာကို အငိုက်ဖမ်းနိုင်ခဲ့ပေမယ့် တိုင်ထိသွားခဲ့လို့ အနိုင်မပြတ်သားဘဲဖြစ်ခဲ့ရပါတယ်။

မကြာခင်မှာပဲ ဂနာဘရီရဲ့ အပိုင်ကန်ခွင့် ဘားပေါ် ကျော်သွားခဲ့သလို နောက်ထပ် လွတ်သွားတဲ့ တစ်လုံးကိုလည်း ပြင်သစ်ဂိုးသမား လိုရစ်က အချိန်မီ ထွက်ပြီး ပိတ်ဆို့သွားနိုင်ခဲ့ပြီး ဒီနောက်ပိုင်းမှာ ဂျာမန်တို့ရဲ့ တိုက်စစ်တွေကတော့ ဂိုးပေါက်မတည့်ဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာ အမ်ဘာပေ ဂိုးသွင်းပေမယ့် လူကျွံနေခဲ့သလို ၇၈ မိနစ်မှာတော့ သူ့ကိုပဲ ဟမ်းမဲလ်ရဲ့ ဖျက်ထုတ်မှုက ဘောလုံးကို အရင်ထိခဲ့လို့ ပင်နယ်တီ မပေးရဘဲ လွတ်မြောက်ခွင့်ရခဲ့ပြီး ပွဲချိန် ၈၅ မိနစ်မှာတော့ ဘန်ဇီးမား ဂိုးသွင်းနိုင်ခဲ့တာကလည်း အမ်ဘာပေပဲ လူအနည်းငယ် ကျွံနေခဲ့လို့ ဂျာမန်တွေ သက်သာခွင့်ရခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဂိုးသွင်းတတ်သူမပါတဲ့ ဂျာမနီတိုက်စစ်က အခွင့်အရေး ၁၀ ကြိမ်မှာ ၁ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ လူငယ်တိုက်စစ်သမားတွေ အလုပ်မဖြစ်မှုကို ကြုံတွေ့ခဲ့ရသလို ပြင်သစ်အသင်းကို တစ်ဂိုးတည်းနဲ့ အရှုံးပေးခဲ့ရပြီး မရဏအုပ်စု Group F မှာတော့ ပေါ်တူဂီကို အနည်းဆုံးသရေကစားပြီး အုပ်စုက တက်နိုင်ဖို့ ကြိုးပမ်းရတော့မှာဖြစ်ပါတယ်။

နည်းပြ ဒေးရွှမ့်စ်ရဲ့ ပြင်သစ်အသင်းကတော့ အဓိက ပြိုင်ဘက်တစ်သင်းကို နောက်ကောက်ချနိုင်ပြီမို့ အားလုံးအနိုင်ယူကြမယ့် ဟန်ဂေရီကို ဂိုးများများသွင်းဖို့နဲ့ ပေါ်တူဂီနဲ့ပွဲကို ရလဒ်ကောင်းဖို့ ပြင်ဆင်ရတော့မှာဖြစ်ပြီး နောက်တစ်ဆင့်တက်ဖို့ နိုင်ဖဲတစ်ချပ်ကို ပိုင်ဆိုင်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ျပင္သစ္အသင္းဟာ ဒီေန႔မွာ သူတို႔ရဲ႕ ကစားေနက် ၄-၃-၃ ပုံစံကိုပဲ အသုံးျပဳလာခဲ့ၿပီး ကြင္းလယ္မွာ ေပါ့ဘာကို စိတ္ႀကိဳက္ကစားခြင့္ ေပးႏိုင္ဖို႔ ကြန္ေတနဲ႔ ရာဗ်ိဳတို႔ႏွစ္ေယာက္ရဲ႕ လုပ္အားႏႈန္းနဲ႔ ႀကံ့ခိုင္မႈေတြနဲ႔ အုတ္ျမစ္ခ်ေပးခဲ့သလို တိုက္စစ္မွာေတာ့ ဂရီးဇ္မန္း၊ အမ္ဘာေပနဲ႔ ဘန္ဇီးမားတို႔ကို တြဲထုတ္ၿပီး ေတာင့္တင္းတဲ့ စုဖြဲ႕မႈနဲ႔ ပြဲထြက္လာခဲ့ပါတယ္။

ဂ်ာမနီကေတာ့ ပရိသတ္ေတြ စိတ္ထဲက လူစာရင္းနဲ႔ ကြင္းထဲမွာ ျမင္ခဲ့ရတဲ့ လူစာရင္း တစ္ထပ္တည္း မက်ခဲ့ဘူးလို႔ ေျပာရမွာျဖစ္သလို နည္းျပ ယိုအာခင္မ္ ေလာ့ဗ္အေနနဲ႔ ၃-၄-၂-၁ ပုံစံမွာ ေ႐ြးခ်ယ္ထားခဲ့တဲ့ ကြင္းလယ္နဲ႔ ခံစစ္ကစားသမားေတြဟာ Gegenpress ကို ကစားဖို႔ လိုအပ္ခ်က္ေတြ ရွိေနေသးတဲ့ ပုံစံနဲ႔ ျပင္သစ္တို႔ကို ထိန္းခ်ဳပ္ဖို႔ အျပည့္အဝ မေအာင္ျမင္ခဲ့ဘဲ အားလုံးရဲ႕ မွတ္ဉာဏ္ထဲက ရင္းႏွီးတဲ့အသင္းမဟုတ္တဲ့ တစိမ္းတစ္သင္းလိုျဖစ္ေနခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ဂနာဘရီကို အေထာင္ထားၿပီး မူလာ၊ ဟာဗတ္ဇ္တို႔နဲ႔ ရံေပးခဲ့တဲ့ တိုက္စစ္က ခန႔္မွန္းရလြယ္ေနခဲ့သလို ကြင္းလယ္က ခ႐ူးစ္နဲ႔ ဂြန္ဒိုးဝမ္ကေတာ့ ခ်ဲလ္ဆီးကို ရႈံးတဲ့ ဂြါဒီယိုလာရဲ႕ မန္စီးတီးကို ျပန္ျမင္ရေစၿပီး အသင္းႀကီးခ်င္း ေတြ႕ဆုံမႈမွာ က်ားကုတ္က်ားခဲ ဖ်က္ထုတ္ေပးမယ့္သူမ်ိဳး မပါခဲ့တာက အတိုင္းအတာတစ္ခုအထိ စကားေျပာသြားခဲ့တာပါ။

၃ ေယာက္တန္း ခံစစ္ျဖစ္လို႔ ေလာ့ဗ္အေနနဲ႔ ဂြါဒီယိုလာေလာက္ အျဖစ္မဆိုးခဲ့ေပမယ့္ အစြန္လူအတြဲေတြျဖစ္တဲ့ ဂင္တာနဲ႔ ကင္းမစ္ခ်္၊ ႐ူဒီဂါနဲ႔ ဂိုဆန္စ္တို႔ၾကားမွာ ႀကီးႀကီးမားမား မဟုတ္ေပမယ့္ သတိထားႏိုင္တဲ့ ဟာကြက္တခ်ိဳ႕ျဖစ္ေပၚေနခဲ့ၿပီး ေတာင္ပံ Overlapping ကစားရခ်ိန္မွာ အမ္ဘာေပ အတြက္ အႀကိဳက္က်စရာ အခိုက္အတန႔္ေတြကိုလည္း ျမင္ခဲ့ရပါတယ္။

ေပါ့ဘာကေတာ့ ျပင္သစ္ကြင္းလယ္မွာ လြတ္လြတ္လပ္လပ္ကစားၿပီး ေဘာလုံးျဖန႔္ႏိုင္ခဲ့သလို ဂ်ာမနီရဲ႕ အားနည္းခ်က္ေနရာေတြကို ရွာေဖြ ေပးပို႔သြားခဲ့ၿပီး သူ႔ကို ဂြန္ဒိုးဝမ္နဲ႔ ခ႐ူးစ္တို႔က Pressing မလုပ္ႏိုင္ေအာင္လည္း ကြန္ေတနဲ႔ ရာဗ်ိဳတို႔က Mezzala ဆန္ဆန္ အတက္အဆင္း ကစားေပးခဲ့ခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဆရာသမားကေတာ့ Regista အျဖစ္ လွလွႀကီး အသုံးေတာ္ခံသြားခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ ေပါ့ဘာရဲ႕ အကြက္ျမင္ၿပီး တိက်လြန္းတဲ့ ေပးပို႔မႈကေန ဘယ္ေနာက္ခံလူ လူကာ ဟာနန္ဒက္ဇ္က ျဖတ္ခ်ိဳးေပးတာကို ဂ်ာမနီအသင္းေခါင္းေဆာင္ေနာက္ခံလူ ဟမ္းမဲလ္ ရႈင္းထုတ္ခဲ့ေပမယ့္ ေျခႏုတ္ေျခသိမ္း ေလးေနတာေၾကာင့္ လိုအပ္တဲ့ Angle ကို မကန္မိဘဲ ဂိုးထဲ တည့္တည့္ကန္မိခဲ့လို႔ ဒီပြဲရဲ႕ တစ္လုံးတည္းေသာဂိုးက Own Goal ျဖစ္သြားခဲ့ပါတယ္။

ဒီဂိုးမွာ ဂ်ာမန္ေနာက္တန္းရဲ႕ ဗ်ဴဟာနဲ႔ တာဝန္ရႈပ္ေထြးမႈ အေတာ္မ်ားမ်ားကိုလည္း ျမင္ခဲ့ရၿပီး မလိုအပ္ဘဲ ကိုယ္ပိုင္ခံစစ္ေနရာကို စြန႔္ခြာခဲ့တဲ့ ဂင္တာေၾကာင့္ ဟာနန္ဒက္ဇ္ဆီ ေပါ့ဘာ ေပးဖို႔ အေကာင္းဆုံး အခြင့္အေရးႀကီးျဖစ္သြားခဲ့သလို ဒီအေပါက္ႀကီးကို ကင္းမစ္ခ်္လည္း လိုက္မပိတ္ႏိုင္ခဲ့ဘဲ ေနာက္ဆုံးမွာ ဟမ္းမဲလ္က နာမည္ပ်က္ခဲ့ရတာလည္းျဖစ္ပါတယ္။

ဂိုးေပးလိုက္ရအၿပီးမွာ ဂ်ာမနီတို႔ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ Pressing ကစားေနခဲ့ေပမယ့္ ျပင္သစ္တို႔ရဲ႕ အရႈိက္ကို ထိုးႏွက္ႏိုင္ျခင္း မရွိဘဲ ကန္ခ်က္နဲ႔ ေခါင္းတိုက္မႈေတြက တလြဲေတြပဲ ျဖစ္ေနခဲ့ၿပီး Set Pieces ေတြကိုလည္း ေကာင္းေကာင္း အသုံးမခ်ႏိုင္ခဲ့လို႔ ပထမပိုင္းက တစ္ဂိုး-ဂိုးမရွိပဲ ျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း ေဘာလုံးပိုင္ဆိုင္မႈမ်ားၿပီး ပြဲမစည္တဲ့ ကစားကြက္ကို ဂ်ာမန္ေတြ မေျပာင္းလဲႏိုင္ခဲ့ခ်ိန္မွာ ျပင္သစ္ေတြ ေဘာလုံးရတိုင္း ရင္ခုန္ေနခဲ့ရၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာ အမ္ဘာေပရဲ႕ ေပးပို႔မႈကို ရရွိသြားတဲ့ ရာဗ်ိဳက ခ်ိဳးေပးမလိုလိုနဲ႔ ေထာင့္က်ဥ္းကို ကန္ရာမွာ ဂိုးသမား ႏြိဳင္ယာကို အငိုက္ဖမ္းႏိုင္ခဲ့ေပမယ့္ တိုင္ထိသြားခဲ့လို႔ အႏိုင္မျပတ္သားဘဲျဖစ္ခဲ့ရပါတယ္။

မၾကာခင္မွာပဲ ဂနာဘရီရဲ႕ အပိုင္ကန္ခြင့္ ဘားေပၚ ေက်ာ္သြားခဲ့သလို ေနာက္ထပ္ လြတ္သြားတဲ့ တစ္လုံးကိုလည္း ျပင္သစ္ဂိုးသမား လိုရစ္က အခ်ိန္မီ ထြက္ၿပီး ပိတ္ဆို႔သြားႏိုင္ခဲ့ၿပီး ဒီေနာက္ပိုင္းမွာ ဂ်ာမန္တို႔ရဲ႕ တိုက္စစ္ေတြကေတာ့ ဂိုးေပါက္မတည့္ဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာ အမ္ဘာေပ ဂိုးသြင္းေပမယ့္ လူကြၽံေနခဲ့သလို ၇၈ မိနစ္မွာေတာ့ သူ႔ကိုပဲ ဟမ္းမဲလ္ရဲ႕ ဖ်က္ထုတ္မႈက ေဘာလုံးကို အရင္ထိခဲ့လို႔ ပင္နယ္တီ မေပးရဘဲ လြတ္ေျမာက္ခြင့္ရခဲ့ၿပီး ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ဘန္ဇီးမား ဂိုးသြင္းႏိုင္ခဲ့တာကလည္း အမ္ဘာေပပဲ လူအနည္းငယ္ ကြၽံေနခဲ့လို႔ ဂ်ာမန္ေတြ သက္သာခြင့္ရခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဂိုးသြင္းတတ္သူမပါတဲ့ ဂ်ာမနီတိုက္စစ္က အခြင့္အေရး ၁၀ ႀကိမ္မွာ ၁ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့ၿပီး ေနာက္ပိုင္းႏွစ္ေတြမွာ လူငယ္တိုက္စစ္သမားေတြ အလုပ္မျဖစ္မႈကို ႀကဳံေတြ႕ခဲ့ရသလို ျပင္သစ္အသင္းကို တစ္ဂိုးတည္းနဲ႔ အရႈံးေပးခဲ့ရၿပီး မရဏအုပ္စု Group F မွာေတာ့ ေပၚတူဂီကို အနည္းဆုံးသေရကစားၿပီး အုပ္စုက တက္ႏိုင္ဖို႔ ႀကိဳးပမ္းရေတာ့မွာျဖစ္ပါတယ္။

နည္းျပ ေဒး႐ႊမ့္စ္ရဲ႕ ျပင္သစ္အသင္းကေတာ့ အဓိက ၿပိဳင္ဘက္တစ္သင္းကို ေနာက္ေကာက္ခ်ႏိုင္ၿပီမို႔ အားလုံးအႏိုင္ယူၾကမယ့္ ဟန္ေဂရီကို ဂိုးမ်ားမ်ားသြင္းဖို႔နဲ႔ ေပၚတူဂီနဲ႔ပြဲကို ရလဒ္ေကာင္းဖို႔ ျပင္ဆင္ရေတာ့မွာျဖစ္ၿပီး ေနာက္တစ္ဆင့္တက္ဖို႔ ႏိုင္ဖဲတစ္ခ်ပ္ကို ပိုင္ဆိုင္သြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.