Premier League

မန္စီးတီးရဲ႕ ဆာေနးကို ေခၚယူဖို႔ လီဗာပူးလ္ကို ဒန္နီ ေမးလ္စ္ တုိက္တြန္း

လီဗာပူးလ္အသင္းအေနနဲ႔ ဒီရာသီမွာ အသင္းကို ျပန္လည္အားျဖည့္မယ္ဆုိရင္ မန္ခ်က္စတာစီးတီးအသင္းကေန ထြက္ခြာဖို႔ မ်ားေနတဲ့ ေတာင္ပံတုိက္စစ္သမား လီရြဳိင္း ဆာေနးကို ေခၚယူတာဟာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္လိမ့္မယ္လို႔ အဂၤလန္ေနာက္ခံလူေဟာင္း ဒန္နီ ေမးလ္စ္က တုိက္တြန္းလိုက္ပါတယ္။

လိဒ္စ္ယူႏုိက္တက္နဲ႔ မန္စီးတီးတုိ႔မွာ ကစားခဲ့ဖူးတဲ့ ဒန္နီ ေမးလ္စ္ဟာ လီဗာပူးလ္အသင္းအေနနဲ႔ လက္ရွိလူစာရင္းနဲ႔ အင္အားစုကို တုိးတက္ေအာင္လုပ္ေဆာင္သင့္ေၾကာင္း ယူဆတဲ့သူအနည္းစုထဲက တစ္ဦးျဖစ္ၿပီး သူက ဝုလ္ဗ္စ္ေတာင္ပံကစားသမား အဒါမာ ထရာအိုေရးထက္စာရင္ ဆာေနးက ပုိသင့္ေတာ္မယ္လို႔ ဆုိခဲ့တာလည္းျဖစ္ပါတယ္။

“အဒါမာ ထရာအိုေရးက ေခါင္းစီးသတင္းေတြမွာ ေနရာယူေနတာ ကၽြန္ေတာ္သိပါတယ္။ ဒါဟာ သူ႕ရဲ႕ ခြန္အားနဲ႔ အျမန္ႏွဳန္းေၾကာင့္ျဖစ္ၿပီး သူ႕အေနနဲ႔ မိုဆာလားနဲ႔ ဆာဒီယို မာေနးတုိ႔လို လူေတြကို အစားထိုး ေနရာယူဖို႔ေတာ့ လုံေလာက္တဲ့ အေတြ႕အႀကဳံ မရွိေသးဘူးလို႔ ထင္ၿပီး အဆင္သင့္ မျဖစ္ေသးဘူးလို႔လည္း ယူဆပါတယ္”လို႔ ေနာက္ခံလူေဟာင္းက ဆုိပါတယ္။

“ဆာေနးက်ေတာ့ မတူပါဘူး။ သူဟာ ဒဏ္ရာကေန ျပန္လာၿပီျဖစ္ၿပီး အသင္းကေန ေရာင္းထုတ္ႏုိင္တဲ့ ကစားသမားမ်ဳိးျဖစ္သလို ထြက္ခြာဖို႔ စဥ္းစားေနသူပါ။ သူ႕ရဲ႕အသက္အရြယ္ကလည္း ငယ္ေသးၿပီး အေတြ႕အႀကဳံေကာင္းေတြလည္း ပုိင္ဆုိင္ထားလို႔ သူ႕ကို ေခၚယူတာက ပုိၿပီး အသုံးဝင္မွာ ျဖစ္သလို လက္ေတြ႕က်တဲ့ ဆုံးျဖတ္ခ်က္လည္းျဖစ္မွာပါ”လို႔ ေမးလ္စ္က တုိက္တြန္းသြားပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ဂ်ာမန္ေတာင္ပံကစားသမား လီရြဳိင္း ဆာေနးဟာ ဒီရာသီမွာ လီဗာပူးလ္နဲ႔ ကြန္ျမဴနတီဒိုင္းမွာ စတင္ကစားခဲ့ၿပီး ဒဏ္ရာရရွိသြားခဲ့လို႔ က်န္တဲ့ ၿပဳိင္ပြဲအားလုံးကို လြဲေခ်ာ္ထားရေၾကာင္းလည္း သိရၿပီး မန္စီးတီးဘက္ကေတာ့ ဒီကစားသမားအတြက္ ေပါင္သန္း ၁၀၀ ေလာက္ အလိုရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းအနေနဲ့ ဒီရာသီမှာ အသင်းကို ပြန်လည်အားဖြည့်မယ်ဆိုရင် မန်ချက်စတာစီးတီးအသင်းကနေ ထွက်ခွာဖို့ များနေတဲ့ တောင်ပံတိုက်စစ်သမား လီရွိုင်း ဆာနေးကို ခေါ်ယူတာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်လိမ့်မယ်လို့ အင်္ဂလန်နောက်ခံလူဟောင်း ဒန်နီ မေးလ်စ်က တိုက်တွန်းလိုက်ပါတယ်။

လိဒ်စ်ယူနိုက်တက်နဲ့ မန်စီးတီးတို့မှာ ကစားခဲ့ဖူးတဲ့ ဒန်နီ မေးလ်စ်ဟာ လီဗာပူးလ်အသင်းအနေနဲ့ လက်ရှိလူစာရင်းနဲ့ အင်အားစုကို တိုးတက်အောင်လုပ်ဆောင်သင့်ကြောင်း ယူဆတဲ့သူအနည်းစုထဲက တစ်ဦးဖြစ်ပြီး သူက ဝုလ်ဗ်စ်တောင်ပံကစားသမား အဒါမာ ထရာအိုရေးထက်စာရင် ဆာနေးက ပိုသင့်တော်မယ်လို့ ဆိုခဲ့တာလည်းဖြစ်ပါတယ်။

“အဒါမာ ထရာအိုရေးက ခေါင်းစီးသတင်းတွေမှာ နေရာယူနေတာ ကျွန်တော်သိပါတယ်။ ဒါဟာ သူ့ရဲ့ ခွန်အားနဲ့ အမြန်နှုန်းကြောင့်ဖြစ်ပြီး သူ့အနေနဲ့ မိုဆာလားနဲ့ ဆာဒီယို မာနေးတို့လို လူတွေကို အစားထိုး နေရာယူဖို့တော့ လုံလောက်တဲ့ အတွေ့အကြုံ မရှိသေးဘူးလို့ ထင်ပြီး အဆင်သင့် မဖြစ်သေးဘူးလို့လည်း ယူဆပါတယ်”လို့ နောက်ခံလူဟောင်းက ဆိုပါတယ်။

“ဆာနေးကျတော့ မတူပါဘူး။ သူဟာ ဒဏ်ရာကနေ ပြန်လာပြီဖြစ်ပြီး အသင်းကနေ ရောင်းထုတ်နိုင်တဲ့ ကစားသမားမျိုးဖြစ်သလို ထွက်ခွာဖို့ စဉ်းစားနေသူပါ။ သူ့ရဲ့အသက်အရွယ်ကလည်း ငယ်သေးပြီး အတွေ့အကြုံကောင်းတွေလည်း ပိုင်ဆိုင်ထားလို့ သူ့ကို ခေါ်ယူတာက ပိုပြီး အသုံးဝင်မှာ ဖြစ်သလို လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်လည်းဖြစ်မှာပါ”လို့ မေးလ်စ်က တိုက်တွန်းသွားပါတယ်။

အသက် ၂၃ နှစ်အရွယ် ဂျာမန်တောင်ပံကစားသမား လီရွိုင်း ဆာနေးဟာ ဒီရာသီမှာ လီဗာပူးလ်နဲ့ ကွန်မြူနတီဒိုင်းမှာ စတင်ကစားခဲ့ပြီး ဒဏ်ရာရရှိသွားခဲ့လို့ ကျန်တဲ့ ပြိုင်ပွဲအားလုံးကို လွဲချော်ထားရကြောင်းလည်း သိရပြီး မန်စီးတီးဘက်ကတော့ ဒီကစားသမားအတွက် ပေါင်သန်း ၁၀၀ လောက် အလိုရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.