Premier League

ဗိုင်နယ်လ်ဒမ်နေရာအစားထိုးမယ့် ကလော့ပ်ရဲ့ ဝှက်ဖဲက အာဂျင်တီးနားသားလား ဂျာမန်သားလား ?

လီဗာပူးလ်နည်းပြယာဂင် ကလော့ပ်အတွက် လက်ရှိမှာ ခေါင်းအကိုက်ဆုံးပြဿနာဖြစ်နေတာက ဂီနီ ဗိုင်နယ်လ်ဒမ်ထွက်သွားတဲ့ ကွင်းလယ်နေရာကို ဘယ်သူနဲ့ အစားထိုးမလဲဆိုတာပါ။ အချိန်တန်ရင်တော့ ဂျာမန်သားကြီးက သူ့ရဲ့ဝှက်ဖဲတွေကို အောင်အောင်မြင်မြင် ထုတ်ပြလေ့ရှိတာကလည်း ရှေ့မှာ သင်ခန်းစာတွေ ရှိခဲ့ပြီးပါပြီ။

လတ်တလောအခြေအနေမှာ လီဗာပူးလ်ရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုခြေရာတွေကို တကွက်ချင်း တခုချင်း စူးစမ်းကြည့်နေရတာကိုက အရသာတခုအနေနဲ့ စိတ်ဝင်စားစရာကောင်းနေပြီး တကယ်တမ်းမှာတော့ ဗိုင်နယ်လ်ဒမ် မရှိလည်း အလုံးအရပ်မလျော့တဲ့ ကွင်းလယ်ကို တည်ဆောက်ဖို့က သူ့အနေနဲ့ ကြိုတင်ကြံစည်ရင်း ပြင်ဆင်ထားပြီးလောက်တဲ့ အခြေအနေဖြစ်ပါတယ်။

လီဗာပူးလ်ရဲ့ အပြောင်းအရွှေ့ထုံးစံတခုက လူမသိ၊ သိပ်မထင်ရှားလှတဲ့ ရွက်ပုန်းသီးလူငယ်လေးတွေကို စင်တော်ကောက်ခြင်းဖြစ်ပြီး အသင်းရဲ့ အနာဂတ်စီမံကိန်းကို နုပျိုလှတဲ့ လူစာရင်းနဲ့သာ ရေရှည်အထိုင်ချသွားမယ်လို့ မိုက်ကယ်အက်ဒ်ဝက်နဲ့ ကလော့ပ်တို့ရဲ့ လက်ဝါးရိုက်မှုမှာ ဘိုင်ယန်ကပြောင်းလာတဲ့ အသက် ၂၉ နှစ်သား ကမ္ဘာ့အဆင့်ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာကတော့ ခြွင်းချက်ဖြစ်ခဲ့တယ်။

လက်ရှိအချိန်မှာလည်း အယ်လ်ကန်တာရာကို ခေါ်ယူခဲ့တဲ့ လမ်းစဉ်အတိုင်း ကလော့ပ်ကြံစည်နေတာက မက်ဆီရဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူ ရိုဒရီ ဒီပေါလ်ကို ခေါ်ယူဖို့ပါ။ သူက ပုံရိပ်မကြီးမားလှသလို လီဗာပူးလ်နဲ့ သတင်းထွက်ခဲ့တာလည်း တကြိမ်လားသာရှိခဲ့တယ်။

အဆိုပါ အူဒီနီးစ်ကွင်းလယ်လူနဲ့ ပတ်သက်ရင် ပြောစရာနှစ်ချက် ရှိနေတယ်။ ပထမအချက်က ဗိုင်နယ်ဒမ်နဲ့ စွမ်းဆောင်ရည်ချင်း နှိုင်းယှဉ်လိုက်ရင် စီးရီးအေမှာ ကစားထားတဲ့ သူ့ရဲ့အချက်အလက်မှတ်တမ်းတချို့က ပိုသာလွန်နေတာကို တွေ့ရတယ်။ သူက ပြီးခဲ့တဲ့စီးရီးအေရာသီမှာ ၉ ဂိုးသွင်း၊ ၉ ဂိုးဖန်တီးထားသူဖြစ်ပါတယ်။

ကလော့ပ်ရဲ့အသင်းမှာ ကွင်းလယ်လူတယောက်ရဲ့ တာဝန်က တိုက်စစ်လိုက်တက်သွားတဲ့ နောက်ခံအစွန်လူတွေ လှစ်ဟာခဲ့တဲ့ ခံစစ်ယိုပေါက်ကို ထိန်းထားပေးရတဲ့တပြိုင်နက်မှာ တသင်းလုံးရဲ့ အလုံးစုံတိုက်စစ်မောင်းနှင်အားကို တွန်းနှိုးပေးဖို့ဖြစ်တယ်။ ဒီအချက်အရ သူက ဗိုင်နယ်လ်ဒမ်ရဲ့ ဘောလုံးပေးပို့အောင်မြင်မှု ၉၂.၅ ရာခိုင်နှုန်းမှာ လိုက်မီထားခြင်းတော့ မရှိဘူး။

လုပ်အားနှုန်းပိုင်းမှာ ကလော့ပ်ရဲ့ တောင်းဆိုမှုပိုင်းအရ ကြည့်မယ်ဆိုရင်တော့ ” ကျွန်တော်က ကားတာယာအပိုလိုပါပဲ။ အဓိကကစားသမားတွေကို ဖြည့်ကစားပေးဖို့ပါ ” ဆိုတဲ့ သူ့ရဲ့စကားနဲ့အညီ မိနစ် ၉၀ အတွင်းမှာ ဘောလုံးဖျက်ထုတ်မှုအပိုင်း၊ ဘောလုံးထိချက်အပိုင်းတွေက ဗိုင်နယ်ဒမ်ထက်သာလွန်နေတယ်။

အသင်းတသင်းလုံးကို မောင်းနှင်မှုအပိုင်းရော၊ ဟာကွက်ဖြည့်မှုအပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်နေတာကို တွေ့ရတာက ထင်မှတ်မထားတဲ့ ကလော့ပ်ရဲ့မျက်လှည့်တခုအနေနဲ့ သူ့ကို အန်ဖီးလ်မှာ မြင်တွေ့ရဖို့လည်း အလားအလာကောင်းနေပါတယ်။

ဒါ့အပြင် ရိုးမားရဲ့ လိုရန်ဇို ပယ်လီဂရီနီ၊ လက်စတာရဲ့ ယူရီ တိုင်လီမန်းစ်နဲ့ ဘရိုက်တန်အသင်းရဲ့ Yves Bissouma တို့လို ကွင်းလယ်လူတွေကို တောက်လျှောက်ချိတ်ဆက်နေပါတယ်လို့ သတင်းတွေပြေးနေတဲ့ ကလော့ပ်ရဲ့ နောက်ထပ်ရွှေ့ကွက်တခုက မိုချန်ဂလာဘတ်က ကွင်းလယ်လူ ဖလိုရီယန် နွိုင်ဟောက်စ်ပါ။

လက်ရှိဂျာမနီအသင်းနဲ့ ယူရိုပြိုင်ပွဲဝင်နေတဲ့ အသက် ၂၄ နှစ်သားကို ကလော့ပ်ရဲ့ ကင်းထောက်အဖွဲ့က အထူးစောင့်ကြည့်နေသလို ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းဆိုတာက ပေးဖို့ လုံလောက်နေချိန်မှာ နာဘီ ကီတာ၊ သီယာဂို အယ်လ်ကန်တာရာတို့လို ဘွန်ဒက်လီဂါကစားသမားတွေက ကလော့ပ်ရဲ့အသင်းမှာ ချက်ချင်း အံမဝင်နိုင်တဲ့ ပြဿနာကိုတော့ ရှင်းထုတ်ရမှာပါ။

သူ့ကို ခေါ်ယူနိုင်ခဲ့ရင်တော့ ဂိုးသမား ကားရီးယက်စ်အပြီးမှာ လီဗာပူးလ်အတွက် ကလော့ပ်စုဆောင်းခဲ့တဲ့ ဒုတိယမြောက် ဂျာမန်ကစားသမားအဖြစ် မှတ်တမ်းဝင်မှာဖြစ်သလို ဗိုင်နယ်ဒမ်ရဲ့တာဝန်ကို အပြည့်အဝယူပေးနိုင်စွမ်းရှိတဲ့ ကစားပုံက လီဗာပူးလ်ရဲ့ မှတ်စုစာအုပ်မှာ မှတ်ကျောက်တင်ခံပြီးဖြစ်လို့ အာဂျင်တီးနားသားနဲ့ ဂျာမန်သားနှစ်ဦးလုံးကို ကလော့ပ်က တပြိုင်နက်တည်း ခေါ်ယူသွားမယ့် လျှို့ဝှက်ခြေလှမ်းတွေကို ရင်ခုန်သံမြန်မြန်နဲ့ ဆက်လက်စောင့်ကြည့်ဖို့ တင်ဆက်ပေးလိုက်ရပါကြောင်း…….။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လီဗာပူးလ္နည္းျပယာဂင္ ကေလာ့ပ္အတြက္ လက္ရွိမွာ ေခါင္းအကိုက္ဆုံးျပႆနာျဖစ္ေနတာက ဂီနီ ဗိုင္နယ္လ္ဒမ္ထြက္သြားတဲ့ ကြင္းလယ္ေနရာကို ဘယ္သူနဲ႔ အစားထိုးမလဲဆိုတာပါ။ အခ်ိန္တန္ရင္ေတာ့ ဂ်ာမန္သားႀကီးက သူ႔ရဲ႕ဝွက္ဖဲေတြကို ေအာင္ေအာင္ျမင္ျမင္ ထုတ္ျပေလ့ရွိတာကလည္း ေရွ႕မွာ သင္ခန္းစာေတြ ရွိခဲ့ၿပီးပါၿပီ။

လတ္တေလာအေျခအေနမွာ လီဗာပူးလ္ရဲ႕ အေျပာင္းအေ႐ႊ႕လႈပ္ရွားမႈေျခရာေတြကို တကြက္ခ်င္း တခုခ်င္း စူးစမ္းၾကည့္ေနရတာကိုက အရသာတခုအေနနဲ႔ စိတ္ဝင္စားစရာေကာင္းေနၿပီး တကယ္တမ္းမွာေတာ့ ဗိုင္နယ္လ္ဒမ္ မရွိလည္း အလုံးအရပ္မေလ်ာ့တဲ့ ကြင္းလယ္ကို တည္ေဆာက္ဖို႔က သူ႔အေနနဲ႔ ႀကိဳတင္ႀကံစည္ရင္း ျပင္ဆင္ထားၿပီးေလာက္တဲ့ အေျခအေနျဖစ္ပါတယ္။

လီဗာပူးလ္ရဲ႕ အေျပာင္းအေ႐ႊ႕ထုံးစံတခုက လူမသိ၊ သိပ္မထင္ရွားလွတဲ့ ႐ြက္ပုန္းသီးလူငယ္ေလးေတြကို စင္ေတာ္ေကာက္ျခင္းျဖစ္ၿပီး အသင္းရဲ႕ အနာဂတ္စီမံကိန္းကို ႏုပ်ိဳလွတဲ့ လူစာရင္းနဲ႔သာ ေရရွည္အထိုင္ခ်သြားမယ္လို႔ မိုက္ကယ္အက္ဒ္ဝက္နဲ႔ ကေလာ့ပ္တို႔ရဲ႕ လက္ဝါး႐ိုက္မႈမွာ ဘိုင္ယန္ကေျပာင္းလာတဲ့ အသက္ ၂၉ ႏွစ္သား ကမာၻ႔အဆင့္ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာကေတာ့ ႁခြင္းခ်က္ျဖစ္ခဲ့တယ္။

လက္ရွိအခ်ိန္မွာလည္း အယ္လ္ကန္တာရာကို ေခၚယူခဲ့တဲ့ လမ္းစဥ္အတိုင္း ကေလာ့ပ္ႀကံစည္ေနတာက မက္ဆီရဲ႕ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းေဖာ္ျဖစ္တဲ့ အသက္ ၂၇ ႏွစ္အ႐ြယ္ ကြင္းလယ္လူ ႐ိုဒရီ ဒီေပါလ္ကို ေခၚယူဖို႔ပါ။ သူက ပုံရိပ္မႀကီးမားလွသလို လီဗာပူးလ္နဲ႔ သတင္းထြက္ခဲ့တာလည္း တႀကိမ္လားသာရွိခဲ့တယ္။

အဆိုပါ အူဒီနီးစ္ကြင္းလယ္လူနဲ႔ ပတ္သက္ရင္ ေျပာစရာႏွစ္ခ်က္ ရွိေနတယ္။ ပထမအခ်က္က ဗိုင္နယ္ဒမ္နဲ႔ စြမ္းေဆာင္ရည္ခ်င္း ႏႈိင္းယွဥ္လိုက္ရင္ စီးရီးေအမွာ ကစားထားတဲ့ သူ႔ရဲ႕အခ်က္အလက္မွတ္တမ္းတခ်ိဳ႕က ပိုသာလြန္ေနတာကို ေတြ႕ရတယ္။ သူက ၿပီးခဲ့တဲ့စီးရီးေအရာသီမွာ ၉ ဂိုးသြင္း၊ ၉ ဂိုးဖန္တီးထားသူျဖစ္ပါတယ္။

ကေလာ့ပ္ရဲ႕အသင္းမွာ ကြင္းလယ္လူတေယာက္ရဲ႕ တာဝန္က တိုက္စစ္လိုက္တက္သြားတဲ့ ေနာက္ခံအစြန္လူေတြ လွစ္ဟာခဲ့တဲ့ ခံစစ္ယိုေပါက္ကို ထိန္းထားေပးရတဲ့တၿပိဳင္နက္မွာ တသင္းလုံးရဲ႕ အလုံးစုံတိုက္စစ္ေမာင္းႏွင္အားကို တြန္းႏႈိးေပးဖို႔ျဖစ္တယ္။ ဒီအခ်က္အရ သူက ဗိုင္နယ္လ္ဒမ္ရဲ႕ ေဘာလုံးေပးပို႔ေအာင္ျမင္မႈ ၉၂.၅ ရာခိုင္ႏႈန္းမွာ လိုက္မီထားျခင္းေတာ့ မရွိဘူး။

လုပ္အားႏႈန္းပိုင္းမွာ ကေလာ့ပ္ရဲ႕ ေတာင္းဆိုမႈပိုင္းအရ ၾကည့္မယ္ဆိုရင္ေတာ့ ” ကြၽန္ေတာ္က ကားတာယာအပိုလိုပါပဲ။ အဓိကကစားသမားေတြကို ျဖည့္ကစားေပးဖို႔ပါ ” ဆိုတဲ့ သူ႔ရဲ႕စကားနဲ႔အညီ မိနစ္ ၉၀ အတြင္းမွာ ေဘာလုံးဖ်က္ထုတ္မႈအပိုင္း၊ ေဘာလုံးထိခ်က္အပိုင္းေတြက ဗိုင္နယ္ဒမ္ထက္သာလြန္ေနတယ္။

အသင္းတသင္းလုံးကို ေမာင္းႏွင္မႈအပိုင္းေရာ၊ ဟာကြက္ျဖည့္မႈအပိုင္းမွာ ကြၽမ္းက်င္ပိုင္ႏိုင္ေနတာကို ေတြ႕ရတာက ထင္မွတ္မထားတဲ့ ကေလာ့ပ္ရဲ႕မ်က္လွည့္တခုအေနနဲ႔ သူ႔ကို အန္ဖီးလ္မွာ ျမင္ေတြ႕ရဖို႔လည္း အလားအလာေကာင္းေနပါတယ္။

ဒါ့အျပင္ ႐ိုးမားရဲ႕ လိုရန္ဇို ပယ္လီဂရီနီ၊ လက္စတာရဲ႕ ယူရီ တိုင္လီမန္းစ္နဲ႔ ဘ႐ိုက္တန္အသင္းရဲ႕ Yves Bissouma တို႔လို ကြင္းလယ္လူေတြကို ေတာက္ေလွ်ာက္ခ်ိတ္ဆက္ေနပါတယ္လို႔ သတင္းေတြေျပးေနတဲ့ ကေလာ့ပ္ရဲ႕ ေနာက္ထပ္ေ႐ႊ႕ကြက္တခုက မိုခ်န္ဂလာဘတ္က ကြင္းလယ္လူ ဖလိုရီယန္ ႏြိဳင္ေဟာက္စ္ပါ။

လက္ရွိဂ်ာမနီအသင္းနဲ႔ ယူ႐ိုၿပိဳင္ပြဲဝင္ေနတဲ့ အသက္ ၂၄ ႏွစ္သားကို ကေလာ့ပ္ရဲ႕ ကင္းေထာက္အဖြဲ႕က အထူးေစာင့္ၾကည့္ေနသလို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၄ သန္းဆိုတာက ေပးဖို႔ လုံေလာက္ေနခ်ိန္မွာ နာဘီ ကီတာ၊ သီယာဂို အယ္လ္ကန္တာရာတို႔လို ဘြန္ဒက္လီဂါကစားသမားေတြက ကေလာ့ပ္ရဲ႕အသင္းမွာ ခ်က္ခ်င္း အံမဝင္ႏိုင္တဲ့ ျပႆနာကိုေတာ့ ရွင္းထုတ္ရမွာပါ။

သူ႔ကို ေခၚယူႏိုင္ခဲ့ရင္ေတာ့ ဂိုးသမား ကားရီးယက္စ္အၿပီးမွာ လီဗာပူးလ္အတြက္ ကေလာ့ပ္စုေဆာင္းခဲ့တဲ့ ဒုတိယေျမာက္ ဂ်ာမန္ကစားသမားအျဖစ္ မွတ္တမ္းဝင္မွာျဖစ္သလို ဗိုင္နယ္ဒမ္ရဲ႕တာဝန္ကို အျပည့္အဝယူေပးႏိုင္စြမ္းရွိတဲ့ ကစားပုံက လီဗာပူးလ္ရဲ႕ မွတ္စုစာအုပ္မွာ မွတ္ေက်ာက္တင္ခံၿပီးျဖစ္လို႔ အာဂ်င္တီးနားသားနဲ႔ ဂ်ာမန္သားႏွစ္ဦးလုံးကို ကေလာ့ပ္က တၿပိဳင္နက္တည္း ေခၚယူသြားမယ့္ လွ်ိဳ႕ဝွက္ေျခလွမ္းေတြကို ရင္ခုန္သံျမန္ျမန္နဲ႔ ဆက္လက္ေစာင့္ၾကည့္ဖို႔ တင္ဆက္ေပးလိုက္ရပါေၾကာင္း…….။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.