La Liga Premier League

ေမဂ်ာလိဂ္နဲ႔ စပိန္လာလီဂါက ကမ္းလွမ္းမွဳေတြကို ရရွိထားတဲ့ ေဒးဗစ္ ေဆးလ္ဗား

မန္ခ်က္စတာစီးတီးအသင္းနဲ႔ လက္ရွိအခ်ိန္အထိ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုထားရျခင္းမရွိေသးဘဲ ရာသီကုန္မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာႏုိင္မယ့္ အသင္းေခါင္းေဆာင္ကြင္းလယ္လူ ေဒးဗစ္ ေဆးလ္ဗားကုိ MLS နဲ႔ စပိန္လာလီဂါကလပ္ေတြဆီက စိတ္ဝင္စားမွဳေတြ ရရွိထားတယ္လို႔ သိရပါတယ္။

မူလအစီအစဥ္အရ ရာသီကုန္မွာ အသင္းနဲ႔ ႏွဳတ္ဆက္ပြဲကို စီစဥ္ခံရႏုိင္တဲ့ အသင္းရဲ႕ အေရးပါတဲ့ ကစားသမားအျဖစ္ ႏွစ္ေပါင္းမ်ားစြာ ရွိခဲ့တဲ့ စပိန္သားအတြက္ကေတာ့ ကို႐ိုနာဗုိင္းရပ္စ္ကူးစက္မွဳေၾကာင့္ အခမ္းအနားျဖစ္လာဖို႔ေတာ့ မလြယ္ကူေသးဘဲ ဒီအတုိင္း အသင္းေျပာင္းသြားရတာမ်ဳိးလည္း ျဖစ္ႏိုင္ပါတယ္။

လက္ရွိမွာေတာ့ အသက္ ၃၂ ႏွစ္အရြယ္ကြင္းလယ္လူကို ေဒးဗစ္ ဘက္ခမ္းရဲ႕ ေမဂ်ာလိဂ္ကလပ္ အင္တာ မိုင္ယာမီနဲ႔ လာလီဂါကလပ္ ရီးရဲလ္ ဘက္တစ္တုိ႔က ကမ္းလွမ္းထားၿပီး ေဆးလ္ဗားအေနနဲ႔ မိခင္ေျမကို ျပန္ဖုိ႔ေတာ့ ပုိမိုစိတ္ဝင္စားႏုိင္သလို ဆယ္ႏွစ္ၾကာ ကစားခဲ့တဲ့ မန္စီးတီးနဲ႔ေတာ့ ခြဲခြာဖို႔ ရွိေနၿပီလည္းျဖစ္ပါတယ္။

စပိန္ႏုိင္ငံ၊ ကေနရီကၽြန္းစုေတြထဲက ဒုတိယ လူဦးေရ အထူထပ္ဆုံးကၽြန္းျဖစ္တဲ့ ဂရန္ ကေနရီယာမွာ ေမြးဖြားခဲ့တဲ့ ေဆးလ္ဗားအေနနဲ႔ သူတို႔ရဲ႕ ၿမဳိ႕ခံကလပ္ လာစ္ပါးလ္မားစ္အသင္းမွာ ျပန္ကစားခ်င္တယ္လုိ႔လည္း ဆုိထားဖူးၿပီး လက္ရွိမွာေတာ့ ဒီအသင္းဟာ ဆီဂန္ဒါမွာ ရပ္တည္ေနလို႔ ႏွစ္ႏွစ္စာခ်ဳပ္နဲ႔ ကမ္းလွမ္းထားခဲ့တဲ့ ဘက္တစ္ကေတာ့ ေရြးခ်ယ္စရာတစ္ခုျဖစ္လာႏုိင္ပါတယ္။

ေဆးလ္ဗားအတြက္ ဂ်ပန္ႏုိင္ငံ ေဂ်လိဂ္အသင္းေတြကလည္း စိတ္ဝင္စားေနၾကၿပီး စပိန္အသင္းေဖာ္ေဟာင္း အန္းဒရက္စ္ အင္နီေယစတာ အသင္းေခါင္းေဆာင္လုပ္ေနတဲ့ ဗစ္ဆယ္လ္ ကိုေဘးအသင္းကလည္း ကမ္းလွမ္းမွဳျပဳလုပ္ထားခဲ့တယ္လို႔ သိရွိရပါတယ္။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းနဲ့ လက်ရှိအချိန်အထိ စာချုပ်သစ် ချုပ်ဆိုထားရခြင်းမရှိသေးဘဲ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့် အသင်းခေါင်းဆောင်ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗားကို MLS နဲ့ စပိန်လာလီဂါကလပ်တွေဆီက စိတ်ဝင်စားမှုတွေ ရရှိထားတယ်လို့ သိရပါတယ်။

မူလအစီအစဉ်အရ ရာသီကုန်မှာ အသင်းနဲ့ နှုတ်ဆက်ပွဲကို စီစဉ်ခံရနိုင်တဲ့ အသင်းရဲ့ အရေးပါတဲ့ ကစားသမားအဖြစ် နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ စပိန်သားအတွက်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အခမ်းအနားဖြစ်လာဖို့တော့ မလွယ်ကူသေးဘဲ ဒီအတိုင်း အသင်းပြောင်းသွားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

လက်ရှိမှာတော့ အသက် ၃၂ နှစ်အရွယ်ကွင်းလယ်လူကို ဒေးဗစ် ဘက်ခမ်းရဲ့ မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီနဲ့ လာလီဂါကလပ် ရီးရဲလ် ဘက်တစ်တို့က ကမ်းလှမ်းထားပြီး ဆေးလ်ဗားအနေနဲ့ မိခင်မြေကို ပြန်ဖို့တော့ ပိုမိုစိတ်ဝင်စားနိုင်သလို ဆယ်နှစ်ကြာ ကစားခဲ့တဲ့ မန်စီးတီးနဲ့တော့ ခွဲခွာဖို့ ရှိနေပြီလည်းဖြစ်ပါတယ်။

စပိန်နိုင်ငံ၊ ကနေရီကျွန်းစုတွေထဲက ဒုတိယ လူဦးရေ အထူထပ်ဆုံးကျွန်းဖြစ်တဲ့ ဂရန် ကနေရီယာမှာ မွေးဖွားခဲ့တဲ့ ဆေးလ်ဗားအနေနဲ့ သူတို့ရဲ့ မြို့ခံကလပ် လာစ်ပါးလ်မားစ်အသင်းမှာ ပြန်ကစားချင်တယ်လို့လည်း ဆိုထားဖူးပြီး လက်ရှိမှာတော့ ဒီအသင်းဟာ ဆီဂန်ဒါမှာ ရပ်တည်နေလို့ နှစ်နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားခဲ့တဲ့ ဘက်တစ်ကတော့ ရွေးချယ်စရာတစ်ခုဖြစ်လာနိုင်ပါတယ်။

ဆေးလ်ဗားအတွက် ဂျပန်နိုင်ငံ ဂျေလိဂ်အသင်းတွေကလည်း စိတ်ဝင်စားနေကြပြီး စပိန်အသင်းဖော်ဟောင်း အန်းဒရက်စ် အင်နီယေစတာ အသင်းခေါင်းဆောင်လုပ်နေတဲ့ ဗစ်ဆယ်လ် ကိုဘေးအသင်းကလည်း ကမ်းလှမ်းမှုပြုလုပ်ထားခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
SPORTS A2Z.