Premier League Transfer News

13 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ လာဇီယိုတောင်ပံကစားသမား ယာကွင် ကော်ရီးယားအတွက် ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီလို့ အီတလီအခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပြီး အာဂျင်တီးနားသားအတွက် ရောမကလပ်ဘက်ကတော့ ယူရိုသန်း ၃၀ ဝန်းကျင် အလိုရှိနေ။

– ရီးရဲလ်ဘက်တစ်အသင်းရဲ့ တိုက်စစ်သန်ကွင်းလယ်လူ နာဘီလ် ဖီကီယာအတွက် အာဆင်နယ်အသင်းအနေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ် နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပြီး အသက် ၂၇ နှစ်အရွယ် ပြင်သစ်ကစားသမားကို အသင်းရဲ့ ဖန်တီးမှုတာဝန်အတွက် ခေါ်ယူလိုနေတယ်လို့ဆို။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ဂိုးသမား ဘန်းဒ် လီနိုကို ရောင်းထုတ်သွားဖို့ သေချာသလောက်ဖြစ်နေပြီး လေဗာကူဆင်အသင်းကနေ ဝယ်ယူစဉ်က ပေးချေခဲ့ရတဲ့ ပေါင် ၂၂.၅ သန်းနဲ့ မနီးရိုးစွဲရရှိရင် ကမ်းလှမ်းမှုတွေကို လက်ခံသွားဖို့ ရှိနေကြောင်း သိရ။

– ဘရိုက်တန်ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားကို အာဆင်နယ်တို့ ပြန်လည်စိတ်ဝင်စားလာခဲ့ပြီး အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူအနေနဲ့ မကြာခင် အချိန်အတွင်းမှာ အသင်းက ထွက်ခွာနိုင်တဲ့ ဆွစ်ဇာလန်သား ဂရာနစ် ချာကာရဲ့ နေရာအတွက် အကောင်းဆုံး အစားထိုးမှုအဖြစ် ရှုမြင်ခံထားရ။

– ဟက်တာ ဘယ်လာရင်ကို ရောင်းထုတ်သွားဖို့ ရှိနေတဲ့ အသင်းရဲ့ ညာနောက်ခံလူနေရာအတွက် ပြန်လည်အစားထိုးဖို့ RB လိုက်ပ်ဇစ် အသင်းရဲ့ စွယ်စုံရကစားသမား တိုင်လာ အက်ဒမ်စ်ကို အာဆင်နယ်တို့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး အမေရိကန်သားအတွက် ပေါင်သန်း ၂၀ ခန့် ကျသင့်ဖွယ်ရှိနေ။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ သူ့ရဲ့ ခံစစ်ပိုင်းကို ညာနောက်ခံအတွင်းလူအဖြစ်သာမက အစွန်လူအဖြစ်ပါ ကစားနိုင်တဲ့ ဘန်ဝှိုက်ကို အလိုရှိနေသလို ခိုင်ခိုင်မာမာ ကမ်းလှမ်းမှု ပြုလုပ်သွားမယ်လို့ အက်သလက်တစ်က ဖော်ပြခဲ့ပြီး ပရိသတ်တွေကတော့ ဂါဘရီယယ်လ်အတွက် သတင်းကောင်း မဟုတ်ပေမယ့် ပြိုင်ဆိုင်မှုနဲ့အတူ ပိုကောင်းလာမယ်လို့ ယူဆနေကြ။

– အာဆင်နယ်အသင်းရဲ့ ဘယ်တောင်ပံမှာ ပျယ်-အမ်မရိခ် အူဘာမီယန်းထက် အိန်းစလီ မိတ်လန်းနိုင်းလ်စ်က ပိုမိုမြန်ဆန်ကြောင်း လူငယ်တိုက်စစ်မှူး အက်ဒီ နကီးတီးယားက ထုတ်ဖော်လိုက်ပြီး ပီအက်စ်ဂျီကစားသမား အမ်ဘာပေရဲ့ ဂါဘွန်သားဟာ အမြန်ဆုံးလို့ ဆိုတဲ့ စကားကို ပယ်ချသွားခဲ့။

– အာဆင်နယ်အသင်းရဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ဒီနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ သတင်းပြေးနေတဲ့ မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ကို ရရှိနိုင်ခြေအတွက် ချဉ်းကပ်စုံစမ်းခဲ့ကြပြီး အခြေအနေကို ရှင်းရှင်းလင်းလင်း သိရဖို့ စောင့်မျှော်နေကြောင်း သိရ။

– ဂရာနစ် ချာကာ ထွက်ခွာသွားမယ့် နေရာကို အစားထိုးဖို့အတွက် အာဆင်နယ်အသင်းအနေနဲ့ ဝုလ်ဗ်စ်ကွင်းလယ်လူ ရူဘင် နီဗက်စ်အပြင် ဆာဆူအိုလိုရဲ့ အီတလီလက်ရွေးစင် မန်ညူယယ်လ် လိုကာတယ်လီကိုလည်း စောင့်ကြည့်နေပြီး ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေ။

– အသင်းရဲ့ အနာဂတ်အသင်းခေါင်းဆောင်လို့ ပရိသတ်တွေက တစ်ညီတစ်ညွတ်တည်း လက်ခံထားကြတဲ့ ဘယ်နောက်ခံလူ ကီရန် တီယာနီအတွက် စာချုပ်သစ် ဆွေးနွေးမှု စတင်နေပြီဖြစ်ပြီး သုံးနှစ်ကျန်စာချုပ်ကို နှစ်ရှည်ထပ်မံတိုးမြှင့်နိုင်ဖို့ အာဆင်နယ်ဘက်က ရည်ရွယ်ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ လာဇီယိုေတာင္ပံကစားသမား ယာကြင္ ေကာ္ရီးယားအတြက္ ကမ္းလွမ္းမႈ ျပဳလုပ္လိုက္ၿပီလို႔ အီတလီအေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပခဲ့ၾကၿပီး အာဂ်င္တီးနားသားအတြက္ ေရာမကလပ္ဘက္ကေတာ့ ယူ႐ိုသန္း ၃၀ ဝန္းက်င္ အလိုရွိေန။

– ရီးရဲလ္ဘက္တစ္အသင္းရဲ႕ တိုက္စစ္သန္ကြင္းလယ္လူ နာဘီလ္ ဖီကီယာအတြက္ အာဆင္နယ္အသင္းအေနနဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ ေနတယ္လို႔ သတင္းထြက္ေပၚလာခဲ့ၿပီး အသက္ ၂၇ ႏွစ္အ႐ြယ္ ျပင္သစ္ကစားသမားကို အသင္းရဲ႕ ဖန္တီးမႈတာဝန္အတြက္ ေခၚယူလိုေနတယ္လို႔ဆို။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ဂိုးသမား ဘန္းဒ္ လီႏိုကို ေရာင္းထုတ္သြားဖို႔ ေသခ်ာသေလာက္ျဖစ္ေနၿပီး ေလဗာကူဆင္အသင္းကေန ဝယ္ယူစဥ္က ေပးေခ်ခဲ့ရတဲ့ ေပါင္ ၂၂.၅ သန္းနဲ႔ မနီး႐ိုးစြဲရရွိရင္ ကမ္းလွမ္းမႈေတြကို လက္ခံသြားဖို႔ ရွိေနေၾကာင္း သိရ။

– ဘ႐ိုက္တန္ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားကို အာဆင္နယ္တို႔ ျပန္လည္စိတ္ဝင္စားလာခဲ့ၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ ကြင္းလယ္လူအေနနဲ႔ မၾကာခင္ အခ်ိန္အတြင္းမွာ အသင္းက ထြက္ခြာႏိုင္တဲ့ ဆြစ္ဇာလန္သား ဂရာနစ္ ခ်ာကာရဲ႕ ေနရာအတြက္ အေကာင္းဆုံး အစားထိုးမႈအျဖစ္ ရႈျမင္ခံထားရ။

– ဟက္တာ ဘယ္လာရင္ကို ေရာင္းထုတ္သြားဖို႔ ရွိေနတဲ့ အသင္းရဲ႕ ညာေနာက္ခံလူေနရာအတြက္ ျပန္လည္အစားထိုးဖို႔ RB လိုက္ပ္ဇစ္ အသင္းရဲ႕ စြယ္စုံရကစားသမား တိုင္လာ အက္ဒမ္စ္ကို အာဆင္နယ္တို႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနၿပီး အေမရိကန္သားအတြက္ ေပါင္သန္း ၂၀ ခန႔္ က်သင့္ဖြယ္ရွိေန။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ သူ႔ရဲ႕ ခံစစ္ပိုင္းကို ညာေနာက္ခံအတြင္းလူအျဖစ္သာမက အစြန္လူအျဖစ္ပါ ကစားႏိုင္တဲ့ ဘန္ဝႈိက္ကို အလိုရွိေနသလို ခိုင္ခိုင္မာမာ ကမ္းလွမ္းမႈ ျပဳလုပ္သြားမယ္လို႔ အက္သလက္တစ္က ေဖာ္ျပခဲ့ၿပီး ပရိသတ္ေတြကေတာ့ ဂါဘရီယယ္လ္အတြက္ သတင္းေကာင္း မဟုတ္ေပမယ့္ ၿပိဳင္ဆိုင္မႈနဲ႔အတူ ပိုေကာင္းလာမယ္လို႔ ယူဆေနၾက။

– အာဆင္နယ္အသင္းရဲ႕ ဘယ္ေတာင္ပံမွာ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းထက္ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္က ပိုမိုျမန္ဆန္ေၾကာင္း လူငယ္တိုက္စစ္မႉး အက္ဒီ နကီးတီးယားက ထုတ္ေဖာ္လိုက္ၿပီး ပီအက္စ္ဂ်ီကစားသမား အမ္ဘာေပရဲ႕ ဂါဘြန္သားဟာ အျမန္ဆုံးလို႔ ဆိုတဲ့ စကားကို ပယ္ခ်သြားခဲ့။

– အာဆင္နယ္အသင္းရဲ႕ ကိုယ္စားလွယ္ေတြအေနနဲ႔ ဒီေႏြရာသီမွာ အိုးလ္ထရက္ဖို႔ဒ္ကေန ထြက္ခြာဖို႔ သတင္းေျပးေနတဲ့ မန္ခ်က္စတာ ယူႏိုက္တက္ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္ကို ရရွိႏိုင္ေျခအတြက္ ခ်ဥ္းကပ္စုံစမ္းခဲ့ၾကၿပီး အေျခအေနကို ရွင္းရွင္းလင္းလင္း သိရဖို႔ ေစာင့္ေမွ်ာ္ေနေၾကာင္း သိရ။

– ဂရာနစ္ ခ်ာကာ ထြက္ခြာသြားမယ့္ ေနရာကို အစားထိုးဖို႔အတြက္ အာဆင္နယ္အသင္းအေနနဲ႔ ဝုလ္ဗ္စ္ကြင္းလယ္လူ ႐ူဘင္ နီဗက္စ္အျပင္ ဆာဆူအိုလိုရဲ႕ အီတလီလက္ေ႐ြးစင္ မန္ညဴယယ္လ္ လိုကာတယ္လီကိုလည္း ေစာင့္ၾကည့္ေနၿပီး ေပါင္သန္း ၃၀ နဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေန။

– အသင္းရဲ႕ အနာဂတ္အသင္းေခါင္းေဆာင္လို႔ ပရိသတ္ေတြက တစ္ညီတစ္ၫြတ္တည္း လက္ခံထားၾကတဲ့ ဘယ္ေနာက္ခံလူ ကီရန္ တီယာနီအတြက္ စာခ်ဳပ္သစ္ ေဆြးေႏြးမႈ စတင္ေနၿပီျဖစ္ၿပီး သုံးႏွစ္က်န္စာခ်ဳပ္ကို ႏွစ္ရွည္ထပ္မံတိုးျမႇင့္ႏိုင္ဖို႔ အာဆင္နယ္ဘက္က ရည္႐ြယ္ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.