Premier League

12 Jun ညနေခင်း နောက်ဆုံးရ ချဲလ်ဆီး သတင်းများ စုစည်းမှု

ဗဟိုခံစစ်မှူး ၂ ဦးဝယ်ဖို့ အသည်းအသန်ပြင်ဆင်နေတဲ့ ချယ်လ်ဆီးအသင်းရဲ့ထိပ်တန်းပစ်မှတ် ပြင်သစ်သား ရာဖေးလ် ဗာရန်းအတွက် ရီးရဲလ်မက်ဒရစ်အသင်းက ပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ အဖြစ် စျေးသတ်မှတ်လိုက်ပြီလို့ သိရပြီး ချယ်လ်ဆီးနဲ့အပြိုင် ယူနိုက်တက်နဲ့ PSG တို့ကလည်း တကောက်ကောက်လိုက်နေလို့ တူဟယ်လ်လက်သွက်ဖို့လိုနေ။

ယူနိုက်တက်ကို လုံးဝစိတ်မဝင်စားဘူးလို့ ငြင်းပယ်လိုက်တဲ့ ဒေါ့မန်တိုက်စစ်မှူးအာလင်း ဟာလန်းရဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုအပြီးမှာတော့ ချယ်လ်ဆီးအသင်းက နော်ဝေသားကို ခေါ်ယူရေးမှာ တသင်းတည်း လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်ခွင့်ရလာခဲ့ပြီး ပေါင်သန်း ၁၅၀ စျေးကို စိတ်အေးလက်အေးညှိနှိုင်းပြီး ကမ်းလှမ်းနိုင်တော့မှာဖြစ်။

လန်ဒန်ကလာတဲ့သတင်းတွေအရ ချယ်လ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာမယ်လို့ မီးစိမ်းပြထားတဲ့ တိုက်စစ်မှူးလီဝန်ဒေါစကီးကိုလည်း ကမ်းလှမ်းလိုက်ပြီဖြစ်ကြောင်း သိရသလို စားပွဲထိုင်ဆွေးနွေးမှုတွေကို အပြီးသတ်နိုင်မလားဆိုတာတော့ အပြောင်းအရွှေ့ဂုရု မာရီနာအနေနဲ့ ဟာလန်းနဲ့ လီဝန်ဒေါစကီး ဘယ်သူ့ကို ဒီရာသီမှာ အမြန်ဆုံး ခေါ်ယူနိုင်မလဲ စောင့်ကြည့်ရမှာဖြစ်။

ချယ်လ်ဆီးနဲ့ ဂျာမန်ဗဟိုခံစစ်မှူးအန်တိုနီယို ရူဒီဂါဟာ ၄ နှစ်တာ စာချုပ်သစ်သာ ချုပ်ဆိုခွင့်မရရင် အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အစီအစဥ်မရှိတော့ဘဲ ၂၀၂၂ ခုနှစ် စာချုပ်ကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမယ်လို့ သိရသလို ၁၂ လသာကျန်ရှိတော့တဲ့ စာချုပ်သက်တမ်းကို ချယ်လ်ဆီးအသင်းက မနစ်နာအောင် ဘယ်လိုကိုင်တွယ်မလဲလို့ မေးခွန်းထုတ်ခံထားရ။

ချယ်လ်ဆီးနဲ့ စပါးစ်နည်းပြဟောင်းမော်ရင်ညိုက လာမယ့် အင်္ဂလန်နဲ့ ခရိုအေးရှားတို့ရဲ့ ယူရိုပွဲစဥ်မှာ မိမိသာဆိုလျှင် နှစ်ခါစဥ်းစားမနေဘဲ ယူနိုက်တက်ဘယ်နောက်ခံလူ လုခ်ရှောကို ကျော်ဖြတ်ပြီး ဘန်ချေးလ်ဝဲလ်ကို ပွဲထွက်စေမှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပြီး ခံစစ်ရော တိုက်စစ်မှာပါ ရှောထက် ချေးလ်ဝဲလ်က ဥာဏ်ရည်ပိုမြင့်ကြောင်းသုံးသပ်ထား။

ဒီနွေမှာ အသင်းသစ်ရှာဖွေတော့မယ့် ချယ်လ်ဆီးတိုက်စစ်မှူးတန်မီ အေဘရာဟမ်အတွက် အာဆင်နယ်အသင်းကသာ အံအဝင်ဆုံးဖြစ်တယ်လို့ စပါးစ်ကွင်းလယ်လူဟောင်းဂျာမိန်း ဂျီးနပ်စ်က ထောက်ခံချက်ပေးသွားခဲ့ပြီး မီခေးလ်အာတီတာက အူဘာမီယန်းကို ဘယ်ခြမ်းမှာ ကစားစေပြီး အေဘရာဟမ်ကို အထောင်တိုက်စစ်မှူးအဖြစ် ​ပြီးပြည့်စုံစေလိမ့်လို့ သုံးသပ်သွား။

စတုတ်စီးတီးအသင်းကနေ ဒီရာသီအသိမ်းမှာ ပရီးမီးယားလိဂ်အသင်းကြီးတိုင်းကို မျက်စိကျအောင် ခြေစွမ်းပြထားခဲ့တဲ့ ဗဟိုခံစစ်မှူး နေသန် ကောလင်းစ်ကို ချယ်လ်ဆီးအသင်းနဲ့ ယူနိုက်တက်အသင်းကလည်း စိတ်ဝင်စားလာကြောင်း သိရသလို အသက် ၂၀ နှစ်သားအတွက် ဘန်လေအသင်းက ပေါင် ၁၂ သန်းနဲ့ ကမ်းလှမ်းလိုက်တဲ့နောက်မှာ ချယ်လ်ဆီးအသင်း အမြန်ဆုံးအကွက်ရွှေ့လာဖွယ်ရှိ။

ပြီးခဲ့ညက အီတလီနဲ့အတူ ပြသခဲ့တဲ့ ဂျော်ဂျင်ဟိုရဲ့ခြေစွမ်းဟာ မိမိကို ချယ်လ်ဆီးအသင်းက ထွက်ခွာသွားစေခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဖြစ်ပေါ်စေခဲ့တဲ့ အကြီးမားဆုံးအကြောင်းရင်းလို့ ဆိုခဲ့တဲ့ ချယ်လ်ဆီးကွင်းလယ်လူဟောင်း ဆက်စ်ဖာဘရီဂတ်စ်ရဲ့ စကားကို မှန်ကန်သွားစေခဲ့သလို သူ့ရဲ့ တသင်းလုံးကို ထိန်းကျောင်းနိုင်မှုမှာ တူဟယ်လ်ကိုယ်တိုင်က အားပါးတရရှိနေ။

တိုက်စစ်မှာ ဘောလုံးမရလို့ မာန်မဲနေခဲ့တဲ့ ချယ်လ်ဆီးတိုက်စစ်မှူ းဂျရူးကို အမ်ဘာပေရဲ့ တန်ပြန်ပေါက်ကွဲခဲ့တဲ့ တိုက်ပွဲအပြီးမှာ သူတို့နှစ်ဦးကြားမှာ ဘာပြဿနာမှ ရှိမနေဘူးလို့ ပြင်သစ်ကွင်းလယ်လူပေါလ်ပေါ့ဘာက ရှင်းချက်ထုတ်သွားခဲ့ပြီး အမ်ဘာပေကလည်း ဘောလုံးပေးသလို ဂျရူးကလည်း ဒေါသထွက်တယ်ဆိုတာလည်း သတင်းဖွခြင်းသာဖြစ်ကြောင်း ပြောသွား။

ပြင်သစ်သမ္မတအီမန်နူရယ် မက်ခရွန်က ချယ်လ်ဆီးနဲ့ ပြင်သစ်ကွင်းလယ်လူ အန်ဂိုလို ကွန်တေဟာ ဘလွန်ဒေါဆုရှင်ဖြစ်သင့်တယ်လို့ အားပါးတရ ထောက်ခံသွားခဲ့သလို ကွန်တေနဲ့ ခိုင်လျန် အမ်ဘာပေအတွဲဟာ ပြင်သစ်အသင်းကို ယူရိုဘုရင်ဖြစ်လာစေမယ်လို့ ယုံကြည်ထားကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဗဟိုခံစစ္မႉး ၂ ဦးဝယ္ဖို႔ အသည္းအသန္ျပင္ဆင္ေနတဲ့ ခ်ယ္လ္ဆီးအသင္းရဲ႕ထိပ္တန္းပစ္မွတ္ ျပင္သစ္သား ရာေဖးလ္ ဗာရန္းအတြက္ ရီးရဲလ္မက္ဒရစ္အသင္းက ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၆၀ အျဖစ္ ေစ်းသတ္မွတ္လိုက္ၿပီလို႔ သိရၿပီး ခ်ယ္လ္ဆီးနဲ႔အၿပိဳင္ ယူႏိုက္တက္နဲ႔ PSG တို႔ကလည္း တေကာက္ေကာက္လိုက္ေနလို႔ တူဟယ္လ္လက္သြက္ဖို႔လိုေန။

ယူႏိုက္တက္ကို လုံးဝစိတ္မဝင္စားဘူးလို႔ ျငင္းပယ္လိုက္တဲ့ ေဒါ့မန္တိုက္စစ္မႉးအာလင္း ဟာလန္းရဲ႕ ဆုံးျဖတ္ခ်က္ျပတ္သားမႈအၿပီးမွာေတာ့ ခ်ယ္လ္ဆီးအသင္းက ေနာ္ေဝသားကို ေခၚယူေရးမွာ တသင္းတည္း လြတ္လြတ္ကြၽတ္ကြၽတ္ ဦးေဆာင္ခြင့္ရလာခဲ့ၿပီး ေပါင္သန္း ၁၅၀ ေစ်းကို စိတ္ေအးလက္ေအးညႇိႏႈိင္းၿပီး ကမ္းလွမ္းႏိုင္ေတာ့မွာျဖစ္။

လန္ဒန္ကလာတဲ့သတင္းေတြအရ ခ်ယ္လ္ဆီးအသင္းဟာ ဘိုင္ယန္ျမဴးနစ္ကေန ထြက္ခြာမယ္လို႔ မီးစိမ္းျပထားတဲ့ တိုက္စစ္မႉးလီဝန္ေဒါစကီးကိုလည္း ကမ္းလွမ္းလိုက္ၿပီျဖစ္ေၾကာင္း သိရသလို စားပြဲထိုင္ေဆြးေႏြးမႈေတြကို အၿပီးသတ္ႏိုင္မလားဆိုတာေတာ့ အေျပာင္းအေ႐ႊ႕ဂု႐ု မာရီနာအေနနဲ႔ ဟာလန္းနဲ႔ လီဝန္ေဒါစကီး ဘယ္သူ႔ကို ဒီရာသီမွာ အျမန္ဆုံး ေခၚယူႏိုင္မလဲ ေစာင့္ၾကည့္ရမွာျဖစ္။

ခ်ယ္လ္ဆီးနဲ႔ ဂ်ာမန္ဗဟိုခံစစ္မႉးအန္တိုနီယို ႐ူဒီဂါဟာ ၄ ႏွစ္တာ စာခ်ဳပ္သစ္သာ ခ်ဳပ္ဆိုခြင့္မရရင္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ အစီအစဥ္မရွိေတာ့ဘဲ ၂၀၂၂ ခုႏွစ္ စာခ်ဳပ္ကုန္ဆုံးခ်ိန္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာမယ္လို႔ သိရသလို ၁၂ လသာက်န္ရွိေတာ့တဲ့ စာခ်ဳပ္သက္တမ္းကို ခ်ယ္လ္ဆီးအသင္းက မနစ္နာေအာင္ ဘယ္လိုကိုင္တြယ္မလဲလို႔ ေမးခြန္းထုတ္ခံထားရ။

ခ်ယ္လ္ဆီးနဲ႔ စပါးစ္နည္းျပေဟာင္းေမာ္ရင္ညိဳက လာမယ့္ အဂၤလန္နဲ႔ ခ႐ိုေအးရွားတို႔ရဲ႕ ယူ႐ိုပြဲစဥ္မွာ မိမိသာဆိုလွ်င္ ႏွစ္ခါစဥ္းစားမေနဘဲ ယူႏိုက္တက္ဘယ္ေနာက္ခံလူ လုခ္ေရွာကို ေက်ာ္ျဖတ္ၿပီး ဘန္ေခ်းလ္ဝဲလ္ကို ပြဲထြက္ေစမွာျဖစ္တယ္လို႔ ေျပာၾကားသြားခဲ့ၿပီး ခံစစ္ေရာ တိုက္စစ္မွာပါ ေရွာထက္ ေခ်းလ္ဝဲလ္က ဥာဏ္ရည္ပိုျမင့္ေၾကာင္းသုံးသပ္ထား။

ဒီေႏြမွာ အသင္းသစ္ရွာေဖြေတာ့မယ့္ ခ်ယ္လ္ဆီးတိုက္စစ္မႉးတန္မီ ေအဘရာဟမ္အတြက္ အာဆင္နယ္အသင္းကသာ အံအဝင္ဆုံးျဖစ္တယ္လို႔ စပါးစ္ကြင္းလယ္လူေဟာင္းဂ်ာမိန္း ဂ်ီးနပ္စ္က ေထာက္ခံခ်က္ေပးသြားခဲ့ၿပီး မီေခးလ္အာတီတာက အူဘာမီယန္းကို ဘယ္ျခမ္းမွာ ကစားေစၿပီး ေအဘရာဟမ္ကို အေထာင္တိုက္စစ္မႉးအျဖစ္ ​ၿပီးျပည့္စုံေစလိမ့္လို႔ သုံးသပ္သြား။

စတုတ္စီးတီးအသင္းကေန ဒီရာသီအသိမ္းမွာ ပရီးမီးယားလိဂ္အသင္းႀကီးတိုင္းကို မ်က္စိက်ေအာင္ ေျခစြမ္းျပထားခဲ့တဲ့ ဗဟိုခံစစ္မႉး ေနသန္ ေကာလင္းစ္ကို ခ်ယ္လ္ဆီးအသင္းနဲ႔ ယူႏိုက္တက္အသင္းကလည္း စိတ္ဝင္စားလာေၾကာင္း သိရသလို အသက္ ၂၀ ႏွစ္သားအတြက္ ဘန္ေလအသင္းက ေပါင္ ၁၂ သန္းနဲ႔ ကမ္းလွမ္းလိုက္တဲ့ေနာက္မွာ ခ်ယ္လ္ဆီးအသင္း အျမန္ဆုံးအကြက္ေ႐ႊ႕လာဖြယ္ရွိ။

ၿပီးခဲ့ညက အီတလီနဲ႔အတူ ျပသခဲ့တဲ့ ေဂ်ာ္ဂ်င္ဟိုရဲ႕ေျခစြမ္းဟာ မိမိကို ခ်ယ္လ္ဆီးအသင္းက ထြက္ခြာသြားေစခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို ျဖစ္ေပၚေစခဲ့တဲ့ အႀကီးမားဆုံးအေၾကာင္းရင္းလို႔ ဆိုခဲ့တဲ့ ခ်ယ္လ္ဆီးကြင္းလယ္လူေဟာင္း ဆက္စ္ဖာဘရီဂတ္စ္ရဲ႕ စကားကို မွန္ကန္သြားေစခဲ့သလို သူ႔ရဲ႕ တသင္းလုံးကို ထိန္းေက်ာင္းႏိုင္မႈမွာ တူဟယ္လ္ကိုယ္တိုင္က အားပါးတရရွိေန။

တိုက္စစ္မွာ ေဘာလုံးမရလို႔ မာန္မဲေနခဲ့တဲ့ ခ်ယ္လ္ဆီးတိုက္စစ္မႉ းဂ်႐ူးကို အမ္ဘာေပရဲ႕ တန္ျပန္ေပါက္ကြဲခဲ့တဲ့ တိုက္ပြဲအၿပီးမွာ သူတို႔ႏွစ္ဦးၾကားမွာ ဘာျပႆနာမွ ရွိမေနဘူးလို႔ ျပင္သစ္ကြင္းလယ္လူေပါလ္ေပါ့ဘာက ရွင္းခ်က္ထုတ္သြားခဲ့ၿပီး အမ္ဘာေပကလည္း ေဘာလုံးေပးသလို ဂ်႐ူးကလည္း ေဒါသထြက္တယ္ဆိုတာလည္း သတင္းဖြျခင္းသာျဖစ္ေၾကာင္း ေျပာသြား။

ျပင္သစ္သမၼတအီမန္ႏူရယ္ မက္ခ႐ြန္က ခ်ယ္လ္ဆီးနဲ႔ ျပင္သစ္ကြင္းလယ္လူ အန္ဂိုလို ကြန္ေတဟာ ဘလြန္ေဒါဆုရွင္ျဖစ္သင့္တယ္လို႔ အားပါးတရ ေထာက္ခံသြားခဲ့သလို ကြန္ေတနဲ႔ ခိုင္လ်န္ အမ္ဘာေပအတြဲဟာ ျပင္သစ္အသင္းကို ယူ႐ိုဘုရင္ျဖစ္လာေစမယ္လို႔ ယုံၾကည္ထားေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.