Premier League Transfer News

12 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်ဖန်တီးရှင် ပစ်မှတ်တွေကို လက်လွှတ်ခဲ့ရပြီးမှာ အူဒီးနီးစ်အသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ အာဂျင်တီးနားလက်ရွေးစင် ရိုဒရီဂို ဒီပေါလ်ကို စိတ်ဝင်စားနေပြီး နာမည်ကြီး အေးဂျင့် ရိုင်ယိုလာရဲ့ ဖောက်သည်ဖြစ်တဲ့ ကစားသမား အတွက် အီတလီကလပ်ဘက်က အနည်းဆုံး ပေါင် ၃၁ သန်း အလိုရှိနေ။

– ဘာစီလိုနာအသင်းအနေနဲ့ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်အသင်းကြီးတွေက စောင့်ကြည့်နေခဲ့တဲ့ သူတို့ရဲ့ တောင်ပံကစာသမား အူစမန် ဒမ်ဘီလီကို ရောင်းချသွားနိုင်ပေမယ့်လည်း အစားထိုးဖို့ လူပြန်ခေါ်နိုင်တဲ့အထိ ထိန်းသိမ်းထားပြီးမှ ပြင်သစ်သားရဲ့ နူးကမ့်အထွက်ကို ခွင့်ပြုသွားဖွယ်ရှိတယ်လို့ဆို။

– ပြီးခဲ့တဲ့ ဆောင်းရာသီက နာမည်ထွက်ပြီး မခေါ်ဖြစ်လိုက်တဲ့ ရီးရဲလ်ဘက်တစ်ကွင်းလယ်လူ ဂီဒို ရိုဒရီးရက်ဇ်ကို ခေါ်ယူဖို့ နွေရာသီမှာ နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ တစ်စခန်းထလာပြန်ပြီး ကွင်းလယ်မှာ သောမတ်စ် ပါတေးနဲ့ တွဲဖက်ပြီး ဖန်တီးပေးပို့မှု လုပ်နိုင်ရမယ့် ကစားသမားအစား အဖျက်သန်တဲ့သူကို ဘာလုပ်မှာလဲလို့ မေးခွန်းထုတ်နေကြ။

– အာဆင်နယ်အသင်းအနေနဲ့ ဂရာနစ် ချာကာကို ရောင်းထုတ်ပြီး ရူဘင် နီဗက်စ်ကို ခေါ်ယူတာဟာ ဘယ်သန်နဲ့ ညာသန် ပြောင်းသွားတာကလွဲရင် ထူးခြားမှု မရှိကြောင်းနဲ့ အသင်းအတွက် တကယ်တမ်း လိုအပ်တဲ့ ကစားသမားမျိုး မဟုတ်တာကြောင့် ငွေသုံးမယ်ဆိုရင် တိုက်စစ်ကို ပံ့ပိုးနိုင်မယ့်သူကိုပဲ ရှာဖွေသင့်ကြောင်း ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟော် ဝေဖန်။

– ဘရိုက်တန်အသင်းကနေ ရောင်းချဖို့ ရှိနေတဲ့ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ဘန်ဝှိုက်အတွက် နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ပရီးမီးယားလိဂ်အသင်းကြီးတွေနဲ့အပြိုင် ခေါ်ယူဖို့ စိတ်ပါဝင်စားနေပြီး အသက် ၂၃ နှစ်အရွယ် နောက်ခံလူအတွက် ပေါင်သန်း ၄၀ ကနေ ၅၀ အတွင်း ကျသင့်ဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ ရီးရဲလ်ဆိုစီဒက်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်ကို အမှန်တကယ် အလိုရှိနေတာဖြစ်ပြီး သူ့ကို ခေါ်ယူနိုင်ဖို့ အသင်းက ရှိနေတဲ့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ အလက်ဇန်းဒါး လာကာဇက်နဲ့ အက်ဒီ နကီးတီးယားတို့ကို ရောင်းထုတ်ပြီး ငွေရှာသွားဖို့ ပြင်ဆင်နေ။

– အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ဂိုးသမားဟောင်းကြီး ဒေးဗစ် ဆီးမန်းက နည်းပြ အာတီတာမှာ အသင်းကို ကိုင်တွယ်ဖို့ အရည်အသွေး အလုံအလောက်ရှိကြောင် ထောက်ခံလိုက်ပြီး သူ့အတွက် ရှေ့လယ်နောက် ကစားသမားကောင်းသုံးဦးကို ခေါ်ယူပေးဖို့နဲ့ အူဘာမီယန်း၊ ပါတေးတို့အနေနဲ့လည်း တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသနိုင်ဖို့လိုကြောင်း တိုက်တွန်းသွား။

– ဘယ်လ်ဂျီယမ်ထိပ်သီးကလပ် အန်ဒါလက်ချ်က ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့ လူငယ်ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါကို ခေါ်ယူဖို့ အာဆင်နယ်အသင်းအနေနဲ့ လက်ဦးမှ ရယူနိုင်ဖို့ လိုအပ်နေပြီး ဗင်းဆင့် ကွန်ပနီနဲ့ သီယာရီ အွန်နရီတို့ ချီးကျူးထားတဲ့ ၂၁ နှစ်သားကို ပရီးမီးယားလိဂ်အသင်းတော်တော်များများက စိတ်ဝင်စားနေ။

– အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကနေ ရောင်းချဖို့ စဉ်းစားနေတဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ကို စောင့်ကြည့်နေပြီး ယူရိုပြိုင်ပွဲကနေ ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ရတဲ့ ဒတ်ချ်ကစားသမားကို ပရိသတ်တွေကတော့ ကြီးကြီးမားမား အကျိုးပြုနိုင်မယ့်သူလို့ ယူဆနေကြ။

– ဘရိုက်တန်အသင်းကနေ အလွတ်ပြောင်းရွှေ့ခွင့်ရှိနေတဲ့ ဂိုးသမား မက်သယူး ရိုင်ယန်အတွက် အာဆင်နယ်တို့ ကနဦးက အခြေအနေ ကောင်းနေခဲ့ပေမယ့်လည်း ဦးစားပေး ပွဲထွက်ဂိုးသမားနေရာက ကမ်းလှမ်းလာတဲ့ စကော့တလန်ကလပ် ဆဲလ်တစ်ကြောင့် ခေါ်ယူဖို့ ခက်ခဲဖွယ်ရှိလာနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္ဖန္တီးရွင္ ပစ္မွတ္ေတြကို လက္လႊတ္ခဲ့ရၿပီးမွာ အူဒီးနီးစ္အသင္းမွာ ေျခစြမ္းျပေနခဲ့တဲ့ အာဂ်င္တီးနားလက္ေ႐ြးစင္ ႐ိုဒရီဂို ဒီေပါလ္ကို စိတ္ဝင္စားေနၿပီး နာမည္ႀကီး ေအးဂ်င့္ ႐ိုင္ယိုလာရဲ႕ ေဖာက္သည္ျဖစ္တဲ့ ကစားသမား အတြက္ အီတလီကလပ္ဘက္က အနည္းဆုံး ေပါင္ ၃၁ သန္း အလိုရွိေန။

– ဘာစီလိုနာအသင္းအေနနဲ႔ အာဆင္နယ္နဲ႔ ပရီးမီးယားလိဂ္အသင္းႀကီးေတြက ေစာင့္ၾကည့္ေနခဲ့တဲ့ သူတို႔ရဲ႕ ေတာင္ပံကစာသမား အူစမန္ ဒမ္ဘီလီကို ေရာင္းခ်သြားႏိုင္ေပမယ့္လည္း အစားထိုးဖို႔ လူျပန္ေခၚႏိုင္တဲ့အထိ ထိန္းသိမ္းထားၿပီးမွ ျပင္သစ္သားရဲ႕ ႏူးကမ့္အထြက္ကို ခြင့္ျပဳသြားဖြယ္ရွိတယ္လို႔ဆို။

– ၿပီးခဲ့တဲ့ ေဆာင္းရာသီက နာမည္ထြက္ၿပီး မေခၚျဖစ္လိုက္တဲ့ ရီးရဲလ္ဘက္တစ္ကြင္းလယ္လူ ဂီဒို ႐ိုဒရီးရက္ဇ္ကို ေခၚယူဖို႔ ေႏြရာသီမွာ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ တစ္စခန္းထလာျပန္ၿပီး ကြင္းလယ္မွာ ေသာမတ္စ္ ပါေတးနဲ႔ တြဲဖက္ၿပီး ဖန္တီးေပးပို႔မႈ လုပ္ႏိုင္ရမယ့္ ကစားသမားအစား အဖ်က္သန္တဲ့သူကို ဘာလုပ္မွာလဲလို႔ ေမးခြန္းထုတ္ေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ဂရာနစ္ ခ်ာကာကို ေရာင္းထုတ္ၿပီး ႐ူဘင္ နီဗက္စ္ကို ေခၚယူတာဟာ ဘယ္သန္နဲ႔ ညာသန္ ေျပာင္းသြားတာကလြဲရင္ ထူးျခားမႈ မရွိေၾကာင္းနဲ႔ အသင္းအတြက္ တကယ္တမ္း လိုအပ္တဲ့ ကစားသမားမ်ိဳး မဟုတ္တာေၾကာင့္ ေငြသုံးမယ္ဆိုရင္ တိုက္စစ္ကို ပံ့ပိုးႏိုင္မယ့္သူကိုပဲ ရွာေဖြသင့္ေၾကာင္း ဗီလာတိုက္စစ္မႉးေဟာင္း အဘြန္လေဟာ္ ေဝဖန္။

– ဘ႐ိုက္တန္အသင္းကေန ေရာင္းခ်ဖို႔ ရွိေနတဲ့ အဂၤလန္လက္ေ႐ြးစင္ေနာက္ခံလူ ဘန္ဝႈိက္အတြက္ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ပရီးမီးယားလိဂ္အသင္းႀကီးေတြနဲ႔အၿပိဳင္ ေခၚယူဖို႔ စိတ္ပါဝင္စားေနၿပီး အသက္ ၂၃ ႏွစ္အ႐ြယ္ ေနာက္ခံလူအတြက္ ေပါင္သန္း ၄၀ ကေန ၅၀ အတြင္း က်သင့္ဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ရီးရဲလ္ဆိုစီဒက္တိုက္စစ္မႉး အလက္ဇန္းဒါး အီဆက္ခ္ကို အမွန္တကယ္ အလိုရွိေနတာျဖစ္ၿပီး သူ႔ကို ေခၚယူႏိုင္ဖို႔ အသင္းက ရွိေနတဲ့ တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ အလက္ဇန္းဒါး လာကာဇက္နဲ႔ အက္ဒီ နကီးတီးယားတို႔ကို ေရာင္းထုတ္ၿပီး ေငြရွာသြားဖို႔ ျပင္ဆင္ေန။

– အာဆင္နယ္အသင္းရဲ႕ ဂႏၴဝင္ဂိုးသမားေဟာင္းႀကီး ေဒးဗစ္ ဆီးမန္းက နည္းျပ အာတီတာမွာ အသင္းကို ကိုင္တြယ္ဖို႔ အရည္အေသြး အလုံအေလာက္ရွိေၾကာင္ ေထာက္ခံလိုက္ၿပီး သူ႔အတြက္ ေရွ႕လယ္ေနာက္ ကစားသမားေကာင္းသုံးဦးကို ေခၚယူေပးဖို႔နဲ႔ အူဘာမီယန္း၊ ပါေတးတို႔အေနနဲ႔လည္း တည္ၿငိမ္တဲ့ ေျခစြမ္းကို ျပသႏိုင္ဖို႔လိုေၾကာင္း တိုက္တြန္းသြား။

– ဘယ္လ္ဂ်ီယမ္ထိပ္သီးကလပ္ အန္ဒါလက္ခ်္က ေရာင္းခ်ဖို႔ ဆုံးျဖတ္လိုက္ၿပီျဖစ္တဲ့ လူငယ္ကြင္းလယ္လူ ဆမ္ဘီ လိုကြန္ဂါကို ေခၚယူဖို႔ အာဆင္နယ္အသင္းအေနနဲ႔ လက္ဦးမွ ရယူႏိုင္ဖို႔ လိုအပ္ေနၿပီး ဗင္းဆင့္ ကြန္ပနီနဲ႔ သီယာရီ အြန္နရီတို႔ ခ်ီးက်ဴးထားတဲ့ ၂၁ ႏွစ္သားကို ပရီးမီးယားလိဂ္အသင္းေတာ္ေတာ္မ်ားမ်ားက စိတ္ဝင္စားေန။

– အာဆင္နယ္အသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းကေန ေရာင္းခ်ဖို႔ စဥ္းစားေနတဲ့ ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္ကို ေစာင့္ၾကည့္ေနၿပီး ယူ႐ိုၿပိဳင္ပြဲကေန ဒဏ္ရာေၾကာင့္ ႏုတ္ထြက္ခဲ့ရတဲ့ ဒတ္ခ်္ကစားသမားကို ပရိသတ္ေတြကေတာ့ ႀကီးႀကီးမားမား အက်ိဳးျပဳႏိုင္မယ့္သူလို႔ ယူဆေနၾက။

– ဘ႐ိုက္တန္အသင္းကေန အလြတ္ေျပာင္းေ႐ႊ႕ခြင့္ရွိေနတဲ့ ဂိုးသမား မက္သယူး ႐ိုင္ယန္အတြက္ အာဆင္နယ္တို႔ ကနဦးက အေျခအေန ေကာင္းေနခဲ့ေပမယ့္လည္း ဦးစားေပး ပြဲထြက္ဂိုးသမားေနရာက ကမ္းလွမ္းလာတဲ့ စေကာ့တလန္ကလပ္ ဆဲလ္တစ္ေၾကာင့္ ေခၚယူဖို႔ ခက္ခဲဖြယ္ရွိလာေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.