Premier League Transfer News

ယူနိုက်တက်ဆီ ဆန်ချိုရောက်ရင် ဘယ်လောက်ရပြီး EPL လုပ်ခအများဆုံးစာရင်းထဲ ဝင်နိုင်မှာလဲ

ဒေါ့မွန်အသင်းကနေ ခေါ်ယူဖို့ ဆွေးနွေးထားပြီး ပထမအကြိမ် ကမ်းလှမ်းမှုကို ပယ်ချခံထားရတဲ့ မန်ချက်စတာယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့ ရာသီကလိုမျိုး ပုဂ္ဂိုလ်ရေးတော့ သဘောတူပါရဲ့၊ ပြောင်းရွှေ့ကြေး မပေးနိုင်လို့ လှည့်ပြန်ပြီး ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်း ကိုင်ချင်တဲ့ အာဆင်နယ်လိုမျိုး မဖြစ်ရအောင် ဂုဏ်သိက္ခာအရ ဂျေဒန် ဆန်ချိုကို ဒီရာသီမှာ မဖြစ်မနေ ခေါ်ယူသွားဖို့ ပြင်နေမှာ အသေအချာပဲဖြစ်ပါတယ်။

သဘောတူညီပြီးဖြစ်တဲ့ ပုဂ္ဂိုလ်ရေးအရတော့ ဆန်ချိုဟာ အိုးလ်ထရက်ဖို့ဒ်မှာ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခွဲရမှာဖြစ်ပြီး ကွင်းလယ်လူ ပေါလ် ပေါ့ဘာရဲ့ စာချုပ်သစ် မချုပ်ရခင်မှာ ဂိုးသမား ဒေးဗစ် ဒဟေးယားရဲ့နောက် ဒုတိယနေရာမှာ ယူနိုက်တက်ရဲ့ ထိပ်တန်းလုပ်ခလစာရှင်စာရင်းထဲကို ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ နွေရာသီက မန်စီးတီးအသင်းက ပေးအပ်တဲ့ ပေါင်သောင်းဂဏန်းတန်စာချုပ်နဲ့ အသင်းကြီးအခွင့်အရေးကို မစောင့်ဘဲ ဂျာမန်မြေကို စွန့်စားသွားရောက်ခဲ့တဲ့ လူငယ်ဟာ အင်္ဂလန်လက်ရွေးစင်တစ်ဦးဖြစ်လာတဲ့အထိ ဒေါ့မွန်မှာ အောင်မြင်ခဲ့ပြီး လက်ရှိမှာလည်း ပြောင်းရွှေ့ကြေး ညှိနှိုင်းလို့ရရင် ပရီးမီးယားလိဂ်ရဲ့ လုပ်ခအများဆုံး စာရင်းထဲမှာပါ ထိပ်ပိုင်းက ပါဝင်လာတော့မှာပါ။

သူ့ရဲ့ စွန့်စားမှုက မှန်ကန်ခဲ့တယ်လို့ သုံးသပ်နိုင်ပြီး အင်္ဂလန်မှာ သူ့ရဲ့ အစ်ကိုကြီးဖြစ်နေတဲ့ ယူနိုက်တက်လူငယ်အကယ်ဒမီထွက် မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းထက် နှစ်ဆနီးပါးဖြစ်လာခဲ့တာကို ကြည့်ရင် ပြောနိုင်သလို မတူညီတဲ့ ပြိုင်ပွဲတစ်ခုမှာ အင်္ဂလန်မြေနဲ့ ကွဲပြားတဲ့ Image တစ်ခုကိုလည်း တည်ဆောက်နိုင်ခဲ့တာပါ။

ပရီးမီးယားလိဂ်မှာတော့ လုပ်ခလစာစာရင်းမှာတော့ (Spotrac ရဲ့ ဖော်ပြချက်အရ) မန်စီးတီးနဲ့ စာချုပ်သစ်ချုပ်ခဲ့တဲ့ ကွင်းလယ်လူ ဒီဘရိုင်းနားက ယူနိုက်တက်ရဲ့ ပေါင် ၃၇၅၀၀၀ ရရှိနေတဲ့ ဒဟေးယားကို ပေါင်တစ်သောင်းအသာနဲ့ ဦးဆောင်နေပြီး ဆန်ချိုကတော့ တတိယနေရာက အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းနဲ့အတူ ပေါင်သုံးသိန်းခွဲနဲ့ ရပ်တည်နိုင်မှာဖြစ်ပါတယ်။

သူတို့နောက်မှာတော့ မန်စီးတီးရဲ့ စတာလင်က တစ်ပတ်ကို ပေါင်သုံးသိန်း၊ ယူနိုက်တက်ရဲ့ ပေါ့ဘာက ပေါင် ၂၉၀၀၀၀၊ မာစီယယ်လ်က ပေါင်နှစ်သိန်းခွဲ၊ အာဆင်နယ်ရဲ့ ပါတေးက ပေါင်နှစ်သိန်းခွဲ၊ လီဗာပူးလ်ရဲ့ ဆာလားက ပေါင် ၂၂၀၀၀၀၊ ဟာရီကိန်း၊ ရက်ရှ်ဖို့ဒ်၊ သီယာဂို အယ်လ်ကန်တာရာနဲ့ အန်ဒွမ်ဘီလီတို့က ပေါင်နှစ်သိန်းစီ ရရှိနေကြတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ သတင်းတွေကိုတော့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက အတည်ပြုထားချိန်မှာ ဆန်ချိုကတော့ အတိအလင်းပြောဖို့ထက် အင်္ဂလန်အသင်းအတွက် အာရုံစိုက်ထားပြီး ယူရိုပြီးမှ တစ်ဆင့်ချင်း သွားကြတာပေါ့လို့ ဆိုခဲ့တဲ့အတွက် သူနဲ့ အိုးလ်ထရက်ဖို့ဒ်ကြားမှာ ဒေါ့မွန်ဘက်က ပိုလိုချင်နေတဲ့ ပေါင်သန်းအနည်းငယ်သာ အတားအဆီးအဖြစ် ကျန်ရှိနေတာမို့ ပရီးမီးယားလိဂ်ရဲ့ ဒုတိယလုပ်ခအများဆုံး ကစားသမားအဖြစ် မန်ချက်စတာပရိသတ်တွေ တောက်ပတဲ့ အနီရောင်နဲ့ ကြိုဆိုနိုင်ဖို့ မဝေးတော့ဘူးလို့လည်း ယူဆရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဒါ့မြန္အသင္းကေန ေခၚယူဖို႔ ေဆြးေႏြးထားၿပီး ပထမအႀကိမ္ ကမ္းလွမ္းမႈကို ပယ္ခ်ခံထားရတဲ့ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ၿပီးခဲ့တဲ့ ရာသီကလိုမ်ိဳး ပုဂၢိဳလ္ေရးေတာ့ သေဘာတူပါရဲ႕၊ ေျပာင္းေ႐ႊ႕ေၾကး မေပးႏိုင္လို႔ လွည့္ျပန္ၿပီး ေငြတစ္မတ္နဲ႔ ငါးၾကင္းေခါင္း ကိုင္ခ်င္တဲ့ အာဆင္နယ္လိုမ်ိဳး မျဖစ္ရေအာင္ ဂုဏ္သိကၡာအရ ေဂ်ဒန္ ဆန္ခ်ိဳကို ဒီရာသီမွာ မျဖစ္မေန ေခၚယူသြားဖို႔ ျပင္ေနမွာ အေသအခ်ာပဲျဖစ္ပါတယ္။

သေဘာတူညီၿပီးျဖစ္တဲ့ ပုဂၢိဳလ္ေရးအရေတာ့ ဆန္ခ်ိဳဟာ အိုးလ္ထရက္ဖို႔ဒ္မွာ တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းခြဲရမွာျဖစ္ၿပီး ကြင္းလယ္လူ ေပါလ္ ေပါ့ဘာရဲ႕ စာခ်ဳပ္သစ္ မခ်ဳပ္ရခင္မွာ ဂိုးသမား ေဒးဗစ္ ဒေဟးယားရဲ႕ေနာက္ ဒုတိယေနရာမွာ ယူႏိုက္တက္ရဲ႕ ထိပ္တန္းလုပ္ခလစာရွင္စာရင္းထဲကို ဝင္ေရာက္ႏိုင္မွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၇ ေႏြရာသီက မန္စီးတီးအသင္းက ေပးအပ္တဲ့ ေပါင္ေသာင္းဂဏန္းတန္စာခ်ဳပ္နဲ႔ အသင္းႀကီးအခြင့္အေရးကို မေစာင့္ဘဲ ဂ်ာမန္ေျမကို စြန႔္စားသြားေရာက္ခဲ့တဲ့ လူငယ္ဟာ အဂၤလန္လက္ေ႐ြးစင္တစ္ဦးျဖစ္လာတဲ့အထိ ေဒါ့မြန္မွာ ေအာင္ျမင္ခဲ့ၿပီး လက္ရွိမွာလည္း ေျပာင္းေ႐ႊ႕ေၾကး ညႇိႏႈိင္းလို႔ရရင္ ပရီးမီးယားလိဂ္ရဲ႕ လုပ္ခအမ်ားဆုံး စာရင္းထဲမွာပါ ထိပ္ပိုင္းက ပါဝင္လာေတာ့မွာပါ။

သူ႔ရဲ႕ စြန႔္စားမႈက မွန္ကန္ခဲ့တယ္လို႔ သုံးသပ္ႏိုင္ၿပီး အဂၤလန္မွာ သူ႔ရဲ႕ အစ္ကိုႀကီးျဖစ္ေနတဲ့ ယူႏိုက္တက္လူငယ္အကယ္ဒမီထြက္ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ တစ္ပတ္လုပ္ခ ေပါင္ႏွစ္သိန္းထက္ ႏွစ္ဆနီးပါးျဖစ္လာခဲ့တာကို ၾကည့္ရင္ ေျပာႏိုင္သလို မတူညီတဲ့ ၿပိဳင္ပြဲတစ္ခုမွာ အဂၤလန္ေျမနဲ႔ ကြဲျပားတဲ့ Image တစ္ခုကိုလည္း တည္ေဆာက္ႏိုင္ခဲ့တာပါ။

ပရီးမီးယားလိဂ္မွာေတာ့ လုပ္ခလစာစာရင္းမွာေတာ့ (Spotrac ရဲ႕ ေဖာ္ျပခ်က္အရ) မန္စီးတီးနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ခဲ့တဲ့ ကြင္းလယ္လူ ဒီဘ႐ိုင္းနားက ယူႏိုက္တက္ရဲ႕ ေပါင္ ၃၇၅၀၀၀ ရရွိေနတဲ့ ဒေဟးယားကို ေပါင္တစ္ေသာင္းအသာနဲ႔ ဦးေဆာင္ေနၿပီး ဆန္ခ်ိဳကေတာ့ တတိယေနရာက အာဆင္နယ္တိုက္စစ္မႉး အူဘာမီယန္းနဲ႔အတူ ေပါင္သုံးသိန္းခြဲနဲ႔ ရပ္တည္ႏိုင္မွာျဖစ္ပါတယ္။

သူတို႔ေနာက္မွာေတာ့ မန္စီးတီးရဲ႕ စတာလင္က တစ္ပတ္ကို ေပါင္သုံးသိန္း၊ ယူႏိုက္တက္ရဲ႕ ေပါ့ဘာက ေပါင္ ၂၉၀၀၀၀၊ မာစီယယ္လ္က ေပါင္ႏွစ္သိန္းခြဲ၊ အာဆင္နယ္ရဲ႕ ပါေတးက ေပါင္ႏွစ္သိန္းခြဲ၊ လီဗာပူးလ္ရဲ႕ ဆာလားက ေပါင္ ၂၂၀၀၀၀၊ ဟာရီကိန္း၊ ရက္ရွ္ဖို႔ဒ္၊ သီယာဂို အယ္လ္ကန္တာရာနဲ႔ အန္ဒြမ္ဘီလီတို႔က ေပါင္ႏွစ္သိန္းစီ ရရွိေနၾကတာလည္းျဖစ္ပါတယ္။

ယူႏိုက္တက္နဲ႔ သတင္းေတြကိုေတာ့ အေျပာင္းအေ႐ႊ႕ ကြၽမ္းက်င္သူေတြက အတည္ျပဳထားခ်ိန္မွာ ဆန္ခ်ိဳကေတာ့ အတိအလင္းေျပာဖို႔ထက္ အဂၤလန္အသင္းအတြက္ အာ႐ုံစိုက္ထားၿပီး ယူ႐ိုၿပီးမွ တစ္ဆင့္ခ်င္း သြားၾကတာေပါ့လို႔ ဆိုခဲ့တဲ့အတြက္ သူနဲ႔ အိုးလ္ထရက္ဖို႔ဒ္ၾကားမွာ ေဒါ့မြန္ဘက္က ပိုလိုခ်င္ေနတဲ့ ေပါင္သန္းအနည္းငယ္သာ အတားအဆီးအျဖစ္ က်န္ရွိေနတာမို႔ ပရီးမီးယားလိဂ္ရဲ႕ ဒုတိယလုပ္ခအမ်ားဆုံး ကစားသမားအျဖစ္ မန္ခ်က္စတာပရိသတ္ေတြ ေတာက္ပတဲ့ အနီေရာင္နဲ႔ ႀကိဳဆိုႏိုင္ဖို႔ မေဝးေတာ့ဘူးလို႔လည္း ယူဆရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.