Premier League Transfer News

11 Jun နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

ချယ်လ်ဆီးအသင်းဟာ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းနောက်ကို ငွေထုတ်ပိုက်ပြီး တစိုက်မတ်မတ်လိုက်နေတယ်ဆိုတာ စစ်မှန်တဲ့ သတင်းဖြစ်ကြောင်း ဖာဘရီဇီယို ရိုမာနိုက အတည်ပြုသွားခဲ့ပြီး နော်ဝေသားရဲ့ လစာကိစ္စကသာ အနည်းငယ်ရှုပ်ထွေးနိုင်ပေမယ့် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၅၀ နဲ့ အမြန်ဆုံးအလုပ်ဖြစ်နိုင်တယ်လို့ သုံးသပ်သွား။

ဟားလန်းရဲ့ အဝင်သတင်းတွေ ဆူညံလာချိန်မှာ တီမို ဗာနာရဲ့ အထွက်သတင်းပြေးလာခဲ့ပြီး ရီးရဲလ်မက်ဒရစ်နည်းပြသစ်ဖြစ်လာတဲ့ ကာလို အန်ဆယ်လော့တီအနေနဲ့ ဂိုးသွင်းနည်းပေမယ့် ရွေ့လျားပုံတွေ ကောင်းမွန်လွန်းတဲ့ ယူရို ၆၅ သန်းတန် ဂျာမန်သားကို သူ့ရဲ့ ပထမဆုံးရာသီမှာ စတင်အသုံးပြုနိုင်ဖို့ အလိုရှိနေ။

ချယ်လ်ဆီးအသင်းရဲ့ လူငယ်နောက်ခံလူ ဖီကာယို တိုမိုရီဟာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားထားခဲ့တဲ့ အေစီမီလန်အသင်းကို ယူရို ၂၈.၅ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့တော့မယ်လို့ အတည်ပြုခံထားရပြီး မီလန်တို့အနေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်က ထွက်ဖို့ သတင်းပြေးနေတဲ့ ဟာကင်းမ် ဇီးယက်ရှ်ကိုလည်း စောင့်ကြည့်နေ။

လာဇီယိုနည်းပြသစ်ဖြစ်လာတဲ့ မော်ရီဇီယို ဆာရီဟာ အသင်းဟောင်းချယ်လ်ဆီးက တပည့်ဟောင်းသုံးဦးနဲ့ ပြန်လည်လက်တွဲဖို့ ပြင်ဆင်နေပြီး ဂိုးသမား ကီပါ အာရီဇာဘာလာဂါ၊ ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ်နဲ့ ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုတို့ကို အလိုရှိနေတာကြောင့် တူဟယ်လ် ဘယ်လိုရုံခါမလဲ စောင့်ကြည့်ရဖွယ်ရှိနေ။

ပီအက်စ်ဂျီအသင်းအနေနဲ့ အင်တာမီလန်နောက်ခံလူ အက်ရှ်ရက်ဖ် ဟာကီမီကို အသည်းအသန်လိုက်နေတယ်လို့ သတင်းတွေ ထွက်နေပေမယ့် တကယ်တမ်းမှာ အသာရနေတာကတော့ ချဲလ်ဆီးအသင်းပဲဖြစ်ပြီး အီတလီကလပ်ဘက်က တောင်းဆိုတဲ့ ယူရိုသန်း ၈၀ ကို ညှိနှိုင်းမှုကို ဘယ်လိုအဆင်ပြေအောင်လုပ်မလဲ စိတ်ဝင်စားစရာဖြစ်လာ။

မန်စီးတီးကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ်က ဂျာမနီလက်ရွေးစင်နဲ့ ပူးပေါင်းနေတဲ့ ချယ်လ်ဆီးကစားသမား ၃ ဦးဟာ အလိုချင်ဆုံး ချန်ပီယံလိဂ်ဖလားကို အောင်မြင်ပြီးနောက်မှာတော့ ယုံကြည်မှုတွေနဲ့ လင်းလက်တောက်ပနေတာကို မျက်ဝါးထင်ထင် မြင်တွေ့နေရကြောင်း ထုတ်ဖော်သွားခဲ့ပြီး အထူးသဖြင့် အနိုင်ဂိုးကို သွင်းယူခဲ့တဲ့ ခိုင်ဟာဗတ်ဇ်ဟာ တဆစ်ချိုးပြောင်းလဲသွားခဲ့ပြီလို့ ချီးကျူးသွား။

မန်ချက်စတာယူနိုက်တက်အသင်းက ၂ နှစ်တိတိ လိုက်နေတဲ့ အင်္ဂလန်တောင်ပံတိုက်စစ်မှူး ဂျေဒန် ဆန်ချိုက သူဟာ ငယ်ဘဝကတည်းက ချယ်လ်ဆီးအသင်းပရိသတ်ဖြစ်ခဲ့ကြောင်းနဲ့ သူ့ရဲ့သူရဲကောင်းဟာ လမ်းပတ်နဲ့ ဒရော့ဘာတို့ဖြစ်တယ်လို့ ထုတ်ဖော်သွားခဲ့ချိန်မှာ သရဲနီတွေအတွက် ထင်မှတ်မထားတဲ့ ရင်နာစရာ အချိုးအကွေ့နဲ့ မကြားချင်စရာ သတင်းတပုဒ်ဖြစ်လာမလားလို့ စိုးရိမ်နေကြ။

မိုဒရစ်လို အဆင့်အတန်းမျိုးရှိတဲ့ ကစားသမားကြီးတယောက်ဆီက ဂျာစီအကျီလဲလှယ်ဖို့ တောင်းဆိုခြင်းခံခဲ့ရတယ်ဆိုရင် မေဆန်မောင့်ရဲ့ ခြေစွမ်းဟာ ဘယ်လောက်ထိ အဆင့်မီနေပြီလဲဆိုတာ ခန့်မှန်းကြည့်နိုင်ကြောင်း ချယ်လ်ဆီးအကယ်ဒမီထွက်ချင်းဖြစ်တဲ့ အသင်းဖော် ရီးစ်ဂျိမ်းစ်က ပီတိတွေဖြာပြီး ချီးကျူးသွားခဲ့။

လစာတောင်းဆိုမှု များပြားလွန်းလို့ ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲတော့မယ့် ပြင်သစ်တောင်ပံတိုက်စစ်မှူး ကင်းစလီ ကိုမွန်ဟာ အသင်းနဲ့ စာချုပ်ပိုင်း ထပ်မံညှိနှိုင်းမှု ပျက်ပြယ်သွားခဲ့ချိန်မှာ ဘိုင်ယန်အခက် တူဟယ်လ်အချက်ဖြစ်လာခဲ့ပြီး ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ ခေါ်ယူခွင့်ရှိလာသလို သူ့ကို အပြိုင်လုလာမယ့် ယူနိုက်တက်ကိုပါ ခေါင်းခေါက်ထားခဲ့နိုင်ဖွယ်များနေ။

အေစီမီလန်အသင်းအနေနဲ့ ချဲလ်ဆီးရဲ့ တိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးကို နှစ်နှစ်စာချုပ်နဲ့ သဘောတူညီနိုင်ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး အပြောင်းအရွှေ့ အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာရဲ့ ရွှေ့ကွက်နဲ့ ပြင်သစ်သားကြီးကို ပေးထားခဲ့တဲ့ ကတိတည်သွားပြီလား စောင့်ကြည့်ရဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ယ္လ္ဆီးအသင္းဟာ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟာလန္းေနာက္ကို ေငြထုတ္ပိုက္ၿပီး တစိုက္မတ္မတ္လိုက္ေနတယ္ဆိုတာ စစ္မွန္တဲ့သတင္းျဖစ္ေၾကာင္း ဖာဘရီဇီယို ႐ိုမာႏိုက အတည္ျပဳသြားခဲ့ၿပီး ေနာ္ေဝသားရဲ႕ လစာကိစၥကသာ အနည္းငယ္ရႈပ္ေထြးႏိုင္ေပမယ့္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၁၅၀ နဲ႔ အျမန္ဆုံးအလုပ္ျဖစ္ႏိုင္တယ္လို႔ သုံးသပ္သြား။

ဟားလန္းရဲ႕ အဝင္သတင္းေတြ ဆူညံလာခ်ိန္မွာ တီမို ဗာနာရဲ႕ အထြက္သတင္းေျပးလာခဲ့ၿပီး ရီးရဲလ္မက္ဒရစ္နည္းျပသစ္ျဖစ္လာတဲ့ ကာလို အန္ဆယ္ေလာ့တီအေနနဲ႔ ဂိုးသြင္းနည္းေပမယ့္ ေ႐ြ႕လ်ားပုံေတြ ေကာင္းမြန္လြန္းတဲ့ ယူ႐ို ၆၅ သန္းတန္ ဂ်ာမန္သားကို သူ႔ရဲ႕ ပထမဆုံးရာသီမွာ စတင္အသုံးျပဳႏိုင္ဖို႔ အလိုရွိေန။

ခ်ယ္လ္ဆီးအသင္းရဲ႕ လူငယ္ေနာက္ခံလူ ဖီကာယို တိုမိုရီဟာ တစ္ရာသီအငွားနဲ႔ သြားေရာက္ကစားထားခဲ့တဲ့ ေအစီမီလန္အသင္းကို ယူ႐ို ၂၈.၅ သန္းနဲ႔ အၿပီးသတ္ေျပာင္းေ႐ႊ႕ေတာ့မယ္လို႔ အတည္ျပဳခံထားရၿပီး မီလန္တို႔အေနနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္က ထြက္ဖို႔ သတင္းေျပးေနတဲ့ ဟာကင္းမ္ ဇီးယက္ရွ္ကိုလည္း ေစာင့္ၾကည့္ေန။

လာဇီယိုနည္းျပသစ္ျဖစ္လာတဲ့ ေမာ္ရီဇီယို ဆာရီဟာ အသင္းေဟာင္းခ်ယ္လ္ဆီးက တပည့္ေဟာင္းသုံးဦးနဲ႔ ျပန္လည္လက္တြဲဖို႔ ျပင္ဆင္ေနၿပီး ဂိုးသမား ကီပါ အာရီဇာဘာလာဂါ၊ ကြင္းလယ္လူ ႐ူဘင္ ေလာ့ဖ္တပ္စ္ခ်ိခ္နဲ႔ ဘယ္ေနာက္ခံလူ မားကို႔စ္ အလြန္ဆိုတို႔ကို အလိုရွိေနတာေၾကာင့္ တူဟယ္လ္ ဘယ္လို႐ုံခါမလဲ ေစာင့္ၾကည့္ရဖြယ္ရွိေန။

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ အင္တာမီလန္ေနာက္ခံလူ အက္ရွ္ရက္ဖ္ ဟာကီမီကို အသည္းအသန္လိုက္ေနတယ္လို႔ သတင္းေတြ ထြက္ေနေပမယ့္ တကယ္တမ္းမွာ အသာရေနတာကေတာ့ ခ်ဲလ္ဆီးအသင္းပဲျဖစ္ၿပီး အီတလီကလပ္ဘက္က ေတာင္းဆိုတဲ့ ယူ႐ိုသန္း ၈၀ ကို ညႇိႏႈိင္းမႈကို ဘယ္လိုအဆင္ေျပေအာင္လုပ္မလဲ စိတ္ဝင္စားစရာျဖစ္လာ။

မန္စီးတီးကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္က ဂ်ာမနီလက္ေ႐ြးစင္နဲ႔ ပူးေပါင္းေနတဲ့ ခ်ယ္လ္ဆီးကစားသမား ၃ ဦးဟာ အလိုခ်င္ဆုံး ခ်န္ပီယံလိဂ္ဖလားကို ေအာင္ျမင္ၿပီးေနာက္မွာေတာ့ ယုံၾကည္မႈေတြနဲ႔ လင္းလက္ေတာက္ပေနတာကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ေနရေၾကာင္း ထုတ္ေဖာ္သြားခဲ့ၿပီး အထူးသျဖင့္ အႏိုင္ဂိုးကို သြင္းယူခဲ့တဲ့ ခိုင္ဟာဗတ္ဇ္ဟာ တဆစ္ခ်ိဳးေျပာင္းလဲသြားခဲ့ၿပီလို႔ ခ်ီးက်ဴးသြား။

မန္ခ်က္စတာယူႏိုက္တက္အသင္းက ၂ ႏွစ္တိတိ လိုက္ေနတဲ့ အဂၤလန္ေတာင္ပံတိုက္စစ္မႉး ေဂ်ဒန္ ဆန္ခ်ိဳက သူဟာ ငယ္ဘဝကတည္းက ခ်ယ္လ္ဆီးအသင္းပရိသတ္ျဖစ္ခဲ့ေၾကာင္းနဲ႔ သူ႔ရဲ႕သူရဲေကာင္းဟာ လမ္းပတ္နဲ႔ ဒေရာ့ဘာတို႔ျဖစ္တယ္လို႔ ထုတ္ေဖာ္သြားခဲ့ခ်ိန္မွာ သရဲနီေတြအတြက္ ထင္မွတ္မထားတဲ့ ရင္နာစရာ အခ်ိဳးအေကြ႕နဲ႔ မၾကားခ်င္စရာ သတင္းတပုဒ္ျဖစ္လာမလားလို႔ စိုးရိမ္ေနၾက။

မိုဒရစ္လို အဆင့္အတန္းမ်ိဳးရွိတဲ့ ကစားသမားႀကီးတေယာက္ဆီက ဂ်ာစီအက်ီလဲလွယ္ဖို႔ ေတာင္းဆိုျခင္းခံခဲ့ရတယ္ဆိုရင္ ေမဆန္ေမာင့္ရဲ႕ ေျခစြမ္းဟာ ဘယ္ေလာက္ထိ အဆင့္မီေနၿပီလဲဆိုတာ ခန႔္မွန္းၾကည့္ႏိုင္ေၾကာင္း ခ်ယ္လ္ဆီးအကယ္ဒမီထြက္ခ်င္းျဖစ္တဲ့ အသင္းေဖာ္ ရီးစ္ဂ်ိမ္းစ္က ပီတိေတြျဖာၿပီး ခ်ီးက်ဴးသြားခဲ့။

လစာေတာင္းဆိုမႈ မ်ားျပားလြန္းလို႔ ဘိုင္ယန္ျမဴးနစ္နဲ႔ လမ္းခြဲေတာ့မယ့္ ျပင္သစ္ေတာင္ပံတိုက္စစ္မႉး ကင္းစလီ ကိုမြန္ဟာ အသင္းနဲ႔ စာခ်ဳပ္ပိုင္း ထပ္မံညႇိႏႈိင္းမႈ ပ်က္ျပယ္သြားခဲ့ခ်ိန္မွာ ဘိုင္ယန္အခက္ တူဟယ္လ္အခ်က္ျဖစ္လာခဲ့ၿပီး ေပါင္သန္း ၆၀ ဝန္းက်င္နဲ႔ ေခၚယူခြင့္ရွိလာသလို သူ႔ကို အၿပိဳင္လုလာမယ့္ ယူႏိုက္တက္ကိုပါ ေခါင္းေခါက္ထားခဲ့ႏိုင္ဖြယ္မ်ားေန။

ေအစီမီလန္အသင္းအေနနဲ႔ ခ်ဲလ္ဆီးရဲ႕ တိုက္စစ္မႉး အိုလီဗီးေယး ဂ်ီ႐ူးကို ႏွစ္ႏွစ္စာခ်ဳပ္နဲ႔ သေဘာတူညီႏိုင္ၿပီလို႔ သတင္းေတြ ထြက္ေပၚလာခဲ့ၿပီး အေျပာင္းအေ႐ႊ႕ အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာရဲ႕ ေ႐ႊ႕ကြက္နဲ႔ ျပင္သစ္သားႀကီးကို ေပးထားခဲ့တဲ့ ကတိတည္သြားၿပီလား ေစာင့္ၾကည့္ရဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.