Premier League Transfer News

11 Jun နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ဂျေဒန် ဆန်ချိုအတွက် ပေါင် ၆၇ သန်းနဲ့ စတင်ဖွင့်လှစ်ကမ်းလှမ်းလိုက်တဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပထမဆုံး ဆွေးနွေးမှုကို ဒေါ့မွန်ဘက်က ပယ်ချလိုက်တာကြောင့် လာမယ့်ရက်ပိုင်းအတွင်းမှာ ပိုမိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ညှိနှိုင်းဖို့ ပြင်ဆင်နေ။

– အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုအနေနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ နွေရာသီ အဝယ်စာရင်းမှာ ဗဟိုနောက်ခံလူတစ်ဦး မဖြစ်မနေ ခေါ်ယူမှာဖြစ်ကြောင်း အတည်ပြုလိုက်ပြီး ဗီလာရီးရဲလ်ရဲ့ ပေါ်တောရက်စ်ကတော့ ပြောင်းရွှေ့ကြေး ယူရို ၆၅ သန်း ပေးချေရနိုင်မှုကြောင့် ဖြစ်နိုင်မယ် မထင်ကြောင်းဆို။

– အတ္တလန်တာနဲ့ တစ်ဦးချင်း အေးအေးဆေးဆေး ဆွေးနွေးနေတဲ့ ယူနိုက်တက်တို့ရဲ့ လက်နှေးမှုကြောင့် နောက်ခံလူ ခရစ္စတီယန် ရိုမဲရိုး အတွက် လီဗာပူးလ်အသင်းရဲ့ ယှဉ်ပြိုင်လာမှုနဲ့ ကြုံတွေ့နေရပြီး လက်ဦးမှု မရယူနိုင်ချိန်မှာ ပရိသတ်တွေအတွက်တော့ စိုးရိမ်စရာဖြစ်လာ။

– လာမယ့် တနင်္လာနေ့မှာ ကစားရမယ့် ခရိုအေးရှားနဲ့ အင်္ဂလန်အသင်းရဲ့ အဖွင့်ပွဲစဉ်အမီ ယူနိုက်တက်အသင်းခေါင်းဆာင် ဟာရီ မက်ဂွိုင်းယားအနေနဲ့ ကြံ့ခိုင်မှု တိုးတက်လာခဲ့ပြီး ဗီလာနဲ့ပွဲမှာ ဒဏ်ရာရပြီးနောက်ပိုင်း စိုးရိမ်စရာအခြေအနေက လွန်မြောက်ခဲ့သလို အပြည့်အဝ လေ့ကျင့်နိုင်ခဲ့ပြီလို့ သိရ။

– ဝက်စ်ဟမ်းယူနိုက်တက်အသင်းက ပေါင်သန်း ၁၀၀ လို့ ဆိုထားခဲ့တဲ့ ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်အတွက် ချဲလ်ဆီးနဲ့ မန်စီးတီးတို့ လက်လျှော့ရဖွယ်ရှိနေချိန်မှာ ယူနိုက်တက်တို့အနေနဲ့တော့ ဒေးဗစ်မွိုက်စ် အသည်းအသန်အလိုရှိနေတဲ့ ဂျက်ဆီ လင်ဂတ်ကို အသုံးပြုပြီး ပြောင်းရွှေ့ကြေးလျှော့ချ ခေါ်ယူသွားနိုင်။

– ဆန်ချိုကို စတင်ကမ်းလှမ်းခဲ့တဲ့ ပေါင် ၆၇ သန်းတန် ကမ်းလှမ်းမှုဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံကစားသမား ကင်းစလီ ကိုမွန်အတွက်ဆိုရင် ကောင်းကောင်းလုံလောက်တဲ့ ပမာဏဖြစ်နေတာကြောင့် ဒေါ့မွန်အသင်းဘက်က လိုက်လျောမှု မရှိခဲ့ရင် ပြင်သစ်သားကို ရယူသွားဖို့ ယူနိုက်တက်တို့ စဉ်းစားနေသလို ချဲလ်ဆီးရဲ့ ဟဒ်ဆန်-အိုဒွိုင်းကိုပါ စောင့်ကြည့်နေ။

– မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ ကြိုးစားနေတဲ့ တိုက်စစ်မှူး ဟာရီကိန်းဟာ အသင်းခေါင်းဆောင်ကောင်းတစ်ဦး မဟုတ်ဘူးလို့ အင်္ဂလန်အသင်းရဲ့ ယူရိုအုပ်စုပွဲစဉ်တွေ မစတင်ခင် ပြောကြားလိုက်ပြီး ဒီလိုဖြစ်ပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာတော့ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်တွေကို လိုအပ်တယ်လို့ အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကီးန်က ပြောကြားသွား။

– အသင်းရဲ့ ဒုတိယဂိုးသမား ဒင်းန် ဟန်ဒါဆန်အနေနဲ့ ကမ္ဘာ့အဆင့်ကို တက်လှမ်းနိုင်တဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် သူ့ရဲ့ ခံယူချက်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက ယူနိုက်တက်ကစားသမားတွေရဲ့ ပုံစံနဲ့ အံဝင်မှုနည်းတာကြောင့် နွေရာသီမှာ ရောင်းချသွားဖို့ နည်းပြ ဆိုးလ်ရှား စဉ်းစားနေ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပီအက်စ်ဂျီကို ငြင်းဆန်ထားတယ်လို့ သတင်းထွက်ပေါ်နေခဲ့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို နောက်ထပ်စာချုပ်သစ် သက်တမ်းတိုးဖို့ ကြိုးစားလာခဲ့ပြီး ၂၀၂၂ နွေရာသီမှာ ကုန်ဆုံးမယ့် လက်ရှိစာချုပ်ထက် မြင့်မားတဲ့ လစာငွေကို ခွင့်ပြုရဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ေဂ်ဒန္ ဆန္ခ်ိဳအတြက္ ေပါင္ ၆၇ သန္းနဲ႔ စတင္ဖြင့္လွစ္ကမ္းလွမ္းလိုက္တဲ့ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ ပထမဆုံး ေဆြးေႏြးမႈကို ေဒါ့မြန္ဘက္က ပယ္ခ်လိုက္တာေၾကာင့္ လာမယ့္ရက္ပိုင္းအတြင္းမွာ ပိုမိုျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ညႇိႏႈိင္းဖို႔ ျပင္ဆင္ေန။

– အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူ ဖာဘရီဇီယို ႐ိုမာႏိုအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေႏြရာသီ အဝယ္စာရင္းမွာ ဗဟိုေနာက္ခံလူတစ္ဦး မျဖစ္မေန ေခၚယူမွာျဖစ္ေၾကာင္း အတည္ျပဳလိုက္ၿပီး ဗီလာရီးရဲလ္ရဲ႕ ေပၚေတာရက္စ္ကေတာ့ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၆၅ သန္း ေပးေခ်ရႏိုင္မႈေၾကာင့္ ျဖစ္ႏိုင္မယ္ မထင္ေၾကာင္းဆို။

– အတၱလန္တာနဲ႔ တစ္ဦးခ်င္း ေအးေအးေဆးေဆး ေဆြးေႏြးေနတဲ့ ယူႏိုက္တက္တို႔ရဲ႕ လက္ေႏွးမႈေၾကာင့္ ေနာက္ခံလူ ခရစၥတီယန္ ႐ိုမဲ႐ိုး အတြက္ လီဗာပူးလ္အသင္းရဲ႕ ယွဥ္ၿပိဳင္လာမႈနဲ႔ ႀကဳံေတြ႕ေနရၿပီး လက္ဦးမႈ မရယူႏိုင္ခ်ိန္မွာ ပရိသတ္ေတြအတြက္ေတာ့ စိုးရိမ္စရာျဖစ္လာ။

– လာမယ့္ တနလၤာေန႔မွာ ကစားရမယ့္ ခ႐ိုေအးရွားနဲ႔ အဂၤလန္အသင္းရဲ႕ အဖြင့္ပြဲစဥ္အမီ ယူႏိုက္တက္အသင္းေခါင္းဆာင္ ဟာရီ မက္ဂြိဳင္းယားအေနနဲ႔ ႀကံ့ခိုင္မႈ တိုးတက္လာခဲ့ၿပီး ဗီလာနဲ႔ပြဲမွာ ဒဏ္ရာရၿပီးေနာက္ပိုင္း စိုးရိမ္စရာအေျခအေနက လြန္ေျမာက္ခဲ့သလို အျပည့္အဝ ေလ့က်င့္ႏိုင္ခဲ့ၿပီလို႔ သိရ။

– ဝက္စ္ဟမ္းယူႏိုက္တက္အသင္းက ေပါင္သန္း ၁၀၀ လို႔ ဆိုထားခဲ့တဲ့ ကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္အတြက္ ခ်ဲလ္ဆီးနဲ႔ မန္စီးတီးတို႔ လက္ေလွ်ာ့ရဖြယ္ရွိေနခ်ိန္မွာ ယူႏိုက္တက္တို႔အေနနဲ႔ေတာ့ ေဒးဗစ္မြိဳက္စ္ အသည္းအသန္အလိုရွိေနတဲ့ ဂ်က္ဆီ လင္ဂတ္ကို အသုံးျပဳၿပီး ေျပာင္းေ႐ႊ႕ေၾကးေလွ်ာ့ခ် ေခၚယူသြားႏိုင္။

– ဆန္ခ်ိဳကို စတင္ကမ္းလွမ္းခဲ့တဲ့ ေပါင္ ၆၇ သန္းတန္ ကမ္းလွမ္းမႈဟာ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ေတာင္ပံကစားသမား ကင္းစလီ ကိုမြန္အတြက္ဆိုရင္ ေကာင္းေကာင္းလုံေလာက္တဲ့ ပမာဏျဖစ္ေနတာေၾကာင့္ ေဒါ့မြန္အသင္းဘက္က လိုက္ေလ်ာမႈ မရွိခဲ့ရင္ ျပင္သစ္သားကို ရယူသြားဖို႔ ယူႏိုက္တက္တို႔ စဥ္းစားေနသလို ခ်ဲလ္ဆီးရဲ႕ ဟဒ္ဆန္-အိုဒြိဳင္းကိုပါ ေစာင့္ၾကည့္ေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းက ေခၚယူဖို႔ ႀကိဳးစားေနတဲ့ တိုက္စစ္မႉး ဟာရီကိန္းဟာ အသင္းေခါင္းေဆာင္ေကာင္းတစ္ဦး မဟုတ္ဘူးလို႔ အဂၤလန္အသင္းရဲ႕ ယူ႐ိုအုပ္စုပြဲစဥ္ေတြ မစတင္ခင္ ေျပာၾကားလိုက္ၿပီး ဒီလိုျဖစ္ေပမယ့္ အိုးလ္ထရက္ဖို႔ဒ္မွာေတာ့ သူ႔ရဲ႕ ဂိုးသြင္းစြမ္းရည္ေတြကို လိုအပ္တယ္လို႔ အသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္းကီးန္က ေျပာၾကားသြား။

– အသင္းရဲ႕ ဒုတိယဂိုးသမား ဒင္းန္ ဟန္ဒါဆန္အေနနဲ႔ ကမာၻ႔အဆင့္ကို တက္လွမ္းႏိုင္တဲ့ အလားအလာေကာင္းေတြ ပိုင္ဆိုင္ထားေပမယ့္ သူ႔ရဲ႕ ခံယူခ်က္နဲ႔ စိတ္ဓာတ္ပိုင္းဆိုင္ရာက ယူႏိုက္တက္ကစားသမားေတြရဲ႕ ပုံစံနဲ႔ အံဝင္မႈနည္းတာေၾကာင့္ ေႏြရာသီမွာ ေရာင္းခ်သြားဖို႔ နည္းျပ ဆိုးလ္ရွား စဥ္းစားေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ပီအက္စ္ဂ်ီကို ျငင္းဆန္ထားတယ္လို႔ သတင္းထြက္ေပၚေနခဲ့တဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို ေနာက္ထပ္စာခ်ဳပ္သစ္ သက္တမ္းတိုးဖို႔ ႀကိဳးစားလာခဲ့ၿပီး ၂၀၂၂ ေႏြရာသီမွာ ကုန္ဆုံးမယ့္ လက္ရွိစာခ်ဳပ္ထက္ ျမင့္မားတဲ့ လစာေငြကို ခြင့္ျပဳရဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.