International

ယူရိုပြိုင်ပွဲပြီးရင် ဘယ်သူတွေ နားကုန်ကြမလဲ? Supercomputer ရဲ့ ချန်ပီယံက ဘယ်သူလဲ?

၅။ ယူရီ ဇာကော့ဗ် – ရုရှား
အသက် ၃၇ နှစ်အရွယ် ဘယ်နောက်ခံအစွန်လူဟာ နိုင်ငံတကာပြိုင်ပွဲကို ၁၆ နှစ်တိတိ ကစားလာခဲ့ပြီးနောက်မှာတော့ ကစားသမားဘဝအနိုင်ပိုင်းဖို့ အချိန်ရောက်လာခဲ့တာပါ။ ရုရှားဘောလုံးသမိုင်းမှာ အကြည်ညိုခံရဆုံးတွေထဲက တဦးဖြစ်တဲ့ ဝါရင့်ကြီး ဇာကော့ဗ်အတွက် ယူရို ၂၀၂၀ ဟာ နောက်ဆုံးပြိုင်ပွဲဖြစ်လာဖို့ ရာခိုင်နှုန်းများနေတာပါ။

၄။ လူးကပ်စ် ဖေဘီယန်စကီး – ပိုလန်
ပရီးမီးယားလိဂ်တခေတ်မှာ နာမည်ကြီးခဲ့တဲ့ ဖေဘီယန်စကီးက တည်ငြိမ်တဲ့လက်စွမ်းတွေကို ပြသခဲ့ပေမယ့် ပိုလန်အသင်းမှာတော့ ၅၆ ပွဲသာ ကစားခွင့်ရထားတာပါ။ အသက် ၃၆ နှစ်သားဟာ ယူရိုပြိုင်ပွဲမှာ ရှက်ဇနီကို ကျော်ဖြတ်ပြီး နံပါတ် ၁ ဂိုးသမားဖြစ်နိုင်မလား မသေချာသေးသလို ဒီပြိုင်ပွဲအပြီးမှာတော့ ပိုလန်အသင်းကနေ ပင်စင်ယူလိုက်ဖို့ ရှိနေပါတယ်။

၃။ ဂျော်ဂျို ခေးလီနီ – အီတလီ
အီတလီအသင်းအတွက် ၁၀၇ ပွဲကစားထားတဲ့ ခေးလီနီက လက်ရှိ ယူရိုပြိုင်ပွဲဝင် အဇူရီမှာအတွေ့အကြုံအပြည့်ဝဆုံးနဲ့ အသက်အကြီးဆုံး အီတလီကစားသမားတဦးဖြစ်သလို အသက် ၃၆ အရွယ်မှာ အီတလီမှာရော တူရင်မှာပါ ပထမဦးစားပေး ကစားသမားဖြစ်နေဆဲပါ။ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာတွေကြုံခဲ့ရတဲ့နောက်တော့ ဒီပြိုင်ပွဲဟာ သူ့ရဲ့နိုင်ငံတကာအဆင့် နောက်ဆုံးပြိုင်ပွဲကြီးလည်း ဖြစ်လာနိုင်တာပါ။

၂။ ပီပီ – ပေါ်တူဂီ
အသက် ၃၈ အရွယ် ပေါ်တူဂီခံစစ်မှူးကြီး ပီပီကတော့ အသက်အရွယ်နဲ့ မလိုက်ဖက်အောင်ဘဲ ခြေစွမ်းတည်ငြိမ်ပြီး ရင့်ကျက်ပါးနပ်တဲ့ ကစားနိုင်စွမ်းကို ပိုင်ဆိုင်ထားသလို ၂၀၀၈ ခုနှစ်ကနေ အခုချိန်အထိ ပေါ်တူဂီအသင်းရဲ့ နံပါတ် ၁ ဦးစားပေးရွေးချယ်မှုအဖြစ် ရပ်တည်နေဆဲဖြစ်ပေမယ့် ရီးရဲလ်ကစားသမားဟောင်းဟာ ကြံ့ခိုင်မှုပိုင်းအရတော့ ယူရိုအပြီးမှာ အနားယူရဖွယ် ရှိနေပါပြီ။

၁။ လူကာ မိုဒရစ်ချ် – ခရိုအေးရှား
ခရိုအေးရှားအသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ ပို့ဆောင်ပေးထားခဲ့တဲ့ ဝါရင့်ကွင်းလယ်ဗိုလ်ချုပ်ကြီးဟာ ယူရို ၂၀၂၀ မှာလည်း အသင်းအတွက် အခရာအကျဆုံး ကစားသမားဖြစ်နေသလို ယူရိုပြိုင်ပွဲအပြီး လာမယ့် စက်တင်ဘာမှာ အသက် ၃၆ နှစ်ပြည့်ပြီဖြစ်တာကြောင့် လက်ရွေးစင်ကစားသမားဘဝကနေ အနားယူသွားဖွယ် ရှိနေသလို ၂၀၂၂ ကမ္ဘာ့ဖလားကို နောက်ဆုံးတကြိမ် ဝင်နွှဲဖို့လည်း ဖြစ်နိုင်ပါသေးတယ်။

ဒါ့အပြင် အခုယူရိုပြိုင်ပွဲမှာတော့ အံ့အားသင့်စရာတွေ ယူဆောင်လာခဲ့သူက စူပါကွန်ပျူတာပါ။ Sports Radar က ပြုလုပ်တဲ့ စူပါကွန်ပျူတာရဲ့ တွက်ချက်မှုမှာ ယူရိုချန်ပီယံဖြစ်မယ့်အသင်းက စပိန်၊ ဂျာမနီ၊ ပေါ်တူဂီတို့ကို ကျော်ဖြတ်ပြီး ယူရိုဗိုလ်လုပွဲမှာ ဒိန်းမတ်ကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ယူဗိုလ်စွဲမယ့် ချက်လက်ရွေးစင်အသင်းဖြစ်တယ်လို့ သိခဲ့ရတာဟာ လှုပ်လှုပ်ရှားရှားလည်းဖြစ်စေခဲ့ပါတယ်။

စူပါကွန်ပျူတာနဲ့ နောက်ထပ်ခန့်မှန်းချက်မှာတော့ အင်္ဂလန်အသင်းနဲ့ ပရီးမီးယားလိဂ် အမာခံပရိသတ်တွေအတွက်တော့ အသည်းကွဲစရာ သတင်းတပုဒ်ပါ။ ချန်ပီယံဖြစ်မယ်လို့ ရေပန်းစားနေတဲ့ အင်္ဂလန်အသင်းဟာ အုပ်စုဗိုလ်အဖြစ် လွတ်လွတ်ကျွတ်ကျွတ် ဆီမီးဖိုင်နယ်အထိသာ ရောက်လာနိုင်ပြီး ဒိန်းမတ်အသင်းရဲ့ အလဲထိုးခြင်းကို ခံရမယ်လို့ သုံးသပ်သွားခဲ့ခြင်းက ဘယ်လောက်အထိ မှန်ကန်နိုင်မလဲဆိုတာ ရောမမြို့က အီတလီနဲ့ တူရကီရဲ့ ယူရိုအဖွင့်ပွဲကနေ စတင်ရင်ခုန်ကြည့်ကြရအောင်ပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၅။ ယူရီ ဇာေကာ့ဗ္ – ႐ုရွား
အသက္ ၃၇ ႏွစ္အ႐ြယ္ ဘယ္ေနာက္ခံအစြန္လူဟာ ႏိုင္ငံတကာၿပိဳင္ပြဲကို ၁၆ ႏွစ္တိတိ ကစားလာခဲ့ၿပီးေနာက္မွာေတာ့ ကစားသမားဘဝအႏိုင္ပိုင္းဖို႔ အခ်ိန္ေရာက္လာခဲ့တာပါ။ ႐ုရွားေဘာလုံးသမိုင္းမွာ အၾကည္ညိဳခံရဆုံးေတြထဲက တဦးျဖစ္တဲ့ ဝါရင့္ႀကီး ဇာေကာ့ဗ္အတြက္ ယူ႐ို ၂၀၂၀ ဟာ ေနာက္ဆုံးၿပိဳင္ပြဲျဖစ္လာဖို႔ ရာခိုင္ႏႈန္းမ်ားေနတာပါ။

၄။ လူးကပ္စ္ ေဖဘီယန္စကီး – ပိုလန္
ပရီးမီးယားလိဂ္တေခတ္မွာ နာမည္ႀကီးခဲ့တဲ့ ေဖဘီယန္စကီးက တည္ၿငိမ္တဲ့လက္စြမ္းေတြကို ျပသခဲ့ေပမယ့္ ပိုလန္အသင္းမွာေတာ့ ၅၆ ပြဲသာ ကစားခြင့္ရထားတာပါ။ အသက္ ၃၆ ႏွစ္သားဟာ ယူ႐ိုၿပိဳင္ပြဲမွာ ရွက္ဇနီကို ေက်ာ္ျဖတ္ၿပီး နံပါတ္ ၁ ဂိုးသမားျဖစ္ႏိုင္မလား မေသခ်ာေသးသလို ဒီၿပိဳင္ပြဲအၿပီးမွာေတာ့ ပိုလန္အသင္းကေန ပင္စင္ယူလိုက္ဖို႔ ရွိေနပါတယ္။

၃။ ေဂ်ာ္ဂ်ိဳ ေခးလီနီ – အီတလီ
အီတလီအသင္းအတြက္ ၁၀၇ ပြဲကစားထားတဲ့ ေခးလီနီက လက္ရွိ ယူ႐ိုၿပိဳင္ပြဲဝင္ အဇူရီမွာအေတြ႕အႀကဳံအျပည့္ဝဆုံးနဲ႔ အသက္အႀကီးဆုံး အီတလီကစားသမားတဦးျဖစ္သလို အသက္ ၃၆ အ႐ြယ္မွာ အီတလီမွာေရာ တူရင္မွာပါ ပထမဦးစားေပး ကစားသမားျဖစ္ေနဆဲပါ။ ၿပီးခဲ့တဲ့ရာသီမွာ ဒဏ္ရာေတြႀကဳံခဲ့ရတဲ့ေနာက္ေတာ့ ဒီၿပိဳင္ပြဲဟာ သူ႔ရဲ႕ႏိုင္ငံတကာအဆင့္ ေနာက္ဆုံးၿပိဳင္ပြဲႀကီးလည္း ျဖစ္လာႏိုင္တာပါ။

၂။ ပီပီ – ေပၚတူဂီ
အသက္ ၃၈ အ႐ြယ္ ေပၚတူဂီခံစစ္မႉးႀကီး ပီပီကေတာ့ အသက္အ႐ြယ္နဲ႔ မလိုက္ဖက္ေအာင္ဘဲ ေျခစြမ္းတည္ၿငိမ္ၿပီး ရင့္က်က္ပါးနပ္တဲ့ ကစားႏိုင္စြမ္းကို ပိုင္ဆိုင္ထားသလို ၂၀၀၈ ခုႏွစ္ကေန အခုခ်ိန္အထိ ေပၚတူဂီအသင္းရဲ႕ နံပါတ္ ၁ ဦးစားေပးေ႐ြးခ်ယ္မႈအျဖစ္ ရပ္တည္ေနဆဲျဖစ္ေပမယ့္ ရီးရဲလ္ကစားသမားေဟာင္းဟာ ႀကံ့ခိုင္မႈပိုင္းအရေတာ့ ယူ႐ိုအၿပီးမွာ အနားယူရဖြယ္ ရွိေနပါၿပီ။

၁။ လူကာ မိုဒရစ္ခ်္ – ခ႐ိုေအးရွား
ခ႐ိုေအးရွားအသင္းကို ကမာၻ႔ဖလားဗိုလ္လုပြဲအထိ ပို႔ေဆာင္ေပးထားခဲ့တဲ့ ဝါရင့္ကြင္းလယ္ဗိုလ္ခ်ဳပ္ႀကီးဟာ ယူ႐ို ၂၀၂၀ မွာလည္း အသင္းအတြက္ အခရာအက်ဆုံး ကစားသမားျဖစ္ေနသလို ယူ႐ိုၿပိဳင္ပြဲအၿပီး လာမယ့္ စက္တင္ဘာမွာ အသက္ ၃၆ ႏွစ္ျပည့္ၿပီျဖစ္တာေၾကာင့္ လက္ေ႐ြးစင္ကစားသမားဘဝကေန အနားယူသြားဖြယ္ ရွိေနသလို ၂၀၂၂ ကမာၻ႔ဖလားကို ေနာက္ဆုံးတႀကိမ္ ဝင္ႏႊဲဖို႔လည္း ျဖစ္ႏိုင္ပါေသးတယ္။

ဒါ့အျပင္ အခုယူ႐ိုၿပိဳင္ပြဲမွာေတာ့ အံ့အားသင့္စရာေတြ ယူေဆာင္လာခဲ့သူက စူပါကြန္ပ်ဴတာပါ။ Sports Radar က ျပဳလုပ္တဲ့ စူပါကြန္ပ်ဴတာရဲ႕ တြက္ခ်က္မႈမွာ ယူ႐ိုခ်န္ပီယံျဖစ္မယ့္အသင္းက စပိန္၊ ဂ်ာမနီ၊ ေပၚတူဂီတို႔ကို ေက်ာ္ျဖတ္ၿပီး ယူ႐ိုဗိုလ္လုပြဲမွာ ဒိန္းမတ္ကို သုံးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ယူဗိုလ္စြဲမယ့္ ခ်က္လက္ေ႐ြးစင္အသင္းျဖစ္တယ္လို႔ သိခဲ့ရတာဟာ လႈပ္လႈပ္ရွားရွားလည္းျဖစ္ေစခဲ့ပါတယ္။

စူပါကြန္ပ်ဴတာနဲ႔ ေနာက္ထပ္ခန႔္မွန္းခ်က္မွာေတာ့ အဂၤလန္အသင္းနဲ႔ ပရီးမီးယားလိဂ္ အမာခံပရိသတ္ေတြအတြက္ေတာ့ အသည္းကြဲစရာ သတင္းတပုဒ္ပါ။ ခ်န္ပီယံျဖစ္မယ္လို႔ ေရပန္းစားေနတဲ့ အဂၤလန္အသင္းဟာ အုပ္စုဗိုလ္အျဖစ္ လြတ္လြတ္ကြၽတ္ကြၽတ္ ဆီမီးဖိုင္နယ္အထိသာ ေရာက္လာႏိုင္ၿပီး ဒိန္းမတ္အသင္းရဲ႕ အလဲထိုးျခင္းကို ခံရမယ္လို႔ သုံးသပ္သြားခဲ့ျခင္းက ဘယ္ေလာက္အထိ မွန္ကန္ႏိုင္မလဲဆိုတာ ေရာမၿမိဳ႕က အီတလီနဲ႔ တူရကီရဲ႕ ယူ႐ိုအဖြင့္ပြဲကေန စတင္ရင္ခုန္ၾကည့္ၾကရေအာင္ပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.