Premier League

မက္ဂြဳိင္းယားရဲ႕ တြဲဖက္ေကာင္းနဲ႔ ခံစစ္တည္ၿငိမ္မွဳကို ရွာေဖြရဦးမယ့္ မန္ခ်က္စတာယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ေႏြရာသီမွာ ကမာၻ႕ေဈးအႀကီးဆုံးေနာက္ခံလူအျဖစ္ ေခၚယူထားခဲ့တဲ့ ဟာရီ မက္ဂြဳိင္းယားရဲ႕ ေျခစြမ္းနဲ႔ ခံစစ္ကို ေထာက္ပံ့ေပးႏုိင္ခဲ့ေပမယ့္ သူ႕ရဲ႕ တြဲဖက္ေနရာေတြမွာေတာ့ အသုံးျပဳခဲ့သူေတြက ပုံမွန္ေျခစြမ္းမရွိခဲ့တာေၾကာင့္ တခ်ဳိ႕ပြဲေတြမွာ ဖ႐ိုဖရဲျဖစ္ေနခဲ့ရၿပီး နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားဖို႔ စိတ္ပ်က္စရာလည္းျဖစ္ေနခဲ့ရပါတယ္။

တခ်ဳိ႕ပရိသတ္ေတြကေတာ့ ယူႏုိက္တက္ေနာက္တန္းမွာ အဲရစ္ ဘုိင္လီ၊ ဗစ္တာ နီးလ္ဆင္ လင္ဒီေလာ့ဖ္၊ ဖီးလ္ဂ်ဳံးစ္၊ တီမိုသီ ဖိုဆူမန္ဆာ၊ အိတ္ဇယ္ တြမ္ဇီဘီတို႔ ရွိေနတယ္လို႔ ဆုိခဲ့ၾကေပမယ့္ ဒီထဲက လင္ဒီေလာ့ဖ္တစ္ေယာက္သာ စိတ္ေက်နပ္ဖြယ္ ကစားႏုိင္ခဲ့တာျဖစ္ၿပီး သူသာ ေျခပ်က္ခဲ့ရင္ေတာ့ မက္ဂြဳိင္းယားတစ္ေယာက္တည္း ႐ုန္းကန္ေနခဲ့ရတာပါ။

နည္းျပ ဆုိးလ္ရွားအေနနဲ႔ေတာ့ ဒါကို အျမန္ဆုံး အစားထိုးမွဳ ရွာေဖြသြားဖို႔ လုိအပ္ေနတာျဖစ္ၿပီး ေႏြရာသီမွာ ေခၚယူမွဳေတြ ျပဳလုပ္သြားဖို႔ ျပင္ဆင္ေနရာမွာ ေနာက္ဆုံးသိရွိထားရသေလာက္ေတာ့ ဘာစီလိုနာရဲ႕ ဆင္ျမဴယယ္လ္ အမ္တီတီ၊ နာပုိလီရဲ႕ ခါလီဒူး ကူလီေဘလီနဲ႔ ဂ်ဴဗင္တပ္စ္ရဲ႕ မက္သစ္ ဒီလစ္ခ်္တို႔ကို စိတ္ဝင္စားေနၿပီး သူတုိ႔အေနနဲ႔ ဒီလိုမ်ဳိး ၾကယ္ပြင့္ကစားသမားေတြကိုပဲ ခ်ိန္ရြယ္ဖို႔ ရွိေနပါတယ္။

ေခၚယူၿပီး ေျခာက္လအၾကာမွာ အသင္းေခါင္းေဆာင္သစ္ျဖစ္လာတဲ့ မက္ဂြဳိင္းယားနဲ႔ တည္ၿငိမ္တဲ့ အတြဲအဖက္ကို ရရွိႏုိင္ခဲ့ရင္ေတာ့ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ေနာက္တန္းဟာ ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္း ခံစစ္အတြဲျဖစ္ခဲ့ဖူးတဲ့ ဖာဒီနန္+ဗီဒစ္အတြဲမ်ဳိးရဲ႕ စြမ္းေဆာင္ရည္ကို ေမွ်ာ္လင့္လို႔ရေနၿပီး လက္ရွိမွာေတာ့ ဘယ္ျခမ္းခံစစ္ရဲ႕ မတည္ၿငိမ္မွဳကိုလည္း သူတို႔အေနနဲ႔ ေျဖရွင္းေနခဲ့ရတာပါ။

လုခ္ေရွာဟာ ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ ေနာက္ခံလူေကာင္းတစ္ဦးအဆင့္ကေန ေလ်ာ့က်ေနခဲ့တာၾကာၿပီျဖစ္ၿပီး သူ႕အေနနဲ႔ ခႏၶာကိုယ္တည္ေဆာက္ပုံကလည္း အစြန္လူတစ္ဦးအတြက္ ပုံစံေကာင္းမ်ဳိး မဟုတ္ခဲ့တာက လက္ရွိအေကာင္းဆုံးေတြျဖစ္တဲ့ ဘန္ ေခ်းလ္ဝဲလ္၊ အန္ဒီ ေရာဘတ္ဆန္တုိ႔နဲ႔စာရင္ သိသာေနၿပီး မဟုတ္ရင္ေတာ့ ဆုိးလ္ရွားအေနနဲ႔ ဘရန္ဒန္ ဝီလီယမ္စ္ကို သုံးစြဲစရာလည္း မလိုခဲ့ဘူးလို႔ ယူဆႏုိင္ပါတယ္။

ညာျခမ္းမွာ အာရြန္ ဝန္ဘစ္ဆာကာကေတာ့ တုိက္စစ္မွာ အရမ္းမေကာင္းေပမယ့္ ခံစစ္မွာေတာ့ အေကာင္းဆုံးပုံစံမွာ ရွိေနၿပီး ယူႏုိက္တက္ရဲ႕ ခံစစ္ပုိင္းမွာ ေဒါင္ေဒါင္ျမည္အျဖစ္ မက္ဂြဳိင္းယားနဲ႔အတူ ရွိေနတာျဖစ္လို႔ ပရီးမီးယားလိဂ္ ထိပ္တန္းအဆင့္ျဖစ္ခ်င္ရင္ေတာ့ ေနာက္ခံအလယ္လူတစ္ဦးနဲ႔ ဘယ္ေနာက္ခံတစ္ဦးကို ရွာေဖြသြားရဖို႔ ရွိေနပါတယ္။

တုိက္စစ္ပုိင္းမွာ ယူႏုိက္တက္ရဲ႕ ကစားဟန္က အရမ္းမေကာင္းေပမယ့္လည္း တစ္လုံးဆုိတစ္လုံး ထိေရာက္တဲ့ တန္ျပန္တုိက္စစ္ေတြဟာ ဂိုးရဖို႔ မခက္တာေၾကာင့္ ဦးစားေပးျပင္ဆင္ဖို႔ထက္ ဒီေန႔ေခတ္မွာ အသက္သလိုျဖစ္လာတဲ့ ခံစစ္ပုိင္းကိုပဲ စုဖြဲ႕တည္ေဆာက္သြားရဖို႔က ပုိအေရးႀကီးတယ္လို႔လည္း ခံစားမိပါတယ္။

ေနာက္ဆုံးသတင္းေတြအရေတာ့ ဂ်ဴဗင္တပ္စ္ရဲ႕ ဒီလစ္ခ်္ကို ကြင္းလယ္လူ ေပါလ္ ေပါ့ဘာနဲ႔ လဲလွယ္သြားဖို႔ စီစဥ္ေနတယ္ဆုိတာကေတာ့ အေကာင္အထည္ေပၚခဲ့ရင္ တကယ့္သတင္းေကာင္းလည္းျဖစ္ၿပီး အမ္တီတီနဲ႔ ကူဘီေလဘီတုိ႔လို အနည္းငယ္က်ဆင္းစျပဳေနသူေတြနဲ႔ေတာ့ ႏွစ္ဆေလာက္ ကြာျခားႏိုင္တဲ့ ေမွ်ာ္လင့္ခ်က္လည္းျဖစ္ေနပါတယ္။

ဘယ္ေတာင္ပံခံစစ္အတြက္ကိုလည္း မျဖစ္မေန ျပင္ဆင္သြားသင့္ၿပီး လက္စတာရဲ႕ ေခ်းလ္ဝဲလ္ကို ေခၚယူႏုိင္ခဲ့ရင္ေတာ့ ငါးႏွစ္ေျခာက္ႏွစ္ေလာက္ လွည့္မၾကည့္ရမယ့္ စုဖြဲ႕မွဳဟာ ဆုဖလားေတြကို ျပန္လည္စိန္ေခၚႏုိင္ဖို႔ အဓိက အေျခခံအုတ္ျမစ္လည္း ျဖစ္လာႏုိင္မွာပါ။

အသင္းတစ္သင္းရဲ႕ ေအာင္ျမင္မွဳရဖို႔ဆုိတာ ဒီေခတ္မွာေတာ့ ခံစစ္နဲ႔ ကြင္းလယ္အထိုင္က ပုိမိုအေရးႀကီးေနၿပီး လ်င္ျမန္တဲ့ တန္ျပန္တုိက္စစ္ ပုိင္ရွင္ ဆုိးလ္ရွားအေနနဲ႔ ေဒါ့မြန္ကေန ေဂ်ဒန္ ဆန္ခ်ဳိကို ရေအာင္ ေခၚယူႏုိင္ခဲ့ၿပီဆုိရင္ ဦးစားေပးျပင္ဆင္ဖို႔က ေနာက္ခံအတြင္းလူနဲ႔ ဘယ္ေနာက္ခံလူပဲ ျဖစ္ရေတာ့မွာပါ။

လူမ်ားၿပီး ပြဲမစည္ဘဲ လစာေငြေတြကိုလည္း ျဖဳန္းတီးရာေရာက္ေနတဲ့ ဖီးလ္ဂ်ဳံးစ္၊ မားကို႔စ္ ႐ိုဟိုး၊ ခရစၥ စေမာလင္းတုိ႔ကိုလည္း ပါးပါးနပ္နပ္ ေရာင္းခ်ေငြရွာသြားႏုိင္ဖို႔ လိုအပ္ေနၿပီး သူတုိ႔ကို ေဈးကြက္တင္တတ္မယ့္ အားကစားဒါ႐ိုက္တာ (သို႔မဟုတ္) နည္းစနစ္ဒါ႐ိုက္တာတစ္ဦးကလည္း အေရးႀကီးတာ အမွန္ပါပဲ။

ကြင္းလယ္က ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ယုံၾကည္စိတ္ခ် အားကိုးႏုိင္တဲ့ စြမ္းရည္နဲ႔ အမ်ားႀကီး ေခါင္းစားစရာမလိုေတာ့တဲ့ နည္းျပ ဆုိးလ္ရွားအတြက္ ေႏြရာသီ ခံစစ္ျပင္ဆင္မွဳဟာ အေရးအပါဆုံး ဗ်ဴဟာေျမာက္ ေခၚယူမွဳေတြ ျဖစ္လာႏုိင္ၿပီး အေကာင္းဆုံးတုိက္စစ္ဟာ အေကာင္းဆုံး ခံစစ္မဟုတ္ေတာ့တဲ့ ဒီေန႔ေခတ္မွာ အေကာင္းဆုံးခံစစ္ဟာ ဆုဖလားေတြရဲ႕ အုတ္ျမစ္လို႔ မျဖစ္မေနခံယူရမယ္ဆုိတာကိုေတာ့ ေအာင္ျမင္မွဳေတြကို ျပန္လည္အသက္သြင္းဖို႔ ႀကဳိးစားေနတဲ့ ယူႏုိက္တက္အတြက္ Mindset ေကာင္းတစ္ခု ျဖစ္ေစခ်င္ပါတယ္ေလ…။

By KIZARNO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီမှာ ကမ္ဘာ့ဈေးအကြီးဆုံးနောက်ခံလူအဖြစ် ခေါ်ယူထားခဲ့တဲ့ ဟာရီ မက်ဂွိုင်းယားရဲ့ ခြေစွမ်းနဲ့ ခံစစ်ကို ထောက်ပံ့ပေးနိုင်ခဲ့ပေမယ့် သူ့ရဲ့ တွဲဖက်နေရာတွေမှာတော့ အသုံးပြုခဲ့သူတွေက ပုံမှန်ခြေစွမ်းမရှိခဲ့တာကြောင့် တချို့ပွဲတွေမှာ ဖရိုဖရဲဖြစ်နေခဲ့ရပြီး နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားဖို့ စိတ်ပျက်စရာလည်းဖြစ်နေခဲ့ရပါတယ်။

တချို့ပရိသတ်တွေကတော့ ယူနိုက်တက်နောက်တန်းမှာ အဲရစ် ဘိုင်လီ၊ ဗစ်တာ နီးလ်ဆင် လင်ဒီလော့ဖ်၊ ဖီးလ်ဂျုံးစ်၊ တီမိုသီ ဖိုဆူမန်ဆာ၊ အိတ်ဇယ် တွမ်ဇီဘီတို့ ရှိနေတယ်လို့ ဆိုခဲ့ကြပေမယ့် ဒီထဲက လင်ဒီလော့ဖ်တစ်ယောက်သာ စိတ်ကျေနပ်ဖွယ် ကစားနိုင်ခဲ့တာဖြစ်ပြီး သူသာ ခြေပျက်ခဲ့ရင်တော့ မက်ဂွိုင်းယားတစ်ယောက်တည်း ရုန်းကန်နေခဲ့ရတာပါ။

နည်းပြ ဆိုးလ်ရှားအနေနဲ့တော့ ဒါကို အမြန်ဆုံး အစားထိုးမှု ရှာဖွေသွားဖို့ လိုအပ်နေတာဖြစ်ပြီး နွေရာသီမှာ ခေါ်ယူမှုတွေ ပြုလုပ်သွားဖို့ ပြင်ဆင်နေရာမှာ နောက်ဆုံးသိရှိထားရသလောက်တော့ ဘာစီလိုနာရဲ့ ဆင်မြူယယ်လ် အမ်တီတီ၊ နာပိုလီရဲ့ ခါလီဒူး ကူလီဘေလီနဲ့ ဂျူဗင်တပ်စ်ရဲ့ မက်သစ် ဒီလစ်ချ်တို့ကို စိတ်ဝင်စားနေပြီး သူတို့အနေနဲ့ ဒီလိုမျိုး ကြယ်ပွင့်ကစားသမားတွေကိုပဲ ချိန်ရွယ်ဖို့ ရှိနေပါတယ်။

ခေါ်ယူပြီး ခြောက်လအကြာမှာ အသင်းခေါင်းဆောင်သစ်ဖြစ်လာတဲ့ မက်ဂွိုင်းယားနဲ့ တည်ငြိမ်တဲ့ အတွဲအဖက်ကို ရရှိနိုင်ခဲ့ရင်တော့ မန်ချက်စတာယူနိုက်တက်ရဲ့နောက်တန်းဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း ခံစစ်အတွဲဖြစ်ခဲ့ဖူးတဲ့ ဖာဒီနန်+ဗီဒစ်အတွဲမျိုးရဲ့ စွမ်းဆောင်ရည်ကို မျှော်လင့်လို့ရနေပြီး လက်ရှိမှာတော့ ဘယ်ခြမ်းခံစစ်ရဲ့ မတည်ငြိမ်မှုကိုလည်း သူတို့အနေနဲ့ ဖြေရှင်းနေခဲ့ရတာပါ။

လုခ်ရှောဟာ ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ နောက်ခံလူကောင်းတစ်ဦးအဆင့်ကနေ လျော့ကျနေခဲ့တာကြာပြီဖြစ်ပြီး သူ့အနေနဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကလည်း အစွန်လူတစ်ဦးအတွက် ပုံစံကောင်းမျိုး မဟုတ်ခဲ့တာက လက်ရှိအကောင်းဆုံးတွေဖြစ်တဲ့ ဘန် ချေးလ်ဝဲလ်၊ အန်ဒီ ရောဘတ်ဆန်တို့နဲ့စာရင် သိသာနေပြီး မဟုတ်ရင်တော့ ဆိုးလ်ရှားအနေနဲ့ ဘရန်ဒန် ဝီလီယမ်စ်ကို သုံးစွဲစရာလည်း မလိုခဲ့ဘူးလို့ ယူဆနိုင်ပါတယ်။

ညာခြမ်းမှာ အာရွန် ဝန်ဘစ်ဆာကာကတော့ တိုက်စစ်မှာ အရမ်းမကောင်းပေမယ့် ခံစစ်မှာတော့ အကောင်းဆုံးပုံစံမှာ ရှိနေပြီး ယူနိုက်တက်ရဲ့ ခံစစ်ပိုင်းမှာ ဒေါင်ဒေါင်မြည်အဖြစ် မက်ဂွိုင်းယားနဲ့အတူ ရှိနေတာဖြစ်လို့ ပရီးမီးယားလိဂ် ထိပ်တန်းအဆင့်ဖြစ်ချင်ရင်တော့ နောက်ခံအလယ်လူတစ်ဦးနဲ့ ဘယ်နောက်ခံတစ်ဦးကို ရှာဖွေသွားရဖို့ ရှိနေပါတယ်။

တိုက်စစ်ပိုင်းမှာ ယူနိုက်တက်ရဲ့ ကစားဟန်က အရမ်းမကောင်းပေမယ့်လည်း တစ်လုံးဆိုတစ်လုံး ထိရောက်တဲ့ တန်ပြန်တိုက်စစ်တွေဟာ ဂိုးရဖို့ မခက်တာကြောင့် ဦးစားပေးပြင်ဆင်ဖို့ထက် ဒီနေ့ခေတ်မှာ အသက်သလိုဖြစ်လာတဲ့ ခံစစ်ပိုင်းကိုပဲ စုဖွဲ့တည်ဆောက်သွားရဖို့က ပိုအရေးကြီးတယ်လို့လည်း ခံစားမိပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ ဂျူဗင်တပ်စ်ရဲ့ ဒီလစ်ချ်ကို ကွင်းလယ်လူ ပေါလ် ပေါ့ဘာနဲ့ လဲလှယ်သွားဖို့ စီစဉ်နေတယ်ဆိုတာကတော့ အကောင်အထည်ပေါ်ခဲ့ရင် တကယ့်သတင်းကောင်းလည်းဖြစ်ပြီး အမ်တီတီနဲ့ ကူဘီလေဘီတို့လို အနည်းငယ်ကျဆင်းစပြုနေသူတွေနဲ့တော့ နှစ်ဆလောက် ကွာခြားနိုင်တဲ့ မျှော်လင့်ချက်လည်းဖြစ်နေပါတယ်။

ဘယ်တောင်ပံခံစစ်အတွက်ကိုလည်း မဖြစ်မနေ ပြင်ဆင်သွားသင့်ပြီး လက်စတာရဲ့ ချေးလ်ဝဲလ်ကို ခေါ်ယူနိုင်ခဲ့ရင်တော့ ငါးနှစ်ခြောက်နှစ်လောက် လှည့်မကြည့်ရမယ့် စုဖွဲ့မှုဟာ ဆုဖလားတွေကို ပြန်လည်စိန်ခေါ်နိုင်ဖို့ အဓိက အခြေခံအုတ်မြစ်လည်း ဖြစ်လာနိုင်မှာပါ။

အသင်းတစ်သင်းရဲ့ အောင်မြင်မှုရဖို့ဆိုတာ ဒီခေတ်မှာတော့ ခံစစ်နဲ့ ကွင်းလယ်အထိုင်က ပိုမိုအရေးကြီးနေပြီး လျင်မြန်တဲ့ တန်ပြန်တိုက်စစ် ပိုင်ရှင် ဆိုးလ်ရှားအနေနဲ့ ဒေါ့မွန်ကနေ ဂျေဒန် ဆန်ချိုကို ရအောင် ခေါ်ယူနိုင်ခဲ့ပြီဆိုရင် ဦးစားပေးပြင်ဆင်ဖို့က နောက်ခံအတွင်းလူနဲ့ ဘယ်နောက်ခံလူပဲ ဖြစ်ရတော့မှာပါ။

လူများပြီး ပွဲမစည်ဘဲ လစာငွေတွေကိုလည်း ဖြုန်းတီးရာရောက်နေတဲ့ ဖီးလ်ဂျုံးစ်၊ မားကို့စ် ရိုဟိုး၊ ခရစ္စ စမောလင်းတို့ကိုလည်း ပါးပါးနပ်နပ် ရောင်းချငွေရှာသွားနိုင်ဖို့ လိုအပ်နေပြီး သူတို့ကို ဈေးကွက်တင်တတ်မယ့် အားကစားဒါရိုက်တာ (သို့မဟုတ်) နည်းစနစ်ဒါရိုက်တာတစ်ဦးကလည်း အရေးကြီးတာ အမှန်ပါပဲ။

ကွင်းလယ်က ဘရူနို ဖာနန်ဒက်စ်ရဲ့ ယုံကြည်စိတ်ချ အားကိုးနိုင်တဲ့ စွမ်းရည်နဲ့ အများကြီး ခေါင်းစားစရာမလိုတော့တဲ့ နည်းပြ ဆိုးလ်ရှားအတွက် နွေရာသီ ခံစစ်ပြင်ဆင်မှုဟာ အရေးအပါဆုံး ဗျူဟာမြောက် ခေါ်ယူမှုတွေ ဖြစ်လာနိုင်ပြီး အကောင်းဆုံးတိုက်စစ်ဟာ အကောင်းဆုံး ခံစစ်မဟုတ်တော့တဲ့ ဒီနေ့ခေတ်မှာ အကောင်းဆုံးခံစစ်ဟာ ဆုဖလားတွေရဲ့ အုတ်မြစ်လို့ မဖြစ်မနေခံယူရမယ်ဆိုတာကိုတော့ အောင်မြင်မှုတွေကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေတဲ့ ယူနိုက်တက်အတွက် Mindset ကောင်းတစ်ခု ဖြစ်စေချင်ပါတယ်လေ…။

By KIZARNO
PHOTOS CREDIT TO OWNERS
SPORTS A2Z.