Premier League

စူပါကွန်ပျူတာက ခန့်မှန်းလိုက်တဲ့ ယူရိုဘုရင်က ဘယ်သူဖြစ်လာလဲ?

ယူရိုပြိုင်ပွဲအပြီး လက်ရွေးစင်ဘဝကနေ အနားယူတော့မယ့် ကစားသမား ၅ ဦးက ဘယ်သူတွေလဲ

၅။ ယူရီ ဇာကော့ဗ် – ရုရှား

အသက် ၃၇ နှစ်အရွယ် ဘယ်နောက်ခံအစွန်လူဟာ နိုင်ငံတကာပြိုင်ပွဲကို ၁၆ နှစ်တိတိ ကစားလာခဲ့ပြီးနောက်မှာတော့ ကစားသမားဘဝအနိုင်ပိုင်းဖို့ အချိန်ရောက်လာခဲ့တာပါ။ ရုရှားဘောလုံးသမိုင်းမှာ အကြည်ညိုခံရဆုံးတွေထဲက တဦးဖြစ်တဲ့ ဝါရင့်ကြီး ဇာကော့ဗ်အတွက် ယူရို ၂၀၂၀ ဟာ နောက်ဆုံးပြိုင်ပွဲဖြစ်လာဖို့ ရာခိုင်နှုန်းများနေတာပါ။

၄။ လူးကပ်စ် ဖေဘီယန်စကီး – ပိုလန်

ပရီးမီးယားလိဂ်တခေတ်မှာ နာမည်ကြီးခဲ့တဲ့ ဖေဘီယန်စကီးက တည်ငြိမ်တဲ့လက်စွမ်းတွေကို ပြသခဲ့ပေမယ့် ပိုလန်အသင်းမှာတော့ ၅၆ ပွဲသာ ကစားခွင့်ရထားတာပါ။ အသက် ၃၆ နှစ်သားဟာ ယူရိုပြိုင်ပွဲမှာ ရှက်ဇနီကို ကျော်ဖြတ်ပြီး နံပါတ် ၁ ဂိုးသမားဖြစ်နိုင်မလား မသေချာသေးသလို ဒီပြိုင်ပွဲအပြီးမှာတော့ ပိုလန်အသင်းက​နေ ပင်စင်ယူလိုက်ဖို့ ရှိနေပါတယ်။

၃။ ဂျော်ဂျီယို ချီလီနီ – အီတလီ

အီတလီအသင်းအတွက် ၁၀၇ ပွဲကစားထားတဲ့ ချီလီနီက လက်ရှိ ယူရိုပြိုင်ပွဲဝင် အဇူရီမှာအတွေ့အကြုံအပြည့်ဝဆုံးနဲ့ အသက်အ​ကြီးဆုံး အီတလီကစားသမားတဦးဖြစ်သလို အသက် ၃၆ အရွယ်မှာ အီတလီမှာရော တူရင်မှာပါ ပထမဦးစားပေးကစားသမားဖြစ်နေဆဲပါ။ ​ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာတွေကြုံခဲ့ရတဲ့နောက်တော့ ဒီပြိုင်ပွဲဟာ သူ့ရဲ့နိုင်ငံတကာအဆင့် နောက်ဆုံးပြိုင်ပွဲကြီးလည်း ဖြစ်လာနိုင်တာပါ။

၂။ ပီပီ – ပေါ်တူဂီ

အသက် ၃၈ အရွယ် ပေါ်တူဂီခံစစ်မှူးကြီး ပီပီကတော့ အသက်အရွယ်နဲ့ မလိုက်ဖက်အောင်ဘဲ ခြေစွမ်းတည်ငြိမ်ပြီး ရင့်ကျက်ပါးနပ်တဲ့ ကစားနိုင်စွမ်းကို ပိုင်ဆိုင်ထားသလို ၂၀၀၈ ခုနှစ်ကနေ အခုချိန်အထိ ပေါ်တူဂီအသင်းရဲ့ နံပါတ် ၁ ဦးစားပေးရွေးချယ်မှုအဖြစ် ရပ်တည်နေဆဲဖြစ်ပေမယ့် ရီးရဲလ်ကစားသမားဟောင်းဟာ ကြံ့ခိုင်မှုပိုင်းအရတော့ ယူရိုအပြီးမှာ အနားယူရဖွယ် ရှိနေပါပြီ။

၁။ လူကာ မိုဒရစ် – ခရိုအေးရှား

ခရိုးအေးရှားအသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ ပို့ဆောင်ပေးထားခဲ့တဲ့ ဝါရင့်ကွင်းလယ်ဗိုလ်ချုပ်ကြီးဟာ ယူရို ၂၀၂၀ မှာလည်း အသင်း အတွက် အခရာအကျဆုံးကစားသမားဖြစ်နေသလို ​ယူရိုပြိုင်ပွဲအပြီး လာမယ့် စက်တင်ဘာမှာ အသက် ၃၆ နှစ်ပြည့်ပြီဖြစ်တာကြောင့် လက်ရွေးစင်ကစားသမားဘဝကနေ အနားယူသွားဖွယ် ရှိနေသလို ၂၀၂၂ ကမ္ဘာ့ဖလားကို နောက်ဆုံးတ​ကြိမ် ဝင်နွှဲဖို့လည်း ဖြစ်နိုင်ပါသေးတယ်။

ဒါ့အပြင် အခုယူရိုပြိုင်ပွဲမှာတော့ အံ့အားသင့်စရာတွေ ယူဆောင်လာခဲ့သူက စူပါကွန်ပျူတာပါ။ Sportsradar က ​ပြုလုပ်တဲ့ စူပါကွန်ပျူတာရဲ့ တွက်ချက်မှုမှာ ယူရိုချန်ပီယံဖြစ်မယ့်အသင်းက စပိန်၊ ဂျာမနီ၊ ပေါ်တူဂီတို့ကို ကျော်ဖြတ်ပြီး ယူရိုဗိုလ်လုပွဲမှာ ဒိန်းမက်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူဗိုလ်စွဲမယ့် ချက်လက်ရွေးစင်အသင်းဖြစ်တယ်လို့ သိခဲ့ရတာဟာ လှုပ်လှုပ်ရှားရှားလည်းဖြစ်စေခဲ့ပါတယ်။

စူပါကွန်ပျူတာနဲ့ နောက်ထပ်ခန့်မှန်းချက်မှာတော့ အင်္ဂလန်အသင်းနဲ့ ပရီးမီးယားလိဂ်အမာခံပရိသတ်တွေအတွက်တော့ အသည်းကွဲစရာ သတင်းတပုဒ်ပါ။ ချန်ပီယံဖြစ်မယ်လို့ ရေပန်းစားနေတဲ့ အင်္ဂလန်အသင်းဟာ အုပ်စုဗိုလ်အဖြစ် လွတ်လွတ်ကျွတ်ကျွတ် ဆီမီးဖိုင်နယ်အထိသာ ရောက်လာနိုင်ပြီး ဒိန်းမတ်အသင်းရဲ့ အလဲထိုးခြင်းကို ခံရမယ်လို့ သုံးသပ်သွားခဲ့ခြင်းက ဘယ်လောက်ထိမှန်ကန်နိုင်မလဲဆိုတာ ရောမမြို့က အီတလီနဲ့ တူရကီရဲ့ ယူရိုအဖွင့်ပွဲကနေ စတင်ရင်ခုန်ကြည့်ကြရအောင်ပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.