Premier League

ရော်နယ်လ်ဒို၊ မက်ဆီတို့လိုမျိုး သူဘာကြောင့်ဖြစ်မလာရလဲဆိုတာ ရင်ဖွင့်သွားခဲ့တဲ့ ရှနိုက်ဒါ

နည်းပြမော်ရင်ဟိုလက်ထက်က အင်တာမီလန်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပြီး တရာသီတွင်း ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ဝက်စ်လေ ရှနိုက်ဒါဟာ အဲဒီ ၂၀၁၀ ခုနှစ်ရဲ့ နွေကာလမှာ နယ်သာလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုပါ တက်ရောက်နိုင်ခဲ့တာပါ။

ဒါပေမယ့် ကံမကောင်း အကြောင်းမလှစွာပဲ အင်တာနဲ့ နယ်သာလန်ကို အဓိကဦးဆောင်မှုပေးခဲ့တဲ့သူ့ရဲ့စွမ်းဆောင်ရည်ဟာ ဘလွန်ဒေါဆုနဲ့ ထိုက်တန်တယ်လို့ ထင်ကြေးပေးမှုတွေ များပြားခဲ့ပေမယ့် ဘာစီလိုနာ စတားတွေဖြစ်တဲ့ မက်ဆီ၊ ဇာဗီ၊ အင်နေယစတာတို့ကို တိုးမပေါက်နိုင်ခဲ့ဘဲ ကမ္ဘာ့အကောင်းဆုံး အဆင့် ၄ ကစားသမားအဖြစ်သာ ရပ်တည်နိုင်ခဲ့တာပါ။

ဘလွန်ဒေါဆုကို လွဲချော်ခဲ့တဲ့ သူ့အနေနဲ့ သူသာ ဘောလုံးသမားဘဝကို တကယ်ကြိုးစားအားထုတ်ခဲ့မယ်ဆိုရင် ရော်နယ်လ်ဒို၊ မက်ဆီတို့လို အဆင့်အတန်းမျိုးမှာ နှစ်ပေါင်းများစွာ ရေရှည်ကစားနိုင်ခဲ့မှာဖြစ်ကြောင်း ရှနိုက်ဒါက အားကျမခံ ဖွင့်ဟသွားခဲ့ပြီး မိမိဟာ ဘဝကို ​ပျော်ရွှင်ဖို့သာ စိတ်ဆန္ဒရှိခဲ့ကြောင်း ပြောကြားသွားခဲ့တာပါ။

” ကျွန်​​တော်လည်း ရော်နယ်လ်ဒို၊ မက်ဆီတို့လိုမျိုး ဖြစ်လာနိုင်ခဲ့တာပေါ့ဗျာ။ လုပ်ရင်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့လောက် ကျွန်တော်မကြိုးစားချင်ခဲ့ဘူး။ ဘဝကိုပဲ ပိုပြီးပျော်ရွှင်အောင် နေထိုင်ခဲ့တယ်။ ညစာစားချိန်မှာ ဝိုင်လေးတခွက်လောက်တော့ သောက်တာမျိုးပေါ့ ”

” သူတို့နှစ်ဦးကတော့ ဒီလိုအပျော်အပါးမျိုးကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ကြပါတယ်။ အများကြီးပေးဆပ်ပြီး ဘဝမှာ အများကြီးစွန့်လွှတ်ခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော်ကတော့ အဆင်ပြေပါတယ်။ ဘယ်လိုပဲပြောပြော ကျွန်တော့်ကစားသမားဘဝကို ကျေနပ်မိတယ် ” လို့ သူက ပြောပြာသွားခဲ့တာပါ။

ရှနိုက်ဒါရဲ့ စကားဟာ မှားယွင်းခဲ့ခြင်းတော့ မရှိခဲ့ဘဲ ၂၀၁၀ ခုနှစ်မှာ မော်ရင်ညိုရဲ့ Treble အောင်မြင်မှုဖြစ်တဲ့ စီးရီးအေအမှတ်ပေးဖလား၊ ကိုပါအီတာလီယာနဲ့ ချန်ပီယံလိဂ်ဖလားတွေမှာ သူ့ရဲ့ အခန်းကဏ္ဍက အတောက်ပဆုံးဖြစ်ခဲ့ပြီး ကစားသမားဘဝရဲ့ အမြင့်ဆုံးအချိန်အခါကောင်းလည်း ဖြစ်ခဲ့တာပါ။

အိုင်းယတ်စ်အသင်းနဲ့အတူ Eredivisie ဟော်လန်အမှတ်ပေးဖလား၊ ရီးရဲလ်နဲ့အတူ လာလီဂါဖလား၊ ဂါလာတာစာရေးနဲ့အတူ Super Lig ဖလားတွေကို ဆွတ်ခူးခဲ့တဲ့ သူ့ရဲ့စွမ်း​ဆောင်ရည်က ပင်ကိုယ်ပါရမီက လျှော့တွက်စရာမဟုတ်ခဲ့ပေမယ့် ကြိုးစားအားထုတ်မှုပိုင်းအရာမှာတော့ မက်ဆီ၊ ရော်နယ်လ်ဒိုတို့ထက် များစွာပြတ်ကျန်ခဲ့ရခြင်းဖြစ်လို့ အရည်အသွေးမြင့်သလောက် ဘောလုံးဇာတ်ခုံမှာ ကြာကြာအသုံးတော်မခံနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: