Premier League Transfer News

ယူနိုက်တက်အိမ်ပြန်လာဖို့ နီးစပ်နေတဲ့ ရော်နယ်လ်ဒိုက ဒရော့ဘာနဲ့ ချဲလ်ဆီးလို ဖြစ်လာမလား

လတ်တလောမှာ အပြောင်းအရွှေ့ဈေးကွက်ထဲ အလှုပ်ခတ်ဆုံးကစားသမားအဖြစ် ထိပ်ဆုံးက တစ်ပြေးနေသလို ဂျူဗင်တပ်စ်ကနေ ဒီနွေမှာ ပြောင်းဖို့ သေချာသွားခဲ့ပြီလို့ သတင်းတွေ ထွက်နေတဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဥရောပအထက်တန်းလွှာအသင်းတွေရဲ့ ချိတ်ဆက်ခြင်းကိုခံနေရပြီး ဘယ်အသင်းက သူ့ရဲ့ ရွေးချယ်မှုဖြစ်လာမလဲဆိုတာ အထူးစိတ်ဝင်စားဖို့ကောင်းနေတယ်။

အသက် ၃၆ နှစ်သားရဲ့ အေးဂျင့်အနေနဲ့ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက်အသင်းတွေနဲ့ တောက်လျှောက်ဆွေးနွေးနေခဲ့သလို ကစားသမားဘဝ နေမဝင်ခင်မှာ မက်ဆီကို အားပြိုင်ပြီး ဘလွန်ဒေါစင်မြင့်ပေါ်ကနေ ကောင်းကောင်းကြီး ပညာပေးခဲ့ချင်သေးတဲ့ ဆန္ဒတွေကို ဘယ်အသင်းက အာမခံချက်ပေးနိုင်မလဲဆိုတာ အရေးအကြီးဆုံးအချက်ဖြစ်နေတာပါ။

ရော်နယ်လ်ဒိုရဲ့ တနှစ် ယူၐရို ၃၁ သန်းဆိုတဲ့ လစာကို ဆက်လက်ပေးချေဖို့ ဂျူဗင်တပ်စ်အသင်းက အခက်အခဲရှိလာခဲ့ချိန်မှာ စာချုပ်သစ်ချုပ်ဖို့ ရပ်တန့်သွားခဲ့ပြီး နည်းပြသစ်ဖြစ်လာတဲ့ အယ်လီဂရီရဲ့ လက်အောက်မှာ ဆက်ကစားချင်ရင်တောင် ဆက်ထိန်းထားဖို့ မဖြစ်နိုင်တော့တဲ့အခိုက် လက်သွက်သွက်နဲ့ ပွဲလန့်တုန်း ဖျာဝင်ခင်းလာတာက မန်ချက်စတာယူနိုက်တက်အသင်းပါ။

ဘလွန်ဒေါ ၅ ဆုရှင်ရဲ့ အိုးထရက်ဖို့ဒ်အိမ်အပြန်ခရီးကို ယူနိုက်တက်ပရိသတ်တွေ စောင့်မျှော်နေကြတယ်ဆိုတာ နည်းပြဆိုးလ်ရှားရဲ့ မျှားကွက်ဖြစ်လာခဲ့ပြီး ဒီဆန္ဒမှာတော့ ရော်နယ်လ်ဒိုရဲ့သဘောထားက ပျော့ပျောင်းနေသလို သူ့ကို ဂိုးသွင်းနိုင်အောင် ပံ့ပိုးပေးမယ့် ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ရှိနေတဲ့ ယူနိုက်တက်ကို ပြန်လာဖို့က ဆွဲဆောင်မှုပြင်းနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်အနေနဲ့ ရော်နယ်လ်ဒိုရဲ့ အမှန်တကယ်ဖြစ်မလာတဲ့ အပြောင်းအရွှေ့သတင်းတိုင်းမှာ နာမည်ကြီး ထမင်းငတ်ခဲ့ပေမယ့် အခုတကြိမ်မှာတော့ အသင်းနဲ့ ရော်နယ်လ်ဒိုတို့ တူညီတဲ့ ရည်မှန်းချက်တွေ ဆုံစည်းလာနိုင်ချိန်မှာ ယူရိုပြိုင်ပွဲအပြီးမှာ အပြောင်းအရွှေ့ ဖြစ်ပေါ်ဖွယ်ရှိတယ်နေလို့ ခန့်မှန်းခံထားရတာပါ။

ရော်နယ်လ်ဒိုရဲ့ ရာဇဝင်တွင်စေပြီး အုတ်အော်သောင်းနင်း ကြိုဆိုခံရမယ့် အိမ်ပြန်ခရီးမှာ ၂၀၁၄ ခုနှစ်က ချယ်လ်ဆီးအသင်းကို တကျော့ပြန်ပြောင်းရွှေ့လာခဲ့ပြီး မော်ရင်ညိုနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ဝါရင့်တိုက်စစ်မှူးဟောင်းကြီး ဒီဒီယေး ဒရော့ဘာရဲ့ လမ်းစဉ်ကို ထပ်တူဖော်ဆောင်သွားမလားဆိုတာက အထူးစိတ်ဝင်စားစရာလည်း ဖြစ်နေပါတယ်။

ဆိုးလ်ရှားအနေနဲ့ သူ့ရဲ့လူငယ်တွေနဲ့ သမ္ဘာရင့်တွေကို ပူးပေါင်းမယ့် အနာဂတ်စီမံကိန်းနဲ့ ယူနိုက်တက်ခေတ်သစ်ကို စတင်ရာမှာ အာဆင်နယ်နဲ့ ပြန်လက်တွဲခဲ့တဲ့ သီယာရီ အွန်နရီ၊ လီဗာပူးလ်နဲ့ ပြန်ဇာတ်ပေါင်းခဲ့တဲ့ ရော်ဘီ ဖောင်လာတို့ရဲ့ ထင်ရှားတဲ့ ဥပမာတွေအတိုင်း ရော်နယ်လ်ဒိုဟာ သူစုဆောင်းခဲ့သမျှ အတွေ့အကြုံတွေနဲ့ ယူနိုက်တက်ကို ကျေးဇူးဆပ်ပြီး အကျိုးပြုသွားဖို့ဆိုတာ ဇာတ်ပေါင်းသွားမယ့် အဓိကအကြောင်းရင်းလားဆိုတာကတော့…….။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လတ္တေလာမွာ အေျပာင္းအေ႐ႊ႕ေဈးကြက္ထဲ အလႈပ္ခတ္ဆုံးကစားသမားအျဖစ္ ထိပ္ဆုံးက တစ္ေျပးေနသလို ဂ်ဴဗင္တပ္စ္ကေန ဒီေႏြမွာ ေျပာင္းဖို႔ ေသခ်ာသြားခဲ့ၿပီလို႔ သတင္းေတြ ထြက္ေနတဲ့ တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ဥေရာပအထက္တန္းလႊာအသင္းေတြရဲ႕ ခ်ိတ္ဆက္ျခင္းကိုခံေနရၿပီး ဘယ္အသင္းက သူ႔ရဲ႕ ေ႐ြးခ်ယ္မႈျဖစ္လာမလဲဆိုတာ အထူးစိတ္ဝင္စားဖို႔ေကာင္းေနတယ္။

အသက္ ၃၆ ႏွစ္သားရဲ႕ ေအးဂ်င့္အေနနဲ႔ ပီအက္စ္ဂ်ီ၊ ရီးရဲလ္မက္ဒရစ္၊ ယူႏိုက္တက္အသင္းေတြနဲ႔ ေတာက္ေလွ်ာက္ေဆြးေႏြးေနခဲ့သလို ကစားသမားဘဝ ေနမဝင္ခင္မွာ မက္ဆီကို အားၿပိဳင္ၿပီး ဘလြန္ေဒါစင္ျမင့္ေပၚကေန ေကာင္းေကာင္းႀကီး ပညာေပးခဲ့ခ်င္ေသးတဲ့ ဆႏၵေတြကို ဘယ္အသင္းက အာမခံခ်က္ေပးႏိုင္မလဲဆိုတာ အေရးအႀကီးဆုံးအခ်က္ျဖစ္ေနတာပါ။

ေရာ္နယ္လ္ဒိုရဲ႕ တႏွစ္ ယူၐ႐ို ၃၁ သန္းဆိုတဲ့ လစာကို ဆက္လက္ေပးေခ်ဖို႔ ဂ်ဴဗင္တပ္စ္အသင္းက အခက္အခဲရွိလာခဲ့ခ်ိန္မွာ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ရပ္တန႔္သြားခဲ့ၿပီး နည္းျပသစ္ျဖစ္လာတဲ့ အယ္လီဂရီရဲ႕ လက္ေအာက္မွာ ဆက္ကစားခ်င္ရင္ေတာင္ ဆက္ထိန္းထားဖို႔ မျဖစ္ႏိုင္ေတာ့တဲ့အခိုက္ လက္သြက္သြက္နဲ႔ ပြဲလန႔္တုန္း ဖ်ာဝင္ခင္းလာတာက မန္ခ်က္စတာယူႏိုက္တက္အသင္းပါ။

ဘလြန္ေဒါ ၅ ဆုရွင္ရဲ႕ အိုးထရက္ဖို႔ဒ္အိမ္အျပန္ခရီးကို ယူႏိုက္တက္ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတယ္ဆိုတာ နည္းျပဆိုးလ္ရွားရဲ႕ မွ်ားကြက္ျဖစ္လာခဲ့ၿပီး ဒီဆႏၵမွာေတာ့ ေရာ္နယ္လ္ဒိုရဲ႕သေဘာထားက ေပ်ာ့ေပ်ာင္းေနသလို သူ႔ကို ဂိုးသြင္းႏိုင္ေအာင္ ပံ့ပိုးေပးမယ့္ ေပါ့ဘာနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ရွိေနတဲ့ ယူႏိုက္တက္ကို ျပန္လာဖို႔က ဆြဲေဆာင္မႈျပင္းေနတယ္လို႔ သိရပါတယ္။

ယူႏိုက္တက္အေနနဲ႔ ေရာ္နယ္လ္ဒိုရဲ႕ အမွန္တကယ္ျဖစ္မလာတဲ့ အေျပာင္းအေ႐ႊ႕သတင္းတိုင္းမွာ နာမည္ႀကီး ထမင္းငတ္ခဲ့ေပမယ့္ အခုတႀကိမ္မွာေတာ့ အသင္းနဲ႔ ေရာ္နယ္လ္ဒိုတို႔ တူညီတဲ့ ရည္မွန္းခ်က္ေတြ ဆုံစည္းလာႏိုင္ခ်ိန္မွာ ယူ႐ိုၿပိဳင္ပြဲအၿပီးမွာ အေျပာင္းအေ႐ႊ႕ ျဖစ္ေပၚဖြယ္ရွိတယ္ေနလို႔ ခန႔္မွန္းခံထားရတာပါ။

ေရာ္နယ္လ္ဒိုရဲ႕ ရာဇဝင္တြင္ေစၿပီး အုတ္ေအာ္ေသာင္းနင္း ႀကိဳဆိုခံရမယ့္ အိမ္ျပန္ခရီးမွာ ၂၀၁၄ ခုႏွစ္က ခ်ယ္လ္ဆီးအသင္းကို တေက်ာ့ျပန္ေျပာင္းေ႐ႊ႕လာခဲ့ၿပီး ေမာ္ရင္ညိဳနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ ဝါရင့္တိုက္စစ္မႉးေဟာင္းႀကီး ဒီဒီေယး ဒေရာ့ဘာရဲ႕ လမ္းစဥ္ကို ထပ္တူေဖာ္ေဆာင္သြားမလားဆိုတာက အထူးစိတ္ဝင္စားစရာလည္း ျဖစ္ေနပါတယ္။

ဆိုးလ္ရွားအေနနဲ႔ သူ႔ရဲ႕လူငယ္ေတြနဲ႔ သမာၻရင့္ေတြကို ပူးေပါင္းမယ့္ အနာဂတ္စီမံကိန္းနဲ႔ ယူႏိုက္တက္ေခတ္သစ္ကို စတင္ရာမွာ အာဆင္နယ္နဲ႔ ျပန္လက္တြဲခဲ့တဲ့ သီယာရီ အြန္နရီ၊ လီဗာပူးလ္နဲ႔ ျပန္ဇာတ္ေပါင္းခဲ့တဲ့ ေရာ္ဘီ ေဖာင္လာတို႔ရဲ႕ ထင္ရွားတဲ့ ဥပမာေတြအတိုင္း ေရာ္နယ္လ္ဒိုဟာ သူစုေဆာင္းခဲ့သမွ် အေတြ႕အႀကဳံေတြနဲ႔ ယူႏိုက္တက္ကို ေက်းဇူးဆပ္ၿပီး အက်ိဳးျပဳသြားဖို႔ဆိုတာ ဇာတ္ေပါင္းသြားမယ့္ အဓိကအေၾကာင္းရင္းလားဆိုတာကေတာ့…….။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.