Premier League Transfer News

10 Jun နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေအနေနဲ့ မန်ချက်စတာစီးတီးတောင်ပံကစားသမား ရာဟင်းမ် စတာလင်ကို ခေါ်ယူဖို့အတွက် အင်္ဂလိပ်အသင်းတချို့နဲ့အပြိုင် ကြိုးစားလာကြဖွယ်ရှိပြီး ရောင်းချဖြစ်ခဲ့ရင်တော့ Homegrown ကစားသမားအဖြစ် အားသာချက်ရှိနေတဲ့ ပြည်တွင်းထက် ဈေးလျှော့ပေးရနိုင်။

– အက်သလက်တီကို မက်ဒရစ်နဲ့ မန်စီးတီးတို့ကြားမှာ ကွင်းလယ်လူချင်း အလဲအထပ်ဖြစ်လာနိုင်ပြီး အသင်းမှာ မတည်ငြိမ်တဲ့ ဘာနာဒို ဆေးလ်ဗားကို လာလီဂါချန်ပီယံ ပူပူနွေးနွေးတွေရဲ့ စပိန်လက်ရွေးစင် ဆာအူးလ် ညီးရက်ဇ်နဲ့ တိုက်ရိုက်လဲလှယ်သွားဖို့ ကမ်းလှမ်းထားကြောင်း သတင်းထွက်ပေါ်လာ။

– ဆာဂျီယို အဂွေရိုရဲ့ နေရာကို အစားထိုးဖို့ လိုအပ်နေတာ မှန်ပေမယ့် မန်ချက်စတာစီးတီးအသင်းအတွက် သူတို့ရဲ့ အင်္ဂလိပ်ကစားသမား ဦးစားပေး မဟုတ်ခဲ့တဲ့ ပေါ်လစီအရ ခက်ခဲဖွယ်ရှိနေပြီး ဟာရီကိန်းကို ခေါ်ယူဖို့ မြို့ခံပြိုင်ဘက် ယူနိုက်တက်နဲ့ တိုက်ပွဲဆင်နွှဲရဖွယ်ရှိနေ။

– အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ကွင်းလယ်လူတွေဖြစ်ကြတဲ့ ဒက်ကလန် ရိုက်စ်နဲ့ တောမတ် ဆိုးချက်ခ်တို့ရဲ့ နေရာတွေကို ဖြည့်ဆည်းဝင်ရောက်နိုင်ဖို့အတွက် ဂရန်နာဒါအသင်းဆီက မန်ချက်စတာစီးတီးအသင်းရဲ့ အငှားကွင်းလယ်လူ ယန်ဂျယ် ဟာရဲရားကို ဝက်စ်ဟမ်းအသင်းဘက်က စိတ်ဝင်စားနေ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ အင်္ဂလန်ကစားသမားကို အများအပြား ခေါ်ယူလေ့မရှိမှုနဲ့ ဂျာမန်အသင်းတွေနဲ့ ဆက်ဆံရေး အခိုင်အမာ မရှိမှုတွေကြောင့် ငွေကြေးကျပ်တည်းပြီး အသင်းသားတွေကို လစာငွေ မပေးနိုင်ဘဲ ကျန်ရှိနေတဲ့ အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူးနဲ့ပဲ အဆုံးသတ်သွားနိုင်တယ်လို့ ခန့်မှန်းနေကြ။

– ကွင်းလယ်မှာ အသက်အရွယ်ထောက်လာတဲ့ ဖာနန်ဒင်ညို၊ မကြာခဏ ဒဏ်ရာရနေတဲ့ ဂွန်ဒိုးဝမ်နဲ့ ပီအက်စ်ဂျီက အလိုရှိနေတဲ့ ဘာနာဒို ဆေးလ်ဗားတို့ကြောင့် ဆာဆူအိုလိုအသင်းရဲ့ Pass Master ကွင်းလယ်လူ မန်ညူယယ် လိုကာတယ်လီကို ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူသွားဖို့ စီးတီးတို့ စောင့်ကြည့်နေ။

– အသင်းကနေ ထွက်ခွာတော့မယ့် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့ ဟာရီကိန်းကို အလိုက်ပေးမယ်လို့ဆိုပြီး ဘာမှ အကောင်အထည်ပေါ်မလာခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ကို ဂျူဗင်တပ်စ်တို့ ခေါ်ယူသွားဖို့ ချိတ်ဆက်နေ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့အသင်းနဲ့ အငှားစာချုပ်ကုန်ဆုံးသွားခဲ့တဲ့ ဂိုးသမား စကော့ ကာဆန်ရဲ့ နေရာမှာ ဆောက်သမ်တန်အသင်းမှာ ကစားနေတဲ့ အစ်တီဟတ်အကယ်ဒမီထွက် ဂိုးသမားဟောင်း အန်းဂပ်စ်ဂန်းကို စောင့်ကြည့်ခဲ့ပေမယ့် ရောင်းချချိန်မှာ ပြန်လည်ရရှိနိုင်မယ့် ခံစားခွင့်အတွက်ပဲ နော့ဝစ်ချ်စီးတီးဆီ လက်လွှတ်သွားဖွယ်ရှိနေ။

– အင်္ဂလန်ကွင်းလယ်လူ ဖီးလ် ဖိုဒန်ဟာ နောက်ဆုံးလူငယ်မျိုးဆက်ထဲက ပေါလ် ဂက်စကွိုင်နဲ့တူတဲ့ ကစားသမားဖြစ်ပြီး တစ်နေ့မှာ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ နေရာတွေကို အစားဝင်နိုင်မယ့်သူမျိုးဖြစ်တယ်လို့ စပါးစ်တောင်ပံကစားသမားဟောင်း ဒါရင်း အန်ဒါတန်က ချီးကျူးသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:








– မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့အသင်းနဲ့ အငှားစာချုပ်ကုန်ဆုံးသွားခဲ့တဲ့ ဂိုးသမား စကော့ ကာဆန်ရဲ့ နေရာမှာ ဆောက်သမ်တန်အသင်းမှာ ကစားနေတဲ့ အစ်တီဟတ်အကယ်ဒမီထွက် ဂိုးသမားဟောင်း အန်းဂပ်စ်ဂန်းကို စောင့်ကြည့်ခဲ့ပေမယ့် ရောင်းချချိန်မှာ ပြန်လည်ရရှိနိုင်မယ့် ခံစားခွင့်အတွက်ပဲ နော့ဝစ်ခ်ျစီးတီးဆီ လက်လွှတ်သွားဖွယ်ရှိနေ။


REF: INTERNET SOURCES
SPORTS A2Z.