Other Leagues

ေဆးလ္ဗားရဲ႕ေနရာကို အစားထိုးဖို႔အတြက္ နာပုိလီကြင္းလယ္လူကို မန္စီးတီးပစ္မွတ္ထား

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီရာသီကုန္မွာ အသင္းကေန ထြက္ခြာေတာ့မယ့္ ဝါရင့္ကြင္းလယ္လူ ေဒးဗစ္ ေဆးလ္ဗားရဲ႕ ေနရာမွာ အစားထိုးႏုိင္ဖို႔ နာပိုလီအသင္းက ဖာဘီယန္ ႐ူဝိဇ္ကို ေစာင့္ၾကည့္ေနၿပီး ရီးရဲလ္မက္ဒရစ္နဲ႔အၿပဳိင္ ကမ္းလွမ္းသြားဖို႔ ပစ္မွတ္ထား ေစာင့္ၾကည့္ေနပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ စပိန္ကြင္းလယ္လူကို ရီးရဲလ္မက္ဒရစ္အျပင္ လီဗာပူးလ္အသင္းကလည္း စိတ္ဝင္စားေနၿပီး သူ႕ရဲ႕ကစားသမားအတြက္ အသင္းႀကီးေတြဆီက ခ်ိတ္ဆက္လာမွဳေတြ ရွိေနေၾကာင္း ေအးဂ်င့္ျဖစ္သူ အဲလ္ဗာ႐ို ေတာရက္စ္က စပိန္ေရဒီယို ကာနဲလ္ဆားကို ေျပာပါတယ္။

ေအးဂ်င့္ျဖစ္သူရဲ႕ အဆုိအရ သူ႕ရဲ႕ကစားသမားဟာ အေကာင္းဆုံးပုံစံမွာ သုံးႏွစ္ဆက္တုိက္ ရပ္တည္ႏုိင္ၿပီးၿပီလို႔ဆုိခဲ့ၿပီး ဒီထက္ျမင့္မားတဲ့ အဆင့္မွာ အစမ္းသပ္ခံႏုိင္ၿပီျဖစ္ေပမယ့္ လက္ရွိေဘာလုံးရာသီကို ၿပီးဆုံးေအာင္ နာပိုလီအသင္းနဲ႔ ဆက္ကစားေပးသြားဖို႔ကိုပဲ အာ႐ုံစိုက္ထားတယ္လို႔လည္း သိရပါတယ္။

စပိန္လက္ေရြးစင္အသင္းအတြက္ ၆ ပြဲကစားေပးထားတဲ့ ေဘာလုံးေပးပုိ႔မွဳ ေကာင္းမြန္တဲ့ ႐ူဝိဇ္ဟာ ကြင္းလယ္မွာသာမက တုိက္စစ္ဦးစားေပးနဲ႔ ခံစစ္ဦးစားေပးတာဝန္ေတြကိုလည္း ထမ္းေဆာင္ႏုိင္သူျဖစ္ၿပီး အရပ္အေမာင္းျမင့္မား ႀကံ့ခိုင္သူျဖစ္လို႔ မန္ခ်က္စတာစီးတီးက စိတ္ဝင္စားေနတာလည္းျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဆြဲေဆာင္ႏုိင္မွဳေတြကိုေတာ့ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ထည့္တြက္ရမွာျဖစ္ၿပီး စပိန္သားတစ္ေယာက္ အေနနဲ႔ ဂြါဒီယိုလာလို နည္းျပမ်ဳိးနဲ႔ လက္တြဲခြင့္ကိုလည္း စပိန္အင္အားႀကီးအသင္းနဲ႔ ထပ္တူစဥ္းစားႏုိင္ဖြယ္ရွိတာေၾကာင့္ ေႏြရာသီကို ေစာင့္ၾကည့္ရဖို႔ ရွိေနတယ္လို႔ အီတလီအေျခစိုက္ ေကာ္ရီယာဒယ္လိုစပုိ႔စ္က ေဖာ္ျပခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် ဝါရင့်ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗားရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ နာပိုလီအသင်းက ဖာဘီယန် ရူဝိဇ်ကို စောင့်ကြည့်နေပြီး ရီးရဲလ်မက်ဒရစ်နဲ့အပြိုင် ကမ်းလှမ်းသွားဖို့ ပစ်မှတ်ထား စောင့်ကြည့်နေပါတယ်။

အသက် ၂၄ နှစ်အရွယ် စပိန်ကွင်းလယ်လူကို ရီးရဲလ်မက်ဒရစ်အပြင် လီဗာပူးလ်အသင်းကလည်း စိတ်ဝင်စားနေပြီး သူ့ရဲ့ကစားသမားအတွက် အသင်းကြီးတွေဆီက ချိတ်ဆက်လာမှုတွေ ရှိနေကြောင်း အေးဂျင့်ဖြစ်သူ အဲလ်ဗာရို တောရက်စ်က စပိန်ရေဒီယို ကာနဲလ်ဆားကို ပြောပါတယ်။

အေးဂျင့်ဖြစ်သူရဲ့ အဆိုအရ သူ့ရဲ့ကစားသမားဟာ အကောင်းဆုံးပုံစံမှာ သုံးနှစ်ဆက်တိုက် ရပ်တည်နိုင်ပြီးပြီလို့ဆိုခဲ့ပြီး ဒီထက်မြင့်မားတဲ့ အဆင့်မှာ အစမ်းသပ်ခံနိုင်ပြီဖြစ်ပေမယ့် လက်ရှိဘောလုံးရာသီကို ပြီးဆုံးအောင် နာပိုလီအသင်းနဲ့ ဆက်ကစားပေးသွားဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့လည်း သိရပါတယ်။

စပိန်လက်ရွေးစင်အသင်းအတွက် ၆ ပွဲကစားပေးထားတဲ့ ဘောလုံးပေးပို့မှု ကောင်းမွန်တဲ့ ရူဝိဇ်ဟာ ကွင်းလယ်မှာသာမက တိုက်စစ်ဦးစားပေးနဲ့ ခံစစ်ဦးစားပေးတာဝန်တွေကိုလည်း ထမ်းဆောင်နိုင်သူဖြစ်ပြီး အရပ်အမောင်းမြင့်မား ကြံ့ခိုင်သူဖြစ်လို့ မန်ချက်စတာစီးတီးက စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဆွဲဆောင်နိုင်မှုတွေကိုတော့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ထည့်တွက်ရမှာဖြစ်ပြီး စပိန်သားတစ်ယောက် အနေနဲ့ ဂွါဒီယိုလာလို နည်းပြမျိုးနဲ့ လက်တွဲခွင့်ကိုလည်း စပိန်အင်အားကြီးအသင်းနဲ့ ထပ်တူစဉ်းစားနိုင်ဖွယ်ရှိတာကြောင့် နွေရာသီကို စောင့်ကြည့်ရဖို့ ရှိနေတယ်လို့ အီတလီအခြေစိုက် ကော်ရီယာဒယ်လိုစပို့စ်က ဖော်ပြခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.