Premier League Transfer News

အာဆင်နယ်ရဲ့ နားရွက်ကို တံတွေးဆွတ်ပြီး ရန်စလာခဲ့ကြတဲ့ ဗီလာနဲ့ လက်စတာ

အာဆင်နယ်အသင်းကတော့ အပြောင်းအရွှေ့ဈေးကွက်မှာ ပရီးမီးယားလိဂ်ရဲ့ အသင်းလတ်တွေလို့ သတ်မှတ်ခံထားရပြီး အစဉ်အလာမရှိတဲ့ အသင်းတွေရဲ့ နားရွက်ကို တံတွေးဆွတ်သလိုမျိုး ရန်စသလို ကျောသလို အဖြစ်တွေနဲ့ ကြုံတွေ့နေခဲ့ရပြီး အသင်းရဲ့ ချီတုံချတုံဖြစ်မှု အခြေအနေတွေမှာ ပရိသတ်တွေအနေနဲ့ အားမလို အားမရဖြစ်နေခဲ့ပါတယ်။

ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ပထမဆုံး နောက်ကောက်ချခံလိုက်ရတာကတော့ အက်စတန်ဗီလာအသင်းနဲ့အပြိုင် ခေါ်ယူခဲ့တဲ့ အီမီလီယာနို ဘွင်ဒီယာရဲ့ ပြိုင်ပွဲမှာဖြစ်ပြီး နော့ဝစ်ချ်အနေနဲ့ အာဂျင်တီးနားသားကို ရွေးချယ်ခွင့်ပေးခဲ့ရာမှာ လန်ဒန်က အမ်းမရိတ်ထက် ဘာမင်ဂမ်က ဗီလာပါ့ခ်ကို ပမာဏ သိပ်မကွာတဲ့ ကမ်းလှမ်းမှုမှာ ရွေးချယ်သွားခဲ့တာလည်းဖြစ်ပါတယ်။

ပိုပြီးခံပြင်းစရာဖြစ်ခဲ့တာကတော့ အသင်းဟောင်းကို ပြီးခဲ့တဲ့ရာသီမှာ နှစ်ပွဲကစား နှစ်ပွဲနိုင်၊ ပေးဂိုးမရှိဘဲ Clean Sheet ရသွားခဲ့တဲ့ ဗီလာဂိုးသမား အီမီလီယာနို မာတီနက်ဇ်က နာမည်တူ အာဂျင်တီးနားသားချင်း စည်းရုံးသွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာဖြစ်သလို ကနေရီ ကွင်းလယ်လူကတော့ ဗီလာရဲ့ ရည်မှန်းချက်တွေကို ယုံကြည်လို့ဆိုပြီးလည်း ပြောသွားခဲ့တာပါ။

ကစားသမားခေါ်ယူမှုတွေမှာ တာဝန်ခံဖြစ်နေတဲ့ အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးကတော့ ဥရောပနဲ့ အင်္ဂလန် အတွေ့အကြုံ ကင်းမဲ့မှုတွေမှာ မကြာခဏဆိုသလို နောက်ကောက်ကျနေပြီး ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ အထာမနပ်ချိန်မှာ လက်စတာကလည်း ဂန်းနားတွေ အပိုင်လိုမျိုး ခေါ်ယူနိုင်မယ့် ဆဲလ်တစ်တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာကို ထိပါးလာခဲ့ပြန်ပါတယ်။

လာကာဇက်နေရာကို အစားဝင်နိုင်မယ်လို့ အများက သတ်မှတ်ထားကြတဲ့ အေဒူယာဟာ အသက် ၂၃ နှစ်အရွယ်မှာ ဆဲလ်တစ်အတွက် ၁၆၈ ပွဲမှာ ၈၅ ဂိုး သွင်းယူနိုင်ခဲ့ပြီး အရပ်အမောင်းအရလည်း အားကိုးလောက်သူဖြစ်နေချိန်မှာ လက်စတာစီးတီးအသင်းက အာဆင်နယ်တို့ မလှုပ်နိုင်ခင်မှာပဲ ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်ပြီလို့ ဆိုလာခဲ့တာပါ။

ဒီလိုမျိုး ပေသီးခေါက်မှုတွေကို ကိုယ့်လောက် အစဉ်အလာမရှိတဲ့ အသင်းတွေက ဖြတ်သိမ်းသွားတာတွေအတွက် ပရိသတ်တွေကတော့ စိတ်ပျက်နေကြချိန်မှာ အက်စတန်ဗီလာအသင်းကတော့ ဒီလောက်နဲ့ မရပ်သေးဘဲ လူငယ်ကွင်းလယ်လူ အီမီးလ် စမစ်ရိုးကိုပါ ခေါ်ယူလိုတယ်ဆိုပြီး သတင်းလွှင့်လာခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒါတွေဟာ အသင်းရဲ့ ဥရောပဝင်ခွင့်နဲ့ ဝေးကွာခဲ့ချိန်မှာ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေဖြစ်ပြီး အာဆင်နယ်ဆိုတဲ့ နာမည်အောက်မှာ ကစားဖို့ဆိုတာဟာ လက်စတာ၊ ဗီလာအသင်းတွေနဲ့ ဘာမှ ပိုထူးတာမျိုး မရှိဘူးလို့ ကစားသမားတွေက ထင်မြင်လာနေကြတာလည်းဖြစ်ပြီး အသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားတွေက ဒီလိုမျိုး ထင်မလာနိုင်ခင်မှာ ရပ်တန့်ဖို့ လိုအပ်နေပြီဖြစ်သလို အလုပ်မဖြစ်တဲ့ ထိပ်တန်းတာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ပြုပြင်ပြောင်းလဲရတော့မှာလည်းဖြစ်ကြောင်း စုစည်းရေးသားလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းကေတာ့ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ပရီးမီးယားလိဂ္ရဲ႕ အသင္းလတ္ေတြလို႔ သတ္မွတ္ခံထားရၿပီး အစဥ္အလာမရွိတဲ့ အသင္းေတြရဲ႕ နား႐ြက္ကို တံေတြးဆြတ္သလိုမ်ိဳး ရန္စသလို ေက်ာသလို အျဖစ္ေတြနဲ႔ ႀကဳံေတြ႕ေနခဲ့ရၿပီး အသင္းရဲ႕ ခ်ီတုံခ်တုံျဖစ္မႈ အေျခအေနေတြမွာ ပရိသတ္ေတြအေနနဲ႔ အားမလို အားမရျဖစ္ေနခဲ့ပါတယ္။

ဒီေႏြရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ပထမဆုံး ေနာက္ေကာက္ခ်ခံလိုက္ရတာကေတာ့ အက္စတန္ဗီလာအသင္းနဲ႔အၿပိဳင္ ေခၚယူခဲ့တဲ့ အီမီလီယာႏို ဘြင္ဒီယာရဲ႕ ၿပိဳင္ပြဲမွာျဖစ္ၿပီး ေနာ့ဝစ္ခ်္အေနနဲ႔ အာဂ်င္တီးနားသားကို ေ႐ြးခ်ယ္ခြင့္ေပးခဲ့ရာမွာ လန္ဒန္က အမ္းမရိတ္ထက္ ဘာမင္ဂမ္က ဗီလာပါ့ခ္ကို ပမာဏ သိပ္မကြာတဲ့ ကမ္းလွမ္းမႈမွာ ေ႐ြးခ်ယ္သြားခဲ့တာလည္းျဖစ္ပါတယ္။

ပိုၿပီးခံျပင္းစရာျဖစ္ခဲ့တာကေတာ့ အသင္းေဟာင္းကို ၿပီးခဲ့တဲ့ရာသီမွာ ႏွစ္ပြဲကစား ႏွစ္ပြဲႏိုင္၊ ေပးဂိုးမရွိဘဲ Clean Sheet ရသြားခဲ့တဲ့ ဗီလာဂိုးသမား အီမီလီယာႏို မာတီနက္ဇ္က နာမည္တူ အာဂ်င္တီးနားသားခ်င္း စည္း႐ုံးသြားခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကတာျဖစ္သလို ကေနရီ ကြင္းလယ္လူကေတာ့ ဗီလာရဲ႕ ရည္မွန္းခ်က္ေတြကို ယုံၾကည္လို႔ဆိုၿပီးလည္း ေျပာသြားခဲ့တာပါ။

ကစားသမားေခၚယူမႈေတြမွာ တာဝန္ခံျဖစ္ေနတဲ့ အာဆင္နယ္နည္းစနစ္ဒါ႐ိုက္တာ အီဒူးကေတာ့ ဥေရာပနဲ႔ အဂၤလန္ အေတြ႕အႀကဳံ ကင္းမဲ့မႈေတြမွာ မၾကာခဏဆိုသလို ေနာက္ေကာက္က်ေနၿပီး ဘယ္လိုလုပ္ေဆာင္ရမယ္ဆိုတာ အထာမနပ္ခ်ိန္မွာ လက္စတာကလည္း ဂန္းနားေတြ အပိုင္လိုမ်ိဳး ေခၚယူႏိုင္မယ့္ ဆဲလ္တစ္တိုက္စစ္မႉး ေအာ့ဒ္ဆြန္း ေအဒူယာကို ထိပါးလာခဲ့ျပန္ပါတယ္။

လာကာဇက္ေနရာကို အစားဝင္ႏိုင္မယ္လို႔ အမ်ားက သတ္မွတ္ထားၾကတဲ့ ေအဒူယာဟာ အသက္ ၂၃ ႏွစ္အ႐ြယ္မွာ ဆဲလ္တစ္အတြက္ ၁၆၈ ပြဲမွာ ၈၅ ဂိုး သြင္းယူႏိုင္ခဲ့ၿပီး အရပ္အေမာင္းအရလည္း အားကိုးေလာက္သူျဖစ္ေနခ်ိန္မွာ လက္စတာစီးတီးအသင္းက အာဆင္နယ္တို႔ မလႈပ္ႏိုင္ခင္မွာပဲ ေပါင္ ၁၅ သန္းနဲ႔ ေခၚယူဖို႔ နီးစပ္ၿပီလို႔ ဆိုလာခဲ့တာပါ။

ဒီလိုမ်ိဳး ေပသီးေခါက္မႈေတြကို ကိုယ့္ေလာက္ အစဥ္အလာမရွိတဲ့ အသင္းေတြက ျဖတ္သိမ္းသြားတာေတြအတြက္ ပရိသတ္ေတြကေတာ့ စိတ္ပ်က္ေနၾကခ်ိန္မွာ အက္စတန္ဗီလာအသင္းကေတာ့ ဒီေလာက္နဲ႔ မရပ္ေသးဘဲ လူငယ္ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးကိုပါ ေခၚယူလိုတယ္ဆိုၿပီး သတင္းလႊင့္လာခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ဒါေတြဟာ အသင္းရဲ႕ ဥေရာပဝင္ခြင့္နဲ႔ ေဝးကြာခဲ့ခ်ိန္မွာ ႀကဳံေတြ႕ခဲ့ရတဲ့ ျပႆနာေတြျဖစ္ၿပီး အာဆင္နယ္ဆိုတဲ့ နာမည္ေအာက္မွာ ကစားဖို႔ဆိုတာဟာ လက္စတာ၊ ဗီလာအသင္းေတြနဲ႔ ဘာမွ ပိုထူးတာမ်ိဳး မရွိဘူးလို႔ ကစားသမားေတြက ထင္ျမင္လာေနၾကတာလည္းျဖစ္ၿပီး အသင္းရဲ႕ ငယ္ေမြးၿခံေပါက္ကစားသမားေတြက ဒီလိုမ်ိဳး ထင္မလာႏိုင္ခင္မွာ ရပ္တန႔္ဖို႔ လိုအပ္ေနၿပီျဖစ္သလို အလုပ္မျဖစ္တဲ့ ထိပ္တန္းတာဝန္ရွိသူေတြအေနနဲ႔ အျမန္ဆုံး ျပဳျပင္ေျပာင္းလဲရေတာ့မွာလည္းျဖစ္ေၾကာင္း စုစည္းေရးသားလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.