Premier League Transfer News

ဝန်ဘစ်ဆာကာကြောင့် ဟားလန်းနဲ့ ဟာရီကိန်းတို့ကို ယူနိုက်တက်တို့ ခေါ်ယူနိုင်မလား

ဒီနေ့ ဒေးလီးမေးလ်ရဲ့ သတင်းတွေမှာ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ သူတို့ရဲ့ ညာနောက်ခံလူ အာရွန် ဝန်ဘစ်ဆာကာကို ဗဟိုနောက်ခံလူအဖြစ် ရာသီကြိုပွဲစဉ်တွေမှာ စမ်းသပ်အသုံးပြုသွားမယ်လို့ သိရပြီး တစ်ရာသီလုံးမှာ အားနည်းချက်တွေရှိနေခဲ့တဲ့ နေရာအတွက် အဖြေတစ်ခု ဖြစ်လာမယ်လို့ ဆိုနေကြပါတယ်။

အသက် ၂၃ နှစ်အရွယ် ကွန်ဂိုနွယ်ဖွား အင်္ဂလန်နောက်ခံလူဟာ ယူ-၂၁ လက်ရွေးစင်ဘဝမှာ အင်္ဂလန်နိုင်ငံကို ကိုယ်စားပြုခဲ့ပြီး အသင်းကြီးရဲ့ ခေါ်ယူမှုကိုတော့ စောင့်ဆိုင်းနေရသူဖြစ်သလို ပရီးမီးယားလိဂ်မှာတော့ တစ်ဦးချင်း ကျော်ဖြတ်ဖို့ အခက်ခဲဆုံးနောက်ခံလူစာရင်းမှာ ထိပ်ဆုံးကနေ ပါဝင်သူလည်းဖြစ်ပါတယ်။

ဒီအချိန်မှာ နည်းပြ ဆိုးလ်ရှားအနေနဲ့ တိုက်စစ်ပိုင်းမှာတော့ ပူးပေါင်းလိုက်ပါမှု အားနည်းလို့ ဝေဖန်ခံနေရတဲ့ တပည့်ကျော်ကို တစ်ချက်ခုတ် နှစ်ချက်ပြတ်ပုံစံနဲ့ နွေရာသီမှာ ဟာရီ မက်ဂွိုင်းယားရဲ့ တွဲဖက်အဖြစ် စတင်ခိုင်းဖွယ်ရှိနေပြီး ၆ ပေ အတိရှိတဲ့ အရပ်အမောင်းကလည်း ဗဟိုခံစစ်မှာ ကစားဖို့ အခက်အခဲ မရှိနိုင်သလို သူ့ရဲ့ ညာနောက်ခံလူနေရာအတွက် လူသစ်ခေါ်ပြီး ဗဟိုခံစစ်ကိုတော့ ဆောင်းရာသီအထိ စောင့်ကြည့်သွားဖို့ ဖြစ်လာနိုင်တာပါ။

ဈေးကွက်ရဲ့ တောင်းဆိုမှုတွေအရ ဗဟိုခံစစ်သမားတွေဟာ အစွန်လူတွေထက် ဈေးမြင့်မားနေချိန်မှာ ယူနိုက်တက်တို့အနေနဲ့ လိုင်လီရဲ့ ဇီကီ ချယ်လိခ်၊ နော့ဝစ်ချ်ရဲ့ မက်စ် အာရွန်စ်နဲ့ အက်သလက်တီကိုရဲ့ ကီရန် ထရစ်ပီယာ ဘယ်သူ့ကိုပဲ ခေါ်ခေါ် ပေါင်သန်း ၄၀ အောက်မှာ ရရှိနိုင်မှာဖြစ်ပြီး ဗဟိုခံစစ်သမားတစ်ဦးကတော့ ပေါင်သန်း ၅၀ အထက်မှာ ရှိလို့ အနည်းဆုံး ပေါင် ၁၀ သန်းကနေ ၁၅ သန်းအထိလည်း ချွေတာသွားနိုင်ဖို့ ရှိပါတယ်။

ဒီငွေကြေးတွေကိုတော့ တိုက်စစ်ပိုင်းအတွက် ဖြည့်တင်းသွားမှာကတော့ မြေကြီးလက်ခတ်မလွဲပဲဖြစ်နေပြီး လက်ရှိမှာတော့ ဂျေဒန် ဆန်ချိုကို ဒေါ့မွန်ကနေ ခေါ်ယူဖို့ နီးစပ်လာချိန်မှာ အထောင်တိုက်စစ်အတွက်ပါ အာလင်း ဟားလန်းနဲ့ ဟာရီကိန်းတို့ နှစ်ဦးထဲက တစ်ဦးကို ခေါ်ယူနိုင်ဖို့အတွက် လမ်းစပွင့်လာခဲ့ပြီလို့ ဆိုရမှာဖြစ်ပြီး ကွင်းလယ်လူတစ်ဦးကလည်း အလောတကြီး မလိုသေးတဲ့အတွက် ဖြစ်နိုင်ခြေ များလာခဲ့တာပါ။

ကစားသမားအရောင်းတချို့နဲ့ ပေါင်းလိုက်ရင်တော့ ဝန်ဘစ်ဆာကာကြောင့် ချွေတာနိုင်မယ့် ငွေကြေးက ထိပ်တန်းတိုက်စစ်မှူးတစ်ဦးအတွက် ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုပဲခေါ်ခေါ် အလုပ်ဖြစ်လာနိုင်ပြီး တကယ်တမ်း အစီအစဉ်က ခိုင်မာမယ်ဆိုရင်တော့ တိုက်စစ်မှာ ကြောင်ပျောက်နေတဲ့ ပြင်သစ်သား အန်တိုနီ မာစီယယ်လ်ကိုလည်း ငွေဖော်သွားဖို့ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် နည်းပြ ဆိုးလ်ရှားရဲ့ ရာသီကြိုမှာ စမ်းသပ်သွားမယ့် ဝန်ဘစ်ဆာကာရဲ့ Center Back Plan ဟာ အသင်းအတွက် ကစားသမား ခေါ်ယူရေး ချိန်ခွင်လျှာကို ပြောင်းလဲနိုင်မယ့် ရွှေ့ကွက်တစ်ခုလည်းဖြစ်နေပြီး ဖျက်ထုတ်မှုတွေ ကောင်းလွန်းတဲ့ နောက်ခံလူကို တိုက်စစ်ကစားဖို့ မေ့ပစ်ခိုင်းပြီး ကျောက်ဆောင်လို မာကျောတဲ့ ညာခြမ်းခံစစ်ကို ဗဟိုဆီ ပို့ဆောင်ရင်း ရှိပြီးသား မက်ဂွိုင်းယားတို့အုပ်စုနဲ့ အံဝင်ခွင်ကျဖြစ်မယ်ဆိုရင် ယူနိုက်တက်တို့ရဲ့ တိုက်စစ်ပစ်မှတ် ကိန်းနဲ့ ဟားလန်းတစ်ဦးကိုတော့ ရရှိနိုင်ဖို့ မဝေးတော့ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ ေဒးလီးေမးလ္ရဲ႕ သတင္းေတြမွာ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ သူတို႔ရဲ႕ ညာေနာက္ခံလူ အာ႐ြန္ ဝန္ဘစ္ဆာကာကို ဗဟိုေနာက္ခံလူအျဖစ္ ရာသီႀကိဳပြဲစဥ္ေတြမွာ စမ္းသပ္အသုံးျပဳသြားမယ္လို႔ သိရၿပီး တစ္ရာသီလုံးမွာ အားနည္းခ်က္ေတြရွိေနခဲ့တဲ့ ေနရာအတြက္ အေျဖတစ္ခု ျဖစ္လာမယ္လို႔ ဆိုေနၾကပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ကြန္ဂိုႏြယ္ဖြား အဂၤလန္ေနာက္ခံလူဟာ ယူ-၂၁ လက္ေ႐ြးစင္ဘဝမွာ အဂၤလန္ႏိုင္ငံကို ကိုယ္စားျပဳခဲ့ၿပီး အသင္းႀကီးရဲ႕ ေခၚယူမႈကိုေတာ့ ေစာင့္ဆိုင္းေနရသူျဖစ္သလို ပရီးမီးယားလိဂ္မွာေတာ့ တစ္ဦးခ်င္း ေက်ာ္ျဖတ္ဖို႔ အခက္ခဲဆုံးေနာက္ခံလူစာရင္းမွာ ထိပ္ဆုံးကေန ပါဝင္သူလည္းျဖစ္ပါတယ္။

ဒီအခ်ိန္မွာ နည္းျပ ဆိုးလ္ရွားအေနနဲ႔ တိုက္စစ္ပိုင္းမွာေတာ့ ပူးေပါင္းလိုက္ပါမႈ အားနည္းလို႔ ေဝဖန္ခံေနရတဲ့ တပည့္ေက်ာ္ကို တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ပုံစံနဲ႔ ေႏြရာသီမွာ ဟာရီ မက္ဂြိဳင္းယားရဲ႕ တြဲဖက္အျဖစ္ စတင္ခိုင္းဖြယ္ရွိေနၿပီး ၆ ေပ အတိရွိတဲ့ အရပ္အေမာင္းကလည္း ဗဟိုခံစစ္မွာ ကစားဖို႔ အခက္အခဲ မရွိႏိုင္သလို သူ႔ရဲ႕ ညာေနာက္ခံလူေနရာအတြက္ လူသစ္ေခၚၿပီး ဗဟိုခံစစ္ကိုေတာ့ ေဆာင္းရာသီအထိ ေစာင့္ၾကည့္သြားဖို႔ ျဖစ္လာႏိုင္တာပါ။

ေဈးကြက္ရဲ႕ ေတာင္းဆိုမႈေတြအရ ဗဟိုခံစစ္သမားေတြဟာ အစြန္လူေတြထက္ ေဈးျမင့္မားေနခ်ိန္မွာ ယူႏိုက္တက္တို႔အေနနဲ႔ လိုင္လီရဲ႕ ဇီကီ ခ်ယ္လိခ္၊ ေနာ့ဝစ္ခ်္ရဲ႕ မက္စ္ အာ႐ြန္စ္နဲ႔ အက္သလက္တီကိုရဲ႕ ကီရန္ ထရစ္ပီယာ ဘယ္သူ႔ကိုပဲ ေခၚေခၚ ေပါင္သန္း ၄၀ ေအာက္မွာ ရရွိႏိုင္မွာျဖစ္ၿပီး ဗဟိုခံစစ္သမားတစ္ဦးကေတာ့ ေပါင္သန္း ၅၀ အထက္မွာ ရွိလို႔ အနည္းဆုံး ေပါင္ ၁၀ သန္းကေန ၁၅ သန္းအထိလည္း ေခြၽတာသြားႏိုင္ဖို႔ ရွိပါတယ္။

ဒီေငြေၾကးေတြကိုေတာ့ တိုက္စစ္ပိုင္းအတြက္ ျဖည့္တင္းသြားမွာကေတာ့ ေျမႀကီးလက္ခတ္မလြဲပဲျဖစ္ေနၿပီး လက္ရွိမွာေတာ့ ေဂ်ဒန္ ဆန္ခ်ိဳကို ေဒါ့မြန္ကေန ေခၚယူဖို႔ နီးစပ္လာခ်ိန္မွာ အေထာင္တိုက္စစ္အတြက္ပါ အာလင္း ဟားလန္းနဲ႔ ဟာရီကိန္းတို႔ ႏွစ္ဦးထဲက တစ္ဦးကို ေခၚယူႏိုင္ဖို႔အတြက္ လမ္းစပြင့္လာခဲ့ၿပီလို႔ ဆိုရမွာျဖစ္ၿပီး ကြင္းလယ္လူတစ္ဦးကလည္း အေလာတႀကီး မလိုေသးတဲ့အတြက္ ျဖစ္ႏိုင္ေျခ မ်ားလာခဲ့တာပါ။

ကစားသမားအေရာင္းတခ်ိဳ႕နဲ႔ ေပါင္းလိုက္ရင္ေတာ့ ဝန္ဘစ္ဆာကာေၾကာင့္ ေခြၽတာႏိုင္မယ့္ ေငြေၾကးက ထိပ္တန္းတိုက္စစ္မႉးတစ္ဦးအတြက္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကိုပဲေခၚေခၚ အလုပ္ျဖစ္လာႏိုင္ၿပီး တကယ္တမ္း အစီအစဥ္က ခိုင္မာမယ္ဆိုရင္ေတာ့ တိုက္စစ္မွာ ေၾကာင္ေပ်ာက္ေနတဲ့ ျပင္သစ္သား အန္တိုနီ မာစီယယ္လ္ကိုလည္း ေငြေဖာ္သြားဖို႔ ျဖစ္လာႏိုင္ပါတယ္။

ဒါေၾကာင့္ နည္းျပ ဆိုးလ္ရွားရဲ႕ ရာသီႀကိဳမွာ စမ္းသပ္သြားမယ့္ ဝန္ဘစ္ဆာကာရဲ႕ Center Back Plan ဟာ အသင္းအတြက္ ကစားသမား ေခၚယူေရး ခ်ိန္ခြင္လွ်ာကို ေျပာင္းလဲႏိုင္မယ့္ ေ႐ႊ႕ကြက္တစ္ခုလည္းျဖစ္ေနၿပီး ဖ်က္ထုတ္မႈေတြ ေကာင္းလြန္းတဲ့ ေနာက္ခံလူကို တိုက္စစ္ကစားဖို႔ ေမ့ပစ္ခိုင္းၿပီး ေက်ာက္ေဆာင္လို မာေက်ာတဲ့ ညာျခမ္းခံစစ္ကို ဗဟိုဆီ ပို႔ေဆာင္ရင္း ရွိၿပီးသား မက္ဂြိဳင္းယားတို႔အုပ္စုနဲ႔ အံဝင္ခြင္က်ျဖစ္မယ္ဆိုရင္ ယူႏိုက္တက္တို႔ရဲ႕ တိုက္စစ္ပစ္မွတ္ ကိန္းနဲ႔ ဟားလန္းတစ္ဦးကိုေတာ့ ရရွိႏိုင္ဖို႔ မေဝးေတာ့ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.