Bundesliga La Liga Premier League

ေျပာင္းေရႊ႕ေၾကးေလွ်ာ့ခ်လုိက္တဲ့ ဘရာဇီးလ္ကြင္းလယ္လူကို ခ်ဲလ္ဆီး အျမန္ဆုံးကမ္းလွမ္းသြားဖြယ္ရွိ

ၿပီးခဲ့တဲ့ ႏွစ္ေတြကေလာက္ ေျခစြမ္းမျပႏုိင္ေတာ့လို႔ ထိပ္တန္းအသင္းႀကီးေတြရဲ႕ သံသယေတြနဲ႔ ရင္ဆုိင္ခဲ့ရအၿပီးမွာ ေခၚယူစဥ္က ေပါင္ ၁၄၅ သန္းထက္ အလြန္နည္းပါးတဲ့ ေငြေၾကးနဲ႔ ျပန္လည္ေရာင္းခ်ေတာ့မယ့္ ဘာစီလိုနာကြင္းလယ္လူ ဖလိပီ ေကာ္တင္ဟိုအတြက္ ခ်ဲလ္ဆီးရဲ႕ အေျပာင္းအေရႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကာယာအေနနဲ႔ အျမန္ဆုံး ကမ္းလွမ္းသြားဖြယ္ရွိေနပါတယ္။

ေကာ္တင္ဟိုအေနနဲ႔ ဘာစီလိုနာအသင္းမွာ တစ္ရာသီသာ အခ်ိန္ျပည့္ကစားခဲ့ရၿပီး ဘယ္ေတာင္ပံမွာ ပြဲထြက္ကစားခဲ့ရေပမယ့္ အသင္းက လိုခ်င္တဲ့ ပုံစံကို မျပႏုိင္ခဲ့သလို အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီနဲ႔ ကစားေပါက္ထပ္ေနခဲ့တဲ့အတြက္ ေတာင္ပံကစားသမား အူစမာနီ ဒမ္ဘီလီဆီ ေနရာဆုံးရွဳံးခဲ့ရၿပီး ဘုိင္ယန္ျမဴးနစ္ဆီ အငွားနဲ႔ ထြက္ခဲ့ရေပမယ့္ ေျခစြမ္းကေတာ့ ကမာၻ႕အဆင့္လိုမ်ဳိးလည္း ရွိမေနခဲ့တာပါ။

ဒါေၾကာင့္ ဘာစီလိုနာအသင္းအေနနဲ႔ သူ႕အတြက္ မယုံႏုိင္တဲ့ ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္ ၅၃ သန္း ရရင္ လက္လႊတ္သြားမယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့ၿပီး ဝယ္ေဈးထက္ ေပါင္ ၉၂ သန္း အရွဳံးခံၿပီး ေရာင္းခ်ဖို႔ ရွိေနခ်ိန္မွာ ခ်ဲလ္ဆီးအေနနဲ႔ မန္ယူ၊ စပါးစ္နဲ႔ လက္စတာတို႔ထက္ လက္ဦးမွ ရယူႏုိင္ဖို႔ လုပ္ေဆာင္ေနတာလည္းျဖစ္ပါတယ္။

နည္းျပ ဖရန္႔ လမ္းပတ္အေနနဲ႔ တုိက္စစ္ပုိင္းမွာ ဝါရင့္ကစားသမားေတြျဖစ္တဲ့ ဝီလီယန္နဲ႔ ပက္ဒ႐ိုတုိ႔ကို ဆုံးရွဳံးရေတာ့မယ့္အခ်ိန္မွာ ေကာ္တင္ဟိုကိုေတာ့ အသည္းအသန္ စိတ္ဝင္စားေနတယ္လုိ႔ သိရၿပီး ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ကီရာ ေဂ်ာ္ရက္ဘ္ခ်ီယန္နဲ႔လည္း ခ်ဲလ္ဆီးတာဝန္ရွိသူေတြက ဆက္သြယ္ထားခဲ့ၿပီလို႔ သတင္းေတြက ဆုိပါတယ္။

ဒီအသက္ ၂၇ ႏွစ္အရြယ္ ဘရာဇီးလ္ကြင္းလယ္လူရဲ႕ ပရိသတ္တစ္ေယာက္ျဖစ္တယ္လို႔ တစ္ခ်ိန္က လမ္းပတ္က ဝန္ခံထားခဲ့ဖူးၿပီး လက္ရွိ အခ်ိန္မွာေတာ့ သူ႕ရဲ႕ စိတ္ႀကဳိက္ကစားသမားကို ရရွိႏိုင္မယ့္အခ်ိန္မွာ ေငြေၾကးအလုံအေလာက္ရွိေနတဲ့ အသင္းကို အျမန္ဆုံး ေခၚယူေပးဖို႔ တုိက္တြန္းထားခဲ့ေၾကာင္းလည္း စပိန္အေျခစိုက္ စပုိ႔စ္သတင္းဌာနက ေဖာ္ျပသြားခဲ့တယ္လို႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ နှစ်တွေကလောက် ခြေစွမ်းမပြနိုင်တော့လို့ ထိပ်တန်းအသင်းကြီးတွေရဲ့ သံသယတွေနဲ့ ရင်ဆိုင်ခဲ့ရအပြီးမှာ ခေါ်ယူစဉ်က ပေါင် ၁၄၅ သန်းထက် အလွန်နည်းပါးတဲ့ ငွေကြေးနဲ့ ပြန်လည်ရောင်းချတော့မယ့် ဘာစီလိုနာကွင်းလယ်လူ ဖလိပီ ကော်တင်ဟိုအတွက် ချဲလ်ဆီးရဲ့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကာယာအနေနဲ့ အမြန်ဆုံး ကမ်းလှမ်းသွားဖွယ်ရှိနေပါတယ်။

ကော်တင်ဟိုအနေနဲ့ ဘာစီလိုနာအသင်းမှာ တစ်ရာသီသာ အချိန်ပြည့်ကစားခဲ့ရပြီး ဘယ်တောင်ပံမှာ ပွဲထွက်ကစားခဲ့ရပေမယ့် အသင်းက လိုချင်တဲ့ ပုံစံကို မပြနိုင်ခဲ့သလို အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနဲ့ ကစားပေါက်ထပ်နေခဲ့တဲ့အတွက် တောင်ပံကစားသမား အူစမာနီ ဒမ်ဘီလီဆီ နေရာဆုံးရှုံးခဲ့ရပြီး ဘိုင်ယန်မြူးနစ်ဆီ အငှားနဲ့ ထွက်ခဲ့ရပေမယ့် ခြေစွမ်းကတော့ ကမ္ဘာ့အဆင့်လိုမျိုးလည်း ရှိမနေခဲ့တာပါ။

ဒါကြောင့် ဘာစီလိုနာအသင်းအနေနဲ့ သူ့အတွက် မယုံနိုင်တဲ့ ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၅၃ သန်း ရရင် လက်လွှတ်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး ဝယ်ဈေးထက် ပေါင် ၉၂ သန်း အရှုံးခံပြီး ရောင်းချဖို့ ရှိနေချိန်မှာ ချဲလ်ဆီးအနေနဲ့ မန်ယူ၊ စပါးစ်နဲ့ လက်စတာတို့ထက် လက်ဦးမှ ရယူနိုင်ဖို့ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

နည်းပြ ဖရန့် လမ်းပတ်အနေနဲ့ တိုက်စစ်ပိုင်းမှာ ဝါရင့်ကစားသမားတွေဖြစ်တဲ့ ဝီလီယန်နဲ့ ပက်ဒရိုတို့ကို ဆုံးရှုံးရတော့မယ့်အချိန်မှာ ကော်တင်ဟိုကိုတော့ အသည်းအသန် စိတ်ဝင်စားနေတယ်လို့ သိရပြီး ကစားသမားရဲ့ အေးဂျင့်ဖြစ်တဲ့ ကီရာ ဂျော်ရက်ဘ်ချီယန်နဲ့လည်း ချဲလ်ဆီးတာဝန်ရှိသူတွေက ဆက်သွယ်ထားခဲ့ပြီလို့ သတင်းတွေက ဆိုပါတယ်။

ဒီအသက် ၂၇ နှစ်အရွယ် ဘရာဇီးလ်ကွင်းလယ်လူရဲ့ ပရိသတ်တစ်ယောက်ဖြစ်တယ်လို့ တစ်ချိန်က လမ်းပတ်က ဝန်ခံထားခဲ့ဖူးပြီး လက်ရှိ အချိန်မှာတော့ သူ့ရဲ့ စိတ်ကြိုက်ကစားသမားကို ရရှိနိုင်မယ့်အချိန်မှာ ငွေကြေးအလုံအလောက်ရှိနေတဲ့ အသင်းကို အမြန်ဆုံး ခေါ်ယူပေးဖို့ တိုက်တွန်းထားခဲ့ကြောင်းလည်း စပိန်အခြေစိုက် စပို့စ်သတင်းဌာနက ဖော်ပြသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.