Premier League Transfer News

7 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းရဲ့ ပေါ်တူဂီကွင်းလယ်လူ ရူဘင် နီဗက်စ်အနေနဲ့ မိုလီနူးကနေ ထွက်ခွာပြီး အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကစားလိုနေတယ်လို့ သူ့ရဲ့အသင်းဖော်တွေဆီ ထုတ်ဖော်သွားခဲ့ပြီး ၂၄ နှစ်သားအတွက် ပေါင် ၃၄ သန်းတန် အရောင်းအဝယ်ဖြစ်လာဖို့ နီးစပ်နေ။

– အာဆင်နယ်အသင်းအနေနဲ့ ခံစစ်ဗဟိုအတွက် အားဖြည့်ဖို့ ချန်ပီယံရှစ်ကလပ် စတုတ်စီးတီးအသင်းရဲ့နောက်ခံလူ နာသန် ကောလင်းစ်ကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပြီး သူတို့နဲ့ ယှဉ်ပြိုင်လုနေကျ လက်စတာစီးတီးဘက်က စိတ်ဝင်စားနေမှုကတော့ စိုးရိမ်စရာပြိုင်ပွဲဖြစ်နေ။

– အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သူတို့ရဲ့ အီမီလီယာနို ဘွင်ဒီယာကို ကမ်းလှမ်းခဲ့မှုကို ထုတ်ဖော်လိုက်ပြီး အက်စတန်ဗီလာအသင်းထက် မနိမ့်တဲ့ ပြောင်းရွှေ့ကြေး၊ လစာငွေနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက သူတို့ကို မရွေးခဲ့တာဖြစ်တယ်လို့ သိရ။

– ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီကို ယူရို ၁၀ သန်းဆိုတဲ့ အလကားနီးပါးဈေးနှုန်းနဲ့ ရောင်းချရမယ့် အခြေအနေကြောင့် အာဆင်နယ်အသင်းအနေနဲ့ အမြန်ဆုံး သက်တမ်းတိုးသွားနိုင်ဖို့ စီစဉ်နေပြီး စာချုပ်ပါ တစ်နှစ်သက်တမ်းတိုးခွင့်နဲ့ ချည်နှောင်သွားဖို့ ပြင်ဆင်နေ။

– ညာနောက်ခံလူတစ်နေရာအတွက် ဟက်တာ ဘယ်လာရင်ကို အစားထိုးဖို့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ဝါရင့်နောက်ခံလူ ကီရန် ထရစ်ပီယာကို အာဆင်နယ်တို့ မျက်စိကျနေပြီး ပြိုင်ဘက်ကြီး မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ခေါ်ယူသွားဖို့ ရှိနေပေမယ့် စပါးစ်ကစားသမားဟောင်းရဲ့ အင်္ဂလန်ပြန်ချင်စိတ် ရှိမရှိက အဆုံးအဖြတ်ပေးဖွယ်ရှိနေ။

– နော့ဝစ်ချ်ရဲ့ ဘွင်ဒီယာကို လုယူပြီး အာဆင်နယ်အသင်းပရိသတ်တွေကို စိတ်ပျက်စေခဲ့တဲ့ အက်စတန်ဗီလာအသင်းအနေနဲ့ နောက်ထပ် ဒေါသထွက်စရာ ကိစ္စတစ်ခုကို ယူဆောင်လာခဲ့ပြီး အသင်းနဲ့ စာချုပ်နှစ်နှစ်ကျန် လူငယ်ကွင်းလယ်လူ အီမီးလ် စမစ်ရိုးကို ခေါ်ယူဖို့ ကြိုးစားလာ။

– အာဆင်နယ်အသင်းအနေနဲ့ အိုင်းယက်စ်အသင်းရဲ့ ပွဲပယ်ပြစ်ဒဏ်ထိထားတဲ့ ဂိုးသမား အန်ဒရီ အိုနာနာကို ခေါ်ယူဖို့ ငွေကြေး အဆင်သင့် ပြင်ဆင်ထားပြီး သြဂုတ်လဆီ လျှော့ချပေးနိုင်တဲ့ အယူခံအောင်မြင်ခဲ့ရင် ပေါင် ၇ သန်းနဲ့ စတင်ကမ်းလှမ်းဖို့ ရှိနေ။

– ဥရောပအဆင့်ကို ဝင်ရောက်ကစားဖို့ ဘယ်ပြိုင်ပွဲကမှ အာမခံမပေးခဲ့တဲ့ အာဆင်နယ်အသင်းအနေနဲ့ ဆီဗီလာနောက်ခံလူ ဂျူးလ် ကွန်ဒီကို ခေါ်ယူဖို့ ခက်ခဲဖွယ်ရှိနေပြီး အသက် ၂၂ နှစ်အရွယ် ပြင်သစ်သားအနေနဲ့ ချန်ပီယံလိဂ်ကစားခွင့်ကို အလိုရှိနေသလို ပြောင်းရွှေ့ကြေး ပေါင် ၅၁ သန်းကလည်း အတားအဆီးဖြစ်ဖွယ်ရှိလာ။

– အာဆင်နယ်နောက်ခံလူဟောင်း ရှကိုဒရန် မူစတာဖီက သူ့ကို ပစ်ပစ်ခါခါလုပ်ခဲ့တဲ့ အသင်းအပေါ် အငြိုးအတေး လုံးဝမရှိကြောင်း ပရိသတ်တွေကို ပြောကြားလိုက်ပြီး အသင်းအနေနဲ့ ထူးချွန်ပြောင်မြောက်တဲ့ မီခယ်လ် အာတီတာလို နည်းပြကို ယုံကြည်မှုပေးပြီး လုပ်ငန်းစဉ်ကို ယုံကြည်ပေးဖို့ လိုအပ်ကြောင်း တိုက်တွန်း။

– နယူးကာဆယ်လ်ယူနိုက်တက်အသင်းအနေနဲ့ အာဆင်နယ်ရဲ့ ချီတုံချတုံဖြစ်နေမှုကို အခွင့်ကောင်းယူပြီး ပြီးခဲ့တဲ့ ရာသီဝက်မှာ ပြင်သစ် လီဂူးဝမ်းကလပ် နိစ်နဲ့ ခြေစွမ်းပြခဲ့တဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာကို အငှားနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဆက်သွယ်စုံစမ်းထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းရဲ႕ ေပၚတူဂီကြင္းလယ္လူ ႐ူဘင္ နီဗက္စ္အေနနဲ႔ မိုလီႏူးကေန ထြက္ခြာၿပီး အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕ကစားလိုေနတယ္လို႔ သူ႔ရဲ႕အသင္းေဖာ္ေတြဆီ ထုတ္ေဖာ္သြားခဲ့ၿပီး ၂၄ ႏွစ္သားအတြက္ ေပါင္ ၃၄ သန္းတန္ အေရာင္းအဝယ္ျဖစ္လာဖို႔ နီးစပ္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ ခံစစ္ဗဟိုအတြက္ အားျဖည့္ဖို႔ ခ်န္ပီယံရွစ္ကလပ္ စတုတ္စီးတီးအသင္းရဲ႕ေနာက္ခံလူ နာသန္ ေကာလင္းစ္ကို ေပါင္ ၁၅ သန္းနဲ႔ ေခၚယူဖို႔ ျပင္ဆင္ေနၿပီး သူတို႔နဲ႔ ယွဥ္ၿပိဳင္လုေနက် လက္စတာစီးတီးဘက္က စိတ္ဝင္စားေနမႈကေတာ့ စိုးရိမ္စရာၿပိဳင္ပြဲျဖစ္ေန။

– အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူးနဲ႔ နီးစပ္တဲ့ အသိုင္းအဝိုင္းက သူတို႔ရဲ႕ အီမီလီယာႏို ဘြင္ဒီယာကို ကမ္းလွမ္းခဲ့မႈကို ထုတ္ေဖာ္လိုက္ၿပီး အက္စတန္ဗီလာအသင္းထက္ မနိမ့္တဲ့ ေျပာင္းေ႐ႊ႕ေၾကး၊ လစာေငြနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ ကစားသမားက သူတို႔ကို မေ႐ြးခဲ့တာျဖစ္တယ္လို႔ သိရ။

– ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီကို ယူ႐ို ၁၀ သန္းဆိုတဲ့ အလကားနီးပါးေဈးႏႈန္းနဲ႔ ေရာင္းခ်ရမယ့္ အေျခအေနေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ အျမန္ဆုံး သက္တမ္းတိုးသြားႏိုင္ဖို႔ စီစဥ္ေနၿပီး စာခ်ဳပ္ပါ တစ္ႏွစ္သက္တမ္းတိုးခြင့္နဲ႔ ခ်ည္ေႏွာင္သြားဖို႔ ျပင္ဆင္ေန။

– ညာေနာက္ခံလူတစ္ေနရာအတြက္ ဟက္တာ ဘယ္လာရင္ကို အစားထိုးဖို႔ အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ ဝါရင့္ေနာက္ခံလူ ကီရန္ ထရစ္ပီယာကို အာဆင္နယ္တို႔ မ်က္စိက်ေနၿပီး ၿပိဳင္ဘက္ႀကီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ ယွဥ္ၿပိဳင္ေခၚယူသြားဖို႔ ရွိေနေပမယ့္ စပါးစ္ကစားသမားေဟာင္းရဲ႕ အဂၤလန္ျပန္ခ်င္စိတ္ ရွိမရွိက အဆုံးအျဖတ္ေပးဖြယ္ရွိေန။

– ေနာ့ဝစ္ခ်္ရဲ႕ ဘြင္ဒီယာကို လုယူၿပီး အာဆင္နယ္အသင္းပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့တဲ့ အက္စတန္ဗီလာအသင္းအေနနဲ႔ ေနာက္ထပ္ ေဒါသထြက္စရာ ကိစၥတစ္ခုကို ယူေဆာင္လာခဲ့ၿပီး အသင္းနဲ႔ စာခ်ဳပ္ႏွစ္ႏွစ္က်န္ လူငယ္ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးကို ေခၚယူဖို႔ ႀကိဳးစားလာ။

– အာဆင္နယ္အသင္းအေနနဲ႔ အိုင္းယက္စ္အသင္းရဲ႕ ပြဲပယ္ျပစ္ဒဏ္ထိထားတဲ့ ဂိုးသမား အန္ဒရီ အိုနာနာကို ေခၚယူဖို႔ ေငြေၾကး အဆင္သင့္ ျပင္ဆင္ထားၿပီး ၾသဂုတ္လဆီ ေလွ်ာ့ခ်ေပးႏိုင္တဲ့ အယူခံေအာင္ျမင္ခဲ့ရင္ ေပါင္ ၇ သန္းနဲ႔ စတင္ကမ္းလွမ္းဖို႔ ရွိေန။

– ဥေရာပအဆင့္ကို ဝင္ေရာက္ကစားဖို႔ ဘယ္ၿပိဳင္ပြဲကမွ အာမခံမေပးခဲ့တဲ့ အာဆင္နယ္အသင္းအေနနဲ႔ ဆီဗီလာေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီကို ေခၚယူဖို႔ ခက္ခဲဖြယ္ရွိေနၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ ျပင္သစ္သားအေနနဲ႔ ခ်န္ပီယံလိဂ္ကစားခြင့္ကို အလိုရွိေနသလို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅၁ သန္းကလည္း အတားအဆီးျဖစ္ဖြယ္ရွိလာ။

– အာဆင္နယ္ေနာက္ခံလူေဟာင္း ရွကိုဒရန္ မူစတာဖီက သူ႔ကို ပစ္ပစ္ခါခါလုပ္ခဲ့တဲ့ အသင္းအေပၚ အၿငိဳးအေတး လုံးဝမရွိေၾကာင္း ပရိသတ္ေတြကို ေျပာၾကားလိုက္ၿပီး အသင္းအေနနဲ႔ ထူးခြၽန္ေျပာင္ေျမာက္တဲ့ မီခယ္လ္ အာတီတာလို နည္းျပကို ယုံၾကည္မႈေပးၿပီး လုပ္ငန္းစဥ္ကို ယုံၾကည္ေပးဖို႔ လိုအပ္ေၾကာင္း တိုက္တြန္း။

– နယူးကာဆယ္လ္ယူႏိုက္တက္အသင္းအေနနဲ႔ အာဆင္နယ္ရဲ႕ ခ်ီတုံခ်တုံျဖစ္ေနမႈကို အခြင့္ေကာင္းယူၿပီး ၿပီးခဲ့တဲ့ ရာသီဝက္မွာ ျပင္သစ္ လီဂူးဝမ္းကလပ္ နိစ္နဲ႔ ေျခစြမ္းျပခဲ့တဲ့ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာကို အငွားနဲ႔ ေခၚယူဖို႔ ျပင္ဆင္ေနၿပီး ဆက္သြယ္စုံစမ္းထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.