Premier League Transfer News

ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဆန်ချိုကို ခေါ်ယူသွားမယ့် မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုနွေရာသီစျေးကွက်မှာ အကြီးအကျယ်ချိတ်ဆက်နေတာက ဒေါ့မန်တောင်ပံတိုက်စစ်မှူးဂျေဒွန် ဆန်ချိုဖြစ်ပြီး သူ့ကို ခေါ်ယူနိုင်ခဲ့ရင်တော့ မန်ချက်စတာမြို့မှာ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်နဲ့ ဆန်ချိုဆိုတဲ့ အင်္ဂလန် Trio အတွဲအဖက်ကို အသင်းတိုက်စစ်အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဒီအချိန်မှာတော့ အင်္ဂလန်ကလာတဲ့သတင်းတွေအရ ယူနိုက်တက်အနေနဲ့ ၂၀၁၆ မှာ ပေါ့ဘာကို ဝယ်ယူခဲ့တဲ့ပုံစံအတိုင်း ဆန်ချိုကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှ ဒေါ့မန်အသင်းဘက်က သူ့ကို လက်လွှတ်သွားမယ်လို့ သိရပြီး ပေါင် ၈၉ သန်းအောက်မနည်းတဲ့ ငွေထုပ်ကို တောင်းဆိုထားတာပါ။

​ပြီးခဲ့တဲ့ရာသီမှာတော့ အင်္ဂလန်သားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုတွေ ရယူနိုင်ခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေ အမျှော်လင့်ကြီးမျှော်လင့်ထားချိန်မှာ ဒေါ့မန်ရဲ့ တောင်းဆိုမှုဖြစ်တဲ့ ပေါင် ၁၀၈ သန်းအထိ ယူနိုက်တက်က ဆွဲမတင်နိုင်ခဲ့လို့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရတာဖြစ်သလို စိတ်ပျက်စေခဲ့တဲ့ အခြေအနေလည်းဖြစ်တယ်။

လက်ရှိမှာတော့ ဒေါ့မန်အသင်းက ကိုဗစ်ကာလဆိုးကြောင်း ထိခိုက်လာတဲ့ ဘဏ္ဍာရေးပြဿနာအရ ဆန်ချိုကို အမြန်ဆုံးရောင်းထုတ်သွားလိုပြီး ငွေဖော်လိုနေတာကြောင့် စျေးမမာနိုင်တော့ဘဲ အလျှော့အတင်းပြုလုပ်လာဖွယ်ရှိနေချိန်မှာ သူက ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ နံပါတ် ၁ ပစ်မှတ်ဖြစ်နေခြင်းက သရဲနီတို့ရဲ့ခြေလှမ်းတွေ ဘယ်လောက်သွက်နိုင်မလဲ စောင့်ကြည့်သွားရမှာပါ။

မားကပ်စ် ရက်ရှ်ဖို့ဒ်ကို လေးစားပြီး တသင်းတည်းမှာ အတူတွဲကစားလိုနေတဲ့ ဆန်ချိုရဲ့ဆန္ဒဟာ ဆိုးလ်ရှားရဲ့အိပ်မက်ဖြစ်တဲ့ ညာတောင်ပံတိုက်စစ်မှာ ကမ္ဘာ့အဆင့်မီကစားသမားကို မဖြစ်မနေခေါ်ယူရေးဆိုတဲ့ ဆုံးဖြတ်ချက်မှာ ကာဗာနီ၊ ရက်ရှ်ဖို့ဒ်၊ မာစီယယ်လ်နဲ့ ဂရင်းဝုဒ်တို့ ပွဲတိုင်းဂိုးမြူးလာဖို့အရေးမှာ ဆန်ချိုက အဓိကလိုအပ်ချက်အဖြစ် သတ်မှတ်ခံထားရကြောင်းလည်း သိရပါတယ်။

ဒါကြောင့် ယူနိုက်တက်ပရိသတ်တွေနဲ့ ဆန္ဒပြမှုတွေနဲ့ တရစပ်ကြုံနေရတဲ့ ဂလေဇာတို့အုပ်စုအနေနဲ့ ဒေါ့မန်အသင်းနဲ့ စကားပြောဆိုမှုတွေကို ရှောရှောရှုရှုဖြစ်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပြီး ဒီအခြေအနေမှာ လက်ရှိဗြိတိန်ပြောင်းရွှေ့ကြေးစံချိန်ရှင်ဖြစ်တဲ့ ပေါ့ဘာကို ပေးခဲ့တဲ့တန်ဖိုးအတိုင်း ဆန်ချိိုကို တန်ဖိုးထားနိုင်မလားလို့ ဒေါ့မန်အသင်းဘက်က အညှာကို ကိုင်လှှုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ မက်ဂွိုင်းယားနဲ့ တွဲဖက်ပေးဖို့ ဗာရန်းလို ဗဟိုခံစစ်မှူးတဦးကိုပါ အသည်းအသန်လိုအပ်နေချိန်မှာ လာမယ့်ရာသီသစ်အတွက် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးဖို့ ဒေါ့မန်အသင်းရဲ့ တောင်းဆိုမှုကို လိုက်လျောဖို့ ရှိနေသလို ဆန်ချိုအတွက် အနာဂတ်ခံစားခွင့်တွေနဲ့ ‌ညှိနှိုင်းသွားဖို့ရှိပြီး ပရိသတ်တွေ လိုအပ်နေတဲ့ ကွက်လပ်တွေကို ကမ္ဘာ့အဆင့် ကစားသမားသစ်တွေနဲ့ ဖြည့်တင်းသွားဖို့ ရာခိုင်နှုန်းများနေကြောင်း သတင်းကောင်းအဖြစ် တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အခုေႏြရာသီေစ်းကြက္မွာ အႀကီးအက်ယ္ခ်ိတ္ဆက္ေနတာက ေဒါ့မန္ေတာင္ပံတိုက္စစ္မႉးေဂ်ဒြန္ ဆန္ခ်ိဳျဖစ္ၿပီး သူ႔ကို ေခၚယူႏိုင္ခဲ့ရင္ေတာ့ မန္ခ်က္စတာၿမိဳ႕မွာ ရက္ရွ္ဖို႔ဒ္၊ ဂရင္းဝုဒ္နဲ႔ ဆန္ခ်ိဳဆိုတဲ့ အဂၤလန္ Trio အတြဲအဖက္ကို အသင္းတိုက္စစ္အတြက္ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

ဒီအခ်ိန္မွာေတာ့ အဂၤလန္ကလာတဲ့သတင္းေတြအရ ယူႏိုက္တက္အေနနဲ႔ ၂၀၁၆ မွာ ေပါ့ဘာကို ဝယ္ယူခဲ့တဲ့ပုံစံအတိုင္း ဆန္ခ်ိဳကို ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္မွ ေဒါ့မန္အသင္းဘက္က သူ႔ကို လက္လႊတ္သြားမယ္လို႔ သိရၿပီး ေပါင္ ၈၉ သန္းေအာက္မနည္းတဲ့ ေငြထုပ္ကို ေတာင္းဆိုထားတာပါ။

​ၿပီးခဲ့တဲ့ရာသီမွာေတာ့ အဂၤလန္သားနဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈေတြ ရယူႏိုင္ခဲ့ၿပီး ယူႏိုက္တက္ပရိသတ္ေတြ အေမွ်ာ္လင့္ႀကီးေမွ်ာ္လင့္ထားခ်ိန္မွာ ေဒါ့မန္ရဲ႕ ေတာင္းဆိုမႈျဖစ္တဲ့ ေပါင္ ၁၀၈ သန္းအထိ ယူႏိုက္တက္က ဆြဲမတင္ႏိုင္ခဲ့လို႔ အေျပာင္းအေ႐ႊ႕ပ်က္ျပယ္ခဲ့ရတာျဖစ္သလို စိတ္ပ်က္ေစခဲ့တဲ့ အေျခအေနလည္းျဖစ္တယ္။

လက္ရွိမွာေတာ့ ေဒါ့မန္အသင္းက ကိုဗစ္ကာလဆိုးေၾကာင္း ထိခိုက္လာတဲ့ ဘ႑ာေရးျပႆနာအရ ဆန္ခ်ိဳကို အျမန္ဆုံးေရာင္းထုတ္သြားလိုၿပီး ေငြေဖာ္လိုေနတာေၾကာင့္ ေစ်းမမာႏိုင္ေတာ့ဘဲ အေလွ်ာ့အတင္းျပဳလုပ္လာဖြယ္ရွိေနခ်ိန္မွာ သူက ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားရဲ႕ နံပါတ္ ၁ ပစ္မွတ္ျဖစ္ေနျခင္းက သရဲနီတို႔ရဲ႕ေျခလွမ္းေတြ ဘယ္ေလာက္သြက္ႏိုင္မလဲ ေစာင့္ၾကည့္သြားရမွာပါ။

မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို ေလးစားၿပီး တသင္းတည္းမွာ အတူတြဲကစားလိုေနတဲ့ ဆန္ခ်ိဳရဲ႕ဆႏၵဟာ ဆိုးလ္ရွားရဲ႕အိပ္မက္ျဖစ္တဲ့ ညာေတာင္ပံတိုက္စစ္မွာ ကမာၻ႔အဆင့္မီကစားသမားကို မျဖစ္မေနေခၚယူေရးဆိုတဲ့ ဆုံးျဖတ္ခ်က္မွာ ကာဗာနီ၊ ရက္ရွ္ဖို႔ဒ္၊ မာစီယယ္လ္နဲ႔ ဂရင္းဝုဒ္တို႔ ပြဲတိုင္းဂိုးျမဴးလာဖို႔အေရးမွာ ဆန္ခ်ိဳက အဓိကလိုအပ္ခ်က္အျဖစ္ သတ္မွတ္ခံထားရေၾကာင္းလည္း သိရပါတယ္။

ဒါေၾကာင့္ ယူႏိုက္တက္ပရိသတ္ေတြနဲ႔ ဆႏၵျပမႈေတြနဲ႔ တရစပ္ႀကဳံေနရတဲ့ ဂေလဇာတို႔အုပ္စုအေနနဲ႔ ေဒါ့မန္အသင္းနဲ႔ စကားေျပာဆိုမႈေတြကို ေရွာေရွာရႈရႈျဖစ္ဖို႔ ရည္႐ြယ္ထားတယ္လို႔ သိရၿပီး ဒီအေျခအေနမွာ လက္ရွိၿဗိတိန္ေျပာင္းေ႐ႊ႕ေၾကးစံခ်ိန္ရွင္ျဖစ္တဲ့ ေပါ့ဘာကို ေပးခဲ့တဲ့တန္ဖိုးအတိုင္း ဆန္ခ်ိိုကို တန္ဖိုးထားႏိုင္မလားလို႔ ေဒါ့မန္အသင္းဘက္က အညႇာကို ကိုင္လွႈပ္ခဲ့တာလည္းျဖစ္ပါတယ္။

ယူႏိုက္တက္အေနနဲ႔ မက္ဂြိဳင္းယားနဲ႔ တြဲဖက္ေပးဖို႔ ဗာရန္းလို ဗဟိုခံစစ္မႉးတဦးကိုပါ အသည္းအသန္လိုအပ္ေနခ်ိန္မွာ လာမယ့္ရာသီသစ္အတြက္ ပရီးမီးယားလိဂ္ဖလားကို ဆြတ္ခူးဖို႔ ေဒါ့မန္အသင္းရဲ႕ ေတာင္းဆိုမႈကို လိုက္ေလ်ာဖို႔ ရွိေနသလို ဆန္ခ်ိဳအတြက္ အနာဂတ္ခံစားခြင့္ေတြနဲ႔ ‌ညႇိႏႈိင္းသြားဖို႔ရွိၿပီး ပရိသတ္ေတြ လိုအပ္ေနတဲ့ ကြက္လပ္ေတြကို ကမာၻ႔အဆင့္ ကစားသမားသစ္ေတြနဲ႔ ျဖည့္တင္းသြားဖို႔ ရာခိုင္ႏႈန္းမ်ားေနေၾကာင္း သတင္းေကာင္းအျဖစ္ တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.