Premier League

ဟာဗတ်ဇ်နဲ့ကွန်တေတို့ရဲ့ အနာဂတ်ကို အာဆင်ဝင်းဂါး ဘယ်လိုလောင်းကြေးထပ်လိုက်လဲ

အာဆင်နယ်နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးဟာ ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်ချန်ပီယံဖြစ်လာဖို့ အဓိကကူညီအားထုတ်ပေးသွားခဲ့ကြတဲ့ တိုက်စစ်ကစားသမား ခိုင်ဟာဗတ်ဇ်နဲ့ ကွင်းလယ်လူ အန်ဂိုလို ကွန်တေတို့နှစ်ဦးကို ဝေဝေဆာဆာ ချီးကျူးသွားခဲ့ပြီး သူတို့ကို ဘယ်လောက်ထိအထင်ကြီးမိနေလဲဆိုတာကို ထုတ်ပြောသွားခဲ့ပါတယ်။

ခိုင်ဟာဗတ်ဇ်ဟာ ချန်ပီယံလိဂ်ဖိုင်နယ်ညမှာရေပန်းအစားဆုံးအသင်းဖြစ်နေတဲ့ မန်စီးတီးကို အလဲထိုးခဲ့တဲ့ တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပြီး ဒီရာသီတလျှောက် သူ့ရဲ့ ခြေစွမ်းမတည်ငြိမ်မှုတို့ကို မာန်မဲခဲ့တဲ့ ပရိသတ်တွေကို အစာကြေစေတာထက်ပိုအောင် ကျေနပ်အားရသွားစေခဲ့တာ ဖြစ်ပါတယ်။

“သူက ချယ်လ်ဆီးအသင်းရဲ့ မပါမဖြစ်ကစားသမားဖြစ်လာတော့မယ်။ ရာသီအစမှာ သူ့ကစားပုံက စိတ်ပျက်စရာကြီးလို့ ပြောချင်စရာလည်းဖြစ်ခဲ့တယ်။ အခုတော့ သူအထိုင်ကျသွားပုံကိုကြည့်ရင်း ကျွန်တော်ကြွေနေတယ်။ အရန်ခုံမှာ ထိုင်နေရတဲ့ဘဝကနေ သူရဲကောင်းဖြစ်လာခဲ့ပါပြီ”

“သူရင်ဆိုင်ရတဲ့ ဒုက္ခတွေကို အချိန်ယူကျော်ဖြတ်ခဲ့ပုံက သိပ်အံ့သြစရာကောင်းနေတယ်။ ပရီးမီးယားလိဂ်က သူ့အတွက် ခက်ခဲမယ်မှန်း မထင်ထားမိခဲ့ဘူး။ အခုတော့ သူက ချယ်လ်ဆီးရဲ့ အနာဂတ်မှာ အလှပဆုံးကစားသမားဖြစ်လာဖို့ ရှိနေတယ်ဆိုတာ ကျွန်တော်ကတော့ လောင်ကြေးတောင် ထပ်လိုက်ချင်သေးတယ်”လို့ ဝင်းဂါးက ခိုင်ဟာဗတ်ဇ်ရဲ့ အလားအလာကောင်းတွေကို အထင်တကြီး အမွှမ်းတင်သွားခဲ့တယ်။

ဒါ့အပြင် ချယ်လ်ဆီးအသင်းအတွက် ကွင်းလယ်ခံစစ်ပိုင်းမှာ ဒီရာသီရဲ့ ပေးဂိုးမရှိ Clean Sheet ပွဲစဥ်တွေကို ရယူရာမှာ သေ​သေသပ်သပ် ကျစ်ကျစ်လစ်နဲ့ ကစားပြီး တူဟယ်လ်ရဲ့ ဘောလုံးအမြန်လု၊ အမြန်ဖျက်တဲ့ ပြင်းထန်တဲ့ Pressing ကစားဟန်မှာ အဓိကအားကိုးနေရတဲ့ ကွန်တေဟာ ကမ္ဘာ့အကောင်းဆုံး စွယ်စုံရကွင်းလယ်လူဖြစ်လာခဲ့ပြီလို့လည်း ဝင်းဂါးက ချီးကျူးသွားခဲ့သေးတာဖြစ်ပါတယ်။

“ကွန်တေက ကွင်းထဲမှာ နောက်တဆင့်မြင့်တဲ့ ကစားသမားဖြစ်သွားပြီ။ သူက ဘောလုံးကို ကောင်းကောင်းဖြတ်လုနိုင်တယ်။ ပြစ်ဒဏ်ဘော တချက်တောင်မဖြစ်ဘဲ ဘောလုံးကို သူ့ဆီ ပြန်ပါလာအောင် လုပ်နိုင်တယ်။ ဒါက ဆုံးဖြတ်ချက်ပိုင်နိုင်မှ တိကျပြတ်သားစွာလုပ်နိုင်တာမျိုးဖြစ်တယ်။ သူက တကယ့်အတုမရှိတဲ့ ဘောလုံးလုယူသူပဲဗျာ။”

“အခုတော့ သူပိုစွမ်းလာတာက ဘောလုံးနဲ့အတူ ဆွဲတက်သွားပြီး ပြိုင်ဘက်ဧရိယာထဲကို ချက်ကောင်းထိတဲ့ ပေးပို့မှုတွေ ပြုလုပ်လာပြီ။ ဒါကြောင့် ကျွန်တော်ကတော့ သူ့ကို လက်ရှိဥရောပရဲ့ အကောင်းဆုံး စွယ်စုံရကွင်းလယ်လူလို့ ကျိန်းသေပေါက်ပြောချင်ပါတယ်”လို့ ဝင်းဂါးက ဆိုသွားခဲ့ပါသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပေဟာင္းႀကီး အာဆင္ဝင္းဂါးဟာ ခ်ယ္လ္ဆီးအသင္းကို ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္လာဖို႔ အဓိကကူညီအားထုတ္ေပးသြားခဲ့ၾကတဲ့ တိုက္စစ္ကစားသမား ခိုင္ဟာဗတ္ဇ္နဲ႔ ကြင္းလယ္လူ အန္ဂိုလို ကြန္ေတတို႔ႏွစ္ဦးကို ေဝေဝဆာဆာ ခ်ီးက်ဴးသြားခဲ့ၿပီး သူတို႔ကို ဘယ္ေလာက္ထိအထင္ႀကီးမိေနလဲဆိုတာကို ထုတ္ေျပာသြားခဲ့ပါတယ္။

ခိုင္ဟာဗတ္ဇ္ဟာ ခ်န္ပီယံလိဂ္ဖိုင္နယ္ညမွာေရပန္းအစားဆုံးအသင္းျဖစ္ေနတဲ့ မန္စီးတီးကို အလဲထိုးခဲ့တဲ့ တလုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့သူျဖစ္ၿပီး ဒီရာသီတေလွ်ာက္ သူ႔ရဲ႕ ေျခစြမ္းမတည္ၿငိမ္မႈတို႔ကို မာန္မဲခဲ့တဲ့ ပရိသတ္ေတြကို အစာေၾကေစတာထက္ပိုေအာင္ ေက်နပ္အားရသြားေစခဲ့တာ ျဖစ္ပါတယ္။

“သူက ခ်ယ္လ္ဆီးအသင္းရဲ႕ မပါမျဖစ္ကစားသမားျဖစ္လာေတာ့မယ္။ ရာသီအစမွာ သူ႔ကစားပုံက စိတ္ပ်က္စရာႀကီးလို႔ ေျပာခ်င္စရာလည္းျဖစ္ခဲ့တယ္။ အခုေတာ့ သူအထိုင္က်သြားပုံကိုၾကည့္ရင္း ကြၽန္ေတာ္ေႂကြေနတယ္။ အရန္ခုံမွာ ထိုင္ေနရတဲ့ဘဝကေန သူရဲေကာင္းျဖစ္လာခဲ့ပါၿပီ”

“သူရင္ဆိုင္ရတဲ့ ဒုကၡေတြကို အခ်ိန္ယူေက်ာ္ျဖတ္ခဲ့ပုံက သိပ္အံ့ၾသစရာေကာင္းေနတယ္။ ပရီးမီးယားလိဂ္က သူ႔အတြက္ ခက္ခဲမယ္မွန္း မထင္ထားမိခဲ့ဘူး။ အခုေတာ့ သူက ခ်ယ္လ္ဆီးရဲ႕ အနာဂတ္မွာ အလွပဆုံးကစားသမားျဖစ္လာဖို႔ ရွိေနတယ္ဆိုတာ ကြၽန္ေတာ္ကေတာ့ ေလာင္ေၾကးေတာင္ ထပ္လိုက္ခ်င္ေသးတယ္”လို႔ ဝင္းဂါးက ခိုင္ဟာဗတ္ဇ္ရဲ႕ အလားအလာေကာင္းေတြကို အထင္တႀကီး အမႊမ္းတင္သြားခဲ့တယ္။

ဒါ့အျပင္ ခ်ယ္လ္ဆီးအသင္းအတြက္ ကြင္းလယ္ခံစစ္ပိုင္းမွာ ဒီရာသီရဲ႕ ေပးဂိုးမရွိ Clean Sheet ပြဲစဥ္ေတြကို ရယူရာမွာ ေသ​ေသသပ္သပ္ က်စ္က်စ္လစ္နဲ႔ ကစားၿပီး တူဟယ္လ္ရဲ႕ ေဘာလုံးအျမန္လု၊ အျမန္ဖ်က္တဲ့ ျပင္းထန္တဲ့ Pressing ကစားဟန္မွာ အဓိကအားကိုးေနရတဲ့ ကြန္ေတဟာ ကမာၻ႔အေကာင္းဆုံး စြယ္စုံရကြင္းလယ္လူျဖစ္လာခဲ့ၿပီလို႔လည္း ဝင္းဂါးက ခ်ီးက်ဴးသြားခဲ့ေသးတာျဖစ္ပါတယ္။

“ကြန္ေတက ကြင္းထဲမွာ ေနာက္တဆင့္ျမင့္တဲ့ ကစားသမားျဖစ္သြားၿပီ။ သူက ေဘာလုံးကို ေကာင္းေကာင္းျဖတ္လုႏိုင္တယ္။ ျပစ္ဒဏ္ေဘာ တခ်က္ေတာင္မျဖစ္ဘဲ ေဘာလုံးကို သူ႔ဆီ ျပန္ပါလာေအာင္ လုပ္ႏိုင္တယ္။ ဒါက ဆုံးျဖတ္ခ်က္ပိုင္ႏိုင္မွ တိက်ျပတ္သားစြာလုပ္ႏိုင္တာမ်ိဳးျဖစ္တယ္။ သူက တကယ့္အတုမရွိတဲ့ ေဘာလုံးလုယူသူပဲဗ်ာ။”

“အခုေတာ့ သူပိုစြမ္းလာတာက ေဘာလုံးနဲ႔အတူ ဆြဲတက္သြားၿပီး ၿပိဳင္ဘက္ဧရိယာထဲကို ခ်က္ေကာင္းထိတဲ့ ေပးပို႔မႈေတြ ျပဳလုပ္လာၿပီ။ ဒါေၾကာင့္ ကြၽန္ေတာ္ကေတာ့ သူ႔ကို လက္ရွိဥေရာပရဲ႕ အေကာင္းဆုံး စြယ္စုံရကြင္းလယ္လူလို႔ က်ိန္းေသေပါက္ေျပာခ်င္ပါတယ္”လို႔ ဝင္းဂါးက ဆိုသြားခဲ့ပါေသးတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.