Premier League Serie A

ဂျူဗင်တပ်စ်လူငယ်ကြယ်ပွင့်နဲ့ ပေါ့ဘာကို လဲဖို့ စဉ်းစားနေတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ဆီကို ပေါ်တူဂီဖန်တီးရှင် ဘရူနို ဖာနန်ဒက်စ် ရောက်ရှိလာခဲ့ပြီးနောက်ပိုင်းမှာ မရှိမဖြစ်ကစားသမားတစ်ယောက် မဟုတ်တော့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ဂျူဗင်တပ်စ်နောက်ခံလူ မက်သစ် ဒီလစ်ခ်ျအတွက် အလိုက်ပေးပြီး ခေါ်ယူရာမှာ အသုံးချဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။


လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့မယ့် အသက် ၂၆ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူအတွက် ယူနိုက်တက်အနေနဲ့ ပြောင်းရွှေ့ကြေးကို အရင်လောက်သတ်မှတ်လို့တော့ မရတော့ချိန်မှာ ပေါင် ၈၉ သန်းနဲ့ ခေါ်ယူထားတဲ့သူကို ပေါင် ၆၇.၈ သန်းနဲ့ ဂျူဗင်တပ်စ်ဆီ ပြောင်းရွှေ့ထားပြီး တန်ဖိုးတက်နေတဲ့ ဒတ်ခ်ျနောက်ခံလူအတွက် အသုံးပြုသွားဖို့ ရှိနေတာပါ။


လက်ရှိမှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ တွဲဖက်ကစားဖို့ ဆန္ဒရှိနေခဲ့တဲ့ ပေါ့ဘာကို လူငယ်ကြယ်ပွင့်နောက်ခံလူအတွက် အသုံးပြုခဲ့ရင် ဘရူနို ဖာနန်ဒက်စ်နဲ့ ကွင်းလယ်အတွဲအဖက်ကို မြင်ရဖို့ မရှိနိုင်တော့ဘဲ ဒါကို မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက်တော့ ဒီလစ်ခ်ျရဲ့ ခြေစွမ်းနဲ့အတူ နှစ်သိမ့်ကျေနပ်နိုင်လိမ့်လို့ ယူဆရကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ဆီကို ပေါ်တူဂီဖန်တီးရှင် ဘရူနို ဖာနန်ဒက်စ် ရောက်ရှိလာခဲ့ပြီးနောက်ပိုင်းမှာ မရှိမဖြစ်ကစားသမားတစ်ယောက် မဟုတ်တော့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ဂျူဗင်တပ်စ်နောက်ခံလူ မက်သစ် ဒီလစ်ချ်အတွက် အလိုက်ပေးပြီး ခေါ်ယူရာမှာ အသုံးချဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ ပေါ့ဘာနဲ့ သူ့ရဲ့အေးဂျင့် မီနို ရိုင်ယိုလာတို့ကို သူတို့ သဘောကျတဲ့ ဂျူဗင်တပ်စ်အသင်းကို ပြန်လည်ပို့ဆောင်ဖို့ ကြံစည်နေတာလည်းဖြစ်ပြီး အသက် ၂၀ အရွယ်သာရှိသေးတဲ့ လူငယ်ကြယ်ပွင့်ကို ကစားသမားအလိုက်အပြင် ပေါင်သန်းဆယ်ဂဏန်းနဲ့ ခေါ်ယူသွားနိုင်ဖို့လည်း ရည်မှန်းချက်ထားနေပါတယ်။

လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့မယ့် အသက် ၂၆ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူအတွက် ယူနိုက်တက်အနေနဲ့ ပြောင်းရွှေ့ကြေးကို အရင်လောက်သတ်မှတ်လို့တော့ မရတော့ချိန်မှာ ပေါင် ၈၉ သန်းနဲ့ ခေါ်ယူထားတဲ့သူကို ပေါင် ၆၇.၈ သန်းနဲ့ ဂျူဗင်တပ်စ်ဆီ ပြောင်းရွှေ့ထားပြီး တန်ဖိုးတက်နေတဲ့ ဒတ်ချ်နောက်ခံလူအတွက် အသုံးပြုသွားဖို့ ရှိနေတာပါ။

သူ့ကို ခေါ်ယူစဉ်က ပြစ်ဒဏ်ကျခံရဖို့ နီးစပ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကနေ ၂၀၁၂ နွေရာသီမှာ ဂျူဗင်တပ်စ်ဆီကို ပြောင်းရွှေ့သွားခဲ့တဲ့ ပေါ့ဘာဟာ တူရင်မှာတော့ တကယ့်ကြယ်ပွင့်တစ်ပွင့်အဖြစ် တောက်ပလာခဲ့ပြီး ပြန်လည်ခေါ်ယူစဉ်မှာ ကျသင့်ခဲ့တဲ့ ငွေကြေးအတွက်တော့ ပြိုင်ဘက် အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုကိုလည်း ခံခဲ့ရပါတယ်။

လက်ရှိမှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ တွဲဖက်ကစားဖို့ ဆန္ဒရှိနေခဲ့တဲ့ ပေါ့ဘာကို လူငယ်ကြယ်ပွင့်နောက်ခံလူအတွက် အသုံးပြုခဲ့ရင် ဘရူနို ဖာနန်ဒက်စ်နဲ့ ကွင်းလယ်အတွဲအဖက်ကို မြင်ရဖို့ မရှိနိုင်တော့ဘဲ ဒါကို မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက်တော့ ဒီလစ်ချ်ရဲ့ ခြေစွမ်းနဲ့အတူ နှစ်သိမ့်ကျေနပ်နိုင်လိမ့်လို့ ယူဆရကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.