Premier League Transfer News

ကွင်းလယ်ကို အဆင့်မြှင့်တင်ဖို့ လီဗာပူးလ်တို့ ဘယ်သူတွေကို ချိတ်ဆက်လှုပ်ရှားနေပြီလဲ

လီဗာပူးလ်တို့ရဲ့ ကွင်းလယ်မှာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တုန်းက ဘာစီလိုနာနဲ့ Come Back ပွဲမှာ အကောင်းဆုံးကစားပြီး အကျိုးပြုခဲ့သလို နောက်ဆုံး ရာသီကုန်အထိ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ် ထွက်ခွာသွားမယ့်အချိန်မှာတော့ နည်းြပကြီး ယာဂန် ကလော့ပ်အတွက် သူအားအကိုးရဆုံး ကွင်းလယ်ပိုင်းကို ပြန်လည်ပြင်ဆင်ဖို့ရှိလာခဲ့ပြီး ဖော်ပြပါ ကစားသမားတွေကိုတော့ အဆင်သင့် ဝင်ရောက်အစားထိုးနိုင်သူတွေအြဖစ် ချိတ်ဆက်ကြိုးစားလာခဲ့ပါတယ်။

၅။ ရူဘင် နီဗက်စ်
ဝုလ်ဗာဟမ့်တန်အသင်းရဲ့ကွင်းလယ်လူဟာ ပရီးမီးယားလိဂ်ကနေ လီဗာပူးလ်ဝယ်ယူမယ့် ကစားသမားအဖြစ် တစ်ပြေးနေပြီး ၂၀၂၂ ခုနှစ်အစပိုင်းမှာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဝင်ကစားရမယ့် မိုဆာလားနဲ့ မာနေးတို့ကို ခေတ္တလက်လွှတ်ရဖွယ်ရှိနေတဲ့အရေးက တိုက်စစ်ကို ပိုလိုက်ပါနိုင်တဲ့ ရူဘင် နီဗက်စ်ကို ကလော့ပ်ပိုစိတ်ဝင်စားရတဲ့အချက်ဖြစ်တယ်။

သူက လီဗာပူးလ်ရဲ့ အမာခံပရိသတ်လည်းဖြစ်သလို ကလော့ပ်ရဲ့ လက်ထောက်နည်းပြ ပက်ပ် လိန်ဒါစ်က သူ့ကို ဝုလ်ဗ်စ်အသင်းမှာ ပျိုးထောင်ပေးခဲ့သူဖြစ်နေခြင်း၊ အသင်းဖော်ဟောင်း ဒီယိုဂို ဂျိုတာနဲ့ ပြန်တွဲကစားနိုင်ခြင်းတွေက ပေါင် ၃၅ သန်းတန်တဲ့ ဒီအပြောင်းအရွှေ့ကို အမြန်ဆုံးပြီးစီးစေနိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။

၄။ ပက်ဒရို ဂွန်ဆာလ်ဗက်စ်
ကော်တင်ညိုလက်သစ်အဖြစ် တင်စားခံထားရတဲ့ ကွင်းလယ်တိုက်စစ်မှူးဟာ စပို့တင်းအသင်းကို ပေါ်တူဂီချန်ပီယံဖြစ်တဲ့အထိ ခြေစွမ်းတောက်ပလွန်းနေတာက ၂၃ ဂိုးသွင်းပြီး ၃ ဂိုးဖန်တီးထားခြင်းမှာ ပရီးမီးယားလိဂ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ခြေရာကို နင်းမယ့် ပေါ်တူဂီသားအဖြစ် သတ်မှတ်ခံထားရာကနေ လီဗာပူးလ်က ဘယ်အသင်းမှ လက်မဦးနိုင်အောင် ခပ်သွက်သွက် လှုပ်ရှားနေတယ်လို့ သိရပါတယ်။

၃။ ဟူဆင်းမ် အောဝါ
အသက် ၂၂ နှစ်အရွယ် လိုင်ယွန်ကွင်းလယ်လူဟာ ကွင်းလယ်ပိုင်းသီးသန့်မဟုတ်ဘဲ နေရာစုံကစားနိုင်သူဖြစ်ပြီး တိုက်စစ်မှူးတွေရဲ့ တာဝန်ကိုပါ ခွဲယူနိုင်တာကို သတိထားမိခံခဲ့ရာကနေ လီဗာပူးလ်ရဲ့ စိတ်ကြိုက်စာရင်းထဲကို ဝင်လာခဲ့တယ်။

မန်စီးတီးကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဆီမီးတက်ခဲ့တဲ့ ၂၀၂၀ ပြိုင်ပွဲမှာ သူ့ရဲ့ တိုက်စစ်အားသာချက်ကို တွေ့ရသလို ခံစစ်ပိုင်းအားနည်းမှုလည်း ရှိနေချိန်မှာ လီဗာပူးလ်က တိုက်စစ်အားကို ယူဆောင်လိုတယ်ဆိုရင်တော့ အာဆင်နယ်အသင်းရဲ့ အားပြိုင်ရဖွယ်ရှိနေပြီး ပေါင်သန်း ၃၀ ကုန်ကျဖို့ ရှိနေပါတယ်။

၂။ နီကိုလို ဘာရယ်လာ
အီတလီသားရဲ့ တန်ကြေးကတော့ ပေါင်သန်း ၆၀ နီးပါးအထိ သတ်မှတ်ခံထားရပြီး လက်ရှိစီးရီးအေချန်ပီယံဖြစ်ခဲ့တဲ့ အင်တာမီလန်အသင်းရဲ့ ကွင်းလယ်မှာ အခရာကျခဲ့သလို ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ကလပ်ကလည်း သူ့ကို ထုတ်ရောင်းပြီး ငွေဖော်ဖို့ ပြင်ဆင်နေကြောငိး သိရတယ်။

ဒီအချိန်မှာ လီဗာပူးလ်အသင်းရဲ့ စိတ်ဝင်တစားကမ်းလှမ်းမှုက ရောက်ရှိလာခဲ့တာဖြစ်ပြီး နည်းစနစ်ပိုင်း ကြွယ်ဝလွန်းတဲ့ သူ့ကို နည်းပြကြီး ဖာဘီယို ကာပယ်လိုက ဥရောပရဲ့ ထိပ်တန်းကွင်းလယ်လူ ၃ ဦးထဲမှာ ရွေးချယ်းထားခဲ့ခြင်းမှာ အန်ဖီးလ်ခံတပ်မှာ ခေါ်ရကျိုးနပ်တဲ့ အပြောင်းအရွှေ့ ဖြစ်လာလိမ့်မယ်လို့ တိုက်တွန်းခံထားရပါတယ်။

၁။ ယူရီ တီးလီးမန်းစ်
လက်စတာရဲ့ ဒီရာသီ အဓိကကွင်းလယ်လူအဖြစ် အသုံးတော်ခံခဲ့တဲ့ တီးလီးမန်းစ်က ဗိုင်နယ်လ်ဒမ်နဲ့ ကစားပုံတထပ်တည်း တူညီနေတာဖြစ်ပြီး လီဗာပူးလ်ရဲ့ သဘောထားမှာ သူ့ကို ဝယ်ယူဖို့ ပိုပြီးအလေးသာနေခြင်းဟာ ကလော့ပ်ရဲ့ ဆန္ဒလည်းဖြစ်တယ်လို့ သိရှိထားရပါတယ်။

အကြောင်းကတော့ လက်စတာနဲ့ ပြီးခဲ့တဲ့ ၂ ရာသီမှာ ပရီးမီးယားလိဂ်တပွဲသာ လွဲချော်ခဲ့တာက ကြံ့ခိုင်မှုအပိုင်းနဲ့ သက်လုံမှာ ကလော့ပ်ရဲ့ နှစ်လိုမှုကို ခံနေရပြီး သူ့ကို ဗိုင်နယ်ဒမ်နေရာအတွက် တိုက်ရိုက်အစားထိုးဖို့ အသင့်တော်ဆုံးသူလို့ သတ်မှတ်ခံထားရချိန်မှာ တန်ကြေး ပေါင်သန်း ၇၀ ဝန်းကျင်ကတော့ ပြေးမလွတ်ဘူးလို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္တို႔ရဲ႕ ကြင္းလယ္မွာ ခ်န္ပီယံလိဂ္ဖလားကို ရယူႏိုင္ခဲ့တုန္းက ဘာစီလိုနာနဲ႔ Come Back ပြဲမွာ အေကာင္းဆုံးကစားၿပီး အက်ိဳးျပဳခဲ့သလို ေနာက္ဆုံး ရာသီကုန္အထိ အသင္းရဲ႕ အဓိက ကစားသမားတစ္ဦးျဖစ္ခဲ့တဲ့ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္ ထြက္ခြာသြားမယ့္အခ်ိန္မွာေတာ့ နည္းျပႀကီး ယာဂန္ ကေလာ့ပ္အတြက္ သူအားအကိုးရဆုံး ကြင္းလယ္ပိုင္းကို ျပန္လည္ျပင္ဆင္ဖို႔ရွိလာခဲ့ၿပီး ေဖာ္ျပပါ ကစားသမားေတြကိုေတာ့ အဆင္သင့္ ဝင္ေရာက္အစားထိုးႏိုင္သူေတြျအဖစ္ ခ်ိတ္ဆက္ႀကိဳးစားလာခဲ့ပါတယ္။

၅။ ႐ူဘင္ နီဗက္စ္
ဝုလ္ဗာဟမ့္တန္အသင္းရဲ႕ကြင္းလယ္လူဟာ ပရီးမီးယားလိဂ္ကေန လီဗာပူးလ္ဝယ္ယူမယ့္ ကစားသမားအျဖစ္ တစ္ေျပးေနၿပီး ၂၀၂၂ ခုႏွစ္အစပိုင္းမွာ အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲမွာ ဝင္ကစားရမယ့္ မိုဆာလားနဲ႔ မာေနးတို႔ကို ေခတၱလက္လႊတ္ရဖြယ္ရွိေနတဲ့အေရးက တိုက္စစ္ကို ပိုလိုက္ပါႏိုင္တဲ့ ႐ူဘင္ နီဗက္စ္ကို ကေလာ့ပ္ပိုစိတ္ဝင္စားရတဲ့အခ်က္ျဖစ္တယ္။

သူက လီဗာပူးလ္ရဲ႕ အမာခံပရိသတ္လည္းျဖစ္သလို ကေလာ့ပ္ရဲ႕ လက္ေထာက္နည္းျပ ပက္ပ္ လိန္ဒါစ္က သူ႔ကို ဝုလ္ဗ္စ္အသင္းမွာ ပ်ိဳးေထာင္ေပးခဲ့သူျဖစ္ေနျခင္း၊ အသင္းေဖာ္ေဟာင္း ဒီယိုဂို ဂ်ိဳတာနဲ႔ ျပန္တြဲကစားႏိုင္ျခင္းေတြက ေပါင္ ၃၅ သန္းတန္တဲ့ ဒီအေျပာင္းအေ႐ႊ႕ကို အျမန္ဆုံးၿပီးစီးေစႏိုင္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။

၄။ ပက္ဒ႐ို ဂြန္ဆာလ္ဗက္စ္
ေကာ္တင္ညိဳလက္သစ္အျဖစ္ တင္စားခံထားရတဲ့ ကြင္းလယ္တိုက္စစ္မႉးဟာ စပို႔တင္းအသင္းကို ေပၚတူဂီခ်န္ပီယံျဖစ္တဲ့အထိ ေျခစြမ္းေတာက္ပလြန္းေနတာက ၂၃ ဂိုးသြင္းၿပီး ၃ ဂိုးဖန္တီးထားျခင္းမွာ ပရီးမီးယားလိဂ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ေျခရာကို နင္းမယ့္ ေပၚတူဂီသားအျဖစ္ သတ္မွတ္ခံထားရာကေန လီဗာပူးလ္က ဘယ္အသင္းမွ လက္မဦးႏိုင္ေအာင္ ခပ္သြက္သြက္ လႈပ္ရွားေနတယ္လို႔ သိရပါတယ္။

၃။ ဟူဆင္းမ္ ေအာဝါ
အသက္ ၂၂ ႏွစ္အ႐ြယ္ လိုင္ယြန္ကြင္းလယ္လူဟာ ကြင္းလယ္ပိုင္းသီးသန္႔မဟုတ္ဘဲ ေနရာစုံကစားႏိုင္သူျဖစ္ၿပီး တိုက္စစ္မႉးေတြရဲ႕ တာဝန္ကိုပါ ခြဲယူႏိုင္တာကို သတိထားမိခံခဲ့ရာကေန လီဗာပူးလ္ရဲ႕ စိတ္ႀကိဳက္စာရင္းထဲကို ဝင္လာခဲ့တယ္။

မန္စီးတီးကို ေက်ာ္ျဖတ္ၿပီး ခ်န္ပီယံလိဂ္ဆီမီးတက္ခဲ့တဲ့ ၂၀၂၀ ၿပိဳင္ပြဲမွာ သူ႔ရဲ႕ တိုက္စစ္အားသာခ်က္ကို ေတြ႕ရသလို ခံစစ္ပိုင္းအားနည္းမႈလည္း ရွိေနခ်ိန္မွာ လီဗာပူးလ္က တိုက္စစ္အားကို ယူေဆာင္လိုတယ္ဆိုရင္ေတာ့ အာဆင္နယ္အသင္းရဲ႕ အားၿပိဳင္ရဖြယ္ရွိေနၿပီး ေပါင္သန္း ၃၀ ကုန္က်ဖို႔ ရွိေနပါတယ္။

၂။ နီကိုလို ဘာရယ္လာ
အီတလီသားရဲ႕ တန္ေၾကးကေတာ့ ေပါင္သန္း ၆၀ နီးပါးအထိ သတ္မွတ္ခံထားရၿပီး လက္ရွိစီးရီးေအခ်န္ပီယံျဖစ္ခဲ့တဲ့ အင္တာမီလန္အသင္းရဲ႕ ကြင္းလယ္မွာ အခရာက်ခဲ့သလို ဖာဘရီဇီယို ႐ိုမာႏိုရဲ႕ ေဖာ္ျပခ်က္အရ ကလပ္ကလည္း သူ႔ကို ထုတ္ေရာင္းၿပီး ေငြေဖာ္ဖို႔ ျပင္ဆင္ေနေၾကာငိး သိရတယ္။

ဒီအခ်ိန္မွာ လီဗာပူးလ္အသင္းရဲ႕ စိတ္ဝင္တစားကမ္းလွမ္းမႈက ေရာက္ရွိလာခဲ့တာျဖစ္ၿပီး နည္းစနစ္ပိုင္း ႂကြယ္ဝလြန္းတဲ့ သူ႔ကို နည္းျပႀကီး ဖာဘီယို ကာပယ္လိုက ဥေရာပရဲ႕ ထိပ္တန္းကြင္းလယ္လူ ၃ ဦးထဲမွာ ေ႐ြးခ်ယ္းထားခဲ့ျခင္းမွာ အန္ဖီးလ္ခံတပ္မွာ ေခၚရက်ိဳးနပ္တဲ့ အေျပာင္းအေ႐ႊ႕ ျဖစ္လာလိမ့္မယ္လို႔ တိုက္တြန္းခံထားရပါတယ္။

၁။ ယူရီ တီးလီးမန္းစ္
လက္စတာရဲ႕ ဒီရာသီ အဓိကကြင္းလယ္လူအျဖစ္ အသုံးေတာ္ခံခဲ့တဲ့ တီးလီးမန္းစ္က ဗိုင္နယ္လ္ဒမ္နဲ႔ ကစားပုံတထပ္တည္း တူညီေနတာျဖစ္ၿပီး လီဗာပူးလ္ရဲ႕ သေဘာထားမွာ သူ႔ကို ဝယ္ယူဖို႔ ပိုၿပီးအေလးသာေနျခင္းဟာ ကေလာ့ပ္ရဲ႕ ဆႏၵလည္းျဖစ္တယ္လို႔ သိရွိထားရပါတယ္။

အေၾကာင္းကေတာ့ လက္စတာနဲ႔ ၿပီးခဲ့တဲ့ ၂ ရာသီမွာ ပရီးမီးယားလိဂ္တပြဲသာ လြဲေခ်ာ္ခဲ့တာက ႀကံ့ခိုင္မႈအပိုင္းနဲ႔ သက္လုံမွာ ကေလာ့ပ္ရဲ႕ ႏွစ္လိုမႈကို ခံေနရၿပီး သူ႔ကို ဗိုင္နယ္ဒမ္ေနရာအတြက္ တိုက္႐ိုက္အစားထိုးဖို႔ အသင့္ေတာ္ဆုံးသူလို႔ သတ္မွတ္ခံထားရခ်ိန္မွာ တန္ေၾကး ေပါင္သန္း ၇၀ ဝန္းက်င္ကေတာ့ ေျပးမလြတ္ဘူးလို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.