Premier League

၅.၄.၂၀၂၀၊ ၁၃၈၁ ခုႏွစ္၊ တန္ခူးလဆန္း ၁၃ ရက္၊ တနဂၤေႏြေန႔။

၅.၄.၂၀၂၀၊ ၁၃၈၁ ခုႏွစ္၊ တန္ခူးလဆန္း ၁၃ ရက္၊ တနဂၤေႏြေန႔၊ သမားညဳိ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ည ၂၀:၂၄ အထိ တိထီ ၁၂ လုံး။ ေက်ာ္လွ်င္ ၁၃ လုံး။ ၁၂ လုံးတြင္ ေလာင္ကၽြမ္းယုဂ္၊ လႊသြားယုဂ္ႏွင့္ ယာဇ္မီးယုဂ္၊ ယေန႔အဖို႔ အဖ်က္သေဘာေဆာင္ေသာကိစၥမ်ား ပိုမိုအားေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ညေန ၁၅:၅၆ အထိ မာဃနကၡတ္၊ ေက်ာ္လွ်င္ ျပဳဗၺဖလဂုဏီနကၡတ္။ နံနက္ ၇:၅၆ အထိ သူလယုဂ္၊ နာက်င္ခံစားရျခင္း၊ ျငင္းခုံရျခင္း၊ ေဆြးေႏြးမွဳမ်ား၊ သေဘာတူညီမွဳမ်ား ျပဳလုပ္ျခင္းမ်ဳိး ေရွာင္ၾကဥ္ပါ။ ေနာက္တစ္ေန႔နံနက္ ၄:၀၅ အထိ ဂ႑ယုဂ္၊ အႏၲရာယ္၊ အတားအဆီး၊ အဖ်က္ႏွင့္ ႀကဳံမည္။ မိမိ၏ မေကာင္းေသာ ဝါသနာမ်ား၊ စြဲလမ္းမွဳမ်ားေၾကာင့္ အလုပ္ထိခိုက္တတ္၍ ဆႏၵကို သိကၡာျဖင့္ ထိန္းပါ။ ေက်ာ္လွ်င္ ဝုဒၶိယုဂ္၊ ဖြံ႕ၿဖဳိးႀကီးထြားျခင္း၊ ဉာဏ္ပညာကို အရင္းတည္၍ ေျပာဆုိလုပ္ကိုင္ ေဆာင္ရြက္ရသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၁၀:၀၁ အထိ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာ အမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။ ည ၂၀:၂၄ အထိ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသိုင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္အေရာင္။
ည ၂၀:၂၄ အထိ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။ ေက်ာ္လွ်င္ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မိုးျပာေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၅.၄.၂၀၂၀၊ ၁၃၈၁ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက်၊ တနင်္ဂနွေနေ့၊ သမားညို။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ည ၂၀:၂၄ အထိ တိထီ ၁၂ လုံး။ ကျော်လျှင် ၁၃ လုံး။ ၁၂ လုံးတွင် လောင်ကျွမ်းယုဂ်၊ လွှသွားယုဂ်နှင့် ယာဇ်မီးယုဂ်၊ ယနေ့အဖို့ အဖျက်သဘောဆောင်သောကိစ္စများ ပိုမိုအားကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ညနေ ၁၅:၅၆ အထိ မာဃနက္ခတ်၊ ကျော်လျှင် ပြုဗ္ဗဖလဂုဏီနက္ခတ်။ နံနက် ၇:၅၆ အထိ သူလယုဂ်၊ နာကျင်ခံစားရခြင်း၊ ငြင်းခုံရခြင်း၊ ဆွေးနွေးမှုများ၊ သဘောတူညီမှုများ ပြုလုပ်ခြင်းမျိုး ရှောင်ကြဉ်ပါ။ နောက်တစ်နေ့နံနက် ၄:၀၅ အထိ ဂဏ္ဍယုဂ်၊ အန္တရာယ်၊ အတားအဆီး၊ အဖျက်နှင့် ကြုံမည်။ မိမိ၏ မကောင်းသော ဝါသနာများ၊ စွဲလမ်းမှုများကြောင့် အလုပ်ထိခိုက်တတ်၍ ဆန္ဒကို သိက္ခာဖြင့် ထိန်းပါ။ ကျော်လျှင် ဝုဒ္ဓိယုဂ်၊ ဖွံ့ဖြိုးကြီးထွားခြင်း၊ ဉာဏ်ပညာကို အရင်းတည်၍ ပြောဆိုလုပ်ကိုင် ဆောင်ရွက်ရသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၁၀:၀၁ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာ အမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ ည ၂၀:၂၄ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်။
ည ၂၀:၂၄ အထိ မြောက်နှင့် အနောက်၊ အဝါရောင်။ ကျော်လျှင် အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)