International Ligue1

နေမာကို ဒိုက်ဗင်ဝင်ထိုးလိုက်တဲ့ အမာခံပရိသတ် ၂ ဦးကြောင့် ဒဏ်ရာစိုးရိမ်နေရပြီလား

ကွင်းထဲမှာ ဒိုက်ဗင်ပစ်လွန်းတယ်လို့ ဝေဖန်မှုတွေခံထားရဖူးတဲ့ ဘရာဇီးလ်တိုက်စစ်မှူးနေမာဟာ ပြီးခဲ့တဲ့ညမှာတော့ သူ့ရဲ့ အမာခံပရိသတ်နှစ်ဦးရဲ့ ဒိုင်ဗင်ဝင်ထိုးခြင်းကို ခံလိုက်ရပြီး ညာခြေထောက်ထိခိုက်သွားခဲ့တဲ့ ဖြစ်ရပ်က အတော်လေးလူပြောများနေတာပါ။

နေမာဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတချို့နဲ့ ကိုပါအမေရိကဖလား​ပြိုင်ပွဲအတွက် ဘရာဇီးလ်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေတာဖြစ်ပြီး ဘရာဇီးလ်အသင်းသားတွေဟာ အီကွေဒေါပွဲအတွက် ပြင်ဆင်ဖို့ အသင်းဘတ်စ်ကားပေါ်က ဆင်းလာပြီး ဟိုတယ်ထဲ လမ်းလျှောက် ဝင်ရောက်ချိန်မှာ အံ့ဖွယ်သရဲ ထိတ်လန့်မှုက နေမာဆီကို ရောက်ရှိလာခဲ့တယ်။

သူ့ကို အရူးအမူးစွဲလန်းတဲ့ အမာခံပရိသတ်နှစ်ဦးက နေမာဆီကို အသံကုန်ဟစ်ပြီး အားကုန်ပြေးဝင်လာကြရာမှာ သူ့အနားရောက်ချိန်မှာတော့ ချော်လဲကျသွားပြီး နေမာရဲ့ ခြေထောက်တွေကို အရှိန်နဲ့ လျှောထိုးဝင်ပြီး ဖျက်ထုတ်လိုက်သလို ဖြစ်ပျက်သွားခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါလူငယ်ပရိသတ် နှစ်ဦးထဲက နေမာရဲ့ ခြေထောက်တဖက်ကို မလွှတ်တမ်းဆွဲထားတဲ့ ပရိသတ်တ​ယောက်က နေမာစီးလာတဲ့ ရှုးဖိနပ်ကို ချွတ်ယူသွားနိုင်ခဲ့တယ်လို့ သိရပြီး လုံခြုံရေးတွေကတော့ အခုလို ရုန်းရင်းဆန်ခတ်ဖြစ်မှုကို အမြန်ဆုံးဝင်ဖြေရှင်းပေးခဲ့ရပါတယ်။

နေမာအနေနဲ့ သူ့ကို ချစ်လွန်းလို့ ဖြစ်သွားတဲ့ ပရိသတ်တွေ ၂ ဦးရဲ့ အခုအဖြစ်အပျက်ကို စိတ်ဆိုးခဲ့ခြင်း မရှိဘူးလို့ သိရပေမယ့် ထော့နဲ့ထော့နဲ့ဖြစ်သွားတဲ့ သူ့ရဲ့ခြေထောက်နဲ့ ပတ်သက်ပြီး အီကွေဒေါနဲ့ပွဲမှာ ကစားနိုင်ပါ့မလားဆိုတဲ့ သံသယတွေလည်း ရှိလာခဲ့တယ်။

ဘရာဇီးလ်နည်းပြတီတီဆီက အဖြေကို စောင့်ဆိုင်းနေဆဲအချိန်မှာ အသင်းအနေနဲ့ နေမာကို ၂၀၁၉ တုန်းက ကိုပါအမေရိကဖလားအတွက် လက်လွှတ်ခဲ့ရဖူးသလို ဘရာဇီးလ်မှာ လက်ခံကျင်းပမယ့် အခုတကြိမ်မှာလည်း သူ့ကို ဆုံးရှူံးရ​ပြန်ဦးမလားဆိုတဲ့ မချိတင်ကဲ တောက်ခေါက်သံတချို့ကလည်း အသင်းတွင်းမှာ ထွက်ပေါ်နေပြီး အဆိုပါပရိသတ်နှစ်ဦးကို မကျေမချမ်းဖြစ်နေတယ်လို့ သိထားရပါတယ်။

နေမာဟာ ဒီရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအပြီးမှာ ​ကြိုးစားပြီး လမ်းလျှောက်နိုင်ခဲ့တယ်လို့ သိရပြီး ထိခိုက်မှုကလည်း လူနှစ်ယောက်အားနဲ့ ဝိုင်းချိုးသလို ဖြစ်ခဲ့တာကြောင့် ပြင်းထန်ခဲ့တယ်လို့ တွေ့မြင်ခဲ့ရပြီး သူနဲ့ပတ်သက်ရင်တော့ ဒဏ်ရာထိုးနှက်မှုကြောင့် အဓိကပြိုင်ပွဲတွေကို လွဲချော်တတ်တဲ့ အစဥ်အလာဆိုးကြီး ထပ်မံမဖြစ်ပေါ်လာဖို့ ပရိသတ်တွေက ဝိုင်းဝန်းမျှော်လင့်နေကြပြီး ဆုတောင်းမှုတွေ ပို့သ​နေတယ်လို့ သိရှိထားရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကြင္းထဲမွာ ဒိုက္ဗင္ပစ္လြန္းတယ္လို႔ ေဝဖန္မႈေတြခံထားရဖူးတဲ့ ဘရာဇီးလ္တိုက္စစ္မႉးေနမာဟာ ၿပီးခဲ့တဲ့ညမွာေတာ့ သူ႔ရဲ႕ အမာခံပရိသတ္ႏွစ္ဦးရဲ႕ ဒိုင္ဗင္ဝင္ထိုးျခင္းကို ခံလိုက္ရၿပီး ညာေျခေထာက္ထိခိုက္သြားခဲ့တဲ့ ျဖစ္ရပ္က အေတာ္ေလးလူေျပာမ်ားေနတာပါ။

ေနမာဟာ ကမာၻ႔ဖလားေျခစစ္ပြဲတခ်ိဳ႕နဲ႔ ကိုပါအေမရိကဖလား​ၿပိဳင္ပြဲအတြက္ ဘရာဇီးလ္လက္ေ႐ြးစင္အသင္းနဲ႔ ပူးေပါင္းေနတာျဖစ္ၿပီး ဘရာဇီးလ္အသင္းသားေတြဟာ အီေကြေဒါပြဲအတြက္ ျပင္ဆင္ဖို႔ အသင္းဘတ္စ္ကားေပၚက ဆင္းလာၿပီး ဟိုတယ္ထဲ လမ္းေလွ်ာက္ ဝင္ေရာက္ခ်ိန္မွာ အံ့ဖြယ္သရဲ ထိတ္လန္႔မႈက ေနမာဆီကို ေရာက္ရွိလာခဲ့တယ္။

သူ႔ကို အ႐ူးအမူးစြဲလန္းတဲ့ အမာခံပရိသတ္ႏွစ္ဦးက ေနမာဆီကို အသံကုန္ဟစ္ၿပီး အားကုန္ေျပးဝင္လာၾကရာမွာ သူ႔အနားေရာက္ခ်ိန္မွာေတာ့ ေခ်ာ္လဲက်သြားၿပီး ေနမာရဲ႕ ေျခေထာက္ေတြကို အရွိန္နဲ႔ ေလွ်ာထိုးဝင္ၿပီး ဖ်က္ထုတ္လိုက္သလို ျဖစ္ပ်က္သြားခဲ့ပါတယ္။

ဒါ့အျပင္ အဆိုပါလူငယ္ပရိသတ္ ႏွစ္ဦးထဲက ေနမာရဲ႕ ေျခေထာက္တဖက္ကို မလႊတ္တမ္းဆြဲထားတဲ့ ပရိသတ္တ​ေယာက္က ေနမာစီးလာတဲ့ ရႈးဖိနပ္ကို ခြၽတ္ယူသြားႏိုင္ခဲ့တယ္လို႔ သိရၿပီး လုံၿခဳံေရးေတြကေတာ့ အခုလို ႐ုန္းရင္းဆန္ခတ္ျဖစ္မႈကို အျမန္ဆုံးဝင္ေျဖရွင္းေပးခဲ့ရပါတယ္။

ေနမာအေနနဲ႔ သူ႔ကို ခ်စ္လြန္းလို႔ ျဖစ္သြားတဲ့ ပရိသတ္ေတြ ၂ ဦးရဲ႕ အခုအျဖစ္အပ်က္ကို စိတ္ဆိုးခဲ့ျခင္း မရွိဘူးလို႔ သိရေပမယ့္ ေထာ့နဲ႔ေထာ့နဲ႔ျဖစ္သြားတဲ့ သူ႔ရဲ႕ေျခေထာက္နဲ႔ ပတ္သက္ၿပီး အီေကြေဒါနဲ႔ပြဲမွာ ကစားႏိုင္ပါ့မလားဆိုတဲ့ သံသယေတြလည္း ရွိလာခဲ့တယ္။

ဘရာဇီးလ္နည္းျပတီတီဆီက အေျဖကို ေစာင့္ဆိုင္းေနဆဲအခ်ိန္မွာ အသင္းအေနနဲ႔ ေနမာကို ၂၀၁၉ တုန္းက ကိုပါအေမရိကဖလားအတြက္ လက္လႊတ္ခဲ့ရဖူးသလို ဘရာဇီးလ္မွာ လက္ခံက်င္းပမယ့္ အခုတႀကိမ္မွာလည္း သူ႔ကို ဆုံးရႉံးရ​ျပန္ဦးမလားဆိုတဲ့ မခ်ိတင္ကဲ ေတာက္ေခါက္သံတခ်ိဳ႕ကလည္း အသင္းတြင္းမွာ ထြက္ေပၚေနၿပီး အဆိုပါပရိသတ္ႏွစ္ဦးကို မေက်မခ်မ္းျဖစ္ေနတယ္လို႔ သိထားရပါတယ္။

ေနမာဟာ ဒီ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားမႈအၿပီးမွာ ​ႀကိဳးစားၿပီး လမ္းေလွ်ာက္ႏိုင္ခဲ့တယ္လို႔ သိရၿပီး ထိခိုက္မႈကလည္း လူႏွစ္ေယာက္အားနဲ႔ ဝိုင္းခ်ိဳးသလို ျဖစ္ခဲ့တာေၾကာင့္ ျပင္းထန္ခဲ့တယ္လို႔ ေတြ႕ျမင္ခဲ့ရၿပီး သူနဲ႔ပတ္သက္ရင္ေတာ့ ဒဏ္ရာထိုးႏွက္မႈေၾကာင့္ အဓိကၿပိဳင္ပြဲေတြကို လြဲေခ်ာ္တတ္တဲ့ အစဥ္အလာဆိုးႀကီး ထပ္မံမျဖစ္ေပၚလာဖို႔ ပရိသတ္ေတြက ဝိုင္းဝန္းေမွ်ာ္လင့္ေနၾကၿပီး ဆုေတာင္းမႈေတြ ပို႔သ​ေနတယ္လို႔ သိရွိထားရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.