International La Liga

မက်ဆီအတွက် El Retorno လို့ အမည်ရတဲ့ ဖိနပ်ကို သီးသန့်ထုတ်လုပ်ပေးခဲ့တဲ့ အက်ဒီးဒတ်စ်

ဂျာမန်အားကစားပစ္စည်းကုမ္ပဏီ အက်ဒီးဒတ်စ်အနေနဲ့ သူ့ရဲ့ စပွန်ဆာပေးထားတဲ့ ကစားသမားတွေထဲက အကျော်ကြားဆုံး ဘောလုံးသမား လီယိုနယ် မက်ဆီအတွက် El Retorno လို့ စပိန်လို အမည်ပေးထားပြီး အင်္ဂလိပ်လိုတော့ Return လို့ အမည်ရတဲ့ ဖိနပ်တစ်ရပ်ကို အထူးစပယ်ရှယ်အဖြစ် ထုတ်လုပ်ပေးလိုက်ပါတယ်။

အက်ဒီးဒတ်စ်ရဲ့ ပုံမှန်ရောင်းချနေကျ ဘောလုံးကန်ဖိနပ်မော်ဒယ်ဖြစ်တဲ့ F30 ရဲ့ ပုံစံကို အခြေခံထားပြီး F50 ဖိနပ်ရဲ့ အရောင်တွေကို ကူးယူထားတဲ့ El Retorno ဟာ မက်တဲလစ် အနက်ရောင်နဲ့ လိမ္မော်ရောင်တွေကို ခြယ်သထားပြီး မော်ဒယ်နာမည်ကိုတော့ Adidas X Speedflow လို့ ခေါ်သလို ကွင်းထဲမှာ ပိုပြီး လျင်လျင်မြန်မြန် ပြေးလွှားနိုင်ဖို့ ရည်ရွယ်ပါတယ်။

မက်ဆီအတွက် အထူးထုတ်လုပ်ပေးခဲ့တဲ့ ဖိနပ်ကိုတော့ ဖိနပ်ရဲ့လျှာမှာ MESSI+10 တံဆိပ်ကို ရိုက်နှိပ်ထားပြီး ဖိနပ်ရဲ့ အတွင်းဘက်မှာတော့ အာဂျင်တီးနားအလံတွေကို ထည့်သွင်းထားသလို F50 စတိုင်ဖိနပ်ကတော့ ဂီတာဖေးနဲ့ပွဲမှာ အမှတ်တရဖြစ်စေခဲ့တဲ့ ဂိုးကို သွင်းယူတုန်းက အခိုက်အတန့် ကိုလည်း ပြန်လည်သတိရစေမှာပါ။

ဘလွန်ဒေါဆုကို ၆ ကြိမ် ရရှိထားခဲ့တဲ့ ဘာစီလိုနာဂန္ထဝင်ဟာ လာမယ့်ကိုပါအမေရိကပြိုင်ပွဲမှာ ဒီဖိနပ်ကို ဝတ်ဆင်ရင်း အာဂျင်တီးနားအသင်းအတွက် ကစားပေးမှာဖြစ်ပြီး ဇွန်လ ၁၄ ရက်နေ့မှာ ကစားရမယ့် ချီလီနဲ့ တောင်ပိုင်းဇုန် အုပ်စု(က) ပွဲစဉ်မှာ စတင်အသုံးပြုမှာလည်းဖြစ်ပါတယ်။

El Retorno… Return ဖိနပ်ဟာ မက်ဆီ ပြန်လာပြီလို့များ အဓိပ္ပါယ်ကို ဖော်ညွှန်းထားသလားလို့ တွေးဆစရာလည်းဖြစ်ပြီး နိုင်ငံအဆင့်မှာ အောင်မြင်မှုကြီးကြီးမားမား မရဖူးသေးတဲ့ အသင်းခေါင်းဆောင်တိုက်စစ်မှူးအတွက် လာမယ့် ၂၄ ရက်နေ့မှာ ပြည့်မြောက်မယ့် ၃၄ နှစ်မြောက် မွေးနေ့အမီ ထူးခြားကောင်းမွန်ခြင်းတွေကို ယူဆောင်ပေးနိုင်မလားဆိုတာကို မျှော်လင့်စောင့်စားနိုင်ကြဖို့ ဖော်ပြပေးလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ာမန္အားကစားပစၥည္းကုမၸဏီ အက္ဒီးဒတ္စ္အေနနဲ႔ သူ႔ရဲ႕ စပြန္ဆာေပးထားတဲ့ ကစားသမားေတြထဲက အေက်ာ္ၾကားဆုံး ေဘာလုံးသမား လီယိုနယ္ မက္ဆီအတြက္ El Retorno လို႔ စပိန္လို အမည္ေပးထားၿပီး အဂၤလိပ္လိုေတာ့ Return လို႔ အမည္ရတဲ့ ဖိနပ္တစ္ရပ္ကို အထူးစပယ္ရွယ္အျဖစ္ ထုတ္လုပ္ေပးလိုက္ပါတယ္။

အက္ဒီးဒတ္စ္ရဲ႕ ပုံမွန္ေရာင္းခ်ေနက် ေဘာလုံးကန္ဖိနပ္ေမာ္ဒယ္ျဖစ္တဲ့ F30 ရဲ႕ ပုံစံကို အေျခခံထားၿပီး F50 ဖိနပ္ရဲ႕ အေရာင္ေတြကို ကူးယူထားတဲ့ El Retorno ဟာ မက္တဲလစ္ အနက္ေရာင္နဲ႔ လိေမၼာ္ေရာင္ေတြကို ျခယ္သထားၿပီး ေမာ္ဒယ္နာမည္ကိုေတာ့ Adidas X Speedflow လို႔ ေခၚသလို ကြင္းထဲမွာ ပိုၿပီး လ်င္လ်င္ျမန္ျမန္ ေျပးလႊားႏိုင္ဖို႔ ရည္႐ြယ္ပါတယ္။

မက္ဆီအတြက္ အထူးထုတ္လုပ္ေပးခဲ့တဲ့ ဖိနပ္ကိုေတာ့ ဖိနပ္ရဲ႕လွ်ာမွာ MESSI+10 တံဆိပ္ကို ႐ိုက္ႏွိပ္ထားၿပီး ဖိနပ္ရဲ႕ အတြင္းဘက္မွာေတာ့ အာဂ်င္တီးနားအလံေတြကို ထည့္သြင္းထားသလို F50 စတိုင္ဖိနပ္ကေတာ့ ဂီတာေဖးနဲ႔ပြဲမွာ အမွတ္တရျဖစ္ေစခဲ့တဲ့ ဂိုးကို သြင္းယူတုန္းက အခိုက္အတန႔္ ကိုလည္း ျပန္လည္သတိရေစမွာပါ။

ဘလြန္ေဒါဆုကို ၆ ႀကိမ္ ရရွိထားခဲ့တဲ့ ဘာစီလိုနာဂႏၴဝင္ဟာ လာမယ့္ကိုပါအေမရိကၿပိဳင္ပြဲမွာ ဒီဖိနပ္ကို ဝတ္ဆင္ရင္း အာဂ်င္တီးနားအသင္းအတြက္ ကစားေပးမွာျဖစ္ၿပီး ဇြန္လ ၁၄ ရက္ေန႔မွာ ကစားရမယ့္ ခ်ီလီနဲ႔ ေတာင္ပိုင္းဇုန္ အုပ္စု(က) ပြဲစဥ္မွာ စတင္အသုံးျပဳမွာလည္းျဖစ္ပါတယ္။

El Retorno… Return ဖိနပ္ဟာ မက္ဆီ ျပန္လာၿပီလို႔မ်ား အဓိပၸါယ္ကို ေဖာ္ၫႊန္းထားသလားလို႔ ေတြးဆစရာလည္းျဖစ္ၿပီး ႏိုင္ငံအဆင့္မွာ ေအာင္ျမင္မႈႀကီးႀကီးမားမား မရဖူးေသးတဲ့ အသင္းေခါင္းေဆာင္တိုက္စစ္မႉးအတြက္ လာမယ့္ ၂၄ ရက္ေန႔မွာ ျပည့္ေျမာက္မယ့္ ၃၄ ႏွစ္ေျမာက္ ေမြးေန႔အမီ ထူးျခားေကာင္းမြန္ျခင္းေတြကို ယူေဆာင္ေပးႏိုင္မလားဆိုတာကို ေမွ်ာ္လင့္ေစာင့္စားႏိုင္ၾကဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.