Article Premier League

စားပွဲထိုးဘဝကနေ ဥရောပဘုရင်အဖြစ်သို့… ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ်ပဲ့ကိုင်ရှင် တူဟယ်လ်

ချယ်လ်ဆီးအသင်းနဲ့အတူ မတူညီတဲ့အသင်း ၂ သင်းနဲ့ ၂ နှစ်ဆက် ချန်ပီယံလိဂ်ဖိုင်နယ်တက်တဲ့ သမိုင်းတလျှောက် ပထမဆုံးနည်းပြအဖြစ် မော်ကွန်းထိုးပြီး ချန်ပီယံလိဂ်ချန်ပီယံဖြစ်လာခဲ့တဲ့ ဂျာမန်သားကြီးသောမတ်စ် တူဟယ်လ်ရဲ့ ဘဝဇာတ်ကြောင်းကို လေ့လာကြည့်တဲ့အခါ အတော်လေးစိတ်ဝင်စားဖို့ကောင်းနေသလို သူ့ကို ၁၉၇၃ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့မှာ မွေးဖွားခဲ့လို့ အသက် ၄၈ နှစ်အရွယ်မှာ ဘဝရဲ့အမြင့်မားဆုံး အချိန်အခါကောင်းကို ပိုင်ဆိုင်ထားပြီလို့ ဆိုရပါမယ်။

ငယ်ဘဝ
သူ့ဖခင်ဖြစ်သူက ပင်စင်ယူထားတဲ့ ဘောလုံးနည်းပြကြီးတဦးဖြစ်နေခြင်းကပဲ တူဟယ်လ်ရဲ့ ဘောလုံးဝါသနာမျိုးစေ့ကို အမွေရခဲ့ခြင်းရဲ့ အစဖြစ်ခဲ့ပြီး ဘောလုံးနဲ့ပတ်သက်ရင် သူ့ရဲ့လက်ဦးဆရာကလည်း ဖခင်ကိုယ်တိုင်ပါ။ အနောက်ဂျာမနီက ဇာတိမြေ စိုက်ပျိုးရေးမြို့ကလေး ခရွမ်းဘက်ချ်မှာ ဘောလုံးကန်တတ်အောင် သင်ကြားခြင်းခံခဲ့ရတယ်။

ရိုက်ချိုးခံရတဲ့ အိပ်မက်
ဘောလုံးကစားရတဲ့ အရသာကို ငယ်စဉ်ကတည်းက မက်မောသွားခဲ့တဲ့ တူဟယ်လ်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်လာဖို့ ပိုင်းဖြတ်ခဲ့ပြီး ဖခင်ဖြစ်သူအလုပ်လုပ်ခဲ့တဲ့ ခရွမ်းဘက်ချ်အသင်းမှာပဲ ဝင်ကစားခွင့်ရခဲ့ပြီး ပျော်ရွှင်ခဲ့ဖူးတဲ့သူက ပညာရေးကို တော်ရိလျော်ရိအနေအထားနဲ့ ဘောလုံးလောကထဲ ခြေစုံပစ်ဝင်ခဲ့တယ်။

၁၉၈၈ မှာ ေအာ့စ်ဘတ်ရဲ့ လူငယ်အကယ်ဒမီကို အရွေးခံလိုက်ရတယ်။ ၁၉၉၂ အထိ စီနီယာပွဲထွက်ခွင့် မရခဲ့သလို ဘွဲ့ရခဲ့တဲ့ အဲဒီ ၁၉ နှစ်သားအရွယ်မှာပဲ အကယ်ဒမီကနေ စွန့်ပစ်ခဲ့လိုက်ရတယ်။ စတုဂါတာ ကစ်ကာစ်အသင်းဆီရောက်ပြီး ၉၃-၉၄ တရာသီအပြီးမှာ ခြေစွမ်းမပြနိုင်လို့ ထပ်ကန်ထုတ်ခံရတယ်။

လက်လျှော့လေ့မရှိတဲ့ တူဟယ်လ်က SSV အားလ်မ်အသင်းနဲ့ လူရွေးခံရတယ်။ အသင်းနဲ့ ၄ နှစ်ကြာ ခြေစွမ်းပြကစားနေချိန် ဒူးအရွတ်ဒဏ်ရာရပြီး အသက် ၂၅ သားမှာပဲ ကစားသမားဘဝအိပ်မက် အဆုံးသတ်ခဲ့ရတယ်။

ရိုက်ချိုးခံရတဲ့ အိပ်မက်ဟာ တူဟယ်လ်ကိုတော့ အဆုံးမသတ်နိုင်ခဲ့ဘဲ ၁၉၉၈ ကနေ ၂၀၀၀၊ ၂ နှစ်အတွင်းမှာ စီးပွားရေးနဲ့ ဘောလုံးနည်းပြ ပညာရေးကို သင်ကြားနေတဲ့တပြိုင်နက်မှာ ဘားတခုမှာ စားပွဲထိုးဝင်လုပ်ရင်း ဘဝကို ကျောင်းခဲ့တယ်။

လာဘ်မြင်တတ်ပြီး သတ္တိရဲသူ
၂၀၀၀ ခုနှစ်အလွန်မှာတော့ ဂျာမန်ကလပ် စတုဂတ်အသင်းမှာ လူငယ်ပျိုးထောင်ရေးနည်းပြရာထူးကို ရခဲ့တယ်။ မာရီယို ဂေါ့ဇီနဲ့ ရီးရဲလ်ကစားသမားဟောင်း ဆမ်မီ ခီဒီရာတို့ကို မွေးထုတ်ပေးနိုင်ခဲ့တယ်။ ခါးသီးစွာ ကန်ထုတ်ခံခဲ့ရတဲ့ Augsburg ကို ၂၀၀၅ မှာ ပြန်သွားပြီး ဖခင်ရဲ့လမ်းကြောင်းကိုနင်းကာ ဘောလုံးလေ့ကျင့်ရေးဆရာအဖြစ် လုပ်ကိုင်ခဲ့တယ်။

လူငယ်နည်းပြအဖြစ် ၃ နှစ်လုပ်ကိုင်ခဲ့တဲ့နောက် အသင်းကြီးနည်းပြအဖြစ် ကမ်းလှမ်းခဲ့ရပြီး တနှစ်တာ တာဝန်ယူခဲ့ရာမှာ ဘွန်ဒက်လီဂါကို တန်းတက်လာတဲ့ မိုင့်ဇ်အသင်းရဲ့ ခေါ်ယူခြင်းခံခဲ့ရတယ်။ တူဟယ်လ်ရဲ့လမ်းတွေ ပွင့်သွားခဲ့တယ်။ လူနည်းနည်းနဲ့ ကျဲကျဲဝိုင်းရတဲ့ မိုင့်ဇ်လိုအသင်းနဲ့ ရာသီအဖွင့်ပွဲမှာပဲ ဘိုင်ယန်လို ဘီလူးကြီးကို ဖြိုချခဲ့တယ်။ မိုင့်ဇ်အသင်းသမိုင်းမှာ အမြင့်ဆုံးမှတ်တမ်းအဖြစ် ဘွန်ဒက်လီဂါ အဆင့် ၅ နဲ့ ဇာတ်သိမ်းလှခဲ့တယ်။

အစဉ်အလာကို ဖောက်ထွက်လာတဲ့နည်းပြ
ဒေါ့မန်ရဲ့ နားတွေဆီ ပေါက်သွားခဲ့တဲ့ တူဟယ်လ်ရဲ့အစွမ်းအစက ယာဂင် ကလော့ပ်နေရာကို ဆက်ခံဖို့ ဖြစ်လာခဲ့တယ်။ ဒေါ့မန်နဲ့ ဂျာမန်ပိုကယ်ဖလားကို သိမ်းပိုက်နေချိန်မှာ အူစမန် ဒမ်ဘီလီနဲ့ ခရစ်ရှန် ပူလီရှစ်ချ်တို့လို ကြယ်ပွင့်တွေကို တောက်ပစေခဲ့တယ်။ ဘုန်းတန်ခိုးထွားနေတဲ့ PSG ရဲ့ စင်တော်ကောက်ခြင်းကို ခံခဲ့ရတယ်။

စားပွဲထိုးဘဝကမှ ကမ္ဘာ့အဆင့်မီနည်းပြဘဝသို့
စားပွဲထိုးဘဝကနေ ပထမဆုံးနည်းပြအလုပ်ရပြီး ၉ နှစ်အကြာမှာတော့ တူဟယ်လ်ဟာ PSG ကို ရောက်ရောက်ချင်း ၂၀၁၈-၁၉ ရာသီမှာပဲ ပြင်သစ်လီဂူးချန်ပီယံဖြစ်ကာ နောက်ရာသီမှာတော့ ပြည်တွင်းဖလား ၃ လုံးချန်ပီယံဖြစ်ပြီး ရေနံငွေထုပ်အသင်းကြီးကို ချန်ပီယံလိဂ်ဖိုင်နယ်ညဆီ ပို့ဆောင်ပေးနိုင်ခဲ့တယ်။

ပပ်ဂွာဒီယိုလာရဲ့ မန်စီးတီးလိုအသင်းကို ချေမှုန်းပြီး ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်အောင်မြင်မှုက သူ့ရဲ့ အမြင့်ဆုံးအချိန်အခါဖြစ်ခဲ့ပြီး ဖရန့် လမ်းပတ်လက်ထဲက အဆင့် ၉ အသင်းကို လွှဲပြောင်းရယူပြီးနောက်ပိုင်းမှာ ပရီးမီးယားလိဂ် အဆင့် ၄ အသင်းဖြစ်အောင် စွမ်းဆောင်ပြခဲ့တယ်။

၇ ခါလဲကျရင် ၈ ခါပြန်ထတဲ့ တူဟယ်လ်ရဲ့ ကိုယ်ရည်ကိုယ်သွေး
တူဟယ်လ်လိုလူမျိုးက တခုခုကို စွဲစွဲမြဲမြဲလုပ်တတ်သူဖြစ်ပြီး သူ့အောင်မြင်မှုမှာ ဒါက အဓိကျခဲ့တယ်။ ဂျာမန်ပိုကယ်ဖလားဖိုင်နယ်မှာ ရှူံးတဲ့ ဒေါ့မန်နဲ့ နောက်နှစ်မှာ ဖိုင်နယ်ပြန်တက်ပြီး ချန်ပီယံဖြစ်တယ်။ PSG နဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာရှူံးပြီး နောက်နှစ်မှာ ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်ချန်ပီယံဖြစ်လာတယ်။ ဒါတွေက အားကောင်းတဲ့သက်သေဖြစ်ပြီး သူက အရာရာကို နည်းစနစ်တကျလုပ်တတ်သူဖြစ်ပြီး အသေးအဖွဲကအစ အကိုင်အတွယ်ကောင်းသူဖြစ်တယ်။

တူဟယ်လ်ရဲ့ တကယ့်စိတ်ကူးက ဘာလဲ? လူ့အသက်တွေကို ကယ်ဆယ်ချင်တဲ့ တူဟယ်လ်
ဘောလုံးလောကမှာ မအောင်မြင်ရင် တူဟယ်လ်ဘာလုပ်မလဲဆိုတဲ့ စိတ်ကူးက ငယ်ဘဝတည်းက ရှိခဲ့တာပါ။ ဘောလုံးကစားရတာကို ခုံမင်လွန်းတဲ့ အဲဒီအချိန်က ၉ နှစ်သားလေးဟာ ဟယ်လီကော်ပတာကို မောင်းနှင်ချင်ခဲ့တာပါ။ လေယာဥ်မှူးဘဝနဲ့ လူ့အသက်တွေကို ကယ်ဆယ်ရေးလုပ်ချင်ခဲ့တဲ့ သူ့ရဲ့စိတ်ကူးက အတော်လေးလည်းလှပခဲ့ပါတယ်။

ဆီဆီ တူဟယ်လ်နဲ့ အိမ်ထောင်ရေးဘဝ
အောင်မြင်တဲ့နည်းပြတိုင်းရဲ့နောက်ကွယ်မှာ ပါရမီဖြည့်ဘက်စစ်စစ်တယောက်က ရှိနေတာဟာ တူဟယ်လ်က ထပ်မံသက်သေပြခဲ့တယ်။ သူတို့စုံတွဲက တူဟယ်လ်ရဲ့ မိန့်ဇ်နည်းပြဘဝ ၂၀၀၉ မှာ မင်္ဂလာဆောင်ခဲ့တာဖြစ်ပြီး အမ်မာနဲ့ ကင်မ်ဆိုတဲ့ သမီးလေးနှစ်ဦးကို ဆည်းလည်းလေးအဖြစ် ပိုင်ဆိုင်ထားတာပါ။ တူဟယ်လ်ရဲ့နောက်ကွယ်မှာ ဒီမိသားစုက တကယ့်အထောက်အပံ့ဖြစ်စေခဲ့တာပါ။

တူဟယ်လ်ရဲ့ဖိနပ်ကို ဘာကြောင့် ထူးဆန်းစွာ ဝိုင်းဝန်းနမ်းရှုံ့ခဲ့ကြသလဲ? (သို့) အစွဲတွေကို ယုံကြည်တတ်တဲ့ အယူသီးသူလား
ချန်ပီယံလိဂ်အောင်ပွဲအပြီးမှာ ဂိုးသမားမန်ဒီ၊ ဂျရူး၊ ရူဒီဂါနဲ့ ကတ်ဇူးမားတို့ဟာ တူဟယ်လ်ရဲ့ ရှုးဖိနပ်ကို ထူးဆန်းစွာ ဝိုင်းနမ်းခဲ့ကြတာပါ။ အဝတ်လဲခန်းထဲမှာလည်း တူဟယ်လ်ဟာ ဒီဖိနပ်ကို ဆုဖလားတခုကို မြှောက်ပြီး အောင်ပွဲခံခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ တူဟယ်လ်က “ဒီဖိနပ်ကို ကျွန်တော် ပါရီက ရတာပါ။ ပီအက်စ်ဂျီဥက္ကဌက လက်ဆောင်ပေးခဲ့ပါတယ်။ ပီအက်စ်ဂျီရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲမှာ ဒီဖိနပ်ကို စီးမယ်လို့ ကျွန်တော် ကတိပေးခဲ့တယ်။ ဒါပေမယ့် ပွဲနေ့မှာ မစီးဖြစ်ဘဲ မေ့သွားခဲ့တယ်။ ကျွန်တော်တို့ ဘိုင်ယန်မြူးနစ်ကို ရှူံးခဲ့တယ်။ အခုညမှာတော့ ဒီဖိနပ်ကို ကျွန်တော် မမေ့မလျော့စီးခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ခဲ့တယ်”လို့ သူ့ရဲ့အယူသီးမှုတခုအကြောင်းကိုလည်း ရှင်းပြသွားခဲ့ပါသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ယ္လ္ဆီးအသင္းနဲ႔အတူ မတူညီတဲ့အသင္း ၂ သင္းနဲ႔ ၂ ႏွစ္ဆက္ ခ်န္ပီယံလိဂ္ဖိုင္နယ္တက္တဲ့ သမိုင္းတေလွ်ာက္ ပထမဆုံးနည္းျပအျဖစ္ ေမာ္ကြန္းထိုးၿပီး ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္လာခဲ့တဲ့ ဂ်ာမန္သားႀကီးေသာမတ္စ္ တူဟယ္လ္ရဲ႕ ဘဝဇာတ္ေၾကာင္းကို ေလ့လာၾကည့္တဲ့အခါ အေတာ္ေလးစိတ္ဝင္စားဖို႔ေကာင္းေနသလို သူ႔ကို ၁၉၇၃ ခုႏွစ္၊ ၾသဂုတ္လ ၂၉ ရက္ေန႔မွာ ေမြးဖြားခဲ့လို႔ အသက္ ၄၈ ႏွစ္အ႐ြယ္မွာ ဘဝရဲ႕အျမင့္မားဆုံး အခ်ိန္အခါေကာင္းကို ပိုင္ဆိုင္ထားၿပီလို႔ ဆိုရပါမယ္။

ငယ္ဘဝ
သူ႔ဖခင္ျဖစ္သူက ပင္စင္ယူထားတဲ့ ေဘာလုံးနည္းျပႀကီးတဦးျဖစ္ေနျခင္းကပဲ တူဟယ္လ္ရဲ႕ ေဘာလုံးဝါသနာမ်ိဳးေစ့ကို အေမြရခဲ့ျခင္းရဲ႕ အစျဖစ္ခဲ့ၿပီး ေဘာလုံးနဲ႔ပတ္သက္ရင္ သူ႔ရဲ႕လက္ဦးဆရာကလည္း ဖခင္ကိုယ္တိုင္ပါ။ အေနာက္ဂ်ာမနီက ဇာတိေျမ စိုက္ပ်ိဳးေရးၿမိဳ႕ကေလး ခ႐ြမ္းဘက္ခ်္မွာ ေဘာလုံးကန္တတ္ေအာင္ သင္ၾကားျခင္းခံခဲ့ရတယ္။

႐ိုက္ခ်ိဳးခံရတဲ့ အိပ္မက္
ေဘာလုံးကစားရတဲ့ အရသာကို ငယ္စဥ္ကတည္းက မက္ေမာသြားခဲ့တဲ့ တူဟယ္လ္ဟာ ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမားျဖစ္လာဖို႔ ပိုင္းျဖတ္ခဲ့ၿပီး ဖခင္ျဖစ္သူအလုပ္လုပ္ခဲ့တဲ့ ခ႐ြမ္းဘက္ခ်္အသင္းမွာပဲ ဝင္ကစားခြင့္ရခဲ့ၿပီး ေပ်ာ္႐ႊင္ခဲ့ဖူးတဲ့သူက ပညာေရးကို ေတာ္ရိေလ်ာ္ရိအေနအထားနဲ႔ ေဘာလုံးေလာကထဲ ေျခစုံပစ္ဝင္ခဲ့တယ္။

၁၉၈၈ မွာ ေအာ့စ္ဘတ္ရဲ႕ လူငယ္အကယ္ဒမီကို အေ႐ြးခံလိုက္ရတယ္။ ၁၉၉၂ အထိ စီနီယာပြဲထြက္ခြင့္ မရခဲ့သလို ဘြဲ႕ရခဲ့တဲ့ အဲဒီ ၁၉ ႏွစ္သားအ႐ြယ္မွာပဲ အကယ္ဒမီကေန စြန႔္ပစ္ခဲ့လိုက္ရတယ္။ စတုဂါတာ ကစ္ကာစ္အသင္းဆီေရာက္ၿပီး ၉၃-၉၄ တရာသီအၿပီးမွာ ေျခစြမ္းမျပႏိုင္လို႔ ထပ္ကန္ထုတ္ခံရတယ္။

လက္ေလွ်ာ့ေလ့မရွိတဲ့ တူဟယ္လ္က SSV အားလ္မ္အသင္းနဲ႔ လူေ႐ြးခံရတယ္။ အသင္းနဲ႔ ၄ ႏွစ္ၾကာ ေျခစြမ္းျပကစားေနခ်ိန္ ဒူးအ႐ြတ္ဒဏ္ရာရၿပီး အသက္ ၂၅ သားမွာပဲ ကစားသမားဘဝအိပ္မက္ အဆုံးသတ္ခဲ့ရတယ္။

႐ိုက္ခ်ိဳးခံရတဲ့ အိပ္မက္ဟာ တူဟယ္လ္ကိုေတာ့ အဆုံးမသတ္ႏိုင္ခဲ့ဘဲ ၁၉၉၈ ကေန ၂၀၀၀၊ ၂ ႏွစ္အတြင္းမွာ စီးပြားေရးနဲ႔ ေဘာလုံးနည္းျပ ပညာေရးကို သင္ၾကားေနတဲ့တၿပိဳင္နက္မွာ ဘားတခုမွာ စားပြဲထိုးဝင္လုပ္ရင္း ဘဝကို ေက်ာင္းခဲ့တယ္။

လာဘ္ျမင္တတ္ၿပီး သတၱိရဲသူ
၂၀၀၀ ခုႏွစ္အလြန္မွာေတာ့ ဂ်ာမန္ကလပ္ စတုဂတ္အသင္းမွာ လူငယ္ပ်ိဳးေထာင္ေရးနည္းျပရာထူးကို ရခဲ့တယ္။ မာရီယို ေဂါ့ဇီနဲ႔ ရီးရဲလ္ကစားသမားေဟာင္း ဆမ္မီ ခီဒီရာတို႔ကို ေမြးထုတ္ေပးႏိုင္ခဲ့တယ္။ ခါးသီးစြာ ကန္ထုတ္ခံခဲ့ရတဲ့ Augsburg ကို ၂၀၀၅ မွာ ျပန္သြားၿပီး ဖခင္ရဲ႕လမ္းေၾကာင္းကိုနင္းကာ ေဘာလုံးေလ့က်င့္ေရးဆရာအျဖစ္ လုပ္ကိုင္ခဲ့တယ္။

လူငယ္နည္းျပအျဖစ္ ၃ ႏွစ္လုပ္ကိုင္ခဲ့တဲ့ေနာက္ အသင္းႀကီးနည္းျပအျဖစ္ ကမ္းလွမ္းခဲ့ရၿပီး တႏွစ္တာ တာဝန္ယူခဲ့ရာမွာ ဘြန္ဒက္လီဂါကို တန္းတက္လာတဲ့ မိုင့္ဇ္အသင္းရဲ႕ ေခၚယူျခင္းခံခဲ့ရတယ္။ တူဟယ္လ္ရဲ႕လမ္းေတြ ပြင့္သြားခဲ့တယ္။ လူနည္းနည္းနဲ႔ က်ဲက်ဲဝိုင္းရတဲ့ မိုင့္ဇ္လိုအသင္းနဲ႔ ရာသီအဖြင့္ပြဲမွာပဲ ဘိုင္ယန္လို ဘီလူးႀကီးကို ၿဖိဳခ်ခဲ့တယ္။ မိုင့္ဇ္အသင္းသမိုင္းမွာ အျမင့္ဆုံးမွတ္တမ္းအျဖစ္ ဘြန္ဒက္လီဂါ အဆင့္ ၅ နဲ႔ ဇာတ္သိမ္းလွခဲ့တယ္။

အစဥ္အလာကို ေဖာက္ထြက္လာတဲ့နည္းျပ
ေဒါ့မန္ရဲ႕ နားေတြဆီ ေပါက္သြားခဲ့တဲ့ တူဟယ္လ္ရဲ႕အစြမ္းအစက ယာဂင္ ကေလာ့ပ္ေနရာကို ဆက္ခံဖို႔ ျဖစ္လာခဲ့တယ္။ ေဒါ့မန္နဲ႔ ဂ်ာမန္ပိုကယ္ဖလားကို သိမ္းပိုက္ေနခ်ိန္မွာ အူစမန္ ဒမ္ဘီလီနဲ႔ ခရစ္ရွန္ ပူလီရွစ္ခ်္တို႔လို ၾကယ္ပြင့္ေတြကို ေတာက္ပေစခဲ့တယ္။ ဘုန္းတန္ခိုးထြားေနတဲ့ PSG ရဲ႕ စင္ေတာ္ေကာက္ျခင္းကို ခံခဲ့ရတယ္။

စားပြဲထိုးဘဝကမွ ကမာၻ႔အဆင့္မီနည္းျပဘဝသို႔
စားပြဲထိုးဘဝကေန ပထမဆုံးနည္းျပအလုပ္ရၿပီး ၉ ႏွစ္အၾကာမွာေတာ့ တူဟယ္လ္ဟာ PSG ကို ေရာက္ေရာက္ခ်င္း ၂၀၁၈-၁၉ ရာသီမွာပဲ ျပင္သစ္လီဂူးခ်န္ပီယံျဖစ္ကာ ေနာက္ရာသီမွာေတာ့ ျပည္တြင္းဖလား ၃ လုံးခ်န္ပီယံျဖစ္ၿပီး ေရနံေငြထုပ္အသင္းႀကီးကို ခ်န္ပီယံလိဂ္ဖိုင္နယ္ညဆီ ပို႔ေဆာင္ေပးႏိုင္ခဲ့တယ္။

ပပ္ဂြာဒီယိုလာရဲ႕ မန္စီးတီးလိုအသင္းကို ေခ်မႈန္းၿပီး ခ်ယ္လ္ဆီးနဲ႔ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈက သူ႔ရဲ႕ အျမင့္ဆုံးအခ်ိန္အခါျဖစ္ခဲ့ၿပီး ဖရန႔္ လမ္းပတ္လက္ထဲက အဆင့္ ၉ အသင္းကို လႊဲေျပာင္းရယူၿပီးေနာက္ပိုင္းမွာ ပရီးမီးယားလိဂ္ အဆင့္ ၄ အသင္းျဖစ္ေအာင္ စြမ္းေဆာင္ျပခဲ့တယ္။

၇ ခါလဲက်ရင္ ၈ ခါျပန္ထတဲ့ တူဟယ္လ္ရဲ႕ ကိုယ္ရည္ကိုယ္ေသြး
တူဟယ္လ္လိုလူမ်ိဳးက တခုခုကို စြဲစြဲၿမဲၿမဲလုပ္တတ္သူျဖစ္ၿပီး သူ႔ေအာင္ျမင္မႈမွာ ဒါက အဓိက်ခဲ့တယ္။ ဂ်ာမန္ပိုကယ္ဖလားဖိုင္နယ္မွာ ရႉံးတဲ့ ေဒါ့မန္နဲ႔ ေနာက္ႏွစ္မွာ ဖိုင္နယ္ျပန္တက္ၿပီး ခ်န္ပီယံျဖစ္တယ္။ PSG နဲ႔ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာရႉံးၿပီး ေနာက္ႏွစ္မွာ ခ်ယ္လ္ဆီးနဲ႔ ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္လာတယ္။ ဒါေတြက အားေကာင္းတဲ့သက္ေသျဖစ္ၿပီး သူက အရာရာကို နည္းစနစ္တက်လုပ္တတ္သူျဖစ္ၿပီး အေသးအဖြဲကအစ အကိုင္အတြယ္ေကာင္းသူျဖစ္တယ္။

တူဟယ္လ္ရဲ႕ တကယ့္စိတ္ကူးက ဘာလဲ? လူ႔အသက္ေတြကို ကယ္ဆယ္ခ်င္တဲ့ တူဟယ္လ္
ေဘာလုံးေလာကမွာ မေအာင္ျမင္ရင္ တူဟယ္လ္ဘာလုပ္မလဲဆိုတဲ့ စိတ္ကူးက ငယ္ဘဝတည္းက ရွိခဲ့တာပါ။ ေဘာလုံးကစားရတာကို ခုံမင္လြန္းတဲ့ အဲဒီအခ်ိန္က ၉ ႏွစ္သားေလးဟာ ဟယ္လီေကာ္ပတာကို ေမာင္းႏွင္ခ်င္ခဲ့တာပါ။ ေလယာဥ္မႉးဘဝနဲ႔ လူ႔အသက္ေတြကို ကယ္ဆယ္ေရးလုပ္ခ်င္ခဲ့တဲ့ သူ႔ရဲ႕စိတ္ကူးက အေတာ္ေလးလည္းလွပခဲ့ပါတယ္။

ဆီဆီ တူဟယ္လ္နဲ႔ အိမ္ေထာင္ေရးဘဝ
ေအာင္ျမင္တဲ့နည္းျပတိုင္းရဲ႕ေနာက္ကြယ္မွာ ပါရမီျဖည့္ဘက္စစ္စစ္တေယာက္က ရွိေနတာဟာ တူဟယ္လ္က ထပ္မံသက္ေသျပခဲ့တယ္။ သူတို႔စုံတြဲက တူဟယ္လ္ရဲ႕ မိန္႔ဇ္နည္းျပဘဝ ၂၀၀၉ မွာ မဂၤလာေဆာင္ခဲ့တာျဖစ္ၿပီး အမ္မာနဲ႔ ကင္မ္ဆိုတဲ့ သမီးေလးႏွစ္ဦးကို ဆည္းလည္းေလးအျဖစ္ ပိုင္ဆိုင္ထားတာပါ။ တူဟယ္လ္ရဲ႕ေနာက္ကြယ္မွာ ဒီမိသားစုက တကယ့္အေထာက္အပံ့ျဖစ္ေစခဲ့တာပါ။

တူဟယ္လ္ရဲ႕ဖိနပ္ကို ဘာေၾကာင့္ ထူးဆန္းစြာ ဝိုင္းဝန္းနမ္းရႈံ႕ခဲ့ၾကသလဲ? (သို႔) အစြဲေတြကို ယုံၾကည္တတ္တဲ့ အယူသီးသူလား
ခ်န္ပီယံလိဂ္ေအာင္ပြဲအၿပီးမွာ ဂိုးသမားမန္ဒီ၊ ဂ်႐ူး၊ ႐ူဒီဂါနဲ႔ ကတ္ဇူးမားတို႔ဟာ တူဟယ္လ္ရဲ႕ ရႈးဖိနပ္ကို ထူးဆန္းစြာ ဝိုင္းနမ္းခဲ့ၾကတာပါ။ အဝတ္လဲခန္းထဲမွာလည္း တူဟယ္လ္ဟာ ဒီဖိနပ္ကို ဆုဖလားတခုကို ေျမႇာက္ၿပီး ေအာင္ပြဲခံခဲ့ပါတယ္။

ဒါနဲ႔ ပတ္သက္လို႔ တူဟယ္လ္က “ဒီဖိနပ္ကို ကြၽန္ေတာ္ ပါရီက ရတာပါ။ ပီအက္စ္ဂ်ီဥကၠဌက လက္ေဆာင္ေပးခဲ့ပါတယ္။ ပီအက္စ္ဂ်ီရဲ႕ ခ်န္ပီယံလိဂ္ဖိုင္နယ္ပြဲမွာ ဒီဖိနပ္ကို စီးမယ္လို႔ ကြၽန္ေတာ္ ကတိေပးခဲ့တယ္။ ဒါေပမယ့္ ပြဲေန႔မွာ မစီးျဖစ္ဘဲ ေမ့သြားခဲ့တယ္။ ကြၽန္ေတာ္တို႔ ဘိုင္ယန္ျမဴးနစ္ကို ရႉံးခဲ့တယ္။ အခုညမွာေတာ့ ဒီဖိနပ္ကို ကြၽန္ေတာ္ မေမ့မေလ်ာ့စီးခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ခဲ့တယ္”လို႔ သူ႔ရဲ႕အယူသီးမႈတခုအေၾကာင္းကိုလည္း ရွင္းျပသြားခဲ့ပါေသးတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.