Article Premier League

ဆာကာ: အင်္ဂလန်မှာ အောင်မြင်နေတဲ့ လန်ဒန်ရောက် ယာရူဘာနွယ်ဖွားလေးတစ်ယောက်

ဆာကာရဲ့ ငယ်ဘဝ
ဘူကာယို ဆာကာကို ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူ့ရဲ့ နာမည်ဖြစ်တဲ့ ဘူကာယိုဆိုတာကတော့ ပျော်ရွှင်မှုတွေကို ဖြည့်ဆည်းနိုင်သူလို့ အဓိပ္ပါယ်ရပါတယ်။ လန်ဒန်မြို့ရဲ့ အနည်းငယ်ချို့တဲ့ပြီး ရုန်းကန်ရတဲ့ အရပ်ဒေသမှာ မွေးဖွားခဲ့တဲ့ ဆာကာအတွက်တော့ ဘောလုံးဟာ ဘဝရဲ့ အောင်မြင်မှုဆီ သွားရာလမ်းလို့ ဘရာဇီးလ်က လူငယ်တွေနဲ့ ထပ်တူညီခဲ့တာပါ။

သူဘယ်က လာသလဲ
ဘူကာယိုဆိုတဲ့ နာမည်ကို ကြည့်လိုက်ရင် ကျွမ်းကျင်သူတွေအတွက်တော့ နိုင်ဂျီးရီးယားအနောက်တောင်ပိုင်းက လာတယ်လို့ ဖြေမှာပါ။ ယာရူဘာလူမျိုးစုဝင်တွေဖြစ်တဲ့ ဆာကာရဲ့ မိသားစုဟာ အင်္ဂလန်ကို စွန့်စားလာရောက်ခဲ့ကြပြီး သူတို့ရဲ့ မိသားစုတွေအတွက် ကြိုးစားရုန်းကန်ခဲ့ကြသူတွေလည်းဖြစ်ပါတယ်။

မိသားစုရဲ့ အားပေးမှု၊ ဘောလုံးနဲ့အစ
အင်္ဂလန်ကို ရွှေ့ပြောင်းအခြေချခဲ့တဲ့ နိုင်ဂျီးရီးယားမိသားစုရဲ့ ဘောလုံးအပေါ် ရူးသွပ်မှုမှာ ဆာကာဟာ အာဆင်နယ်အသင်းဆီ ရောက်လာဖို့ ကြီးမားတဲ့ ထောက်ခံအားပေးမှုကို ရရှိခဲ့ပါတယ်။ ဒီနေ့လို အာဆင်နယ်နဲ့ အင်္ဂလန်အသင်းမှာ ဘောလုံးတစ်ခုတည်းအပေါ် အာရုံစိုက်ပြီး ခြေစွမ်းပြနိုင်တဲ့ အဓိက အကြောင်းရင်းကတော့ ဖခင်ဖြစ်သူကြောင့်ပဲဖြစ်ပြီး ဆာကာဟာ ဟေးလ်အန့်အကယ်ဒမီမှာ ရွေးချယ်ခံခဲ့ရကတည်းက နှိမ့်ချတဲ့ စိတ်ဓာတ်ကို သင်ကြားပေးခဲ့သူလည်းဖြစ်ပါတယ်။

သားဖြစ်သူအတွက် အလုပ်ကြိုးစားခဲ့ရတဲ့ မိသားစု
ဆာကာတစ်ယောက် ဟေးလ်အန့်ဒ်မှာ စိတ်ချလက်ချ ဘောလုံးပညာတွေ သင်ယူနိုင်ဖို့အတွက် သူ့မိသားစုရဲ့ ကြိုးစားအားထုတ်မှုကတော့ မလွယ်ကူခဲ့ပါဘူး။ သာမန်လက်လုပ်လက်စား ဆင်းရဲတဲ့ မိသားစုအတွက်တော့ ဒီအချိန်တွေဟာ ခက်ခဲခဲ့ပြီး သားဖြစ်သူအတွက် အားလုံးပဲ အနစ်နာ ခံခဲ့ကြရပါတယ်။

ယွန်းဘတ်ရဲ့ လက်ရုံး၊ အမ်မရီရဲ့ အကြိုက်
အသက် ၁၇ နှစ်ပြည့်တာနဲ့ ပရော်ဖက်ရှင်နယ်စာချုပ်က စောင့်ကြိုနေခဲ့တဲ့ ဆာကာဟာ အာဆင်နယ်ရဲ့ သက်တမ်းလိုက်အသင်းတွေမှာ ခြေစွမ်းပြခဲ့ပြီး ယူ-၂၃ အသင်းရဲ့ ပင်တိုင်ကစားသမားဖြစ်ခဲ့သလို နည်းပြ ဖရက်ဒီ ယွန်းဘတ်ရဲ့ အားအကိုးရဆုံး လက်ရုံးတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ နည်းပြ အူနိုင်း အမ်မရီ ရောက်လာချိန်မှာတော့ ဖလားပွဲတွေနဲ့ ယူရိုပါလိဂ်မှာ စတင်ပါဝင်ခွင့်နဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ လူစားဝင်ပြီး ပထမဆုံး ပရီးမီးယားလိဂ်ပွဲကို ကစားခွင့်ရခဲ့တာပါ။

အသင်းရဲ့ အသက်အငယ်ဆုံး ပရီးမီးယားလိဂ်ပွဲထွက်သူ
ဆာကာဟာ အသက် ၁၈ နှစ်နဲ့ ၁၂၅ ရက်အရွယ်မှာ အသက်အငယ်ဆုံး ပရီးမီးယားလိဂ်ကစားခွင့်ရသူဆိုတဲ့ စံချိန်ကို အာဆင်နယ် ကစားသမားတွေကြားမှာ တင်ရှိခဲ့ပြီး အက်စတန်ဗီလာနဲ့ပွဲမှာ ပွဲထွက်ခွင့်ရတဲ့ လူငယ်လေးဟာ နောက်တစ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာပါ ဆက်လက်ကစားခွင့်ရခဲ့ပြီး ဝါရင့်ကစားသမား အက်ရှ်လီယန်းကို ကောင်းကောင်းဒုက္ခပေးခဲ့သလို အူဘာမီယန်းရဲ့ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ပထမဆုံးဂိုးအတွက် အဖေ့ဖုန်းကို ချပြီး နည်းပြဆီ ပြေးခဲ့ရသူ
ဝုလ်ဗ်စ်နဲ့ပွဲမှာ လှပတဲ့ Volley ကန်ချက်နဲ့ ပက်ထရီစီယိုကို အနိုင်ယူခဲ့ပြီး ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကို ရရှိခဲ့တဲ့ ဆာကာဟာ ဖခင်ဖြစ်သူဆီ အမြန်ဖုန်းခေါ်ခဲ့ပြီးမှာတော့ စကားတောင် မပြောနိုင်ခဲ့ဘဲ နည်းပြ အာတီတာရဲ့ ရေခဲရေစိမ်တဲ့ ပွဲပြီးကုထုံးတွေအတွက် အသင်းဖော်တွေဆီ ပြေးခဲ့ရတာလည်းဖြစ်ပါတယ်။

ဆော်ရှိလား ညီလေး
အာဆင်နယ်နဲ့ အောင်မြင်မှုက တစ်ဟုန်ထိုး တိုးတက်လာခဲ့တဲ့ ဆာကာအတွက် သူ့မှာ ရည်းစားရှိလားဆိုတဲ့ မေးခွန်းက စိတ်ဝင်စားစရာပါ။ ဒါပေမယ့် လေ့လာသူတွေရဲ့ အဆိုအရ ၂၀၂၁ ခုနှစ်အတွင်းကို ရောက်တဲ့အထိ ရှာဖွေဖော်ထုတ်လို့ မရသေးတာဟာ မိသားစုကို ချစ်မြတ်နိုးပြီး အပြန်အလှန်တန်ဖိုးထားတဲ့ သားလိမ္မာလေး ဘဝကြောင့်လည်းဖြစ်နိုင်ပါတယ်။

ရိုးရှင်းတဲ့ ဘဝကို အလိုရှိတဲ့ ဆာကာဆီမှာ တခြားဘောလုံးသမားတော်တော်များများလို ဇိမ်ခံကားတွေ အိမ်ကြီးတွေတော့ တွေ့ရမှာ မဟုတ်ဘဲ မိသားစုနဲ့ အေးအေးဆေးဆေး နှိမ့်နှိမ့်ချချ နေတတ်တာက ချီးကျူးစရာဖြစ်သလို ဒါကပဲ သူ့ကို နာမည်ကြီးတာနဲ့ ဝင်လုံးချင်တဲ့ Gold Digger အမျိုးသမီးတွေနဲ့ လွဲစေပြီး ရည်းစားမထားမိသေးတာလည်းဖြစ်နိုင်ပါတယ်။

မိခင်နိုင်ငံ နိုင်ဂျီးရီးယားကို ရွေးချယ်ဖို့ ဖိအားမပေးဘဲ နားလည်မှုရှိတဲ့ မိဘတွေကြောင့် ဆာကာဟာ လက်ရှိမှာတော့ အင်္ဂလန်လက်ရွေးစင် အသင်းရဲ့ ယူရို ၂၀၂၁ ပြိုင်ပွဲဝင်လူစာရင်းကို ပါဝင်ခွင့်ရခဲ့သလို ခပ်ညစ်ညစ်ကစားတဲ့ ဩစတြီးယားနဲ့ ခြေစမ်းပွဲမှာလည်း စီနီယာတွေ အဝုန်းခံနေရချိန်မှာ တစ်လုံးတည်းသော ဂိုးကို သွင်းယူပေးနိုင်ခဲ့လို့ ကလေးမျက်နှာနဲ့ ကောင်လေးတစ်ယောက်ရဲ့ အောင်မြင်မှုတွေကို စောင့်ကြည့်ရင်း သူ့ရဲ့ ဘဝကို သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဆာကာရဲ႕ ငယ္ဘဝ
ဘူကာယို ဆာကာကို ၂၀၀၁ ခုႏွစ္ စက္တင္ဘာလ ၅ ရက္ေန႔မွာ ေမြးဖြားခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ နာမည္ျဖစ္တဲ့ ဘူကာယိုဆိုတာကေတာ့ ေပ်ာ္႐ႊင္မႈေတြကို ျဖည့္ဆည္းႏိုင္သူလို႔ အဓိပၸါယ္ရပါတယ္။ လန္ဒန္ၿမိဳ႕ရဲ႕ အနည္းငယ္ခ်ိဳ႕တဲ့ၿပီး ႐ုန္းကန္ရတဲ့ အရပ္ေဒသမွာ ေမြးဖြားခဲ့တဲ့ ဆာကာအတြက္ေတာ့ ေဘာလုံးဟာ ဘဝရဲ႕ ေအာင္ျမင္မႈဆီ သြားရာလမ္းလို႔ ဘရာဇီးလ္က လူငယ္ေတြနဲ႔ ထပ္တူညီခဲ့တာပါ။

သူဘယ္က လာသလဲ
ဘူကာယိုဆိုတဲ့ နာမည္ကို ၾကည့္လိုက္ရင္ ကြၽမ္းက်င္သူေတြအတြက္ေတာ့ ႏိုင္ဂ်ီးရီးယားအေနာက္ေတာင္ပိုင္းက လာတယ္လို႔ ေျဖမွာပါ။ ယာ႐ူဘာလူမ်ိဳးစုဝင္ေတြျဖစ္တဲ့ ဆာကာရဲ႕ မိသားစုဟာ အဂၤလန္ကို စြန႔္စားလာေရာက္ခဲ့ၾကၿပီး သူတို႔ရဲ႕ မိသားစုေတြအတြက္ ႀကိဳးစား႐ုန္းကန္ခဲ့ၾကသူေတြလည္းျဖစ္ပါတယ္။

မိသားစုရဲ႕ အားေပးမႈ၊ ေဘာလုံးနဲ႔အစ
အဂၤလန္ကို ေ႐ႊ႕ေျပာင္းအေျခခ်ခဲ့တဲ့ ႏိုင္ဂ်ီးရီးယားမိသားစုရဲ႕ ေဘာလုံးအေပၚ ႐ူးသြပ္မႈမွာ ဆာကာဟာ အာဆင္နယ္အသင္းဆီ ေရာက္လာဖို႔ ႀကီးမားတဲ့ ေထာက္ခံအားေပးမႈကို ရရွိခဲ့ပါတယ္။ ဒီေန႔လို အာဆင္နယ္နဲ႔ အဂၤလန္အသင္းမွာ ေဘာလုံးတစ္ခုတည္းအေပၚ အာ႐ုံစိုက္ၿပီး ေျခစြမ္းျပႏိုင္တဲ့ အဓိက အေၾကာင္းရင္းကေတာ့ ဖခင္ျဖစ္သူေၾကာင့္ပဲျဖစ္ၿပီး ဆာကာဟာ ေဟးလ္အန႔္အကယ္ဒမီမွာ ေ႐ြးခ်ယ္ခံခဲ့ရကတည္းက ႏွိမ့္ခ်တဲ့ စိတ္ဓာတ္ကို သင္ၾကားေပးခဲ့သူလည္းျဖစ္ပါတယ္။

သားျဖစ္သူအတြက္ အလုပ္ႀကိဳးစားခဲ့ရတဲ့ မိသားစု
ဆာကာတစ္ေယာက္ ေဟးလ္အန႔္ဒ္မွာ စိတ္ခ်လက္ခ် ေဘာလုံးပညာေတြ သင္ယူႏိုင္ဖို႔အတြက္ သူ႔မိသားစုရဲ႕ ႀကိဳးစားအားထုတ္မႈကေတာ့ မလြယ္ကူခဲ့ပါဘူး။ သာမန္လက္လုပ္လက္စား ဆင္းရဲတဲ့ မိသားစုအတြက္ေတာ့ ဒီအခ်ိန္ေတြဟာ ခက္ခဲခဲ့ၿပီး သားျဖစ္သူအတြက္ အားလုံးပဲ အနစ္နာ ခံခဲ့ၾကရပါတယ္။

ယြန္းဘတ္ရဲ႕ လက္႐ုံး၊ အမ္မရီရဲ႕ အႀကိဳက္
အသက္ ၁၇ ႏွစ္ျပည့္တာနဲ႔ ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္က ေစာင့္ႀကိဳေနခဲ့တဲ့ ဆာကာဟာ အာဆင္နယ္ရဲ႕ သက္တမ္းလိုက္အသင္းေတြမွာ ေျခစြမ္းျပခဲ့ၿပီး ယူ-၂၃ အသင္းရဲ႕ ပင္တိုင္ကစားသမားျဖစ္ခဲ့သလို နည္းျပ ဖရက္ဒီ ယြန္းဘတ္ရဲ႕ အားအကိုးရဆုံး လက္႐ုံးတစ္ေယာက္လည္း ျဖစ္ခဲ့ပါတယ္။ နည္းျပ အူႏိုင္း အမ္မရီ ေရာက္လာခ်ိန္မွာေတာ့ ဖလားပြဲေတြနဲ႔ ယူ႐ိုပါလိဂ္မွာ စတင္ပါဝင္ခြင့္နဲ႔ ဖူလ္ဟမ္နဲ႔ပြဲမွာ လူစားဝင္ၿပီး ပထမဆုံး ပရီးမီးယားလိဂ္ပြဲကို ကစားခြင့္ရခဲ့တာပါ။

အသင္းရဲ႕ အသက္အငယ္ဆုံး ပရီးမီးယားလိဂ္ပြဲထြက္သူ
ဆာကာဟာ အသက္ ၁၈ ႏွစ္နဲ႔ ၁၂၅ ရက္အ႐ြယ္မွာ အသက္အငယ္ဆုံး ပရီးမီးယားလိဂ္ကစားခြင့္ရသူဆိုတဲ့ စံခ်ိန္ကို အာဆင္နယ္ ကစားသမားေတြၾကားမွာ တင္ရွိခဲ့ၿပီး အက္စတန္ဗီလာနဲ႔ပြဲမွာ ပြဲထြက္ခြင့္ရတဲ့ လူငယ္ေလးဟာ ေနာက္တစ္ပြဲျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွာပါ ဆက္လက္ကစားခြင့္ရခဲ့ၿပီး ဝါရင့္ကစားသမား အက္ရွ္လီယန္းကို ေကာင္းေကာင္းဒုကၡေပးခဲ့သလို အူဘာမီယန္းရဲ႕ဂိုးကိုလည္း ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

ပထမဆုံးဂိုးအတြက္ အေဖ့ဖုန္းကို ခ်ၿပီး နည္းျပဆီ ေျပးခဲ့ရသူ
ဝုလ္ဗ္စ္နဲ႔ပြဲမွာ လွပတဲ့ Volley ကန္ခ်က္နဲ႔ ပက္ထရီစီယိုကို အႏိုင္ယူခဲ့ၿပီး ပထမဆုံး ပရီးမီးယားလိဂ္ဂိုးကို ရရွိခဲ့တဲ့ ဆာကာဟာ ဖခင္ျဖစ္သူဆီ အျမန္ဖုန္းေခၚခဲ့ၿပီးမွာေတာ့ စကားေတာင္ မေျပာႏိုင္ခဲ့ဘဲ နည္းျပ အာတီတာရဲ႕ ေရခဲေရစိမ္တဲ့ ပြဲၿပီးကုထုံးေတြအတြက္ အသင္းေဖာ္ေတြဆီ ေျပးခဲ့ရတာလည္းျဖစ္ပါတယ္။

ေဆာ္ရွိလား ညီေလး
အာဆင္နယ္နဲ႔ ေအာင္ျမင္မႈက တစ္ဟုန္ထိုး တိုးတက္လာခဲ့တဲ့ ဆာကာအတြက္ သူ႔မွာ ရည္းစားရွိလားဆိုတဲ့ ေမးခြန္းက စိတ္ဝင္စားစရာပါ။ ဒါေပမယ့္ ေလ့လာသူေတြရဲ႕ အဆိုအရ ၂၀၂၁ ခုႏွစ္အတြင္းကို ေရာက္တဲ့အထိ ရွာေဖြေဖာ္ထုတ္လို႔ မရေသးတာဟာ မိသားစုကို ခ်စ္ျမတ္ႏိုးၿပီး အျပန္အလွန္တန္ဖိုးထားတဲ့ သားလိမၼာေလး ဘဝေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။

႐ိုးရွင္းတဲ့ ဘဝကို အလိုရွိတဲ့ ဆာကာဆီမွာ တျခားေဘာလုံးသမားေတာ္ေတာ္မ်ားမ်ားလို ဇိမ္ခံကားေတြ အိမ္ႀကီးေတြေတာ့ ေတြ႕ရမွာ မဟုတ္ဘဲ မိသားစုနဲ႔ ေအးေအးေဆးေဆး ႏွိမ့္ႏွိမ့္ခ်ခ် ေနတတ္တာက ခ်ီးက်ဴးစရာျဖစ္သလို ဒါကပဲ သူ႔ကို နာမည္ႀကီးတာနဲ႔ ဝင္လုံးခ်င္တဲ့ Gold Digger အမ်ိဳးသမီးေတြနဲ႔ လြဲေစၿပီး ရည္းစားမထားမိေသးတာလည္းျဖစ္ႏိုင္ပါတယ္။

မိခင္ႏိုင္ငံ ႏိုင္ဂ်ီးရီးယားကို ေ႐ြးခ်ယ္ဖို႔ ဖိအားမေပးဘဲ နားလည္မႈရွိတဲ့ မိဘေတြေၾကာင့္ ဆာကာဟာ လက္ရွိမွာေတာ့ အဂၤလန္လက္ေ႐ြးစင္ အသင္းရဲ႕ ယူ႐ို ၂၀၂၁ ၿပိဳင္ပြဲဝင္လူစာရင္းကို ပါဝင္ခြင့္ရခဲ့သလို ခပ္ညစ္ညစ္ကစားတဲ့ ဩစႀတီးယားနဲ႔ ေျခစမ္းပြဲမွာလည္း စီနီယာေတြ အဝုန္းခံေနရခ်ိန္မွာ တစ္လုံးတည္းေသာ ဂိုးကို သြင္းယူေပးႏိုင္ခဲ့လို႔ ကေလးမ်က္ႏွာနဲ႔ ေကာင္ေလးတစ္ေယာက္ရဲ႕ ေအာင္ျမင္မႈေတြကို ေစာင့္ၾကည့္ရင္း သူ႔ရဲ႕ ဘဝကို သိရွိႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.