Article International La Liga Serie A

ရော်နယ်လ်ဒို၊ မက်ဆီတို့ရှေ့က ချက်တိုက်စစ်မှူး ဦးဆောင်ခဲ့တဲ့ ဂိုးသွင်းအများဆုံး စံချိန်ရှင် ၁၀ ဦး

၁၀။ တူလီယို မာရာဗီလျာ – ၅၇၅ ဂိုး
၂၀၁၉ ခုနှစ်ကမှ ဘောလုံးသမားဘဝက အနားယူသွားခဲ့တယ်လို့ သိရတဲ့ ဘရာဇီးလ်သားကြီးဟာ ၁၉၈၈ ခုနှစ်စလို့ ကလပ်အသင်း ၄၀ လောက်မှာ လှည့်လည်ကစားခဲ့သူဖြစ်ပြီး မှတ်ပုံတင်နိုင်ခဲ့တဲ့ သွင်းဂိုးကတော့ ၅၇၅ ဂိုးပါ။

၉။ အူဗဲ ဆီလာ – ၅၇၅ ဂိုးနဲ့အထက်
ဆီလာကတော့ ဂျာမန်ဂန္ထဝင်တိုက်စစ်မှူးကြီးဖြစ်ပြီး ဟမ်းဘတ်အသင်းနဲ့အတူ နာမည်ကြီးခဲ့သူပါ။ အနောက်ဂျာမနီခေတ်က နာမည်ကြီးခဲ့တဲ့ တိုက်စစ်မှူးအတွက် ဝီကီမှတ်တမ်းကတော့ ၄၈၉ ဂိုးသာ ရှာတွေ့ခဲ့ပြီး ဒါကတော့ နည်းနည်းအြငင်းပွားစရာဖြစ်နေခြ့သလို မှတ်တမ်းတွေရဲ့ မတိကျမှုလို့တော့ ဆိုချင်ဆိုနိုင်မှာပါ။

၈။ ဖီရင့်ခ် ဒိခ် – ၅၇၆ ဂိုးနဲ့အထက်
ဟန်ဂေရီအသင်းရဲ့ ဘုန်းမီးနေလအတောက်ဆုံးအချိန်အခါက စံချိန်တင်ဂိုးသွင်းရှင်ဖြစ်ခဲ့ပြီး ဆန်လိုရင်စီ AC ကလပ်အသင်းမှာ တစ်ပွဲ ၃ ဂိုး ပုံမှန်သွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

၇။ ဂတ်မူလာ – ၇၃၄ ဂိုး
ပွဲပေါင်း ၇၉၃ ပွဲကစားပြီး ၇၃၄ ဂိုးသွင်းယူထားတဲ့ ဂျာမန်ဂန္ထဝင်တိုက်စစ်မှူးကြီး ဂတ်မူလာက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ထာဝရအကောင်းဆုံး ဂိုးသွင်းစံချိန်ရှင်လည်းဖြစ်သလို ၁၉၇၄ ကမ္ဘာ့ဖလားဖိုင်နယ်မှာ နယ်သာလန်သွင်းယူခဲ့တဲ့ သူ့ရဲ့ဂိုးက အတော်လေးထင်ရှားခဲ့ပြီး ဂျာမနီအသင်းကို ချန်ပီယံဖြစ်စေခဲ့ပါတယ်။

၆။ လီယွန်နယ် မက်ဆီ – ၇၄၄ ဂိုး
မက်ဆီကတော့ ပွဲပေါင်း ၉၂၀ ကစားအပြီးမှာ ၇၄၄ ဂိုးသွင်းယူနိုင်ခဲ့သလို ဘာစီလိုနာရဲ့သမိုင်းမှာ အထင်ရှားဆုံးကစားသမားအဖြစ် ဘလွန်ဒေါဆု ၆ ဆုနဲ့အတူ မှတ်တမ်းရေးထိုးခဲ့ပြီးဖြစ်သလို သူ့ရဲ့ပြိုင်ဘက် ရော်နယ်လ်ဒိုကို ကျော်ဖြတ်ဖို့ ၃ နှစ် ပိုငယ်ရွယ်နေသေးတာကလည်း အခွင့်အလမ်းပိုများစေတာပါ။

၅။ ဖီရင့်ခ် ပွတ်ရှ်ကက်စ် – ၇၄၆ ဂိုးနဲ့အထက်
ရီးရဲလ်ဂန္တဝင်ဖြစ်ခဲ့တဲ့ ဟန်ဂေရီသား ပွတ်ရှ်ကပ်စ်က ၇၅၄ ပွဲနဲ့အထက် ကစားခဲ့တာဖြစ်ပြီး ၇၄၆ ဂိုးနဲ့အထက် သွင်းယူခဲ့ပါတာက အဆင့် ၅ နေရာမှာ ရပ်တည်နိုင်ခဲ့သလို သူ့ရဲ့နာမည်တလုံးက ဘူဒါပတ်စ်မှာ အတော်လေးကြီးကျယ်ခဲ့ပါတယ်။

၄။ ပီလီ – ၇၆၇ ဂိုး
၈၃၁ ပွဲအတွင်း ၇၆၇ ဂိုးနဲ့အထက် သွင်းယူခဲ့တဲ့ ပီလီက ကမ္ဘာ့ဖလား ၃ ကြိမ်ချန်ပီယံဖြစ်ခဲ့သလို ထာဝရအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရသူပါ။ သူ့ရဲ့ ဆန်းတို့စ်အသင်းနဲ့ သွင်းဂိုးတွေပါ တွက်ကြည့်ရင် ဂိုး ၁၀၀၀ ခဲ့ပြီလို့ အဆိုပြုခံထားရမှုတွေကိုလည်း တွေ့ရပါတယ်။

၃။ ရိုမာရီယို – ၇၇၂ ဂိုး
ဘရာဇီးလ်ဂန္ထဝင်ကြီးဟာ ၉၉၄ ပွဲကစားပြီး ၇၇၂ ဂိုးသွင်းယူခဲ့တာက ဘောလုံးလောကရဲ့ အမှတ်အသားတခုဖြစ်ခဲ့သလို ၁၉၉၄ ကမ္ဘာ့ဖလားချန်ပီယံအဖြစ် ရပ်တည်ခဲ့ပြီး ကမ္ဘာ့အဆင့်ကလပ်အသင်းတွေမှာ ကျင်လည်ခဲ့ရင်း ၂၀၀၇ မှာ အနားယူခဲ့တာဖြစ်ပါတယ်။

၂။ ခရစ္စတီယာနို ရော်နယ်လ်ဒို – ၇၇၇ ဂိုး
ရော်နယ်လ်ဒို လက်ရှိမှာ ပွဲပေါင်း ၁၀၆၈ ပွဲကစားအပြီး ၇၇၇ ဂိုးသွင်းသူအဖြစ် ကမ္ဘာ့ထာဝရဂိုးသွင်းအများဆုံး အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့သလို မကြာခင်မှာပဲ အဆင့် ၁ နေရာကို ကျော်ဖြတ်တက်လှမ်းလာတော့မယ်လို့ ယုံကြည်ခြင်းခံထားရပါတယ်။

၁။ ယိုဆက်ဖ် ဘီချန် – ၈၀၅ ဂိုးနဲ့အထက်
၁၉၃၁ ခုနှစ်က ၁၉၅၆ ခုနှစ်အတွင်း နှစ်အစိတ့်တွင်း ပွဲပေါင်း ၅၃၀ ကျော်ကစားပြီး ဂိုးပေါင်း ၈၀၅ ဂိုးကျော်သွင်းယူခဲ့သူဖြစ်တယ်လို့ မှတ်တမ်းအရ ရှိနေခဲ့ပြီး သူ့ရဲ့စံချိန်နဲ့ ပျမ်းမျှဂိုးသွင်းနှုန်းက အံ့အားသင့်ဖွယ်ရာလည်း ကောင်းခဲ့တာပါ။ ဆလားဗီးယား ပရာ့ပ်ရဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီးဖြစ်ခဲ့ပြီး သူ့ခေတ်သူအခါက မှတ်တမ်းထဲ မတွက်ချက်နိုင်တဲ့ သွင်းဂိုးတွေကိုပါ ပေါင်းထည့်ရင် ဂိုးပေါင်း ၁၅၀၀ ကျော်သွင်းယူခဲ့တယ်လို့လည်း မှတ်ချက်ပြုခံထားရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁၀။ တူလီယို မာရာဗီလ်ာ – ၅၇၅ ဂိုး
၂၀၁၉ ခုႏွစ္ကမွ ေဘာလုံးသမားဘဝက အနားယူသြားခဲ့တယ္လို႔ သိရတဲ့ ဘရာဇီးလ္သားႀကီးဟာ ၁၉၈၈ ခုႏွစ္စလို႔ ကလပ္အသင္း ၄၀ ေလာက္မွာ လွည့္လည္ကစားခဲ့သူျဖစ္ၿပီး မွတ္ပုံတင္ႏိုင္ခဲ့တဲ့ သြင္းဂိုးကေတာ့ ၅၇၅ ဂိုးပါ။

၉။ အူဗဲ ဆီလာ – ၅၇၅ ဂိုးနဲ႔အထက္
ဆီလာကေတာ့ ဂ်ာမန္ဂႏၴဝင္တိုက္စစ္မႉးႀကီးျဖစ္ၿပီး ဟမ္းဘတ္အသင္းနဲ႔အတူ နာမည္ႀကီးခဲ့သူပါ။ အေနာက္ဂ်ာမနီေခတ္က နာမည္ႀကီးခဲ့တဲ့ တိုက္စစ္မႉးအတြက္ ဝီကီမွတ္တမ္းကေတာ့ ၄၈၉ ဂိုးသာ ရွာေတြ႕ခဲ့ၿပီး ဒါကေတာ့ နည္းနည္းျအငင္းပြားစရာျဖစ္ေနျခ့သလို မွတ္တမ္းေတြရဲ႕ မတိက်မႈလို႔ေတာ့ ဆိုခ်င္ဆိုႏိုင္မွာပါ။

၈။ ဖီရင့္ခ္ ဒိခ္ – ၅၇၆ ဂိုးနဲ႔အထက္
ဟန္ေဂရီအသင္းရဲ႕ ဘုန္းမီးေနလအေတာက္ဆုံးအခ်ိန္အခါက စံခ်ိန္တင္ဂိုးသြင္းရွင္ျဖစ္ခဲ့ၿပီး ဆန္လိုရင္စီ AC ကလပ္အသင္းမွာ တစ္ပြဲ ၃ ဂိုး ပုံမွန္သြင္းယူႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

၇။ ဂတ္မူလာ – ၇၃၄ ဂိုး
ပြဲေပါင္း ၇၉၃ ပြဲကစားၿပီး ၇၃၄ ဂိုးသြင္းယူထားတဲ့ ဂ်ာမန္ဂႏၴဝင္တိုက္စစ္မႉးႀကီး ဂတ္မူလာက ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ထာဝရအေကာင္းဆုံး ဂိုးသြင္းစံခ်ိန္ရွင္လည္းျဖစ္သလို ၁၉၇၄ ကမာၻ႔ဖလားဖိုင္နယ္မွာ နယ္သာလန္သြင္းယူခဲ့တဲ့ သူ႔ရဲ႕ဂိုးက အေတာ္ေလးထင္ရွားခဲ့ၿပီး ဂ်ာမနီအသင္းကို ခ်န္ပီယံျဖစ္ေစခဲ့ပါတယ္။

၆။ လီယြန္နယ္ မက္ဆီ – ၇၄၄ ဂိုး
မက္ဆီကေတာ့ ပြဲေပါင္း ၉၂၀ ကစားအၿပီးမွာ ၇၄၄ ဂိုးသြင္းယူႏိုင္ခဲ့သလို ဘာစီလိုနာရဲ႕သမိုင္းမွာ အထင္ရွားဆုံးကစားသမားအျဖစ္ ဘလြန္ေဒါဆု ၆ ဆုနဲ႔အတူ မွတ္တမ္းေရးထိုးခဲ့ၿပီးျဖစ္သလို သူ႔ရဲ႕ၿပိဳင္ဘက္ ေရာ္နယ္လ္ဒိုကို ေက်ာ္ျဖတ္ဖို႔ ၃ ႏွစ္ ပိုငယ္႐ြယ္ေနေသးတာကလည္း အခြင့္အလမ္းပိုမ်ားေစတာပါ။

၅။ ဖီရင့္ခ္ ပြတ္ရွ္ကက္စ္ – ၇၄၆ ဂိုးနဲ႔အထက္
ရီးရဲလ္ဂႏၲဝင္ျဖစ္ခဲ့တဲ့ ဟန္ေဂရီသား ပြတ္ရွ္ကပ္စ္က ၇၅၄ ပြဲနဲ႔အထက္ ကစားခဲ့တာျဖစ္ၿပီး ၇၄၆ ဂိုးနဲ႔အထက္ သြင္းယူခဲ့ပါတာက အဆင့္ ၅ ေနရာမွာ ရပ္တည္ႏိုင္ခဲ့သလို သူ႔ရဲ႕နာမည္တလုံးက ဘူဒါပတ္စ္မွာ အေတာ္ေလးႀကီးက်ယ္ခဲ့ပါတယ္။

၄။ ပီလီ – ၇၆၇ ဂိုး
၈၃၁ ပြဲအတြင္း ၇၆၇ ဂိုးနဲ႔အထက္ သြင္းယူခဲ့တဲ့ ပီလီက ကမာၻ႔ဖလား ၃ ႀကိမ္ခ်န္ပီယံျဖစ္ခဲ့သလို ထာဝရအေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ခံထားရသူပါ။ သူ႔ရဲ႕ ဆန္းတို႔စ္အသင္းနဲ႔ သြင္းဂိုးေတြပါ တြက္ၾကည့္ရင္ ဂိုး ၁၀၀၀ ခဲ့ၿပီလို႔ အဆိုျပဳခံထားရမႈေတြကိုလည္း ေတြ႕ရပါတယ္။

၃။ ႐ိုမာရီယို – ၇၇၂ ဂိုး
ဘရာဇီးလ္ဂႏၴဝင္ႀကီးဟာ ၉၉၄ ပြဲကစားၿပီး ၇၇၂ ဂိုးသြင္းယူခဲ့တာက ေဘာလုံးေလာကရဲ႕ အမွတ္အသားတခုျဖစ္ခဲ့သလို ၁၉၉၄ ကမာၻ႔ဖလားခ်န္ပီယံအျဖစ္ ရပ္တည္ခဲ့ၿပီး ကမာၻ႔အဆင့္ကလပ္အသင္းေတြမွာ က်င္လည္ခဲ့ရင္း ၂၀၀၇ မွာ အနားယူခဲ့တာျဖစ္ပါတယ္။

၂။ ခရစၥတီယာႏို ေရာ္နယ္လ္ဒို – ၇၇၇ ဂိုး
ေရာ္နယ္လ္ဒို လက္ရွိမွာ ပြဲေပါင္း ၁၀၆၈ ပြဲကစားအၿပီး ၇၇၇ ဂိုးသြင္းသူအျဖစ္ ကမာၻ႔ထာဝရဂိုးသြင္းအမ်ားဆုံး အဆင့္ ၂ ေနရာမွာ ရပ္တည္ႏိုင္ခဲ့သလို မၾကာခင္မွာပဲ အဆင့္ ၁ ေနရာကို ေက်ာ္ျဖတ္တက္လွမ္းလာေတာ့မယ္လို႔ ယုံၾကည္ျခင္းခံထားရပါတယ္။

၁။ ယိုဆက္ဖ္ ဘီခ်န္ – ၈၀၅ ဂိုးနဲ႔အထက္
၁၉၃၁ ခုႏွစ္က ၁၉၅၆ ခုႏွစ္အတြင္း ႏွစ္အစိတ့္တြင္း ပြဲေပါင္း ၅၃၀ ေက်ာ္ကစားၿပီး ဂိုးေပါင္း ၈၀၅ ဂိုးေက်ာ္သြင္းယူခဲ့သူျဖစ္တယ္လို႔ မွတ္တမ္းအရ ရွိေနခဲ့ၿပီး သူ႔ရဲ႕စံခ်ိန္နဲ႔ ပ်မ္းမွ်ဂိုးသြင္းႏႈန္းက အံ့အားသင့္ဖြယ္ရာလည္း ေကာင္းခဲ့တာပါ။ ဆလားဗီးယား ပရာ့ပ္ရဲ႕ ဂႏၴဝင္တိုက္စစ္မႉးႀကီးျဖစ္ခဲ့ၿပီး သူ႔ေခတ္သူအခါက မွတ္တမ္းထဲ မတြက္ခ်က္ႏိုင္တဲ့ သြင္းဂိုးေတြကိုပါ ေပါင္းထည့္ရင္ ဂိုးေပါင္း ၁၅၀၀ ေက်ာ္သြင္းယူခဲ့တယ္လို႔လည္း မွတ္ခ်က္ျပဳခံထားရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.