International

ပေါ်တူဂီအသင်း ယူရိုပါလိဂ်ဘုရင်အဖြစ် ပွဲခံဦးမယ့် ခိုင်လုံတဲ့အကြောင်း ၅ ချက်

လာမယ့် ယူရို ၂၀၂၀ အစားထိုး ၂၀၂၁ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအနေနဲ့ ပြင်သစ်၊ ဂျာမနီ၊ ဟန်ဂေရီ မရဏအုပ်စုထဲကို ကျရောက်နေတာက ခရီးကြမ်းဖြစ်လာဖွယ် ရှိနေတယ်။ ရှုံးထွက်အဆင့် ၁၆ သင်းအဆင့်ကို တက်ရောက်ဖို့ အုပ်စုကနေ ၂ သင်းသာ ကျွတ်မယ့်အနေအထားဖြစ်ပါတယ်။

ပေါ်တူဂီ၊ ပြင်သစ်၊ ဂျာမနီဆိုတဲ့ ယူရိုချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးနဲ့ လက်ရှိဥရောပရဲ့ အကောင်းဆုံးလက်ရွေးစင်အသင်း ၃ သင်းထဲက အနည်းဆုံး တစ်သင်းကတော့ အုပ်စု ​F ကနေ အိမ်ပြန်ရမှာကတော့ ဝမ်းနည်းဖွယ်ရာဖြစ်လာနေတာပါ။

ဒီအချိန်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဦးဆောင်လာတဲ့ ပေါ်တူဂီအသင်းကိုကြည့်ရင် ဘယ်အသင်းမှ လိုက်မမီတဲ့ အတောင့်တင်းဆုံးလူစာရင်းကို ပိုင်ဆိုင်ထားတာကို တွေ့ရချိန်တာက လက်ရှိချန်ပီယံ ပေါ်တူဂီအသင်းဟာ ဘာကြောင့် ယူရိုပါလိဂ်ဘုရင်အဖြစ် ထပ်မံပွဲခံဦးမလဲဆိုတာကို ဆွေးနွေးမှုတွေမြင့်တက်လာစေတဲ့ အကြောင်းရင်းတွေကို ကြည့်တဲ့အခါ….

၁။ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အလွှမ်းမိုးနိုင်ဆုံးအသင်း
၂၀၁၆ ခုနှစ်က ခရိုအေးရှား၊ ဝေးလ်စ်နဲ့ ပြင်သစ်တို့ကို ကျော်ဖြတ်ပြီး ရော်နယ်လ်ဒိုရဲ့ ပထမဆုံးနိုင်ငံတကာအောင်မြင်မှု သီးပွင်ခဲ့တဲ့ လက်ရှိချန်ပီယံအသင်းဟာ ယူရို ၂၀၂၀ မှာ ချန်ပီယံဆုကို ကာကွယ်ဖို့ ရောက်ရှိလာတာဖြစ်သလို ၂၀၁၈-၁၉ ရဲ့ UEFA နေရှင်းလိဂ်မှာလည်း ပထမဆုံးချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားကျဆုံးမှုကို ပြန်ဦးမော့ဖို့ မောင်းတင်လာမှာပါ။

၂။ ပြိုင်ဘက်တိုင်း ဖြုံရလောက်တဲ့ သာလွန်အင်အား
သိပ်ကို ပြီးပြည်စုံပြီး ဟန်ချက်ညီတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတာက ရော်နယ်လ်ဒိိုပရိသတ်တွေရော ပေါ်တူဂီပရိသတ်တွေအတွက်ပါ သူ့ရဲ့ပြိုင်ဘက် မက်ဆီကို အလဲထိုးနိုင်မယ့် ချက်ကောင်းအဖြစ် ခံယူထားကြတာကို တွေ့ရသလို ညီညွတ်လွန်းတဲ့ လူစာရင်းက ယူရိုချန်ပီယံဖြစ်ဖို့ လုံလောက်တာထက်ကို ပိုနေတဲ့နောက်မှာ ကွင်းထဲက ခြေစွမ်းကသာ သက်သေဖြစ်လာဖို့ လိုအပ်တော့တယ်။

၃။ လူငယ်နဲ့ သမ္ဘာ အချိုးကျပေါင်းစပ်ထားတဲ့ ခံစစ်ပိုင်း
ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးရဲ့ ရူဘင် ဒီယက်စ်နဲ့ သမ္ဘာ့ရင့် ဖွန်တေ၊ ပီပီတို့ရဲ့ ပေါင်းစပ်မှုက ဗဟိုခံစစ်ပိုင်းကို စွဲမက်စရာဖြစ်စေသလို ဘယ်သူမှ ဂိုးမဝင်နိုင်တော့မယ့် ဂိုးပေါက်ကို ကာကွယ်ဖို့လားလို့ အမွှမ်းတင်ခံထားရချိန်မှာ ညာနောက်ခံလူမှာ ကန်ဆယ်လို၊ ဘယ်နောက်ခံလူနေရာမှာ ဂွာရဲရိုးနဲ့ နူနို မန်ဒက်စ်တို့ရဲ့အားက ကြောက်စရာသိပ်ကောင်းတဲ့ အတွဲအဖက်ဖြစ်နေတယ်။

၄။ ဆရာကျလွန်းတဲ့ ကွင်းလယ်
ရှေ့၊ လယ်၊ နောက် ဟန်ချက်ညီလွန်းနေတယ်လို့ ချီးကျူးမှုနောက်မှာ ကွင်းလယ်တိုက်စစ်ပိုင်းက ဘရူနိူ ဖာနန်ဒက်စ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့က အမြင့်ဆုံးဖန်တီးမှုအပိုင်းကို တာဝန်ယူသွားဖို့ ရှိနေပြီး ကွင်းလယ်အထိုင်မှာ ပါရဲရား၊ မော်တင်ဟိုတို့အပြင် စပို့တင်းလစ္စဘွန်းရဲ့ ကွင်းလယ်ခံစစ်သမား ပယ်လင်ညာလည်း ရှိနေသလို ရီနာတို ဆန်းချက်ဇ်၊ ဝီလီယံ ကာဗယ်လ်ဟို၊ ရူဘင် နီဗတ်စ်ကို ပေါ်တိုရဲ့ လက်ရှိအကောင်းဆုံးကွင်းလယ်လူဆာဂျီယို အိုလီဗီယေးရာက ထပ်ပေါင်းစပ်လာဦးမှာက ကွင်းလယ်အားကို တောင့်တာထက်ကို ပိုနေစေပါတယ်။

၅။ ရော်နယ်လ်ဒိုရဲ့ နောက်ဆုံးမီးတောက်ပွင့်လန်းချိန်
ပေါ်တူဂီရဲ့တိုက်စစ်ပိုင်းမှာ လက်ရှိစီးရီးအေရွှေဖိနပ်ဆုရှင် ရော်နယ်လ်ဒို၊ ဘွန်ဒက်လီဂါမှာ ဖရန့်ဖတ်မှာ အဟပ်မိသွားပြီး ၂၉ ဂိုးသွင်း၊ ၁၀ ဂိုးဖန်တီးထားတဲ့ အန်ဒရီ ဆေးလ်ဗားတို့က အသက်သွေးကြောဖြစ်လာမှာ သေချာပေါက်ဆိုတဲ့အပြင် လီ​ဗာပူးလ်တိုက်စစ်မှှူး ဂျိုတာက ပူးပေါင်းလာဦးမှာဖြစ်တယ်။ ဒါ့အပြင် အေတီကိုနဲ့ လာလီဂါချန်ပီယံဖြစ်ထားတဲ့ ဂျာအို ဖဲလစ္စက နည်းပြဆန်းတို့စ်ရဲ့ အသင်းကို ကျားကို အ​တောင်ပံတပ်ဆင်ပေးလိုက်သလို ဖြစ်လာမယ့်အပြင် ယူရို ၂၀၂၀ ပြိုင်ပွဲဟာ ရော်နယ်လ်ဒိုရဲ့ နောက်ဆုံးမီးတောက်ပွင့်လန်းချိန်နဲ့ ညှစ်အားနဲ့ အစွမ်းကုန်ရုန်းကန်မှုတွေ ပေါင်းစပ်လာတော့မှာဖြစ်လို့ ပေါ်တူဂီအသင်းကသာ ချန်ပီယံဖြစ်ဖို့ အလားအလာကောင်းနေတယ်လို့ သတ်မှတ်ခံထားရတာဖြစ်ကောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လာမယ့္ ယူ႐ို ၂၀၂၀ အစားထိုး ၂၀၂၁ ၿပိဳင္ပြဲမွာ ေပၚတူဂီအသင္းအေနနဲ့ ျပင္သစ္၊ ဂ်ာမနီ၊ ဟန္ေဂရီတို့ရဲ႕ မရဏအုပ္စုထဲကို က်ေရာက္ေနတာက ခရီးၾကမ္းျဖစ္လာဖြယ္ ရွိေနတယ္။ ရႈံးထြက္အဆင့္ ၁၆ သင္းအဆင့္ကို တက္ေရာက္ဖို႔ အုပ္စုကေန ၂ သင္းသာ ကြၽတ္မယ့္အေနအထားျဖစ္ပါတယ္။

ေပၚတူဂီ၊ ျပင္သစ္၊ ဂ်ာမနီဆိုတဲ့ ယူ႐ိုခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆုံးနဲ႔ လက္ရွိဥေရာပရဲ႕ အေကာင္းဆုံးလက္ေ႐ြးစင္အသင္း ၃ သင္းထဲက အနည္းဆုံး တစ္သင္းကေတာ့ အုပ္စု ​F ကေန အိမ္ျပန္ရမွာကေတာ့ ဝမ္းနည္းဖြယ္ရာျဖစ္လာေနတာပါ။

ဒီအခ်ိန္မွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဦးေဆာင္လာတဲ့ ေပၚတူဂီအသင္းကိုၾကည့္ရင္ ဘယ္အသင္းမွ လိုက္မမီတဲ့ အေတာင့္တင္းဆုံးလူစာရင္းကို ပိုင္ဆိုင္ထားတာကို ေတြ႕ရခ်ိန္တာက လက္ရွိခ်န္ပီယံ ေပၚတူဂီအသင္းဟာ ဘာေၾကာင့္ ယူ႐ိုပါလိဂ္ဘုရင္အျဖစ္ ထပ္မံပြဲခံဦးမလဲဆိုတာကို ေဆြးေႏြးမႈေတြျမင့္တက္လာေစတဲ့ အေၾကာင္းရင္းေတြကို ၾကည့္တဲ့အခါ….

၁။ လြန္ခဲ့တဲ့ ၅ ႏွစ္အတြင္း အလႊမ္းမိုးႏိုင္ဆုံးအသင္း
၂၀၁၆ ခုႏွစ္က ခ႐ိုေအးရွား၊ ေဝးလ္စ္နဲ႔ ျပင္သစ္တို႔ကို ေက်ာ္ျဖတ္ၿပီး ေရာ္နယ္လ္ဒိုရဲ႕ ပထမဆုံးႏိုင္ငံတကာေအာင္ျမင္မႈ သီးပြင္ခဲ့တဲ့ လက္ရွိခ်န္ပီယံအသင္းဟာ ယူ႐ို ၂၀၂၀ မွာ ခ်န္ပီယံဆုကို ကာကြယ္ဖို႔ ေရာက္ရွိလာတာျဖစ္သလို ၂၀၁၈-၁၉ ရဲ႕ UEFA ေနရွင္းလိဂ္မွာလည္း ပထမဆုံးခ်န္ပီယံအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီးေနာက္ ကမာၻ႔ဖလားက်ဆုံးမႈကို ျပန္ဦးေမာ့ဖို႔ ေမာင္းတင္လာမွာပါ။

၂။ ၿပိဳင္ဘက္တိုင္း ၿဖဳံရေလာက္တဲ့ သာလြန္အင္အား
သိပ္ကို ၿပီးျပည္စုံၿပီး ဟန္ခ်က္ညီတဲ့ လူစာရင္းကို ပိုင္ဆိုင္ထားတာက ေရာ္နယ္လ္ဒိိုပရိသတ္ေတြေရာ ေပၚတူဂီပရိသတ္ေတြအတြက္ပါ သူ႔ရဲ႕ၿပိဳင္ဘက္ မက္ဆီကို အလဲထိုးႏိုင္မယ့္ ခ်က္ေကာင္းအျဖစ္ ခံယူထားၾကတာကို ေတြ႕ရသလို ညီၫြတ္လြန္းတဲ့ လူစာရင္းက ယူ႐ိုခ်န္ပီယံျဖစ္ဖို႔ လုံေလာက္တာထက္ကို ပိုေနတဲ့ေနာက္မွာ ကြင္းထဲက ေျခစြမ္းကသာ သက္ေသျဖစ္လာဖို႔ လိုအပ္ေတာ့တယ္။

၃။ လူငယ္နဲ႔ သမာၻ အခ်ိဳးက်ေပါင္းစပ္ထားတဲ့ ခံစစ္ပိုင္း
ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးရဲ႕ ႐ူဘင္ ဒီယက္စ္နဲ႔ သမာၻ႔ရင့္ ဖြန္ေတ၊ ပီပီတို႔ရဲ႕ ေပါင္းစပ္မႈက ဗဟိုခံစစ္ပိုင္းကို စြဲမက္စရာျဖစ္ေစသလို ဘယ္သူမွ ဂိုးမဝင္ႏိုင္ေတာ့မယ့္ ဂိုးေပါက္ကို ကာကြယ္ဖို႔လားလို႔ အမႊမ္းတင္ခံထားရခ်ိန္မွာ ညာေနာက္ခံလူမွာ ကန္ဆယ္လို၊ ဘယ္ေနာက္ခံလူေနရာမွာ ဂြာရဲ႐ိုးနဲ႔ ႏူႏို မန္ဒက္စ္တို႔ရဲ႕အားက ေၾကာက္စရာသိပ္ေကာင္းတဲ့ အတြဲအဖက္ျဖစ္ေနတယ္။

၄။ ဆရာက်လြန္းတဲ့ ကြင္းလယ္
ေရွ႕၊ လယ္၊ ေနာက္ ဟန္ခ်က္ညီလြန္းေနတယ္လို႔ ခ်ီးက်ဴးမႈေနာက္မွာ ကြင္းလယ္တိုက္စစ္ပိုင္းက ဘ႐ူႏိူ ဖာနန္ဒက္စ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔က အျမင့္ဆုံးဖန္တီးမႈအပိုင္းကို တာဝန္ယူသြားဖို႔ ရွိေနၿပီး ကြင္းလယ္အထိုင္မွာ ပါရဲရား၊ ေမာ္တင္ဟိုတို႔အျပင္ စပို႔တင္းလစၥဘြန္းရဲ႕ ကြင္းလယ္ခံစစ္သမား ပယ္လင္ညာလည္း ရွိေနသလို ရီနာတို ဆန္းခ်က္ဇ္၊ ဝီလီယံ ကာဗယ္လ္ဟို၊ ႐ူဘင္ နီဗက္စ္တို့ကို ေပၚတိုရဲ႕ လက္ရွိအေကာင္းဆုံးကြင္းလယ္လူဆာဂ်ီယို အိုလီဗီေယးရာက ထပ္ေပါင္းစပ္လာဦးမွာက ကြင္းလယ္အားကို ေတာင့္တာထက္ကို ပိုေနေစပါတယ္။

၅။ ေရာ္နယ္လ္ဒိုရဲ႕ ေနာက္ဆုံးမီးေတာက္ပြင့္လန္းခ်ိန္
ေပၚတူဂီရဲ႕တိုက္စစ္ပိုင္းမွာ လက္ရွိစီးရီးေအေ႐ႊဖိနပ္ဆုရွင္ ေရာ္နယ္လ္ဒို၊ ဘြန္ဒက္လီဂါမွာ ဖရန္႔ဖတ္မွာ အဟပ္မိသြားၿပီး ၂၉ ဂိုးသြင္း၊ ၁၀ ဂိုးဖန္တီးထားတဲ့ အန္ဒရီ ေဆးလ္ဗားတို႔က အသက္ေသြးေၾကာျဖစ္လာမွာ ေသခ်ာေပါက္ဆိုတဲ့အျပင္ လီ​ဗာပူးလ္တိုက္စစ္မွဴး ဂ်ိဳတာက ပူးေပါင္းလာဦးမွာျဖစ္တယ္။ ဒါ့အျပင္ ေအတီကိုနဲ႔ လာလီဂါခ်န္ပီယံျဖစ္ထားတဲ့ ဂ်ာအို ဖဲလစၥက နည္းျပဆန္းတို႔စ္ရဲ႕ အသင္းကို က်ားကို အ​ေတာင္ပံတပ္ဆင္ေပးလိုက္သလို ျဖစ္လာမယ့္အျပင္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲဟာ ေရာ္နယ္လ္ဒိုရဲ႕ ေနာက္ဆုံးမီးေတာက္ပြင့္လန္းခ်ိန္နဲ႔ ညႇစ္အားနဲ႔ အစြမ္းကုန္႐ုန္းကန္မႈေတြ ေပါင္းစပ္လာေတာ့မွာျဖစ္လို႔ ေပၚတူဂီအသင္းကသာ ခ်န္ပီယံျဖစ္ဖို႔ အလားအလာေကာင္းေနတယ္လို႔ သတ္မွတ္ခံထားရတာျဖစ္ေကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.