Bundesliga La Liga Premier League

ေပါင္သန္းခုနစ္ဆယ္တန္ ကစားသမားကို မလိုခ်င္ေၾကာင္း အာဆင္နယ္ပရိသတ္ေတြ တုံ႔ျပန္

ဘာစီလိုနာရဲ႕ ဖလိပီ ေကာ္တင္ညဳိကို အာဆင္နယ္အသင္းအေနနဲ႔ ေပါင္သန္း ၇၀ ေပးရင္ ေခၚယူႏုိင္မယ္လို႔ အီးဗနင္း စတန္းဒတ္သတင္းဌာနရဲ႕ ေရးသားမွဳ အၿပီးမွာ အသင္းပရိသတ္ေတြက တစ္ညီတစ္ညြတ္တည္း ဒီကစားသမားကို မလိုခ်င္ေၾကာင္း ဝိုင္းဝန္တုံ႔ျပန္ေရးသားခဲ့ၾကတယ္လို႔ သိရပါတယ္။

အသင္းရဲ႕ လစာေငြကို ေလွ်ာ့ခ်ၿပီး ကစားသမားရဲ႕ ေျပာင္းေရႊ႕ေၾကးကေန ေငြသားျပန္လည္လိုခ်င္ေနတဲ့ ဘာစီလိုနာအသင္းအေနနဲ႔ ေကာ္တင္ညဳိကို ေနမာနဲ႔ ေလာ္တာ႐ို မာတီနက္ဇ္ကို ေခၚယူဖို႔ ေရာင္းထုတ္ခ်င္ေနတာျဖစ္ၿပီး အသင္းေဟာင္း လီဗာပူးလ္ကေတာ့ ျပန္ေခၚယူဖို႔ မရွိခ်ိန္မွာ အာဆင္နယ္နဲ႔ အသံထြက္လာခဲ့တာလည္းျဖစ္ပါတယ္။

လီဗာပူးလ္အသင္းကေန ဘာစီလိုနာကို ေပါင္သန္း ၁၃၀ နဲ႔ ေျပာင္းေရႊ႕သြားခဲ့တဲ့ ေကာ္တင္ညဳိဟာ ႏွစ္ႏွစ္အၾကာမွာေတာ့ အငွားထြက္ကစားတဲ့သူတစ္ေယာက္ဘဝကို ေရာက္ရွိေနခဲ့ၿပီး သြားကစားတဲ့ ဘုိင္ယန္ျမဴးနစ္မွာလည္း အဓိကက်တဲ့ အခန္းက႑က မရွိခဲ့သလို ဂ်ာမန္ အသင္းဘက္ကလည္း အၿပီးသတ္ေခၚယူသြားဖို႔ မရွိဘူးလို႔ ဆုိပါတယ္။

အာဆင္နယ္ပရိသတ္ေတြကေတာ့ အသက္ ၂၇ ႏွစ္အရြယ္ ကြင္းလယ္လူကို ဒီေန႔ေဈးကြက္ရဲ႕ သက္သာတဲ့ တန္ေၾကးနဲ႔ ရရွိမွာျဖစ္ေပမယ့္ သူဟာ ဟိုအရင္တုန္းက လီဗာပူးလ္မွာ ျပခဲ့တဲ့ ေျခစြမ္းမ်ဳိး မရွိေတာ့ေၾကာင္းနဲ႔ ဘာျဖစ္လို႔ သူ႕အတြက္ ပုိက္ဆံသုံးမွာလဲလုိ႔ အမ်ားစုက ေမးခြန္းထုတ္ခဲ့ၾကေပမယ့္ တခ်ဳိ႕ကေတာ့ ေခၚယူသင့္တယ္လုိ႔ ဆိုခဲ့ၾကပါတယ္။

ဘာစီလိုနာကို ေျပာင္းေရႊ႕ခဲ့တာ မွားယြင္းၿပီး ငါဘာလုိ႔ ဒီလိုလုပ္မိတာလဲဆုိၿပီး အိပ္ယာက ႏိုးတုိင္း ေတြးေနမိတယ္ဆုိတဲ့ ေကာ္တင္ညဳိကိုေတာ့ ခ်ဲလ္ဆီးနဲ႔ စပါးစ္ႏွစ္သင္းကသာ ေခၚယူမယ္လို႔ အသံထြက္ေနၿပီး အာဆင္နယ္အေနနဲ႔ေတာ့ သူ႕အတြက္ က်သင့္မယ့္ ပမာဏကို ကစားသမားႏွစ္ေယာက္ေလာက္အတြက္ ခြဲေဝအသံုးျပဳသြားတာက ပုိမုိသင့္ေတာ္မယ္လုိ႔လည္း သုံးသပ္ရပါတယ္။

REF: EVENING STANDARD & TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘာစီလိုနာရဲ့ ဖလိပီ ကော်တင်ညိုကို အာဆင်နယ်အသင်းအနေနဲ့ ပေါင်သန်း ၇၀ ပေးရင် ခေါ်ယူနိုင်မယ်လို့ အီးဗနင်း စတန်းဒတ်သတင်းဌာနရဲ့ ရေးသားမှု အပြီးမှာ အသင်းပရိသတ်တွေက တစ်ညီတစ်ညွတ်တည်း ဒီကစားသမားကို မလိုချင်ကြောင်း ဝိုင်းဝန်တုံ့ပြန်ရေးသားခဲ့ကြတယ်လို့ သိရပါတယ်။

အသင်းရဲ့ လစာငွေကို လျှော့ချပြီး ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကနေ ငွေသားပြန်လည်လိုချင်နေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ကော်တင်ညိုကို နေမာနဲ့ လော်တာရို မာတီနက်ဇ်ကို ခေါ်ယူဖို့ ရောင်းထုတ်ချင်နေတာဖြစ်ပြီး အသင်းဟောင်း လီဗာပူးလ်ကတော့ ပြန်ခေါ်ယူဖို့ မရှိချိန်မှာ အာဆင်နယ်နဲ့ အသံထွက်လာခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကနေ ဘာစီလိုနာကို ပေါင်သန်း ၁၃၀ နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ကော်တင်ညိုဟာ နှစ်နှစ်အကြာမှာတော့ အငှားထွက်ကစားတဲ့သူတစ်ယောက်ဘဝကို ရောက်ရှိနေခဲ့ပြီး သွားကစားတဲ့ ဘိုင်ယန်မြူးနစ်မှာလည်း အဓိကကျတဲ့ အခန်းကဏ္ဍက မရှိခဲ့သလို ဂျာမန် အသင်းဘက်ကလည်း အပြီးသတ်ခေါ်ယူသွားဖို့ မရှိဘူးလို့ ဆိုပါတယ်။

အာဆင်နယ်ပရိသတ်တွေကတော့ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူကို ဒီနေ့ဈေးကွက်ရဲ့ သက်သာတဲ့ တန်ကြေးနဲ့ ရရှိမှာဖြစ်ပေမယ့် သူဟာ ဟိုအရင်တုန်းက လီဗာပူးလ်မှာ ပြခဲ့တဲ့ ခြေစွမ်းမျိုး မရှိတော့ကြောင်းနဲ့ ဘာဖြစ်လို့ သူ့အတွက် ပိုက်ဆံသုံးမှာလဲလို့ အများစုက မေးခွန်းထုတ်ခဲ့ကြပေမယ့် တချို့ကတော့ ခေါ်ယူသင့်တယ်လို့ ဆိုခဲ့ကြပါတယ်။

ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တာ မှားယွင်းပြီး ငါဘာလို့ ဒီလိုလုပ်မိတာလဲဆိုပြီး အိပ်ယာက နိုးတိုင်း တွေးနေမိတယ်ဆိုတဲ့ ကော်တင်ညိုကိုတော့ ချဲလ်ဆီးနဲ့ စပါးစ်နှစ်သင်းကသာ ခေါ်ယူမယ်လို့ အသံထွက်နေပြီး အာဆင်နယ်အနေနဲ့တော့ သူ့အတွက် ကျသင့်မယ့် ပမာဏကို ကစားသမားနှစ်ယောက်လောက်အတွက် ခွဲဝေအသုံးပြုသွားတာက ပိုမိုသင့်တော်မယ်လို့လည်း သုံးသပ်ရပါတယ်။

REF: EVENING STANDARD & TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.