Premier League

ချယ်လ်ဆီးရဲ့ ချန်ပီယံလိဂ်အောင်​မြင်မှုနောက်ကွယ်က သူရဲကောင်း လမ်းပတ်

ချယ်လ်ဆီးအသင်းဟာ နည်းပြသစ်တူဟယ်လ်လက်ထက်မှာ အမြင့်ပျံခဲ့ပြီး FA ဖလားဖိုင်နယ်အထိ တက်ခဲ့သလို ပရီးမီးယားလိဂ် အဆင့် ၄ မှာ ရပ်တည်နိုင်ခဲ့ပြီး အအောင်မြင်ဆုံးဖြစ်ရပ်ကတော့ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးကို အလဲထိုးပြီး ချန်ပီယံတွေရဲ့လိဂ်အဖြစ် သတ်မှတ်ခံထားရတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်လာခဲ့တယ်။

ချယ်လ်ဆီးဂန္ထဝင်တဖြစ်လဲ နည်းပြဟောင်းလမ်းပတ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့တဲ့ ရလဒ်ဆိုးရွားမှုအပြီးမှာ စတမ်းဖို့ဒ်ဘရစ်ချ်ကနေ ထုတ်ပတ်ခံခဲ့ရတဲ့နောက် သူ့နေရာကို အစားထိုးခဲ့တဲ့ တူဟယ်လ်က အပြာရောင်လန်ဒန်တို့ကို FA နဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ဆီ တွန်းတင်ခဲ့ပြီး အခုလိုအောင်မြင်အောင် ထုဆစ်ပေးနိုင်ခဲ့ခြင်းဖြစ်တယ်။

တူဟယ်လ်ကတော့ လမ်းပတ်အနေနဲ့ ချယ်လ်​ဆီးကို ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ရှုံးပွဲမရှိအနေအထားနဲ့ လွတ်လွတ်ကျွတ်ကျွတ် နောက်တဆင့်တက်ရောက်စေခဲ့လို့သာ မိမိအနေနဲ့ အခုလို အချိန်တိုတိုနဲ့ အရာထင်အောင် ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နိုင်ခဲ့တာကို ဘယ်တော့မှမေ့မှာမဟုတ်ဘူးလို့ ကျေးဇူးတင်စကားဆိုခဲ့ဖူးတယ်။

“ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ဖို့ဆိုရင် ခင်ဗျားအသင်းက အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ ဒီအလုပ်ကိုတော့ လမ်းပတ်က စွမ်းဆောင်ခဲ့တာပါ။ ဒါက ချယ်လ်ဆီးအတွက် သူ့ရဲ့အုတ်မြစ်ချမှုဖြစ်ပြီး ကျွန်တော့်ကို ဖိုင်နယ်တက်စေခဲ့တဲ့ သူ့ရဲ့စွမ်းဆောင်ရည်ကို အမြဲအမှတ်ရနေမှာပါ”

“ကျွန်တော်က ရာသီဝက်မှာ ရောက်လာခဲ့တာဖြစ်ပြီး သူချန်ရစ်ခဲ့တဲ့ ဘောလုံးအမွေကို ဆက်ခံခဲ့ခြင်းဖြစ်ပါတယ်။ ချယ်လ်ဆီးလို့ဆိုလိုက်ရင် ခင်ဗျားတို့ လမ်းပတ်နဲ့ ဘယ်တော့မှ ခွဲခြားထားလို့ မရပါဘူး။ ဒီအသင်းရဲ့ အဓိကကျတဲ့ သမိုင်းလှလွန်းတဲ့ ပုဂ္ဂိုလ်ပါ”လို့ တူဟယ်လ်က ချယ်လ်ဆီးရဲ့အောင်မြင်မှုနောက်ကွယ်က သူရဲကောင်းလမ်းပတ်ကို မဖြစ်မနေမှတ်တမ်းတင်ခဲ့တယ်။

လမ်းပတ်ဟာ ချယ်လ်ဆီးကို စတင်တာဝန်ယူချိန်ဟာ အသင်းမှာ အပြောင်းအရွှေ့အပိတ်ခံထားရပြီး ဟာဇက်လို ခြေစွမ်းအမြင့်ဆုံးကစားသမားက အသင်းကို စွန့်ခွာသွားခဲ့ချိန်ဖြစ်တယ်။ အကျိုးဆက်အနေနဲ့ မေဆန်မောင့်၊ ရီးစ်ဂျိမ်းစ်တို့ဟာ လမ်းပတ်စိုက်ပျိုးခဲ့တဲ့ လူငယ်အသီးအပွင့်တွေအဖြစ် တူဟယ်လ်ခံစားခွင့်ရခဲ့ခြင်းဖြစ်တယ်။

သီယာဂို ဆေးလ်ဗား၊ မန်ဒီ၊ ဘန်ချေးလ်ဝဲလ်၊ ခိုင်ဟာဗတ်ဇ်၊ တီမို ဗာနာနဲ့ ဇီးယက်ရှ်တို့ တအုပ်စုလုံးဟာ လမ်းပတ်ရဲ့ပုံရိပ်ကြောင့် ချယ်လ်ဆီးကို ယုံကြည်အားကိုးတကြီးနဲ့ ရောက်ရှိလာခဲ့ကြတာဖြစ်တယ်လို့ မမှားမယွင်းဆိုနိုင်သလို “လမ်းပတ်သာမရှိခဲ့ရင် သီယာဂို ဆေးလ်ဗားဆိုတဲ့ ကျွန်တော်လည်း ဒီနေရာမှာ မရှိနိုင်ဘူး။ သူခေါ်ဆောင်ခဲ့လို့သာ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ကျွန်တော်ပထမဆုံးအောင်မြင်ခဲ့တာပါ”လို့ ဘရာဇီးလ်ဝါရင့်ခံစစ်မှူးကြီးရဲ့ စကားက “ချယ်လ်ဆီးရဲ့ချန်ပီယံလိဂ်အောင်​မြင်မှုနောက်ကွယ်က သူရဲကောင်းလမ်းပတ်”ဆိုတဲ့ အ​ဆိုပြုမှုအတွက် အတော်လေးတာသွားခဲ့တာကို တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ယ္လ္ဆီးအသင္းဟာ နည္းျပသစ္တူဟယ္လ္လက္ထက္မွာ အျမင့္ပ်ံခဲ့ၿပီး FA ဖလားဖိုင္နယ္အထိ တက္ခဲ့သလို ပရီးမီးယားလိဂ္ အဆင့္ ၄ မွာ ရပ္တည္ႏိုင္ခဲ့ၿပီး အေအာင္ျမင္ဆုံးျဖစ္ရပ္ကေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးကို အလဲထိုးၿပီး ခ်န္ပီယံေတြရဲ႕လိဂ္အျဖစ္ သတ္မွတ္ခံထားရတဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ ခ်န္ပီယံျဖစ္လာခဲ့တယ္။

ခ်ယ္လ္ဆီးဂႏၴဝင္တျဖစ္လဲ နည္းျပေဟာင္းလမ္းပတ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလက ၅ ပြဲမွာ ၁ ပြဲသာ အႏိုင္ရခဲ့တဲ့ ရလဒ္ဆိုး႐ြားမႈအၿပီးမွာ စတမ္းဖို႔ဒ္ဘရစ္ခ်္ကေန ထုတ္ပတ္ခံခဲ့ရတဲ့ေနာက္ သူ႔ေနရာကို အစားထိုးခဲ့တဲ့ တူဟယ္လ္က အျပာေရာင္လန္ဒန္တို႔ကို FA နဲ႔ ခ်န္ပီယံလိဂ္ ဖိုင္နယ္ဆီ တြန္းတင္ခဲ့ၿပီး အခုလိုေအာင္ျမင္ေအာင္ ထုဆစ္ေပးႏိုင္ခဲ့ျခင္းျဖစ္တယ္။

တူဟယ္လ္ကေတာ့ လမ္းပတ္အေနနဲ႔ ခ်ယ္လ္​ဆီးကို ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ရႈံးပြဲမရွိအေနအထားနဲ႔ လြတ္လြတ္ကြၽတ္ကြၽတ္ ေနာက္တဆင့္တက္ေရာက္ေစခဲ့လို႔သာ မိမိအေနနဲ႔ အခုလို အခ်ိန္တိုတိုနဲ႔ အရာထင္ေအာင္ ကိုယ့္အလုပ္ကိုယ္ဆက္လုပ္ႏိုင္ခဲ့တာကို ဘယ္ေတာ့မွေမ့မွာမဟုတ္ဘူးလို႔ ေက်းဇူးတင္စကားဆိုခဲ့ဖူးတယ္။

“ခ်န္ပီယံလိဂ္ဖိုင္နယ္ကို တက္ဖို႔ဆိုရင္ ခင္ဗ်ားအသင္းက အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ႏိုင္ဖို႔ လိုပါတယ္။ ဒီအလုပ္ကိုေတာ့ လမ္းပတ္က စြမ္းေဆာင္ခဲ့တာပါ။ ဒါက ခ်ယ္လ္ဆီးအတြက္ သူ႔ရဲ႕အုတ္ျမစ္ခ်မႈျဖစ္ၿပီး ကြၽန္ေတာ့္ကို ဖိုင္နယ္တက္ေစခဲ့တဲ့ သူ႔ရဲ႕စြမ္းေဆာင္ရည္ကို အၿမဲအမွတ္ရေနမွာပါ”

“ကြၽန္ေတာ္က ရာသီဝက္မွာ ေရာက္လာခဲ့တာျဖစ္ၿပီး သူခ်န္ရစ္ခဲ့တဲ့ ေဘာလုံးအေမြကို ဆက္ခံခဲ့ျခင္းျဖစ္ပါတယ္။ ခ်ယ္လ္ဆီးလို႔ဆိုလိုက္ရင္ ခင္ဗ်ားတို႔ လမ္းပတ္နဲ႔ ဘယ္ေတာ့မွ ခြဲျခားထားလို႔ မရပါဘူး။ ဒီအသင္းရဲ႕ အဓိကက်တဲ့ သမိုင္းလွလြန္းတဲ့ ပုဂၢိဳလ္ပါ”လို႔ တူဟယ္လ္က ခ်ယ္လ္ဆီးရဲ႕ေအာင္ျမင္မႈေနာက္ကြယ္က သူရဲေကာင္းလမ္းပတ္ကို မျဖစ္မေနမွတ္တမ္းတင္ခဲ့တယ္။

လမ္းပတ္ဟာ ခ်ယ္လ္ဆီးကို စတင္တာဝန္ယူခ်ိန္ဟာ အသင္းမွာ အေျပာင္းအေ႐ႊ႕အပိတ္ခံထားရၿပီး ဟာဇက္လို ေျခစြမ္းအျမင့္ဆုံးကစားသမားက အသင္းကို စြန္႔ခြာသြားခဲ့ခ်ိန္ျဖစ္တယ္။ အက်ိဳးဆက္အေနနဲ႔ ေမဆန္ေမာင့္၊ ရီးစ္ဂ်ိမ္းစ္တို႔ဟာ လမ္းပတ္စိုက္ပ်ိဳးခဲ့တဲ့ လူငယ္အသီးအပြင့္ေတြအျဖစ္ တူဟယ္လ္ခံစားခြင့္ရခဲ့ျခင္းျဖစ္တယ္။

သီယာဂို ေဆးလ္ဗား၊ မန္ဒီ၊ ဘန္ေခ်းလ္ဝဲလ္၊ ခိုင္ဟာဗတ္ဇ္၊ တီမို ဗာနာနဲ႔ ဇီးယက္ရွ္တို႔ တအုပ္စုလုံးဟာ လမ္းပတ္ရဲ႕ပုံရိပ္ေၾကာင့္ ခ်ယ္လ္ဆီးကို ယုံၾကည္အားကိုးတႀကီးနဲ႔ ေရာက္ရွိလာခဲ့ၾကတာျဖစ္တယ္လို႔ မမွားမယြင္းဆိုႏိုင္သလို “လမ္းပတ္သာမရွိခဲ့ရင္ သီယာဂို ေဆးလ္ဗားဆိုတဲ့ ကြၽန္ေတာ္လည္း ဒီေနရာမွာ မရွိႏိုင္ဘူး။ သူေခၚေဆာင္ခဲ့လို႔သာ ခ်န္ပီယံလိဂ္ခ်န္ပီယံအျဖစ္ ကြၽန္ေတာ္ပထမဆုံးေအာင္ျမင္ခဲ့တာပါ”လို႔ ဘရာဇီးလ္ဝါရင့္ခံစစ္မႉးႀကီးရဲ႕ စကားက “ခ်ယ္လ္ဆီးရဲ႕ခ်န္ပီယံလိဂ္ေအာင္​ျမင္မႈေနာက္ကြယ္က သူရဲေကာင္းလမ္းပတ္”ဆိုတဲ့ အ​ဆိုျပဳမႈအတြက္ အေတာ္ေလးတာသြားခဲ့တာကို တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.