Premier League Transfer News

ဟာရီကိန်းကို စတာလင်+ဂျေဆူးစ်နဲ့ လဲပြီး UCL အိပ်မက်ဆက်မက်မယ့် မန်စီးတီး

မန်စီးတီးဟာ အခု လာမယ့်နွေအပြောင်းအရွှေ့ဈေးကွက်မှာ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းကို အင်အားဖြည့်တင်းဖို့ အဓိကထားချိတ်ဆက်နေတယ်လို့ သိရပြီး သူ့ကို ကမ်းလှမ်းဖို့ အသင်းမှာ ခြေစွမ်းပျောက်ဆုံးနေတဲ့ တိုက်စစ်မှူးစတာလင်နဲ့ ဂျေဆူးစ်တို့ကို အလိုက်ပေးသွားမယ်လို့ ပြင်ဆင်လာကြောင်း သိရှိထားရတာပါ။

The Sun သတင်းရဲ့ အဆိုအရ မန်စီးတီးဟာ အင်္ဂလန်အသင်းခေါင်းဆောင်ကို ဝယ်ယူနိုင်ဖို့ ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့ကို ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဟာရီကိန်းကို ဒီရာသီကုန်မှာ အသင်းကနေ ထွက်ခွာမယ်လို့ တောင်းဆိုခဲ့မှုဟာ သေချာသွားခဲ့ပြီးနောက်မှာတော့ ပေါင်သန်း ၁၅၀ ဈေးခေါ်ခံထားရတယ်လို့ သိရတယ်။

ကိန်းကို ထုတ်ရောင်းဖို့ အမြဲတစေ တွန့်ဆုတ်နေခဲ့တဲ့ စပါးစ်ဥက္ကဌ လီဗိုင်းဟာ မန်စီးတီးရဲ့ ကမ်းလှမ်းမှုဖြစ်တဲ့ စတာလင်+ဂျေဆူးစ်ကို အလိုက်ပေးမယ်ဆိုတဲ့ တံခါးဖွင့်လာမှုမှာ အနည်းငယ် စိတ်ယိမ်းယိုင်လာတယ်လို့ သိရပြီး တဖက်မှာလည်း ကိန်းကို ဆက်ထိန်းထားဖို့ နည်းပြဟောင်း ပိုချက်တီနို အသင်းကို ပြန်လာမလားဆိုတဲ့ အခြေအနေမှာလည်း မူတည်နေတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကီဗင် ဒီဘရိုင်းနားနဲ့ တွဲကစားဖို့ ဆန္ဒပြင်းပြစွာရှိနေတဲ့ ကိန်းက မိုးရွာတုန်း ရေခံတုန်းပြီး အရွယ်ကောင်းတုန်းမှာ အောင်မြင်မှုဆုဖလားတွေ စိန်ခေါ်လိုနေသလို ၂၇ နှစ်သားရဲ့ အဓိကပစ်မှတ်ကလည်း စပါးစ်အသင်းနဲ့ ဖိုင်နယ်တက်ပြီးမှ တေ့လွဲလွဲချော်ခဲ့ရတဲ့ ချန်ပီယံလိဂ်ဖလားဖြစ်တယ်လို့ သိရှိထားရတယ်။

မန်စီးတီးအနေနဲ့ ပေါင်သန်း ၁၅၀ ဆိုတဲ့ ဈေးနှုန်းကို ချုံ့ပစ်ဖို့ အသင်းရဲ့ အဓိကတိုက်စစ်မှူးနှစ်ဦးအထိ အလိုက်ပေးကမ်းလှမ်းလာချိန်မှာ ဘာစီလိုနာ ရောက်သွားသူ အဂွေရို မရှိတော့တဲ့ တိုက်စစ်မှူးစစ်စစ်နေရာမှာ ဟာရီကိန်းလို စွယ်စုံရတိုက်စစ်မှူးမျိုးကို တပ်တပ်မက်မက်လိုချင်နေတာဟာ ဒီအပြောင်းအရွှေ့မှာ ငွေကြေးလက်မတွန့်ဖို့သာ အဓိကဖြစ်နေတာပါ။

ချယ်လ်ဆီးအသင်းကို ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ချန်ပီယံလိဂ်ဖလားကို လက်တကမ်းအလိုကနေ လွတ်ကျသွားခဲ့တဲ့ မဟာသင်ခန်းစာအရ ပပ်ဂွာဒီယိုလာအနေနဲ့ ဂိုးအဆုံးသတ်ပိုင်းမှာ ကြောင်ပျောက်နေတဲ့ သူ့ရဲ့တိုက်စစ်ပိုင်းကို လာမယ့်ရာသီမှာ ပျံလန်နေအောင် ပြင်ဆင်သွားပြီး ချန်ပီယံလိဂ်ဖိုင်နယ်ကို နှစ်နှစ်ဆက်အရောက်သွားပြီး စိန်ခေါ်လိုနေခြင်းဖြစ်တယ်။

ဒါဟာ ပက်ပ်၊ ကီဗင် ဒီဘရိုင်းနားနဲ့ ကိန်းတို့ရဲ့ ဘုံရည်မှန်းချက်ဖြစ်လာပြီး သူတို့ ၃ ဦးစလုံး ပန်းဝင်ဖို့ ပြင်းပြင်းပြပြ လိုအပ်နေတဲ့ ချန်ပီယံလိဂ်ဖလားဆိုတဲ့ ဘုံပန်းတိုင်အတွက် ဟာရီကိန်းဟာ မန်စီးတီးရဲ့ ပြီးပြည့်စုံမှုအတွက် နောက်ဆုံးလိုအပ်နေတဲ့ ဂျစ်ဆောအပိုင်းအစလည်း ဖြစ်လာဖွယ်ရှိနေကြောင်း မှတ်ချက်ပြုခံထားရပါတယ်။

လာမယ့်ရာသီမှာ ချယ်လ်ဆီးက စိန်ခေါ်လာတော့မယ့် ပရီးမီးယားလိဂ်ဖလားကိုပါ ကာကွယ်ဖို့ ကစားကွက်ဖန်တီးရှင်၊ ဂိုးသွင်းတိုက်စစ်မှူးဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံနေတဲ့ ကိန်းဟာ အီတီဟတ်ကို အရောက်လှမ်းလာတော့မလားဆိုတာက ဥရောပမှာ တဖန်ပြန်နိုးထချင်တဲ့ မန်စီးတီးပရိသတ်တွေအတွက် ကြီးကြီးမားမား မျှော်လင့်စရာတခုလည်းဖြစ်နေတာပါ။

ဒါ့အပြင် မန်စီးတီးရဲ့ ထိပ်သီးပစ်မှတ်ထဲမှာ အက်စတန်ဗီလာကွင်းလယ်လူ ဂျက်ဂရီးလစ်ရှ်လည်း စာရင်းပေါက်လာခဲ့ဖြစ်သလို သူ့ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၀၀ အထိ ငွေထုပ်ပိုက်ပြီး လိုက်ရဖို့ ရှိနေတာကြောင့် အပြာရောင်မန်ချက်စတာမြို့ဟာ နွေအပြောင်းအရွှေ့ဈေးကွက်တခုအတွင်း ပြောင်းရွှေ့ကြေးစံချိန်ချိုးမယ့် ကစားသမား ၂ ဦးကို တပြိုင်နက်တည်း ခေါ်ယူသွားနိုင်မလားဆိုတာဟာ “မန်စီးတီးလိုချင်တာရင် မဖြစ်နိုင်တာမရှိ”ဆိုတဲ့ အနေအထားမှာ ဆက်လက်ရင်ခုန်ကြည့်ရတော့မှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္စီးတီးဟာ အခု လာမယ့္ေႏြအေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းကို အင္အားျဖည့္တင္းဖို႔ အဓိကထားခ်ိတ္ဆက္ေနတယ္လို႔ သိရၿပီး သူ႔ကို ကမ္းလွမ္းဖို႔ အသင္းမွာ ေျခစြမ္းေပ်ာက္ဆုံးေနတဲ့ တိုက္စစ္မႉးစတာလင္နဲ႔ ေဂ်ဆူးစ္တို႔ကို အလိုက္ေပးသြားမယ္လို႔ ျပင္ဆင္လာေၾကာင္း သိရွိထားရတာပါ။

The Sun သတင္းရဲ႕ အဆိုအရ မန္စီးတီးဟာ အဂၤလန္အသင္းေခါင္းေဆာင္ကို ဝယ္ယူႏိုင္ဖို႔ ယူႏိုက္တက္နဲ႔ ခ်ယ္လ္ဆီးအသင္းတိို႔ကို ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဟာရီကိန္းကို ဒီရာသီကုန္မွာ အသင္းကေန ထြက္ခြာမယ္လို႔ ေတာင္းဆိုခဲ့မႈဟာ ေသခ်ာသြားခဲ့ၿပီးေနာက္မွာေတာ့ ေပါင္သန္း ၁၅၀ ေစ်းေခၚခံထားရတယ္လို႔ သိရတယ္။

ကိန္းကို ထုတ္ေရာင္းဖို႔ အၿမဲတေစ တြန္႔ဆုတ္ေနခဲ့တဲ့ စပါးစ္ဥကၠဌ လီဗိုင္းဟာ မန္စီးတီးရဲ႕ ကမ္းလွမ္းမႈျဖစ္တဲ့ စတာလင္+ေဂ်ဆူးစ္ကို အလိုက္ေပးမယ္ဆိုတဲ့ တံခါးဖြင့္လာမႈမွာ အနည္းငယ္ စိတ္ယိမ္းယိုင္လာတယ္လို႔ သိရၿပီး တဖက္မွာလည္း ကိန္းကို ဆက္ထိန္းထားဖို႔ နည္းျပေဟာင္း ပိုခ်က္တီႏို အသင္းကို ျပန္လာမလားဆိုတဲ့ အေျခအေနမွာလည္း မူတည္ေနတာပါ။

ဘယ္လိုပဲျဖစ္ျဖစ္ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ တြဲကစားဖို႔ ဆႏၵျပင္းျပစြာရွိေနတဲ့ ကိန္းက မိုး႐ြာတုန္း ေရခံတုန္းၿပီး အ႐ြယ္ေကာင္းတုန္းမွာ ေအာင္ျမင္မႈဆုဖလားေတြ စိန္ေခၚလိုေနသလို ၂၇ ႏွစ္သားရဲ႕ အဓိကပစ္မွတ္ကလည္း စပါးစ္အသင္းနဲ႔ ဖိုင္နယ္တက္ၿပီးမွ ေတ့လြဲလြဲေခ်ာ္ခဲ့ရတဲ့ ခ်န္ပီယံလိဂ္ဖလားျဖစ္တယ္လို႔ သိရွိထားရတယ္။

မန္စီးတီးအေနနဲ႔ ေပါင္သန္း ၁၅၀ ဆိုတဲ့ ေစ်းႏႈန္းကို ခ်ဳံ႕ပစ္ဖို႔ အသင္းရဲ႕ အဓိကတိုက္စစ္မႉးႏွစ္ဦးအထိ အလိုက္ေပးကမ္းလွမ္းလာခ်ိန္မွာ ဘာစီလိုနာ ေရာက္သြားသူ အေဂြ႐ို မရွိေတာ့တဲ့ တိုက္စစ္မႉးစစ္စစ္ေနရာမွာ ဟာရီကိန္းလို စြယ္စုံရတိုက္စစ္မႉးမ်ိဳးကို တပ္တပ္မက္မက္လိုခ်င္ေနတာဟာ ဒီအေျပာင္းအေ႐ႊ႕မွာ ေငြေၾကးလက္မတြန္႔ဖို႔သာ အဓိကျဖစ္ေနတာပါ။

ခ်ယ္လ္ဆီးအသင္းကို ဂိုးသြင္းယူႏိုင္ခဲ့ျခင္းမရွိဘဲ ခ်န္ပီယံလိဂ္ဖလားကို လက္တကမ္းအလိုကေန လြတ္က်သြားခဲ့တဲဲ့ မဟာသင္ခန္းစာအရ ပပ္ဂြာဒီယိုလာအေနနဲ႔ ဂိုးအဆုံးသတ္ပိုင္းမွာ ေၾကာင္ေပ်ာက္ေနတဲ့ သူ႔ရဲ႕တိုက္စစ္ပိုင္းကို လာမယ့္ရာသီမွာ ပ်ံလန္ေနေအာင္ ျပင္ဆင္သြားၿပီး ခ်န္ပီယံလိဂ္ဖိုင္နယ္ကို ႏွစ္ႏွစ္ဆက္အေရာက္သြားၿပီး စိန္ေခၚလိုေနျခင္းျဖစ္တယ္။

ဒါဟာ ပက္ပ္၊ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ ကိန္းတို႔ရဲ႕ ဘုံရည္မွန္းခ်က္ျဖစ္လာၿပီး သူတို႔ ၃ ဦးစလုံး ပန္းဝင္ဖို႔ ျပင္းျပင္းျပျပ လိုအပ္ေနတဲ့ ခ်န္ပီယံလိဂ္ဖလားဆိုတဲ့ ဘုံပန္းတိုင္အတြက္ ဟာရီကိန္းဟာ မန္စီးတီးရဲ႕ ၿပီးျပည့္စုံမႈအတြက္ ေနာက္ဆုံးလိုအပ္ေနတဲ့ ဂ်စ္ေဆာအပိုင္းအစလည္း ျဖစ္လာဖြယ္ရွိေနေၾကာင္း မွတ္ခ်က္ျပဳခံထားရပါတယ္။

လာမယ့္ရာသီမွာ ခ်ယ္လ္ဆီးက စိန္ေခၚလာေတာ့မယ့္ ပရီးမီးယားလိဂ္ဖလားကိုပါ ကာကြယ္ဖို႔ ကစားကြက္ဖန္တီးရွင္၊ ဂိုးသြင္းတိုက္စစ္မႉးဆိုတဲ့ ဂုဏ္ပုဒ္ေတြနဲ႔ ျပည့္စုံေနတဲ့ ကိန္းဟာ အီတီဟတ္ကို အေရာက္လွမ္းလာေတာ့မလားဆိုတာက ဥေရာပမွာ တဖန္ျပန္ႏိုးထခ်င္တဲ့ မန္စီးတီးပရိသတ္ေတြအတြက္ ႀကီးႀကီးမားမား ေမွ်ာ္လင့္စရာတခုလည္းျဖစ္ေနတာပါ။

ဒါ့အျပင္ မန္စီးတီးရဲ႕ ထိပ္သီးပစ္မွတ္ထဲမွာ အက္စတန္ဗီလာကြင္းလယ္လူ ဂ်က္ဂရီးလစ္ရွ္လည္း စာရင္းေပါက္လာခဲ့ျဖစ္သလို သူ႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္သန္း ၁၀၀ အထိ ေငြထုပ္ပိုက္ၿပီး လိုက္ရဖို႔ ရွိေနတာေၾကာင့္ အျပာေရာင္မန္ခ်က္စတာၿမိဳ႕ဟာ ေႏြအေျပာင္းအေ႐ႊ႕ေစ်းကြက္တခုအတြင္း ေျပာင္းေ႐ႊ႕ေၾကးစံခ်ိန္ခ်ိဳးမယ့္ ကစားသမား ၂ ဦးကို တၿပိဳင္နက္တည္း ေခၚယူသြားႏိုင္မလားဆိုတာဟာ “မန္စီးတီးလိုခ်င္တာရင္ မျဖစ္ႏိုင္တာမရွိ”ဆိုတဲ့ အေနအထားမွာ ဆက္လက္ရင္ခုန္ၾကည့္ရေတာ့မွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.