Premier League Transfer News

1 Jun နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယား မရှိချိန်မှာ နောက်ခံအလယ်လူကောင်းတစ်ယောက် လိုအပ်နေကြောင်း ပိုမိုသိသာခဲ့ပြီး ယူရိုပါလိဂ်ဖလားကို လက်လွှတ်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီကို ယူရို သန်း ၅၀ နဲ့ ရရှိနိုင်မယ်လို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဖာလီ ရာမာဒါနီက စပ်ဟပ်ပြောဆိုလာခဲ့။

– မန်ချက်စတာယူနိုက်တက်ရဲ့ ဂိုးသမားဌာနမှာ ကြီးကြီးမားမား အပြောင်းအလဲတွေရှိမယ်လို့ ခန့်မှန်းနေကြချိန်မှာ နာမည်ကြီးတွေရဲ့ နောက်မှ ထောက်ပံ့ပေးဖို့အတွက် အက်စတန်ဗီလာဂိုးသမား တွမ်ဟီတန်ကို လာမယ့်အပတ်အတွင်း အရန်ဂိုးသမားနေရာအတွက် ဆေးစစ်သွားဖို့ ပြင်ဆင်နေ။

– မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ ယူရိုပါလိဂ်ဖိုင်နယ်နဲ့ ပရီးမီးယားလိဂ် အဆင့် ၂ အထိ အသင်းကို မောင်းနှင်နိုင်မှုက လက်ခံနိုင်တဲ့ အနေအထားမှာ ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ယူဆနေကြပြီး လာမယ့်ရာသီမှာ ရလဒ်ကောင်းတွေ ပိုမိုယူနိုင်ဖို့ နော်ဝေသားတောင်းဆိုခဲ့တဲ့ ကစားသမားသစ်လေးဦး ခေါ်ယူပေးဖို့ကို အားကစားဒါရိုက်တာ ဂျွန် မာတပ်ဖ် သဘောတူ။

– ပြီးခဲ့တဲ့ နွေရာသီက အိုးလ်ထရက်ဖို့ဒ်ကို ရောက်မယ့်လို့ တော်တော်လေး လူပြောများခဲ့ဖူးတဲ့ အက်သလက်တီကို ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကို ဒီရာသီမှာလည်း ယူနိုက်တက်တို့ ပစ်မှတ်တစ်ခုအဖြစ် စောင့်ကြည့်နေပြီး ဒက်ကလန်ရိုက်စ်ကို မရရင် အရန်အစီအစဉ်အဖြစ် ဒုတိယ နေရာက သတ်မှတ်ထား။

– လာမယ့်နွေရာသီမှာ ပေါင် ၄၅ သန်းသာ ကျသင့်မှာဖြစ်ပြီး နည်းပြ ရော်နယ်လ် ကိုးမန်းဆက်ရှိနေမယ့် နူးကမ့်ကနေ ထွက်ခွာလာမယ့် ဘာစီလိုနာတောင်ပံတိုက်စစ်မှူး အူစမန် ဒမ်ဘီလီက ယူနိုက်တက်တို့အတွက် ငွေကြေးချွေတာနိုင်မယ့် တောင်ပံပစ်မှတ်ဖြစ်နေပြီး ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ ၄၄ ပွဲ ကစားနိုင်ခဲ့တဲ့ ကြံ့ခိုင်မှုကလည်း မူလဒဏ်ရာများတဲ့ ကစားသမားရဲ့ အတိတ်ကို ချေဖျက်ပေးချင်စရာဖြစ်နေ။

– မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေဆီက နည်းပြ ဆိုးလ်ရှား တောင်းဆိုထားခဲ့တဲ့ ကစားသမားလေးဦးဟာ နောက်ခံလူ ပေါ်တောရက်စ်(သို့မဟုတ်) ရာဖေးလ် ဗာရွန်း၊ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်၊ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုနဲ့ တိုက်စစ်မှူးတစ်ဦးတို့ဖြစ်ပြီး ဒီလိုလားချက်က ဘယ်လောက်အထိ ပြည့်စုံမယ်ဆိုတာကို စောင့်ကြည့်ရဖို့ရှိလာ။

– ကွင်းလယ်လူ ပေါလ် ပေါ့ဘာအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ဆက်နေမှာလား ထွက်မှာလားဆိုတဲ့ အနာဂတ်ကို လာမယ့်တစ်ပတ်အတွင်း ဆုံးဖြတ်သွားဖွယ်ရှိနေပြီး အသက် ၂၈ နှစ်အရွယ် ပြင်သစ်သားအနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဆက်ပြီး လက်တွဲခဲ့ရင်တော့ တစ်ပတ်ကို ပေါင်ငါးသိန်းအထိ ပေးချေရဖွယ်ရှိနေ။

– အက်စတန်ဗီလာအသင်းခေါင်းဆောင် ကွင်းလယ်လူ ဂျက်ခ် ဂရီးလစ်ရှ်က သူ့အနေနဲ့ အသင်းပြောင်းရွှေ့ဖြစ်ခဲ့ရင် ပူပူနွေးနွေး ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးကိုပဲ စိတ်ဝင်စားတယ်လို့ ဆိုခဲ့တာကြောင့် ခေါ်ယူလိုနေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့အတွက် သတင်းဆိုးဖြစ်လာ။

– ဒါဘီကောင်တီအသင်းမှာ နည်းပြတစ်ဦးအဖြစ် ကောင်းကောင်းကြီး အခြေကျနိုင်ခဲ့တာဟာ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း သုံးဦးဖြစ်တဲ့ ဆာအဲလက်စ် ဖာဂူဆန်၊ ဒေးဗစ်မွိုက်စ်နဲ့ ဂျိုဆေး မော်ရင်ညိုတို့ရဲ့ ထောက်ပံ့ပေးမှုတွေနဲ့ အကြံဉာဏ်တွေကြောင့်ဖြစ်ကြောင်း ဝိန်းရွန်နီ ကျေးဇူးတင်စကားဆို။

– ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာဖို့ များနေပြီဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပီအက်စ်ဂျီအသင်းနဲ့အပြိုင် ယူနိုက်တက်တို့အနေနဲ့ အလိုရှိနေပေမယ့် သူ့အတွက် ပေးချေရမယ့်လစာ၊ အသက်အရွယ်နဲ့ ပေါ့ဘာကိုပါ တူရင်ကလပ်ဆီ ရောင်းချရနိုင်မှုတွေက Decision Maker တွေအတွက် ဖိအားဝင်စေပြီး အချိန်ယူစဉ်းစားရဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယား မရွိခ်ိန္မွာ ေနာက္ခံအလယ္လူေကာင္းတစ္ေယာက္ လိုအပ္ေနေၾကာင္း ပိုမိုသိသာခဲ့ၿပီး ယူ႐ိုပါလိဂ္ဖလားကို လက္လႊတ္ခဲ့ရတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ နာပိုလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီကို ယူ႐ို သန္း ၅၀ နဲ႔ ရရွိႏိုင္မယ္လို႔ သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူ ဖာလီ ရာမာဒါနီက စပ္ဟပ္ေျပာဆိုလာခဲ့။

– မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဂိုးသမားဌာနမွာ ႀကီးႀကီးမားမား အေျပာင္းအလဲေတြရွိမယ္လို႔ ခန႔္မွန္းေနၾကခ်ိန္မွာ နာမည္ႀကီးေတြရဲ႕ ေနာက္မွ ေထာက္ပံ့ေပးဖို႔အတြက္ အက္စတန္ဗီလာဂိုးသမား တြမ္ဟီတန္ကို လာမယ့္အပတ္အတြင္း အရန္ဂိုးသမားေနရာအတြက္ ေဆးစစ္သြားဖို႔ ျပင္ဆင္ေန။

– မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားရဲ႕ ယူ႐ိုပါလိဂ္ဖိုင္နယ္နဲ႔ ပရီးမီးယားလိဂ္ အဆင့္ ၂ အထိ အသင္းကို ေမာင္းႏွင္ႏိုင္မႈက လက္ခံႏိုင္တဲ့ အေနအထားမွာ ရွိခဲ့တယ္လို႔ တာဝန္ရွိသူေတြက ယူဆေနၾကၿပီး လာမယ့္ရာသီမွာ ရလဒ္ေကာင္းေတြ ပိုမိုယူႏိုင္ဖို႔ ေနာ္ေဝသားေတာင္းဆိုခဲ့တဲ့ ကစားသမားသစ္ေလးဦး ေခၚယူေပးဖို႔ကို အားကစားဒါ႐ိုက္တာ ဂြၽန္ မာတပ္ဖ္ သေဘာတူ။

– ၿပီးခဲ့တဲ့ ေႏြရာသီက အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္မယ့္လို႔ ေတာ္ေတာ္ေလး လူေျပာမ်ားခဲ့ဖူးတဲ့ အက္သလက္တီကို ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ကို ဒီရာသီမွာလည္း ယူႏိုက္တက္တို႔ ပစ္မွတ္တစ္ခုအျဖစ္ ေစာင့္ၾကည့္ေနၿပီး ဒက္ကလန္႐ိုက္စ္ကို မရရင္ အရန္အစီအစဥ္အျဖစ္ ဒုတိယ ေနရာက သတ္မွတ္ထား။

– လာမယ့္ေႏြရာသီမွာ ေပါင္ ၄၅ သန္းသာ က်သင့္မွာျဖစ္ၿပီး နည္းျပ ေရာ္နယ္လ္ ကိုးမန္းဆက္ရွိေနမယ့္ ႏူးကမ့္ကေန ထြက္ခြာလာမယ့္ ဘာစီလိုနာေတာင္ပံတိုက္စစ္မႉး အူစမန္ ဒမ္ဘီလီက ယူႏိုက္တက္တို႔အတြက္ ေငြေၾကးေခြၽတာႏိုင္မယ့္ ေတာင္ပံပစ္မွတ္ျဖစ္ေနၿပီး ၿပီးခဲ့တဲ့ ရာသီက ၿပိဳင္ပြဲစုံ ၄၄ ပြဲ ကစားႏိုင္ခဲ့တဲ့ ႀကံ့ခိုင္မႈကလည္း မူလဒဏ္ရာမ်ားတဲ့ ကစားသမားရဲ႕ အတိတ္ကို ေခ်ဖ်က္ေပးခ်င္စရာျဖစ္ေန။

– မန္ခ်က္စတာယူႏိုက္တက္တာဝန္ရွိသူေတြဆီက နည္းျပ ဆိုးလ္ရွား ေတာင္းဆိုထားခဲ့တဲ့ ကစားသမားေလးဦးဟာ ေနာက္ခံလူ ေပၚေတာရက္စ္(သို႔မဟုတ္) ရာေဖးလ္ ဗာ႐ြန္း၊ ကြင္းလယ္လူ ဒက္ကလန္႐ိုက္စ္၊ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ တိုက္စစ္မႉးတစ္ဦးတို႔ျဖစ္ၿပီး ဒီလိုလားခ်က္က ဘယ္ေလာက္အထိ ျပည့္စုံမယ္ဆိုတာကို ေစာင့္ၾကည့္ရဖို႔ရွိလာ။

– ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ ဆက္ေနမွာလား ထြက္မွာလားဆိုတဲ့ အနာဂတ္ကို လာမယ့္တစ္ပတ္အတြင္း ဆုံးျဖတ္သြားဖြယ္ရွိေနၿပီး အသက္ ၂၈ ႏွစ္အ႐ြယ္ ျပင္သစ္သားအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဆက္ၿပီး လက္တြဲခဲ့ရင္ေတာ့ တစ္ပတ္ကို ေပါင္ငါးသိန္းအထိ ေပးေခ်ရဖြယ္ရွိေန။

– အက္စတန္ဗီလာအသင္းေခါင္းေဆာင္ ကြင္းလယ္လူ ဂ်က္ခ္ ဂရီးလစ္ရွ္က သူ႔အေနနဲ႔ အသင္းေျပာင္းေ႐ႊ႕ျဖစ္ခဲ့ရင္ ပူပူေႏြးေႏြး ပရီးမီးယားလိဂ္ခ်န္ပီယံ မန္ခ်က္စတာစီးတီးကိုပဲ စိတ္ဝင္စားတယ္လို႔ ဆိုခဲ့တာေၾကာင့္ ေခၚယူလိုေနတဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္အသင္းတို႔အတြက္ သတင္းဆိုးျဖစ္လာ။

– ဒါဘီေကာင္တီအသင္းမွာ နည္းျပတစ္ဦးအျဖစ္ ေကာင္းေကာင္းႀကီး အေျခက်ႏိုင္ခဲ့တာဟာ မန္ခ်က္စတာယူႏိုက္တက္နည္းျပေဟာင္း သုံးဦးျဖစ္တဲ့ ဆာအဲလက္စ္ ဖာဂူဆန္၊ ေဒးဗစ္မြိဳက္စ္နဲ႔ ဂ်ိဳေဆး ေမာ္ရင္ညိဳတို႔ရဲ႕ ေထာက္ပံ့ေပးမႈေတြနဲ႔ အႀကံဉာဏ္ေတြေၾကာင့္ျဖစ္ေၾကာင္း ဝိန္း႐ြန္နီ ေက်းဇူးတင္စကားဆို။

– ဂ်ဴဗင္တပ္စ္အသင္းကေန ထြက္ခြာဖို႔ မ်ားေနၿပီျဖစ္တဲ့ ဝါရင့္တိုက္စစ္မႉးႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ပီအက္စ္ဂ်ီအသင္းနဲ႔အၿပိဳင္ ယူႏိုက္တက္တို႔အေနနဲ႔ အလိုရွိေနေပမယ့္ သူ႔အတြက္ ေပးေခ်ရမယ့္လစာ၊ အသက္အ႐ြယ္နဲ႔ ေပါ့ဘာကိုပါ တူရင္ကလပ္ဆီ ေရာင္းခ်ရႏိုင္မႈေတြက Decision Maker ေတြအတြက္ ဖိအားဝင္ေစၿပီး အခ်ိန္ယူစဥ္းစားရဖို႔ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.