Premier League Transfer News

1 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ပြဿနာများခဲ့တဲ့ ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီကို ပြင်သစ်ကလပ် အိုလံပစ် မာဆေးလ် အသင်းဆီ ရောင်းချဖို့ သဘောတူညီလိုက်ပြီလို့ သတင်းထွက်လာခဲ့ပြီး အသက် ၂၁ နှစ်အရွယ် ကစားသမားအတွက် ပေါင် ၁၀ သန်းဝန်းကျင်သာ ရရှိမယ်လို့ သိရ။

– မာဆေးလ်အသင်းအနေနဲ့ နိစ်အသင်းမှာ ခြေစွမ်းပြခဲ့ပြီး လီဂူးဝမ်းအကောင်းဆုံးအသင်းမှာ ရွေးချယ်ဖို့ အဆိုပြုခံခဲ့ရတဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာကို တစ်ရာသီအငှားနဲ့ ခေါ်ယူပြီး အာဆင်နယ်အသင်းနဲ့ကြား သဘောတူညီမှုတွေ ထပ်မံရရှိဖို့ ကြိုးစားနေခဲ့ပြီး ဒီသတင်းကြောင့် ပရိသတ်တွေကတော့ အာတီတာ မျက်စိကန်းနေလားဆိုပြီး ခပ်ကြမ်းကြမ်း တိုင်းထွာနေခဲ့ကြ။

– အာဆင်နယ်အသင်းအနေနဲ့ လိဂ်ချန်ပီယံရှစ်ကနေ ဒုတိယနေရာက တန်းတက်လာခဲ့တဲ့ ဝတ်ဖို့ဒ်တောင်ပံကစားသမား အစ္စမိုင်လာ ဆားရ်ကို အလိုရှိနေပြီး သူ့အတွက် တိုက်စစ်မှူး အက်ဒီ နကီးတီးယားကို ပေါင် ၁၅ သန်း ဈေးဖြတ်ပြီး ငွေကြေးအလိုက်ပေး ခေါ်ယူနိုင်ဖို့ စီစဉ်နေ။

– အာဆင်နယ်အသင်းအနေနဲ့ ဟက်တာ ဘယ်လာရင်ကို အငှားနဲ့ အသင်းကနေ ထွက်ခွာဖို့ ခွင့်ပြုချင်နေပေမယ့် နှစ်နှစ်သာ ကျန်ရှိတော့တဲ့ စာချုပ်ကြောင့် စိတ်ဝင်စားနေခဲ့တဲ့ ရီးရဲလ်ဘက်တစ်အသင်းအနေနဲ့ ရာသီကုန်မှာ မဖြစ်မနေ အပြီးသတ် ခေါ်ယူမယ့် စာချုပ်မျိုးနဲ့ ကမ်းလှမ်းလာဖို့ အမ်းမရိတ်ဘက်က အလိုရှိနေ။

– ညာနောက်ခံလူနေရာမှာ လူသစ်ရှာဖွေနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ နော့ဝစ်ချ်အသင်းက မက်စ် အာရွန်ကို စောင့်ကြည့်နေခဲ့သလို ဈေးနှုန်း ပိုမိုသက်သာနိုင်တဲ့ အိုင်းယက်စ်ရဲ့ အရောင်းစာရင်းပေါ်က မော်ရိုကိုလက်ရွေးစင် နူဆဲရ် မာဇရာဝီကိုလည်း အလိုရှိနေပြီး လာမယ့် ရက်ပိုင်းအတွင်း ဆွေးနွေးဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ ရိုးမားဘက်က ကမ်းလှမ်းမယ့် မဖြစ်စလောက် ပေါင် ၁၅ သန်းလောက်နဲ့တော့ သူတို့ရဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာကို ရောင်းချဖို့ စိတ်ဝင်စားမှာ မဟုတ်ဘဲ အသက်အရွယ်အရ အတွေ့အကြုံတွေနဲ့ ပြည့်ဝနေတဲ့ ဆွစ်ဇာလန်အသင်း ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို မော်ရင်ညိုအနေနဲ့ မလေးမစားလုပ်လို့ မရနိုင်ကြောင်း ဂျာနယ်လစ် ချားလ်စ် ဝပ်ထ်သုံးသပ်။

– အာဆင်နယ်အသင်းအနေနဲ့ အမ်းမရိတ်ကနေ ထွက်ခွာတော့မယ်လို့ တောင်းဆိုထားခဲ့တဲ့ လူငယ်တိုက်စစ်မှူး အက်ဒီ နကီးတီးယားကို ပါးပါးနပ်နပ် အသုံးချနိုင်ဖို့ ရှိနေပြီး ဒီကစားသမားအတွက် ပေါင် ၁၅ သန်းကနေ ၂၀ အထိ ရရှိနိုင်ချိန်မှာ ပရီးမီးယားလိဂ် အသင်းလတ်၊ အသင်းငယ်တွေက ကစားသမားတွေနဲ့ အလိုက်ပေးဆွေးနွေးဖို့ အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထား။

– အေစီမီလန်အသင်းကနေ ထွက်ခွာတော့မယ့် လူငယ်ဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်မာကို ခေါ်ယူဖို့အတွက် လက်ရှိဂိုးသမား ဗွိုင်ချက် ရှချက်စနီကို ရောင်းထုတ်သွားတော့မယ့် ဂျူဗင်တပ်စ်အသင်းရဲ့ ဆန္ဒကြောင့် အာဆင်နယ်အသင်းပိုင်ရှင်တွေအနေနဲ့ ပိုလန်သားကို အမ်းမရိတ်ဆီ တစ်ဖန်ပြန်လည်ခေါ်ယူပြီး ပရိသတ်တွေကို နှစ်သိမ့်ပေးနိုင်ခြေရှိလာ။

– စပိန်သတင်းဌာန Defense Central ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ ရရှိမှ ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းကတော့ သူ့ကို အပြီးသတ်ခေါ်ယူလိုနေတဲ့ အာဆင်နယ်တို့ကို စိတ်ပျက်စေခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ျပႆနာမ်ားခဲ့တဲ့ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီကို ျပင္သစ္ကလပ္ အိုလံပစ္ မာေဆးလ္ အသင္းဆီ ေရာင္းခ်ဖို႔ သေဘာတူညီလိုက္ၿပီလို႔ သတင္းထြက္လာခဲ့ၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္ ကစားသမားအတြက္ ေပါင္ ၁၀ သန္းဝန္းက်င္သာ ရရွိမယ္လို႔ သိရ။

– မာေဆးလ္အသင္းအေနနဲ႔ နိစ္အသင္းမွာ ေျခစြမ္းျပခဲ့ၿပီး လီဂူးဝမ္းအေကာင္းဆုံးအသင္းမွာ ေ႐ြးခ်ယ္ဖို႔ အဆိုျပဳခံခဲ့ရတဲ့ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာကို တစ္ရာသီအငွားနဲ႔ ေခၚယူၿပီး အာဆင္နယ္အသင္းနဲ႔ၾကား သေဘာတူညီမႈေတြ ထပ္မံရရွိဖို႔ ႀကိဳးစားေနခဲ့ၿပီး ဒီသတင္းေၾကာင့္ ပရိသတ္ေတြကေတာ့ အာတီတာ မ်က္စိကန္းေနလားဆိုၿပီး ခပ္ၾကမ္းၾကမ္း တိုင္းထြာေနခဲ့ၾက။

– အာဆင္နယ္အသင္းအေနနဲ႔ လိဂ္ခ်န္ပီယံရွစ္ကေန ဒုတိယေနရာက တန္းတက္လာခဲ့တဲ့ ဝတ္ဖို႔ဒ္ေတာင္ပံကစားသမား အစၥမိုင္လာ ဆားရ္ကို အလိုရွိေနၿပီး သူ႔အတြက္ တိုက္စစ္မႉး အက္ဒီ နကီးတီးယားကို ေပါင္ ၁၅ သန္း ေဈးျဖတ္ၿပီး ေငြေၾကးအလိုက္ေပး ေခၚယူႏိုင္ဖို႔ စီစဥ္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ ဟက္တာ ဘယ္လာရင္ကို အငွားနဲ႔ အသင္းကေန ထြက္ခြာဖို႔ ခြင့္ျပဳခ်င္ေနေပမယ့္ ႏွစ္ႏွစ္သာ က်န္ရွိေတာ့တဲ့ စာခ်ဳပ္ေၾကာင့္ စိတ္ဝင္စားေနခဲ့တဲ့ ရီးရဲလ္ဘက္တစ္အသင္းအေနနဲ႔ ရာသီကုန္မွာ မျဖစ္မေန အၿပီးသတ္ ေခၚယူမယ့္ စာခ်ဳပ္မ်ိဳးနဲ႔ ကမ္းလွမ္းလာဖို႔ အမ္းမရိတ္ဘက္က အလိုရွိေန။

– ညာေနာက္ခံလူေနရာမွာ လူသစ္ရွာေဖြေနတဲ့ အာဆင္နယ္အသင္းအေနနဲ႔ ေနာ့ဝစ္ခ်္အသင္းက မက္စ္ အာ႐ြန္ကို ေစာင့္ၾကည့္ေနခဲ့သလို ေဈးႏႈန္း ပိုမိုသက္သာႏိုင္တဲ့ အိုင္းယက္စ္ရဲ႕ အေရာင္းစာရင္းေပၚက ေမာ္႐ိုကိုလက္ေ႐ြးစင္ ႏူဆဲရ္ မာဇရာဝီကိုလည္း အလိုရွိေနၿပီး လာမယ့္ ရက္ပိုင္းအတြင္း ေဆြးေႏြးဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ႐ိုးမားဘက္က ကမ္းလွမ္းမယ့္ မျဖစ္စေလာက္ ေပါင္ ၁၅ သန္းေလာက္နဲ႔ေတာ့ သူတို႔ရဲ႕ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကို ေရာင္းခ်ဖို႔ စိတ္ဝင္စားမွာ မဟုတ္ဘဲ အသက္အ႐ြယ္အရ အေတြ႕အႀကဳံေတြနဲ႔ ျပည့္ဝေနတဲ့ ဆြစ္ဇာလန္အသင္း ေခါင္းေဆာင္ဆိုတဲ့ ဂုဏ္ပုဒ္ကို ေမာ္ရင္ညိဳအေနနဲ႔ မေလးမစားလုပ္လို႔ မရႏိုင္ေၾကာင္း ဂ်ာနယ္လစ္ ခ်ားလ္စ္ ဝပ္ထ္သုံးသပ္။

– အာဆင္နယ္အသင္းအေနနဲ႔ အမ္းမရိတ္ကေန ထြက္ခြာေတာ့မယ္လို႔ ေတာင္းဆိုထားခဲ့တဲ့ လူငယ္တိုက္စစ္မႉး အက္ဒီ နကီးတီးယားကို ပါးပါးနပ္နပ္ အသုံးခ်ႏိုင္ဖို႔ ရွိေနၿပီး ဒီကစားသမားအတြက္ ေပါင္ ၁၅ သန္းကေန ၂၀ အထိ ရရွိႏိုင္ခ်ိန္မွာ ပရီးမီးယားလိဂ္ အသင္းလတ္၊ အသင္းငယ္ေတြက ကစားသမားေတြနဲ႔ အလိုက္ေပးေဆြးေႏြးဖို႔ အေျခအေနေကာင္းတစ္ရပ္ကို ပိုင္ဆိုင္ထား။

– ေအစီမီလန္အသင္းကေန ထြက္ခြာေတာ့မယ့္ လူငယ္ဂိုးသမား ဂ်န္လြီဂီ ဒြန္နာရမ္မာကို ေခၚယူဖို႔အတြက္ လက္ရွိဂိုးသမား ဗြိဳင္ခ်က္ ရွခ်က္စနီကို ေရာင္းထုတ္သြားေတာ့မယ့္ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ဆႏၵေၾကာင့္ အာဆင္နယ္အသင္းပိုင္ရွင္ေတြအေနနဲ႔ ပိုလန္သားကို အမ္းမရိတ္ဆီ တစ္ဖန္ျပန္လည္ေခၚယူၿပီး ပရိသတ္ေတြကို ႏွစ္သိမ့္ေပးႏိုင္ေျခရွိလာ။

– စပိန္သတင္းဌာန Defense Central ရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၆၀ ရရွိမွ ေရာင္းခ်သြားမွာျဖစ္ၿပီး ေဈးႏႈန္းကေတာ့ သူ႔ကို အၿပီးသတ္ေခၚယူလိုေနတဲ့ အာဆင္နယ္တို႔ကို စိတ္ပ်က္ေစခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.