Match Report Premier League UCL&UEL

သူရဲကောင်း ဟာဗတ်ဇ်၊ လျှော့တွက်တဲ့ ပက်ပ်နဲ့ ချန်ပီယံလိဂ် ဗိုလ်ဝင်ခံတဲ့ တူဟယ်ရဲ့ ချဲလ်ဆီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ လူစာရင်းကို အပြောင်းအလဲလုပ်ခဲ့ပြီး တိုက်စစ်ကို ဦးစားပေးချင်တဲ့ ပုံစံနဲ့ ကွင်းလယ်အဖျက် ရိုဒရီရော ဖာနန်ဒင်ညိုပါ Holding Midfielder မပါဘဲ ပွဲထုတ်လာခဲ့သလို ဂွန်ဒိုးဝမ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို ကွင်းလယ်မှာ တွဲပေးထားပြီး ရှေ့မှာတော့ စတာလင်၊ မာရက်ဇ်၊ ဖိုဒန်နဲ့ ဒီဘရိုင်းနားတို့ ကစားခဲ့ကြပါတယ်။

ချဲလ်ဆီးကတော့ ခရစ္စတင်ဆန်ကို အရန်ခုံမှာသာ ထားခဲ့ပြီး သူမပါတဲ့ ညာခြမ်းမှာ ပြီးခဲ့တဲ့ပွဲတွေက သိပ်မငြိမ်ခဲ့တဲ့ အက်ဇ်ပီလီကွေတာနဲ့ ရီးစ် ဂျိမ်းစ်တို့ကို သုံးခဲ့ပေမယ့် ဒီနေ့ပွဲမှာ ကောင်းခဲ့သလို ကစားကွက်ကတော့ ၃-၅-၂ ဆန်ဆန်နဲ့ ရှေ့မှာ ဟာဗတ်ဇ်နဲ့ ဗာနာ ဂျာမန်တိုက်စစ်အတွဲကို ထားပြီး သူတို့နောက်က ကျန်တဲ့ ကစားသမားတွေက အတန်းလိုက် ရွေ့လျားကစားခဲ့ပါတယ်။

ဂွါဒီယိုလာအနေနဲ့ ရာဿသီပိတ် ပန်းဝင်ချိန်မှာ ခြေကျသွားခဲ့တဲ့ ချဲလ်ဆီးကို တိုက်စစ်ကစားပြီး စောစောစီးစီး အပြတ်ဖြတ်ထားချင်တဲ့ ပုံစံနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်နောက်ပိုင်း အသင်းမှာ တစ်ခါမှ ပွဲမထွက်ရတဲ့ စတာလင်ကို ဘယ်ခြမ်းမှာ ထည့်သွင်းလိုက်တာက ဒီပွဲရဲ့ အမှားတွေထဲက တစ်ခုဖြစ်ခဲ့သလို တစ်ဖက်အသင်းရဲ့ အကောင်ကြီးတဲ့ ခံစစ်ကို ထိုးဖောက်ရာမှာ ဖိုဒန်က မြုပ်သွားချိန်မှာ ညာခြမ်းက မာရက်ဇ်ကပါ လိုက်ပျောက်နေခဲ့ပါတယ်။

ဒီဘရိုင်းနားနဲ့ ဂွန်ဒိုးဝမ်တို့ကြားက Link ကို ကြုံတဲ့ ချဲလ်ဆီးကစားသမားက အလေးထားဖြတ်တောက်သွားခဲ့ပြီး မနားတမ်းဝင်ဖျက်တဲ့ တူဟယ်လ်ရဲ့ ဗျူဟာက ကောင်းကောင်းအလုပ်ဖြစ်ခဲ့သလို ဘောလုံးကို ကြံ့ခိုင်မှုနဲ့ ထိန်းပေးမယ့် ဟာဗတ်ဇ်နဲ့ လွတ်တာနဲ့ပြေးမယ့် တီမို ဗာနာတို့ရဲ့ တိုက်စစ်ကို မေဆန်မောင့်က သိပ်မကူခဲ့ဘဲ Mezzala ပုံစံကစားသွားခဲ့ရာမှာ စီးတီးကွင်းလယ်က ကျပ်သွားခဲ့ပါတယ်။

ပထမပိုင်းမှာ သင်္ကြန်အမြောက်လို ပစ်နေတဲ့ စီးတီးတိုက်စစ်ထက် ချဲလ်ဆီးရဲ့ ကောင်တာတွေက ပိုထိရောက်ခဲ့ပြီး ဗာနာရဲ့ ပွဲကြီးဆိုရင် မတည်ငြိမ်သေးတဲ့ ပုံစံကြောင့်သာ ချဲလ်ဆီးတို့ ဂိုးရဖို့ ခက်နေခဲ့တာဖြစ်သလို ဂွါဒီယိုလာ ကြိုက်တဲ့ ခံစစ်အစွန်လူနဲ့ အလယ်လူကြားက Half Space တွေက ဟာဗတ်ဇ်တို့အဖွဲ့ ပိုကြိုက်စရာလည်းဖြစ်နေခဲ့တာပါ။

မာရက်ဇ်၊ စတာလင်တို့ရဲ့ ထိုးဖောက်မှုတွေကို ချဲလ်ဆီးနောက်တန်းက ပိတ်ဆို့နေခဲ့သလို ဖိုဒန်ရဲ့ လွတ်ထွက်လာတဲ့ အခွင့်အရေးကိုလည်း ရူဒီဂါက အကောင်းဆုံးပုံစံနဲ့ တားဆီးသွားခဲ့ပြီး ပွဲချိန် ၃၉ မိနစ်မှာတော့ ဘောလုံးကို ခုန်လုရင်း ပေါင်ခြံပြဿနာဖြစ်သွားပုံရတဲ့ သီယာဂို ဆေးလ်ဗားအစား ခရစ္စတင်ဆန် ဝင်လာခဲ့ပေမယ့် လန်ဒန်သားတွေရဲ့ ခံစစ်က ပုံပျက်မသွားဘဲ တည်ငြိမ်ခဲ့ပါတယ်။

ပွဲချိန် ၄၂ မိနစ်မှာတော့ Holding မပါတဲ့ ပြဿနာကနေ မန်ချက်စတာသားတွေ ထိုးနှက်ခံခဲ့ရပြီး ကစားသမားအကုန်လုံး ကွင်းလယ် Pressing မှာ လိုက်မျောနေတုန်းမှာ Deep-Lying Playmaker ဂွန်ဒိုးဝမ် Position Out ပြီး 2 Vs 2 တွေ့ခဲ့တဲ့ လူကျွံထောင်ချောက်ကို အထောင်နေရာမှာ ကစားတဲ့ ဟာဗတ်ဇ်က ဖောက်ထွက်ခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာ ခံစစ်ကစားပုံလိုသေးတဲ့ ဇင်ချန်ကို,ကို ကျော်ပြေးသွားတဲ့ ဟာဗတ်ဇ်ရဲ့ ပြေးလမ်းထဲကို ကွက်တိထည့်ပေးလိုက်တဲ့ မေဆန်မောင့်ရဲ့ တန်ဖိုးအရှိဆုံး ပေးပို့မှုကို ဂျာမန်တိုက်စစ်မှူးက သူ့ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ဂိုးအဖြစ် ရှေ့ထွက်ဖျက်တဲ့ အီဒါဆန်ကို ဖြတ်ကျော်ပြီးမှ သွေးအေးအေးနဲ့ ကန်သွင်းယူသွားခဲ့လို့ ပထမပိုင်းမှာ ချဲလ်ဆီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း မန်စီးတီးရဲ့ ကစားကွက်က တိုးတက်မလာဘဲ ပထမပိုင်းက ပုံစံအတိုင်းရှိနေခဲ့သလို စတာလင်ရော မာရက်ဇ်ကိုပါ မထုတ်ဘဲ ကွင်းလယ်မှာလည်း လူမပြောင်းဘဲ ဆက်ကစားခဲ့တဲ့အတွက် ချဲလ်ဆီးတို့ရဲ့ တည်ငြိမ်နေတဲ့ ခံစစ်ကို မကျော်နိုင်ခဲ့ဘဲ ဘောလုံးပိုင်ဆိုင်မှု ပိုရခဲ့တာကလွဲလို့ မထိရောက်ဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ လူချင်းဝင်တိုက်ပြီးဖျက်တဲ့ ရူဒီဂါရဲ့ဒဏ်ကနေ နာလံပြန်မထူတော့တဲ့ ဒီဘရိုင်းနားကို ဂျေဆူးစ်နဲ့ လူစားလဲခဲ့ရပြီး သိပ်မကြာခင်မှာပဲ ပင်နယ်တီဧရိယာထဲမှာ ချဲလ်ဆီးနောက်ခံလူ ဂျိမ်းစ် လက်ထိတယ်လို့ စီးတီးကစားသမားတွေက ပင်နယ်တီတောင်းဆိုခဲ့ကြပေမယ့် ဒိုင်လူကြီးကရော VAR ကပါ ပယ်ချသွားခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာ ဘာနာဒို ဆေးလ်ဗားအစား ဖာနန်ဒင်ညိုကို လူစားလဲခဲ့ပြီး ဂွန်ဒိုးဝမ်ကို ရှေ့ပိုတက်နိုင်ဖို့နဲ့ သုံးယောက်တန်းခံစစ်ကို စိတ်ချလက်ချထားပြီး နောက်ခံအစွန်လူတွေ ရှေ့တက်နိုင်ဖို့ ဗျူဟာပြောင်းလဲခဲ့ပေမယ့် ကွင်းလယ်မှာ ဒီဘရိုင်းနားရော ဘာနာဒိုပါ မရှိချိန်မှာ ကျန်တဲ့ သူတွေက ဦးဆောင်နိုင်ခြင်း မရှိဘဲ ခပ်လည်လည်ဖြစ်နေတဲ့အပြင် ဒါကို ချဲလ်ဆီးရဲ့ မနားတမ်းဖျက်ထုတ်မှုနဲ့ပဲ ရင်ဆိုင်ခဲ့ရပါတယ်။

အလုပ်မဖြစ်တဲ့ စတာလင်ကို အဂွေရိုနဲ့ လဲခဲ့ပေမယ့် အထောင်တိုက်စစ်မှူးကောင်းမရှိတဲ့ တိုက်စစ်က ဖြတ်တင်ဘော အနိမ့်အမြင့်ချိန်ရင်း အချိန်ကုန်နေခဲ့ပြီး ချဲလ်ဆီးနောက်တန်းရဲ့ အမှားတချို့ရှိမှသာ ရင်ခုန်ခွင့်ရခဲ့တာကြောင့် ဂွါဒီယိုလာအနေနဲ့ တူဟယ်လ်ကို ဗျူဟာပိုင်းမှာပါ ရှုံးနိမ့်ခဲ့ပြီး ပွဲချိန် ၇၃ မိနစ်မှာ အမေရိကန်သမိုင်းကို ချန်ပီယံလိဂ်ဖိုင်နယ်မှာ ပါဝင်ကစားပြီး အသစ်ရေးတဲ့ လူစားဝင်တိုက်စစ်မှူး ပူလီရှစ်ချ်ရဲ့ အခွင့်အရေးကနေ အီဒါဆန် သွက်လို့ ဂိုးမပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ဟာဗတ်ဇ်ရဲ့ ကြံ့ခိုင်မှုနဲ့ ဘောလုံးကို တစ်ပါတည်း သယ်ဆောင်နိုင်မှုကတော့ စီးတီးရဲ့ ဒီယက်စ်နဲ့ စတုန်းကို ကောင်းကောင်းကြီး ဒုက္ခပေးခဲ့ပြီး သူဘောလုံးရတိုင်း မျက်လုံးပြူးနေရချိန်မှာ Powerful Striker တစ်ဦးဟာ တိုက်စစ်မှာ မလိုတဲ့ ပုံစံမျိုး ပြချင်တဲ့ ဂွါဒီယိုလာအတွက်တော့ သင်ခန်းစာ တစ်ခုရခဲ့တာလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ စီးတီးတို့ အလုပ်မဖြစ်ဘဲ ဖိကစားနိုင်ခဲ့တာကလွဲလို့ ၇ မိနစ်အထိ ပေးခဲ့တဲ့ နာကျင်အချိန်ပိုအထိ ခရစ္စတင်ဆန်၊ ရူဒီဂါနဲ့ အက်ဇ်ပီလီကွေတာတို့ကို မကျော်နိုင်တော့ပဲ ပွဲချိန် ၉၆ မိနစ်က မာရက်ဇ်ရဲ့ ညာခြေကန်ချက် ဂိုးဘားပေါ် အနည်းငယ် ကျော်သွားခဲ့တာကလွဲရင် ဂိုးနဲ့ မနီးစပ်တော့ဘဲ ပထမပိုင်းက ရလဒ်အတိုင်းသာ ချဲလ်ဆီးတို့ ထိန်းသိမ်းပြီး အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ နောက်ထပ်ချန်ပီယံလိဂ်ဖလားတစ်လုံးကို အောက်သင်းအဖြစ်နဲ့ ထပ်မံရယူနိုင်ခဲ့သလို မန်စီးတီးတို့ကတော့ ဖိုင်နယ်ကို ပထမဆုံးတက်ဖူးတဲ့ အသင်းတွေ အတွေ့အကြုံရတာကလွဲပြီး ဖလားမရတဲ့ စံချိန်ကို ဆက်ထိန်းပြီး လက်ဗလာနဲ့ ပြန်ခဲ့ရချိန်မှာ ပူလီရှစ်ချ်ကတော့ ဒီဖလားကို ပထမဆုံး ကိုင်မြှောက်ခွင့်ရတဲ့ အမေရိကန်သားဖြစ်လာခဲ့ပြီး သောမတ်စ် တူဟယ်လ်နဲ့ သီယာဂို ဆေးလ်ဗားတို့ကတော့ ပီအက်စ်ဂျီနဲ့ မပြည့်တဲ့ ဆန္ဒတွေကို အသင်းသစ်မှာ ရာသီဝက်နဲ့ ပြည့်ဝနိုင်ခဲ့ပြီဖြစ်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ လူစာရင္းကို အေျပာင္းအလဲလုပ္ခဲ့ၿပီး တိုက္စစ္ကို ဦးစားေပးခ်င္တဲ့ ပုံစံနဲ႔ ကြင္းလယ္အဖ်က္ ႐ိုဒရီေရာ ဖာနန္ဒင္ညိဳပါ Holding Midfielder မပါဘဲ ပြဲထုတ္လာခဲ့သလို ဂြန္ဒိုးဝမ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ကို ကြင္းလယ္မွာ တြဲေပးထားၿပီး ေရွ႕မွာေတာ့ စတာလင္၊ မာရက္ဇ္၊ ဖိုဒန္နဲ႔ ဒီဘ႐ိုင္းနားတို႔ ကစားခဲ့ၾကပါတယ္။

ခ်ဲလ္ဆီးကေတာ့ ခရစၥတင္ဆန္ကို အရန္ခုံမွာသာ ထားခဲ့ၿပီး သူမပါတဲ့ ညာျခမ္းမွာ ၿပီးခဲ့တဲ့ပြဲေတြက သိပ္မၿငိမ္ခဲ့တဲ့ အက္ဇ္ပီလီေကြတာနဲ႔ ရီးစ္ ဂ်ိမ္းစ္တို႔ကို သုံးခဲ့ေပမယ့္ ဒီေန႔ပြဲမွာ ေကာင္းခဲ့သလို ကစားကြက္ကေတာ့ ၃-၅-၂ ဆန္ဆန္နဲ႔ ေရွ႕မွာ ဟာဗတ္ဇ္နဲ႔ ဗာနာ ဂ်ာမန္တိုက္စစ္အတြဲကို ထားၿပီး သူတို႔ေနာက္က က်န္တဲ့ ကစားသမားေတြက အတန္းလိုက္ ေ႐ြ႕လ်ားကစားခဲ့ပါတယ္။

ဂြါဒီယိုလာအေနနဲ႔ ရာသီပိတ္ ပန္းဝင္ခ်ိန္မွာ ေျခက်သြားခဲ့တဲ့ ခ်ဲလ္ဆီးကို တိုက္စစ္ကစားၿပီး ေစာေစာစီးစီး အျပတ္ျဖတ္ထားခ်င္တဲ့ ပုံစံနဲ႔ ရႈံးထြက္ ၁၆ သင္းအဆင့္ေနာက္ပိုင္း အသင္းမွာ တစ္ခါမွ ပြဲမထြက္ရတဲ့ စတာလင္ကို ဘယ္ျခမ္းမွာ ထည့္သြင္းလိုက္တာက ဒီပြဲရဲ႕ အမွားေတြထဲက တစ္ခုျဖစ္ခဲ့သလို တစ္ဖက္အသင္းရဲ႕ အေကာင္ႀကီးတဲ့ ခံစစ္ကို ထိုးေဖာက္ရာမွာ ဖိုဒန္က ျမဳပ္သြားခ်ိန္မွာ ညာျခမ္းက မာရက္ဇ္ကပါ လိုက္ေပ်ာက္ေနခဲ့ပါတယ္။

ဒီဘ႐ိုင္းနားနဲ႔ ဂြန္ဒိုးဝမ္တို႔ၾကားက Link ကို ႀကဳံတဲ့ ခ်ဲလ္ဆီးကစားသမားက အေလးထားျဖတ္ေတာက္သြားခဲ့ၿပီး မနားတမ္းဝင္ဖ်က္တဲ့ တူဟယ္လ္ရဲ႕ ဗ်ဴဟာက ေကာင္းေကာင္းအလုပ္ျဖစ္ခဲ့သလို ေဘာလုံးကို ႀကံ့ခိုင္မႈနဲ႔ ထိန္းေပးမယ့္ ဟာဗတ္ဇ္နဲ႔ လြတ္တာနဲ႔ေျပးမယ့္ တီမို ဗာနာတို႔ရဲ႕ တိုက္စစ္ကို ေမဆန္ေမာင့္က သိပ္မကူခဲ့ဘဲ Mezzala ပုံစံကစားသြားခဲ့ရာမွာ စီးတီးကြင္းလယ္က က်ပ္သြားခဲ့ပါတယ္။

ပထမပိုင္းမွာ သၾကၤန္အေျမာက္လို ပစ္ေနတဲ့ စီးတီးတိုက္စစ္ထက္ ခ်ဲလ္ဆီးရဲ႕ ေကာင္တာေတြက ပိုထိေရာက္ခဲ့ၿပီး ဗာနာရဲ႕ ပြဲႀကီးဆိုရင္ မတည္ၿငိမ္ေသးတဲ့ ပုံစံေၾကာင့္သာ ခ်ဲလ္ဆီးတို႔ ဂိုးရဖို႔ ခက္ေနခဲ့တာျဖစ္သလို ဂြါဒီယိုလာ ႀကိဳက္တဲ့ ခံစစ္အစြန္လူနဲ႔ အလယ္လူၾကားက Half Space ေတြက ဟာဗတ္ဇ္တို႔အဖြဲ႕ ပိုႀကိဳက္စရာလည္းျဖစ္ေနခဲ့တာပါ။

မာရက္ဇ္၊ စတာလင္တို႔ရဲ႕ ထိုးေဖာက္မႈေတြကို ခ်ဲလ္ဆီးေနာက္တန္းက ပိတ္ဆို႔ေနခဲ့သလို ဖိုဒန္ရဲ႕ လြတ္ထြက္လာတဲ့ အခြင့္အေရးကိုလည္း ႐ူဒီဂါက အေကာင္းဆုံးပုံစံနဲ႔ တားဆီးသြားခဲ့ၿပီး ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ ေဘာလုံးကို ခုန္လုရင္း ေပါင္ၿခံျပႆနာျဖစ္သြားပုံရတဲ့ သီယာဂို ေဆးလ္ဗားအစား ခရစၥတင္ဆန္ ဝင္လာခဲ့ေပမယ့္ လန္ဒန္သားေတြရဲ႕ ခံစစ္က ပုံပ်က္မသြားဘဲ တည္ၿငိမ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ Holding မပါတဲ့ ျပႆနာကေန မန္ခ်က္စတာသားေတြ ထိုးႏွက္ခံခဲ့ရၿပီး ကစားသမားအကုန္လုံး ကြင္းလယ္ Pressing မွာ လိုက္ေမ်ာေနတုန္းမွာ Deep-Lying Playmaker ဂြန္ဒိုးဝမ္ Position Out ၿပီး 2 Vs 2 ေတြ႕ခဲ့တဲ့ လူကြၽံေထာင္ေခ်ာက္ကို အေထာင္ေနရာမွာ ကစားတဲ့ ဟာဗတ္ဇ္က ေဖာက္ထြက္ခဲ့ၿပီး ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီဂိုးမွာ ခံစစ္ကစားပုံလိုေသးတဲ့ ဇင္ခ်န္ကို,ကို ေက်ာ္ေျပးသြားတဲ့ ဟာဗတ္ဇ္ရဲ႕ ေျပးလမ္းထဲကို ကြက္တိထည့္ေပးလိုက္တဲ့ ေမဆန္ေမာင့္ရဲ႕ တန္ဖိုးအရွိဆုံး ေပးပို႔မႈကို ဂ်ာမန္တိုက္စစ္မႉးက သူ႔ရဲ႕ ပထမဆုံး ခ်န္ပီယံလိဂ္ဂိုးအျဖစ္ ေရွ႕ထြက္ဖ်က္တဲ့ အီဒါဆန္ကို ျဖတ္ေက်ာ္ၿပီးမွ ေသြးေအးေအးနဲ႔ ကန္သြင္းယူသြားခဲ့လို႔ ပထမပိုင္းမွာ ခ်ဲလ္ဆီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း မန္စီးတီးရဲ႕ ကစားကြက္က တိုးတက္မလာဘဲ ပထမပိုင္းက ပုံစံအတိုင္းရွိေနခဲ့သလို စတာလင္ေရာ မာရက္ဇ္ကိုပါ မထုတ္ဘဲ ကြင္းလယ္မွာလည္း လူမေျပာင္းဘဲ ဆက္ကစားခဲ့တဲ့အတြက္ ခ်ဲလ္ဆီးတို႔ရဲ႕ တည္ၿငိမ္ေနတဲ့ ခံစစ္ကို မေက်ာ္ႏိုင္ခဲ့ဘဲ ေဘာလုံးပိုင္ဆိုင္မႈ ပိုရခဲ့တာကလြဲလို႔ မထိေရာက္ဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ လူခ်င္းဝင္တိုက္ၿပီးဖ်က္တဲ့ ႐ူဒီဂါရဲ႕ဒဏ္ကေန နာလံျပန္မထူေတာ့တဲ့ ဒီဘ႐ိုင္းနားကို ေဂ်ဆူးစ္နဲ႔ လူစားလဲခဲ့ရၿပီး သိပ္မၾကာခင္မွာပဲ ပင္နယ္တီဧရိယာထဲမွာ ခ်ဲလ္ဆီးေနာက္ခံလူ ဂ်ိမ္းစ္ လက္ထိတယ္လို႔ စီးတီးကစားသမားေတြက ပင္နယ္တီေတာင္းဆိုခဲ့ၾကေပမယ့္ ဒိုင္လူႀကီးကေရာ VAR ကပါ ပယ္ခ်သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၆၄ မိနစ္မွာ ဘာနာဒို ေဆးလ္ဗားအစား ဖာနန္ဒင္ညိဳကို လူစားလဲခဲ့ၿပီး ဂြန္ဒိုးဝမ္ကို ေရွ႕ပိုတက္ႏိုင္ဖို႔နဲ႔ သုံးေယာက္တန္းခံစစ္ကို စိတ္ခ်လက္ခ်ထားၿပီး ေနာက္ခံအစြန္လူေတြ ေရွ႕တက္ႏိုင္ဖို႔ ဗ်ဴဟာေျပာင္းလဲခဲ့ေပမယ့္ ကြင္းလယ္မွာ ဒီဘ႐ိုင္းနားေရာ ဘာနာဒိုပါ မရွိခ်ိန္မွာ က်န္တဲ့ သူေတြက ဦးေဆာင္ႏိုင္ျခင္း မရွိဘဲ ခပ္လည္လည္ျဖစ္ေနတဲ့အျပင္ ဒါကို ခ်ဲလ္ဆီးရဲ႕ မနားတမ္းဖ်က္ထုတ္မႈနဲ႔ပဲ ရင္ဆိုင္ခဲ့ရပါတယ္။

အလုပ္မျဖစ္တဲ့ စတာလင္ကို အေဂြ႐ိုနဲ႔ လဲခဲ့ေပမယ့္ အေထာင္တိုက္စစ္မႉးေကာင္းမရွိတဲ့ တိုက္စစ္က ျဖတ္တင္ေဘာ အနိမ့္အျမင့္ခ်ိန္ရင္း အခ်ိန္ကုန္ေနခဲ့ၿပီး ခ်ဲလ္ဆီးေနာက္တန္းရဲ႕ အမွားတခ်ိဳ႕ရွိမွသာ ရင္ခုန္ခြင့္ရခဲ့တာေၾကာင့္ ဂြါဒီယိုလာအေနနဲ႔ တူဟယ္လ္ကို ဗ်ဴဟာပိုင္းမွာပါ ရႈံးနိမ့္ခဲ့ၿပီး ပြဲခ်ိန္ ၇၃ မိနစ္မွာ အေမရိကန္သမိုင္းကို ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ပါဝင္ကစားၿပီး အသစ္ေရးတဲ့ လူစားဝင္တိုက္စစ္မႉး ပူလီရွစ္ခ်္ရဲ႕ အခြင့္အေရးကေန အီဒါဆန္ သြက္လို႔ ဂိုးမေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ဟာဗတ္ဇ္ရဲ႕ ႀကံ့ခိုင္မႈနဲ႔ ေဘာလုံးကို တစ္ပါတည္း သယ္ေဆာင္ႏိုင္မႈကေတာ့ စီးတီးရဲ႕ ဒီယက္စ္နဲ႔ စတုန္းကို ေကာင္းေကာင္းႀကီး ဒုကၡေပးခဲ့ၿပီး သူေဘာလုံးရတိုင္း မ်က္လုံးျပဴးေနရခ်ိန္မွာ Powerful Striker တစ္ဦးဟာ တိုက္စစ္မွာ မလိုတဲ့ ပုံစံမ်ိဳး ျပခ်င္တဲ့ ဂြါဒီယိုလာအတြက္ေတာ့ သင္ခန္းစာ တစ္ခုရခဲ့တာလည္းျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ စီးတီးတို႔ အလုပ္မျဖစ္ဘဲ ဖိကစားႏိုင္ခဲ့တာကလြဲလို႔ ၇ မိနစ္အထိ ေပးခဲ့တဲ့ နာက်င္အခ်ိန္ပိုအထိ ခရစၥတင္ဆန္၊ ႐ူဒီဂါနဲ႔ အက္ဇ္ပီလီေကြတာတို႔ကို မေက်ာ္ႏိုင္ေတာ့ပဲ ပြဲခ်ိန္ ၉၆ မိနစ္က မာရက္ဇ္ရဲ႕ ညာေျခကန္ခ်က္ ဂိုးဘားေပၚ အနည္းငယ္ ေက်ာ္သြားခဲ့တာကလြဲရင္ ဂိုးနဲ႔ မနီးစပ္ေတာ့ဘဲ ပထမပိုင္းက ရလဒ္အတိုင္းသာ ခ်ဲလ္ဆီးတို႔ ထိန္းသိမ္းၿပီး ေအာင္ပြဲခံႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီရလဒ္ေၾကာင့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေနာက္ထပ္ခ်န္ပီယံလိဂ္ဖလားတစ္လုံးကို ေအာက္သင္းအျဖစ္နဲ႔ ထပ္မံရယူႏိုင္ခဲ့သလို မန္စီးတီးတို႔ကေတာ့ ဖိုင္နယ္ကို ပထမဆုံးတက္ဖူးတဲ့ အသင္းေတြ အေတြ႕အႀကဳံရတာကလြဲၿပီး ဖလားမရတဲ့ စံခ်ိန္ကို ဆက္ထိန္းၿပီး လက္ဗလာနဲ႔ ျပန္ခဲ့ရခ်ိန္မွာ ပူလီရွစ္ခ်္ကေတာ့ ဒီဖလားကို ပထမဆုံး ကိုင္ေျမႇာက္ခြင့္ရတဲ့ အေမရိကန္သားျဖစ္လာခဲ့ၿပီး ေသာမတ္စ္ တူဟယ္လ္နဲ႔ သီယာဂို ေဆးလ္ဗားတို႔ကေတာ့ ပီအက္စ္ဂ်ီနဲ႔ မျပည့္တဲ့ ဆႏၵေတြကို အသင္းသစ္မွာ ရာသီဝက္နဲ႔ ျပည့္ဝႏိုင္ခဲ့ၿပီျဖစ္ပါေၾကာင္း သုံးသပ္ေရးသားလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.