Bundesliga Premier League

လီဗာပူးလ္တို႔ ဗာနာကို ေခၚဖို႔ ဆုိင္းငံ့လုိက္ၿပီး တျခားအသင္းေတြရဲ႕ ခ်ဥ္းကပ္မွဳနဲ႔ ရင္ဆုိင္ရႏုိင္

ပရီးမီးယားလိဂ္ကလပ္ေတြထဲမွာ သူတုိ႔ရဲ႕ ကင္းေထာက္နဲ႔ ကစားသမားေခၚယူေရးဌာနေတြကို COVID-19 ကပ္ေရာဂါေၾကာင့္ က်န္းမာေရး ႀကဳိတင္ကာကြယ္မွဳေတြအရ ပိတ္သိမ္းထားခဲ့ရာမွာ လီဗာပူးလ္ဟာလည္း တစ္သင္းအပါအဝင္ျဖစ္ခဲ့တာေၾကာင့္ သူတုိ႔စိတ္ဝင္စားေနတဲ့ RB လုိက္ပ္ဇစ္ တုိက္စစ္မွဴး တီမို ဗာနာကို ဆက္လက္ကမ္းလွမ္းဦးမွာ မဟုတ္ဘူးလို႔ဆုိပါတယ္။

ေႏြရာသီမွာ ေပါင္ ၅၁ သန္းနဲ႔ ေခၚယူႏုိင္ခြင့္ကို ထည့္သြင္းထားတဲ့ အသက္ ၂၃ ႏွစ္အရြယ္ ဂ်ာမန္တုိက္စစ္မွဴးရဲ႕ သေဘာတူညီခ်က္ကာလကေတာ့ ဧၿပီလကုန္အထိပဲျဖစ္လို႔ လီဗာပူးလ္တုိ႔အေနနဲ႔ သိပ္ၿပီး အခ်ိန္ဆြဲလုိ႔ မရႏိုင္သလို ဒီကာလေက်ာ္ရင္ ေပါင္သန္း ၈၀ ေလာက္အထိ ေဈးတက္သြားႏုိင္တဲ့အတြက္ ဒီအခြင့္အေရးမွာေတာ့ ပရီးမီးယားလိဂ္ၿပဳိင္ဘက္ေတြက ၾကားဝင္ကမ္းလွမ္းဖြယ္လည္းရွိေနပါတယ္။

RB လုိက္ပ္ဇစ္အသင္းကေတာ့ သူတုိ႔ရဲ႕ တုိက္စစ္မွဴးကို လက္လႊတ္ရမယ္ဆိုရင္ ဧၿပီလေနာက္ပုိင္းမွ လာေရာက္ကမ္းလွမ္းတာမ်ဳိးကို ပုိမိုလုိလားမွာျဖစ္ၿပီး လီဗာပူးလ္ကေတာ့ ေဆးစစ္ဖို႔နဲ႔ ပုဂၢဳိလ္ေရးေတြကို ညႇိႏွဳိင္းဖို႔က အေဝးကေန အဆင္မေျပဘူးလို႔ အေၾကာင္းျပၿပီး ဆိုင္းငံ့ခဲ့တာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ လီဗာပူးလ္အသင္းဟာ အေထာင္တုိက္စစ္ထက္ လွဳပ္ရွားကစားတဲ့ False 9 ေတြကိုသာ ပုိမုိသေဘာက်တတ္ၿပီး ကစားသမားေဟာင္း ရာဟင္းမ္ စတာလင္ကိုလည္း မန္ခ်က္စတာစီးတီးကေန ျပန္လည္ေခၚယူဖို႔ လုပ္ေဆာင္ေနတယ္လုိ႔ သတင္းေတြ ထြက္ေနတာက ဗာနာရဲ႕ ဆုိင္းငံ့မွဳနဲ႔ ဆက္စပ္ေနသလားလို႔ ေတြးစရာရွိသလို ကြင္းလယ္ကစားသမား အဒမ္ လယ္လာနာကိုလည္း စာခ်ဳပ္သက္တမ္းတုိးဖို႔ အဆင္သင့္ ျဖစ္ေနၿပီလို႔ ဆုိေနၾကပါတယ္။

အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးက ရပ္တည္မွဳ၊ အရည္အေသြးျမင့္မားတဲ့ လူစာရင္း၊ ေအာင္ျမင္တဲ့ ဂ်ာမန္နည္းျပဆုိတဲ့ အခ်က္ ၃ ခ်က္နဲ႔သာ တီမို ဗာနာကို လီဗာပူးလ္အေနနဲ႔ ဦးစားေပးအျဖစ္ ဆြဲေဆာင္ထားႏုိင္ခဲ့တာျဖစ္ၿပီး ကစားသမားအေနနဲ႔ တကယ္လို႔ သူတုိ႔နဲ႔ အဆင္မေျပခဲ့ရင္ တျခားပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ ေက်နပ္စရာ ကမ္းလွမ္းမွဳေတြကိုလည္း လက္ခံသြားႏုိင္ဖြယ္ရွိတယ္လုိ႔ သုံးသပ္ရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ သူတို့ရဲ့ ကင်းထောက်နဲ့ ကစားသမားခေါ်ယူရေးဌာနတွေကို COVID-19 ကပ်ရောဂါကြောင့် ကျန်းမာရေး ကြိုတင်ကာကွယ်မှုတွေအရ ပိတ်သိမ်းထားခဲ့ရာမှာ လီဗာပူးလ်ဟာလည်း တစ်သင်းအပါအဝင်ဖြစ်ခဲ့တာကြောင့် သူတို့စိတ်ဝင်စားနေတဲ့ RB လိုက်ပ်ဇစ် တိုက်စစ်မှူး တီမို ဗာနာကို ဆက်လက်ကမ်းလှမ်းဦးမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

နွေရာသီမှာ ပေါင် ၅၁ သန်းနဲ့ ခေါ်ယူနိုင်ခွင့်ကို ထည့်သွင်းထားတဲ့ အသက် ၂၃ နှစ်အရွယ် ဂျာမန်တိုက်စစ်မှူးရဲ့ သဘောတူညီချက်ကာလကတော့ ဧပြီလကုန်အထိပဲဖြစ်လို့ လီဗာပူးလ်တို့အနေနဲ့ သိပ်ပြီး အချိန်ဆွဲလို့ မရနိုင်သလို ဒီကာလကျော်ရင် ပေါင်သန်း ၈၀ လောက်အထိ ဈေးတက်သွားနိုင်တဲ့အတွက် ဒီအခွင့်အရေးမှာတော့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေက ကြားဝင်ကမ်းလှမ်းဖွယ်လည်းရှိနေပါတယ်။

RB လိုက်ပ်ဇစ်အသင်းကတော့ သူတို့ရဲ့ တိုက်စစ်မှူးကို လက်လွှတ်ရမယ်ဆိုရင် ဧပြီလနောက်ပိုင်းမှ လာရောက်ကမ်းလှမ်းတာမျိုးကို ပိုမိုလိုလားမှာဖြစ်ပြီး လီဗာပူးလ်ကတော့ ဆေးစစ်ဖို့နဲ့ ပုဂ္ဂိုလ်ရေးတွေကို ညှိနှိုင်းဖို့က အဝေးကနေ အဆင်မပြေဘူးလို့ အကြောင်းပြပြီး ဆိုင်းငံ့ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လီဗာပူးလ်အသင်းဟာ အထောင်တိုက်စစ်ထက် လှုပ်ရှားကစားတဲ့ False 9 တွေကိုသာ ပိုမိုသဘောကျတတ်ပြီး ကစားသမားဟောင်း ရာဟင်းမ် စတာလင်ကိုလည်း မန်ချက်စတာစီးတီးကနေ ပြန်လည်ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်နေတာက ဗာနာရဲ့ ဆိုင်းငံ့မှုနဲ့ ဆက်စပ်နေသလားလို့ တွေးစရာရှိသလို ကွင်းလယ်ကစားသမား အဒမ် လယ်လာနာကိုလည်း စာချုပ်သက်တမ်းတိုးဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဆိုနေကြပါတယ်။

အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးက ရပ်တည်မှု၊ အရည်အသွေးမြင့်မားတဲ့ လူစာရင်း၊ အောင်မြင်တဲ့ ဂျာမန်နည်းပြဆိုတဲ့ အချက် ၃ ချက်နဲ့သာ တီမို ဗာနာကို လီဗာပူးလ်အနေနဲ့ ဦးစားပေးအဖြစ် ဆွဲဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး ကစားသမားအနေနဲ့ တကယ်လို့ သူတို့နဲ့ အဆင်မပြေခဲ့ရင် တခြားပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ ကျေနပ်စရာ ကမ်းလှမ်းမှုတွေကိုလည်း လက်ခံသွားနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.