Analysis La Liga Premier League Serie A UCL&UEL

Ronaldo: Impossible to Ignore ဘီဘီစီမှတ်တမ်းရုပ်ရှင်ရဲ့ အမြည်းပေးစရာ ၇ ချက်

ကမ္ဘာ့အထင်ကရတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုအကြောင်း ရိုက်ကူးထားတဲ့ BBC ရဲ့ မှတ်တမ်းရုပ်ရှင်သစ်ဟာ ဒီနေ့စနေ့မှာ ထွက်ရှိလာခဲ့ပြီး ဒီရုပ်ရှင်ထဲက အဓိကအချက်တွေကို ဆွဲထုတ်ကြည့်တဲ့အခါ ပေါ်တူဂီသားရဲ့ ငယ်ဘဝကနေ လက်ရှိအချိန်အထိ ကစားသမားဘဝတလျှောက် ဇာတ်လမ်းအစုံစုံကို တင်ဆက်ပေးထားတာကို တွေ့ရပြီး ဒီထဲက ပြောစရာဖြစ်တဲ့ အချက် ၇ ချက်ကို ရုပ်ရှင်အမြည်းအနေနဲ့ ထုတ်နုတ်တင်ဆက်ပေးပါရစေ။

၁။ ငယ်ဘဝမလှခဲ့တဲ့ ရော်နယ်လ်ဒို
လက်လုပ်လက်စား အ​ခြေခံလူတန်းစားမိသားစုကနေ ပေါက်ဖွားလာတဲ့ ရော်နယ်လ်ဒိုက မောင်နှမ ၄ ဦး အထွေးဆုံးဖြစ်ခဲ့ပြီး သူ့ရဲ့ခေါင်းကိုင်ဖခင်ဖြစ်သူ ဖာနာအို ဘားရို့စ် ဆိုဆာရဲ့ အဆိုအရ သူ့ကိုမွေးချိန်မှာ မိသားစုက ချွတ်ခြုံကျနေချိန်ဖြစ်ပြီး မိခင်က ပါရီမှာ အလုပ်ထွက်လုပ်ခဲ့ရပြီး အာဖရိကစစ်ပြန်ဘဝနဲ့ ဖခင်ကို အလုပ်လက်မဲ့အခြေအနေမှာ စစ်ဒဏ်ကြောင့် အရက်ရဲ့ကျေးကျွံဖြစ်ခဲ့ပေမယ့် ရော်နယ်လ်ဒိုက အတော်လေးချစ်မြတ်နိုးခဲ့ကြောင်း သိရပါတယ်။

၂။ ယူနိုက်တက်ကို အရှက်ခွဲနိုင်ခဲ့တဲ့ ကစားသမား
ဖာဒီနန်ရဲ့ ပြန်ပြောင်း ပြောဆိုမှုနဲ့အတူ ၂၀၀၃ နွေရာသီမှာ ရော်နယ်လ်ဒိုက ယူနိုတက်ရဲ့ အစဥ်အလာကြီးတဲ့ နံပါတ် ၇ အကျီကို ဝတ်ဆင်ပြီး နောင်တော်ကြီးတွေဖြစ်တဲ့ ကန်တိုနာနဲ့ ဒေးဗစ် ဘက်ခမ်းတို့ကို ဆက်ခံဖို့ဖြစ်လာခဲ့တာဟာ ယူနိက်တက်နဲ့ စပို့တင်း လစ္စဘွန်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်တယ်လို့ သိရပြီး အဲဒီပွဲက သူ့ရဲ့ခြေစွမ်းက ယူနိုက်တက်ကို ကောင်းကောင်းအရှက်ခွဲနိုင်ခဲ့ပြီး ဖာဂူဆန်ကို ဆွဲဆောင်သွားခဲ့တာပါ။

၃။ ကာရင်တန်မှာ တစ်ဦးတည်း လေ့ကျင့်နေလေ့ရှိသူ
ကလန်ကလားနိုင်တဲ့ ပိန်ကပ်ကပ် ဆယ်ကျော်သက်လေးအဖြစ်ကနေ တကယ့်အားကစားသမားစစ်စစ်ပုံစံအဖြစ် တဆစ်ချိုးပြောင်းချနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ ဖြစ်ရပ်မှာ ဆရာဖြစ်သူ မစ်ခ် ကလက်ဂ်ရဲ့ အဆိုအရ “ကျွန်တော် ဂျင်မ်မှာ ထိုင်နေတုန်း သူရောက်လာတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ချင်တယ်လို့ ပြောတယ်”လို့ သိရပြီး ​ကာရင်တန်မှာလည်း တစ်ဦးတည်းလေ့ကျင့်နေလေ့ရှိတာဟာ သူများနဲ့အတူ တမူထူးခြားတဲ့ အားထုတ်မှုကို မြင်တွေ့စေခဲ့တာပါ။

၄။ ရွန်နီကို အထုတ်ခံရအောင် ချောက်ချခဲ့လို့ ရှီးရားမုန်းရတဲ့သူ
အလန် ရှီးရားက ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်နဲ့ ပေါ်တူဂီတို့ရဲ့ ကွာတားဖိုင်နယ်တွေ့ဆုံမှုမှာ ဝိန်းရွန်နီဟာ ကာဗယ်လ်ဟိုကို ကျူးလွန်ခဲ့လို့ အနီကတ်နဲ့ ထွက်ခဲ့ရတဲ့ ပြစ်ဒဏ်ဟာ ကွင်းလယ်ဒိုင်ကို ရော်နယ်လ်ဒိုရဲ့ ဟန်ဆောင်ချောက်ချမှုတွေ ရှိခဲ့တာကြောင့် အခုချိန်ထိ ဒေါသထွက်နေကြောင်း ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာပါ။

၅။ ဘယ်တော့မှ ဒုတိယလူမဖြစ်ချင်သူ
ပေါ်တူဂီလက်ရွေးစင်အသင်းက လူငယ်နည်းပြ ပက်ဒရို တာလင်ညာက ရော်နယ်လ်ဒိုက ငယ်ဘဝကတည်းက အရှုံးကို မနှစ်မြို့သူဖြစ်ကြောင်းဆိုခဲ့သလို ဖာဒီနန်ကလည်း သူဟာ စားပွဲတင်တင်းနစ်ကစားရင်တောင်မှ ရှုံးရတာကို မကြိုက်တတ်လို့ ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီး မိမိကို အနိုင်ယူခဲ့ဖူးကြောင်း ပြောခဲ့သလို ၂၀၀၉ ကနေ ၂၀၁၃ အတွင်း လာလီဂါမှာ ဘာစီလိုနာနဲ့ ဘလွန်းဒေါဆုမှာ မက်ဆီရဲ့လွှမ်းမိုးမှုကို သေလုမတတ် နာကျင်မုန်းတီးခဲ့လို့ ချန်ပီယံလိဂ်ဖလား ၃ နှစ်ဆက်ကို ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

၆။ ၃ နှစ်ဆက် ချန်ပီယံလိဂ်ဖလားကို ​ကြိုတွက်ခဲ့သူ
၂၀၁၄ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက အသင်းရဲ့ ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား La Decima ကို ဆွတ်ခူးခဲ့ပြီး အဲဒီအချိန်က လက်ထောက်နည်းပြဖြစ်ခဲ့တဲ့ ပေါလ်ကလီးမန့်က ဘာပြောခဲ့သလဲဆိုရင် အားလုံးက ပွဲအပြီးမှာ အဝတ်လဲခန်းထဲ အောင်ပွဲခံလို့ ပါတီပေးနေချိန်မှာ ရော်နယ်လ်ဒိုကတော့ မာဆယ်လို၊ ပီပီတို့နဲ့ အုပ်စုဖွဲ့ပြီး နောက်နှစ် ချန်ပီယံလိဂ်ဖလားကို ဘယ်လိုကာကွယ်ရမလဲလို့ ကြိုတင်တွက်ချက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့ကြောင်း သိရပါတယ်။

၇။ ယူရို ၂၀၁၆ အောင်ပွဲကို ဦးဆောင်ခဲ့သူ
မက်ဆီဟာ နိုင်ငံတကာအောင်မြင်မှုကို မရရှိသေးတာက ရော်နယ်လ်ဒိုအတွက် ယူရို ၂၀၁၆ ဖလားကို သိမ်းပိုက်ဖို့ တွန်းအားဖြစ်စေခဲ့ကြောင်း ဖာဒီနန်က ဆိုသွားခဲ့ပြီး အသင်းဖော်ဟောင်းနာနီရဲ့ အမှတ်ရမှုမှာလည်း အဲဒီပြိုင်ပွဲက ဗိုလ်လုပွဲမှာ ပွဲအစ ၂၅ မိနစ်နဲ့ ဒဏ်ရာကြောင့် ကွင်းထဲက ထွက်ခဲ့ရတဲ့ ရော်နယ်လ်ဒိုက အသင်းရဲ့ကွင်းဘေးစည်းမှာ ရပ်ပြီး တသင်းလုံးကို တဦးချင်းစီ နာမည်ခေါ်ရင်း အော်ဟစ်မောင်းနှင်ပြီး အနိုင်ကစားဖို့ ဦးဆောင်လှုံ့ဆော်ပေးခဲ့ကြောင်း ပြောသွားခဲ့တာပါ။

ဒီဖော်ပြထားတဲ့ အချက် ၇ ချက်ကို မေ့ဖို့မလွယ်တဲ့ ရော်နယ်လ်ဒိုဆိုတဲ့ မှတ်တမ်းရုပ်ရှင်ထဲမှာ ပရိသတ်တွေအနေနဲ့ အဓိက မြင်တွေ့နိုင်ကြမှာဖြစ်ပြီး ဘီဘီစီအနေနဲ့ ဒီရုပ်ရှင်ကို သူ့ရဲ့ ကစားသမားဘဝ မြင့်တက်လာပုံနဲ့ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်အသင်းတွေဆီက ပုံရိပ်တွေကို ဇောင်းပေးပြီး ရိုက်ကူးထုတ်လုပ်ထားတယ်လို့လည်း သိရှိရပါတယ်။

REF: BBC & INTERNET SOURCES
PHOTOS & VIDEOS CREDIT TO YOUTUBE & OWNERS
SPORTS A2Z.

ZAWGYI: ကမာၻ႔အထင္ကရတိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေၾကာင္း ႐ိုက္ကူးထားတဲ့ BBC ရဲ႕ မွတ္တမ္း႐ုပ္ရွင္သစ္ဟာ ဒီေန႔စေန႔မွာ ထြက္ရွိလာခဲ့ၿပီး ဒီ႐ုပ္ရွင္ထဲက အဓိကအခ်က္ေတြကို ဆြဲထုတ္ၾကည့္တဲ့အခါ ေပၚတူဂီသားရဲ႕ ငယ္ဘဝကေန လက္ရွိအခ်ိန္အထိ ကစားသမားဘဝတေလွ်ာက္ ဇာတ္လမ္းအစုံစုံကို တင္ဆက္ေပးထားတာကို ေတြ႕ရၿပီး ဒီထဲက ေျပာစရာျဖစ္တဲ့ အခ်က္ ၇ ခ်က္ကို ႐ုပ္ရွင္အျမည္းအေနနဲ႔ ထုတ္ႏုတ္တင္ဆက္ေပးပါရေစ။

၁။ ငယ္ဘဝမလွခဲ့တဲ့ ေရာ္နယ္လ္ဒို
လက္လုပ္လက္စား အ​ေျခခံလူတန္းစားမိသားစုကေန ေပါက္ဖြားလာတဲ့ ေရာ္နယ္လ္ဒိုက ေမာင္ႏွမ ၄ ဦး အေထြးဆုံးျဖစ္ခဲ့ၿပီး သူ႔ရဲ႕ေခါင္းကိုင္ဖခင္ျဖစ္သူ ဖာနာအို ဘား႐ို႕စ္ ဆိုဆာရဲ႕ အဆိုအရ သူ႔ကိုေမြးခ်ိန္မွာ မိသားစုက ခြၽတ္ၿခဳံက်ေနခ်ိန္ျဖစ္ၿပီး မိခင္က ပါရီမွာ အလုပ္ထြက္လုပ္ခဲ့ရၿပီး အာဖရိကစစ္ျပန္ဘဝနဲ႔ ဖခင္ကို အလုပ္လက္မဲ့အေျခအေနမွာ စစ္ဒဏ္ေၾကာင့္ အရက္ရဲ႕ေက်းကြၽံျဖစ္ခဲ့ေပမယ့္ ေရာ္နယ္လ္ဒိုက အေတာ္ေလးခ်စ္ျမတ္ႏိုးခဲ့ေၾကာင္း သိရပါတယ္။

၂။ ယူႏိုက္တက္ကို အရွက္ခြဲႏိုင္ခဲ့တဲ့ ကစားသမား
ဖာဒီနန္ရဲ႕ ျပန္ေျပာင္း ေျပာဆိုမႈနဲ႔အတူ ၂၀၀၃ ေႏြရာသီမွာ ေရာ္နယ္လ္ဒိုက ယူႏိုတက္ရဲ႕ အစဥ္အလာႀကီးတဲ့ နံပါတ္ ၇ အက်ီကို ဝတ္ဆင္ၿပီး ေနာင္ေတာ္ႀကီးေတြျဖစ္တဲ့ ကန္တိုနာနဲ႔ ေဒးဗစ္ ဘက္ခမ္းတို႔ကို ဆက္ခံဖို႔ျဖစ္လာခဲ့တာဟာ ယူနိက္တက္နဲ႔ စပို႔တင္း လစၥဘြန္းတို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈျဖစ္တယ္လို႔ သိရၿပီး အဲဒီပြဲက သူ႔ရဲ႕ေျခစြမ္းက ယူႏိုက္တက္ကို ေကာင္းေကာင္းအရွက္ခြဲႏိုင္ခဲ့ၿပီး ဖာဂူဆန္ကို ဆြဲေဆာင္သြားခဲ့တာပါ။

၃။ ကာရင္တန္မွာ တစ္ဦးတည္း ေလ့က်င့္ေနေလ့ရွိသူ
ကလန္ကလားႏိုင္တဲ့ ပိန္ကပ္ကပ္ဆယ္ေက်ာ္သက္ေလးအျဖစ္ကေန တကယ့္အားကစားသမားစစ္စစ္ပုံစံအျဖစ္ တဆစ္ခ်ိဳးေျပာင္းခ်ႏိုင္ခဲ့တဲ့ ေရာ္နယ္လ္ဒိုရဲ႕ ျဖစ္ရပ္မွာ ဆရာျဖစ္သူ မစ္ခ္ ကလက္ဂ္ရဲ႕ အဆိုအရ “ကြၽန္ေတာ္ ဂ်င္မ္မွာ ထိုင္ေနတုန္း သူေရာက္လာတယ္။ သူဟာ ကမာၻ႔အေကာင္းဆုံး ကစားသမားျဖစ္ခ်င္တယ္လို႔ ေျပာတယ္”လို႔ သိရၿပီး ​ကာရင္တန္မွာလည္း တစ္ဦးတည္းေလ့က်င့္ေနေလ့ရွိတာဟာ သူမ်ားနဲ႔အတူ တမူထူးျခားတဲ့ အားထုတ္မႈကို ျမင္ေတြ႕ေစခဲ့တာပါ။

၄။ ႐ြန္နီကို အထုတ္ခံရေအာင္ ေခ်ာက္ခ်ခဲ့လို႔ ရွီးရားမုန္းရတဲ့သူ
အလန္ ရွီးရားက ၂၀၀၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဂၤလန္နဲ႔ ေပၚတူဂီတို႔ရဲ႕ ကြာတားဖိုင္နယ္ေတြ႕ဆုံမႈမွာ ဝိန္း႐ြန္နီဟာ ကာဗယ္လ္ဟိုကို က်ဴးလြန္ခဲ့လို႔ အနီကတ္နဲ႔ ထြက္ခဲ့ရတဲ့ ျပစ္ဒဏ္ဟာ ကြင္းလယ္ဒိုင္ကို ေရာ္နယ္လ္ဒိုရဲ႕ ဟန္ေဆာင္ေခ်ာက္ခ်မႈေတြ ရွိခဲ့တာေၾကာင့္ အခုခ်ိန္ထိ ေဒါသထြက္ေနေၾကာင္း ဒီမွတ္တမ္း႐ုပ္ရွင္ထဲမွာ ျမင္ေတြ႕ရမွာပါ။

၅။ ဘယ္ေတာ့မွ ဒုတိယလူ မျဖစ္ခ်င္သူ
ေပၚတူဂီလက္ေ႐ြးစင္အသင္းက လူငယ္နည္းျပ ပက္ဒ႐ို တာလင္ညာက ေရာ္နယ္လ္ဒိုက ငယ္ဘဝကတည္းက အရႈံးကို မႏွစ္ၿမိဳ႕သူျဖစ္ေၾကာင္းဆိုခဲ့သလို ဖာဒီနန္ကလည္း သူဟာ စားပြဲတင္တင္းနစ္ ကစားရင္ေတာင္မွ ရႈံးရတာကို မႀကိဳက္တတ္လို႔ ျပင္းျပင္းထန္ထန္ေလ့က်င့္ၿပီး မိမိကို အႏိုင္ယူခဲ့ဖူးေၾကာင္း ေျပာခဲ့သလို ၂၀၀၉ ကေန ၂၀၁၃ အတြင္း လာလီဂါမွာ ဘာစီလိုနာနဲ႔ ဘလြန္းေဒါဆုမွာ မက္ဆီရဲ႕လႊမ္းမိုးမႈကို ေသလုမတတ္ နာက်င္မုန္းတီးခဲ့လို႔ ခ်န္ပီယံလိဂ္ဖလား ၃ ႏွစ္ဆက္ကို ရယူႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

၆။ ၃ ႏွစ္ဆက္ ခ်န္ပီယံလိဂ္ဖလားကို ​ႀကိဳတြက္ခဲ့သူ
၂၀၁၄ ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္အသင္းက အသင္းရဲ႕ ၁၀ ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလား La Decima ကို ဆြတ္ခူးခဲ့ၿပီး အဲဒီအခ်ိန္က လက္ေထာက္နည္းျပျဖစ္ခဲ့တဲ့ ေပါလ္ကလီးမန္႔က ဘာေျပာခဲ့သလဲဆိုရင္ အားလုံးက ပြဲအၿပီးမွာ အဝတ္လဲခန္းထဲ ေအာင္ပြဲခံလို႔ ပါတီေပးေနခ်ိန္မွာ ေရာ္နယ္လ္ဒိုကေတာ့ မာဆယ္လို၊ ပီပီတို႔နဲ႔ အုပ္စုဖြဲ႕ၿပီး ေနာက္ႏွစ္ ခ်န္ပီယံလိဂ္ဖလားကို ဘယ္လိုကာကြယ္ရမလဲလို႔ ႀကိဳတင္တြက္ခ်က္ၿပီး ေဆြးေႏြးမႈေတြ ျပဳလုပ္ေနခဲ့ေၾကာင္း သိရပါတယ္။

၇။ ယူ႐ို ၂၀၁၆ ေအာင္ပြဲကို ဦးေဆာင္ခဲ့သူ
မက္ဆီဟာ ႏိုင္ငံတကာေအာင္ျမင္မႈကို မရရွိေသးတာက ေရာ္နယ္လ္ဒိုအတြက္ ယူ႐ို ၂၀၁၆ ဖလားကို သိမ္းပိုက္ဖို႔ တြန္းအားျဖစ္ေစခဲ့ေၾကာင္း ဖာဒီနန္က ဆိုသြားခဲ့ၿပီး အသင္းေဖာ္ေဟာင္းနာနီရဲ႕ အမွတ္ရမႈမွာလည္း အဲဒီၿပိဳင္ပြဲက ဗိုလ္လုပြဲမွာ ပြဲအစ ၂၅ မိနစ္နဲ႔ ဒဏ္ရာေၾကာင့္ ကြင္းထဲက ထြက္ခဲ့ရတဲ့ ေရာ္နယ္လ္ဒိုက အသင္းရဲ႕ကြင္းေဘးစည္းမွာ ရပ္ၿပီး တသင္းလုံးကို တဦးခ်င္းစီ နာမည္ေခၚရင္း ေအာ္ဟစ္ေမာင္းႏွင္ၿပီး အႏိုင္ကစားဖို႔ ဦးေဆာင္လႈံ႕ေဆာ္ေပးခဲ့ေၾကာင္း ေျပာသြားခဲ့တာပါ။

ဒီေဖာ္ျပထားတဲ့ အခ်က္ ၇ ခ်က္ကို ေမ့ဖို႔မလြယ္တဲ့ ေရာ္နယ္လ္ဒိုဆိုတဲ့ မွတ္တမ္း႐ုပ္ရွင္ထဲမွာ ပရိသတ္ေတြအေနနဲ႔ အဓိက ျမင္ေတြ႕ႏိုင္ၾကမွာျဖစ္ၿပီး ဘီဘီစီအေနနဲ႔ ဒီ႐ုပ္ရွင္ကို သူ႔ရဲ႕ ကစားသမားဘဝ ျမင့္တက္လာပုံနဲ႔ မန္ခ်က္စတာယူႏိုက္တက္၊ ရီးရဲလ္မက္ဒရစ္အသင္းေတြဆီက ပုံရိပ္ေတြကို ေဇာင္းေပးၿပီး ႐ိုက္ကူးထုတ္လုပ္ထားတယ္လို႔လည္း သိရွိရပါတယ္။

REF: BBC & INTERNET SOURCES
PHOTOS & VIDEOS CREDIT TO YOUTUBE & OWNERS
SPORTS A2Z.