Premier League

ဂွါဒီယိုလာရဲ့ စံချိန်ကို မေလအကောင်းဆုံးဆုနဲ့ လိုက်မီသွားခဲ့တဲ့ လီဗာပူးလ်နည်းပြ ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ မေလတစ်လတာ အကောင်းဆုံးနည်းပြဆုကို ရယူနိုင်ခဲ့ပြီဖြစ်ပြီး ဒီဆုနဲ့အတူ ပြိုင်ဘက် မန်ချက်စတာစီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာရဲ့ ကိုးကြိမ်တိုင်တိုင် ရယူထားခဲ့တဲ့ မှတ်တမ်းနဲ့ တူညီသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

မေလမတိုင်ခင်အထိ ဥရောပဝင်ခွင့်အတွက် ယူရိုပါလိဂ်လိုလို ဘာလိုလိုနဲ့ ဝေဝေဝါးဝါးဖြစ်နေခဲ့တဲ့ အသင်းကို ဆွဲတင်ပေးနိုင်ခဲ့တဲ့ ကလော့ပ်ဟာ တွေ့ဆုံခဲ့တဲ့ ဆောက်သမ်တန်၊ မန်ချက်စတာယူနိုက်တက်၊ ဝက်စ်ဘရွန်း၊ ဘန်လေနဲ့ ခရစ္စတယ်လ် ပဲလေ့စ်အသင်းတွေကို ငါးပွဲဆက် အနိုင်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီငါးပွဲမှာ ၁၅ မှတ်အထိ စုဆောင်းနိုင်ခဲ့တဲ့ လီဗာပူးလ်ဟာ ရာသီကုန်ရင် အမြဲခြေကျတတ်တဲ့ လက်စတာနဲ့ ခရစ္စတင်ဆန်၊ ကွန်တေတို့ ဒဏ်ရာရကတည်းက အခြေပျက်သွားခဲ့တဲ့ ချဲလ်ဆီးအသင်းတွေကို ကျော်တက်ပြီး မူလခန့်မှန်းထားတဲ့ အဆင့် ၄ ထက် ပိုမိုမြင့်မားတဲ့ အဆင့် ၃ ကိုပါ ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ကလော့ပ်ရဲ့ ဆုအတွက် ကျေးဇူးအထူးတင်ရှိရမှာကတော့ ဝက်စ်ဘရွန်းနဲ့ပွဲကို ရှုံးလို့ မဖြစ်ချိန်မှာ နောက်ဆုံးမိနစ်အနိုင်ဂိုးကို ရှေ့တက်ပြီး ခေါင်းတိုက်သွင်းယူပေးခဲ့တဲ့ ဂိုးသမား အယ်လစ်ဆန် ဘက်ကာပဲဖြစ်ပြီး သူကတော့ တစ်လတာ အကောင်းဆုံးဆုနဲ့ လွဲချော်ခဲ့ပေမယ့် ပရိသတ်တွေ ရင်ထဲက ပေးတဲ့ ဆုကိုလည်း ရယူသွားနိုင်မယ်လို့ ထင်မြင်မိပါတယ်။

အနီးစပ်ဆုံးပြိုင်ဘက်ဖြစ်ပြီး ကလော့ပ်ရဲ့ဆုကို ခြိမ်းခြောက်နိုင်ခဲ့တဲ့ မေလအတွင်းမှာ ငါးပွဲကစား ငါးပွဲနိုင် အာဆင်နယ်အသင်း မန်နေဂျာ မီခယ်လ် အာတီတာကတော့ သူ့ရဲ့ ပထမဆုံးဆုအတွက် မချင့်မရဲဖြစ်ပြီး ကျန်ရစ်ခဲ့ရသလို ဂျာမန်သားကြီးရဲ့ ကျော်ဖြတ်ခဲ့တဲ့ စာရင်းထဲမှာ လိဒ်စ်ရဲ့ ဘီယယ်လ်ဆာ၊ ဝက်စ်ဟမ်းရဲ့ ဒေးဗစ်မွိုက်စ်တို့လည်း ပါဝင်ခဲ့ပါတယ်။

ဒီညမှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ယှဉ်ပြိုင်ကစားရမယ့် မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ ဆုရရှိမှု ကိုးကြိမ်နဲ့ တူညီသွားခဲ့တဲ့ ကလော့ပ်ဟာ သူ့ရဲ့ ရှေ့မှာတော့ ဒီဆုကို ပိုမိုရရှိထားခဲ့တဲ့ ဆာအဲလက်စ် ဖာဂူဆန်(၂၇ ကြိမ်)၊ အာဆင်ဝင်းဂါး(၁၅ ကြိမ်)နဲ့ ဒေးဗစ်မွိုက်စ်(၁၀ ကြိမ်)တို့ကိုတော့ ဖြတ်ကျော်ဖို့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာတော့ ဒဏ်ရာတွေနဲ့အတူ ရလဒ်တွေ ဆိုးရွားခဲ့ပြီး အထူးသဖြင့် ဆောင်းရာသီအပြောင်းအရွှေ့ ကာလနောက်ပိုင်းမှာ ရှုံးပွဲဆက်မှုနဲ့ အန်းဖီးလ်ခံတပ် ပြိုလဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ မေလအတွင်းမှာတော့ ပြန်လည်ရုန်းထွက်နိုင်ခဲ့ပြီး အထူးသဖြင့် တန်းမဝင်သေးတဲ့ ဗဟိုနောက်ခံလူအတွဲနဲ့ အဆင့် ၃ အထိ ရုန်းပြခဲ့တဲ့ ရလဒ်တွေက အဆင့် ၈ နဲ့ ကျေနပ်ခဲ့ရပြီး ဥရောပ မဝင်ခဲ့တဲ့ အာဆင်နယ်ရဲ့ အာတီတာကို ဖြတ်ကျော်နိုင်ခဲ့တယ်လို့လည်း သုံးသပ်မိကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ေမလတစ္လတာ အေကာင္းဆုံးနည္းျပဆုကို ရယူႏိုင္ခဲ့ၿပီျဖစ္ၿပီး ဒီဆုနဲ႔အတူ ၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာရဲ႕ ကိုးႀကိမ္တိုင္တိုင္ ရယူထားခဲ့တဲ့ မွတ္တမ္းနဲ႔ တူညီသြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ေမလမတိုင္ခင္အထိ ဥေရာပဝင္ခြင့္အတြက္ ယူ႐ိုပါလိဂ္လိုလို ဘာလိုလိုနဲ႔ ေဝေဝဝါးဝါးျဖစ္ေနခဲ့တဲ့ အသင္းကို ဆြဲတင္ေပးႏိုင္ခဲ့တဲ့ ကေလာ့ပ္ဟာ ေတြ႕ဆုံခဲ့တဲ့ ေဆာက္သမ္တန္၊ မန္ခ်က္စတာယူႏိုက္တက္၊ ဝက္စ္ဘ႐ြန္း၊ ဘန္ေလနဲ႔ ခရစၥတယ္လ္ ပဲေလ့စ္အသင္းေတြကို ငါးပြဲဆက္ အႏိုင္ယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီငါးပြဲမွာ ၁၅ မွတ္အထိ စုေဆာင္းႏိုင္ခဲ့တဲ့ လီဗာပူးလ္ဟာ ရာသီကုန္ရင္ အၿမဲေျခက်တတ္တဲ့ လက္စတာနဲ႔ ခရစၥတင္ဆန္၊ ကြန္ေတတို႔ ဒဏ္ရာရကတည္းက အေျခပ်က္သြားခဲ့တဲ့ ခ်ဲလ္ဆီးအသင္းေတြကို ေက်ာ္တက္ၿပီး မူလခန႔္မွန္းထားတဲ့ အဆင့္ ၄ ထက္ ပိုမိုျမင့္မားတဲ့ အဆင့္ ၃ ကိုပါ ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္ရဲ႕ ဆုအတြက္ ေက်းဇူးအထူးတင္ရွိရမွာကေတာ့ ဝက္စ္ဘ႐ြန္းနဲ႔ပြဲကို ရႈံးလို႔ မျဖစ္ခ်ိန္မွာ ေနာက္ဆုံးမိနစ္အႏိုင္ဂိုးကို ေရွ႕တက္ၿပီး ေခါင္းတိုက္သြင္းယူေပးခဲ့တဲ့ ဂိုးသမား အယ္လစ္ဆန္ ဘက္ကာပဲျဖစ္ၿပီး သူကေတာ့ တစ္လတာ အေကာင္းဆုံးဆုနဲ႔ လြဲေခ်ာ္ခဲ့ေပမယ့္ ပရိသတ္ေတြ ရင္ထဲက ေပးတဲ့ ဆုကိုလည္း ရယူသြားႏိုင္မယ္လို႔ ထင္ျမင္မိပါတယ္။

အနီးစပ္ဆုံးၿပိဳင္ဘက္ျဖစ္ၿပီး ကေလာ့ပ္ရဲ႕ဆုကို ၿခိမ္းေျခာက္ႏိုင္ခဲ့တဲ့ ေမလအတြင္းမွာ ငါးပြဲကစား ငါးပြဲႏိုင္ အာဆင္နယ္အသင္း မန္ေနဂ်ာ မီခယ္လ္ အာတီတာကေတာ့ သူ႔ရဲ႕ ပထမဆုံးဆုအတြက္ မခ်င့္မရဲျဖစ္ၿပီး က်န္ရစ္ခဲ့ရသလို ဂ်ာမန္သားႀကီးရဲ႕ ေက်ာ္ျဖတ္ခဲ့တဲ့ စာရင္းထဲမွာ လိဒ္စ္ရဲ႕ ဘီယယ္လ္ဆာ၊ ဝက္စ္ဟမ္းရဲ႕ ေဒးဗစ္မြိဳက္စ္တို႔လည္း ပါဝင္ခဲ့ပါတယ္။

ဒီညမွာ ခ်န္ပီယံလိဂ္ဖိုင္နယ္ကို ယွဥ္ၿပိဳင္ကစားရမယ့္ မန္စီးတီးနည္းျပ ဂြါဒီယိုလာနဲ႔ ဆုရရွိမႈ ကိုးႀကိမ္နဲ႔ တူညီသြားခဲ့တဲ့ ကေလာ့ပ္ဟာ သူ႔ရဲ႕ ေရွ႕မွာေတာ့ ဒီဆုကို ပိုမိုရရွိထားခဲ့တဲ့ ဆာအဲလက္စ္ ဖာဂူဆန္(၂၇ ႀကိမ္)၊ အာဆင္ဝင္းဂါး(၁၅ ႀကိမ္)နဲ႔ ေဒးဗစ္မြိဳက္စ္(၁၀ ႀကိမ္)တို႔ကိုေတာ့ ျဖတ္ေက်ာ္ဖို႔ ႀကိဳးစားရဦးမွာ ျဖစ္ပါတယ္။

ကေလာ့ပ္ရဲ႕ လီဗာပူးလ္အသင္းဟာ ဒီရာသီမွာေတာ့ ဒဏ္ရာေတြနဲ႔အတူ ရလဒ္ေတြ ဆိုး႐ြားခဲ့ၿပီး အထူးသျဖင့္ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ ကာလေနာက္ပိုင္းမွာ ရႈံးပြဲဆက္မႈနဲ႔ အန္းဖီးလ္ခံတပ္ ၿပိဳလဲမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရခ်ိန္မွာ ေမလအတြင္းမွာေတာ့ ျပန္လည္႐ုန္းထြက္ႏိုင္ခဲ့ၿပီး အထူးသျဖင့္ တန္းမဝင္ေသးတဲ့ ဗဟိုေနာက္ခံလူအတြဲနဲ႔ အဆင့္ ၃ အထိ ႐ုန္းျပခဲ့တဲ့ ရလဒ္ေတြက အဆင့္ ၈ နဲ႔ ေက်နပ္ခဲ့ရၿပီး ဥေရာပ မဝင္ခဲ့တဲ့ အာဆင္နယ္ရဲ႕ အာတီတာကို ျဖတ္ေက်ာ္ႏိုင္ခဲ့တယ္လို႔လည္း သုံးသပ္မိေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.