Premier League

မေလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဖြစ်လာတဲ့ ဝီလော့ခ်

အာဆင်နယ်အသင်းကနေ နယူးကာဆယ်လ်ယူနိုက်တက်အသင်းကို အငှားနဲ့ သွားရောက်ကစားနေခဲ့တဲ့ ကွင်းလယ်လူ ဂျိုးဆက် ဝီလော့ခ်ဟာ ငှက်ကျားတွေအတွက် ပရီးမီးယားလိဂ်မှာ ၇ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့အပြီးမှာ မေလရဲ့ တစ်လတာအကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ သူ့ရဲ့ ညီအစ်ကိုသုံးယောက်ထဲမှာတော့ အအောင်မြင်ဆုံးကစားသမားဖြစ်ခဲ့ပြီး တခြားနှစ်ယောက် အနေနဲ့ ချန်ပီယံရှစ်နဲ့ ပိုမိုနိမ့်ပါးတဲ့ ပြိုင်ပွဲတွေကို ရောက်ရှိနေချိန်မှာ သူကတော့ ပရီးမီးယားလိဂ်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့အတူ အငှားထွက်ကစားပြီး ဂုဏ်သိက္ခာမြင့်မားတဲ့ တစ်လတာဆုကိုပါ ရယူသွားနိုင်ခဲ့တာပါ။

နယူးကာဆယ်လ်အသင်းအတွက်တော့ ဒါဟာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ဂိုးသမား တင်မ် ကရူးလ် ဆုရရှိခဲ့အပြီး ၇ နှစ်ခွဲလောက်ကြာမှ ဒီဆုစာရင်းကို တစ်ကျော့ပြန် ဝင်ရောက်နိုင်ခဲ့တာဖြစ်ပြီး ကံမကောင်းစွာနဲ့ပဲ ဝီလော့ခ်ရဲ့ ဒီဆုဟာ မိခင်ကလပ် အာဆင်နယ်အသင်းနဲ့တော့ မပတ်သက်ခဲ့တာလည်းဖြစ်ပါတယ်။

အင်္ဂလန် ယူ-၂၁ ကွင်းလယ်လူဟာ လက်စတာစီးတီးကို လေးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ သူ့ရဲ့ မေလဂိုးသွင်းမှု မှတ်တမ်းကို စတင်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံ မန်စီးတီးကို လေးဂိုး-သုံးဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲ၊ တန်းဆင်းအသင်းတွေဖြစ်ကြတဲ့ ရှက်ဖီးလ်ဒ်ကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲနဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဖူလ်ဟမ်ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲတွေမှာ တစ်ပွဲကို တစ်ဂိုးနှုန်းရရှိခဲ့တာလည်းဖြစ်ပါတယ်။

မေလအတွက် တစ်လတာ အကောင်းဆုံးဆု ပဏာမစာရင်းမှာ ပါဝင်ခဲ့တဲ့ ဂါရက်သ် ဘေးလ် (စပါးစ်)၊ ခရစ္စတီယန် ဘန်တီကီ(ပဲလေ့စ်)၊ အယ်လစ်ဆန် ဘက်ကာ၊ ဆာဒီယို မာနေး(လီဗာပူးလ်)၊ နီကိုလာ ပေပေ(အာဆင်နယ်)၊ အာရွန် ရမ်းစ်ဒေးလ်(ရှက်ဖီးလ်ဒ်)နဲ့ ရိုဒရီဂို(လိဒ်စ်)တို့လို ကစားသမားတွေကို ဝီလော့ခ်က ဖြတ်ကျော်နိုင်ခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းကေန နယူးကာဆယ္လ္ယူႏိုက္တက္အသင္းကို အငွားနဲ႔ သြားေရာက္ကစားေနခဲ့တဲ့ ကြင္းလယ္လူ ဂ်ိဳးဆက္ ဝီေလာ့ခ္ဟာ ငွက္က်ားေတြအတြက္ ပရီးမီးယားလိဂ္မွာ ၇ ပြဲ ဆက္တိုက္ ဂိုးသြင္းယူႏိုင္ခဲ့အၿပီးမွာ ေမလရဲ႕ တစ္လတာအေကာင္းဆုံး ကစားသမားဆုကို ရရွိသြားခဲ့ၿပီျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ သူ႔ရဲ႕ ညီအစ္ကိုသုံးေယာက္ထဲမွာေတာ့ အေအာင္ျမင္ဆုံးကစားသမားျဖစ္ခဲ့ၿပီး တျခားႏွစ္ေယာက္ အေနနဲ႔ ခ်န္ပီယံရွစ္နဲ႔ ပိုမိုနိမ့္ပါးတဲ့ ၿပိဳင္ပြဲေတြကို ေရာက္ရွိေနခ်ိန္မွာ သူကေတာ့ ပရီးမီးယားလိဂ္မွာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္နဲ႔အတူ အငွားထြက္ကစားၿပီး ဂုဏ္သိကၡာျမင့္မားတဲ့ တစ္လတာဆုကိုပါ ရယူသြားႏိုင္ခဲ့တာပါ။

နယူးကာဆယ္လ္အသင္းအတြက္ေတာ့ ဒါဟာ ၂၀၁၃ ခုႏွစ္ ႏိုဝင္ဘာလက ဂိုးသမား တင္မ္ က႐ူးလ္ ဆုရရွိခဲ့အၿပီး ၇ ႏွစ္ခြဲေလာက္ၾကာမွ ဒီဆုစာရင္းကို တစ္ေက်ာ့ျပန္ ဝင္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ကံမေကာင္းစြာနဲ႔ပဲ ဝီေလာ့ခ္ရဲ႕ ဒီဆုဟာ မိခင္ကလပ္ အာဆင္နယ္အသင္းနဲ႔ေတာ့ မပတ္သက္ခဲ့တာလည္းျဖစ္ပါတယ္။

အဂၤလန္ ယူ-၂၁ ကြင္းလယ္လူဟာ လက္စတာစီးတီးကို ေလးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ အေဝးကြင္းပြဲစဥ္မွာ သူ႔ရဲ႕ ေမလဂိုးသြင္းမႈ မွတ္တမ္းကို စတင္ဖြင့္လွစ္ႏိုင္ခဲ့တာျဖစ္ၿပီး ခ်န္ပီယံ မန္စီးတီးကို ေလးဂိုး-သုံးဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲ၊ တန္းဆင္းအသင္းေတြျဖစ္ၾကတဲ့ ရွက္ဖီးလ္ဒ္ကို တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့ပြဲနဲ႔ ေနာက္ဆုံးပြဲစဥ္အျဖစ္ ဖူလ္ဟမ္ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲေတြမွာ တစ္ပြဲကို တစ္ဂိုးႏႈန္းရရွိခဲ့တာလည္းျဖစ္ပါတယ္။

ေမလအတြက္ တစ္လတာ အေကာင္းဆုံးဆု ပဏာမစာရင္းမွာ ပါဝင္ခဲ့တဲ့ ဂါရက္သ္ ေဘးလ္ (စပါးစ္)၊ ခရစၥတီယန္ ဘန္တီကီ(ပဲေလ့စ္)၊ အယ္လစ္ဆန္ ဘက္ကာ၊ ဆာဒီယို မာေနး(လီဗာပူးလ္)၊ နီကိုလာ ေပေပ(အာဆင္နယ္)၊ အာ႐ြန္ ရမ္းစ္ေဒးလ္(ရွက္ဖီးလ္ဒ္)နဲ႔ ႐ိုဒရီဂို(လိဒ္စ္)တို႔လို ကစားသမားေတြကို ဝီေလာ့ခ္က ျဖတ္ေက်ာ္ႏိုင္ခဲ့တာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.