Premier League

ဂွာဒီယိုလာနဲ့ တူဟယ်လ် : ဘယ်သူက အဓိက ဗိုလ်လုပွဲတွေမှာ ရာဇဝင်အရိုင်းမခံပဲ ပိုအားသာမှု ရှိတတ်သလဲ ?

မန်စီးတီးနည်းပြပပ်ဂွာဒီယိုလာနဲ့ ချယ်လ်ဆီးနည်းပြသောမတ်စ် တူဟယ်လ်တို့ရဲ့ ဥ​ရောပချန်ပီယံလိဂ်ဗိုလ်လုပွဲ ထိပ်တိုက်တွေ့ဆုံမှုဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အထင်ကရအဖြစ်ဆုံး အားပြိုင်မှုအဖြစ် ပရိသတ်တွေ အရသာတွေ့စရာပါ။

ဒီနေ့ညမှာကစားမယ့် ဗိုလ်လုပွဲမှာ တူဟယ်လ်က အင်္ဂလန်ကို ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလိုပဲ ပပ်ကို ၂ ပွဲဆက် အနိုင်ယူပြီး သင်ခန်းစာပေးခဲ့တဲ့နောက်မှာ မန်စီးတီးရဲ့ ဦးဦးဖျားဖျား ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်ဖို့ဆိုရင် ပါးနပ်ပြီး ဥာဏ်နီဥာဏ်နက်များလွန်းတဲ့ သူ့ကို စပိန်သားကြီးက ကျော်ဖြတ်ပြရလိမ့်မယ်။

ဂျာမန်သားနဲ့ စပိန်သားတို့ရဲ့ အပြာရောင်ချင်းတွေ့ဆုံတဲ့ တိုက်ပွဲမှာ လန်ဒန်အသင်းကတော့ အောက်အသင်းအဖြစ် သတ်မှတ်ခံထားရပြီး မန်စီးတီးက တန်ခိုးထွားနေချိန်မှာ တူဟယ်လ်က ပပ်ရဲ့ ပြိုင်ပွဲကြီးတွေက ဗိုလ်လုပွဲမှတ်တမ်းရာဇဝင်တွေကြောင့် အနည်းငယ်တုန်လှုပ်လာရဖို့လည်းရှိတယ်။

ဗိုလ်လုပွဲဆိုရင် ရာဇဝင်အရိုင်းမခံတဲ့ ပပ်က နည်းပြဘဝတလျှောက်မှာ ဖိုင်နယ် ၁၅ ပွဲကစားထားရမှာ ၁၄ ပွဲက အောင်ပွဲဆင်နိုင်ခဲ့တာဖြစ်ပြီး ၂၀၁၁ က ရော်နယ်လ်ဒိုရဲ့ နာကျင်အချိန်ပိုခေါင်းတိုက်ဂိုးကြောင့် ကိုပါဒယ်လ်ရေးဖလားကို လက်လွှတ်ခဲ့ရတဲ့ ရှုံးပွဲတပွဲသာ ကြုံတွေ့ထားခဲ့တာပါ။

အင်္ဂလန်ကို ရောက်လာချိန်မှာလည်း ပပ်ရဲ့ မန်စီးတီးက ဗိုလ်လုပွဲတက်ပြီဆိုတာနဲ့ ဒီဖလားကို အပိုင်သိမ်းပြီလို့ တထစ်ချတွက်ထားခံရတာမှာ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ အထိ ပပ်ကိုင်ခဲ့တဲ့ အသင်းတိုင်းဟာ ဗိုလ်လုတဲ့ပွဲစဥ်တိုင်းမှာ ပေးဂိုး တဂိုးမှ မရှိခဲ့တာကို တွေ့ရတယ်။

တဖက်မှာတော့ တူဟယ်လ်ရဲ့ အစဥ်အလာကို တွေ့ရပြီး နည်းပြဘဝရဲ့ ပထမဆုံးဖိုင်နယ်မှာပဲ ပပ်ကို ဒူးထောက်ခဲ့ရတာက ၂၀၁၆ ဂျာမန်ပိုကယ်ဖလားမှာပါ။ နောက် ၁၂ လအကြာမှာတော့ တူဟယ်လ်က ပိုကယ်ဖလားဖိုင်နယ်ကို ထပ်မံတက်ရောက်ပြီး ဖရန့်ဖတ်ကို အနိင်ကန်ပြီး သရဖူဆောင်းခဲ့တယ်။

အလားတူတိုက်ဆိုင်မှုကို PSG မှာလည်း ထပ်တွေ့ခဲ့ရတာက ရင်းနေးအသင်းကို ပြင်သစ်ပြည်တွင်းဖလား Coupe de France ဖိုင်နယ်မှာ ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့တဲ့ နောက်တနှစ်အကြာမှာပဲ အဲဒီဖလားကို အပိုင်သိမ်းခဲ့ပြန်တဲ့ တူဟယ်လ်ရဲ့ ကလင်ဒါကျအရဆို မနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်နဲ့ အရေးနိမ့်ထားခဲ့တာကို တွေ့ရမယ်။

ဒီလိုဆိုရင်တော့ ဒါဟာ ချယ်လ်ဆီးအသင်းအတွက် နိမိတ်ကောင်းတခုဖြစ်လာဖို့ ရှိနေပြီး ပပ်အတွက် သတိကြီးကြီးထားရမယ့်အချက်က တကြိမ်ရှူံးဖူးထားတဲ့ ဖိုင်နယ်ကို နောက်တနှစ်မှာ တူဟယ်လ်က အနိုင်ကန်ပြီး ဗိုလ်ဝင်ခံလေ့ရှိတယ်ဆိုတဲ့ ရင်ခုန်စရာအနေအထားနဲ့ တန်ပိုမြင့်လာတော့မယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲညမှာ ပပ်ကပဲ သူ့ရဲ့ ဖိုင်နယ်အနိုင်မှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်မလား၊ ဒါမှမဟုတ် တူဟယ်ကပဲ မနှစ်က ချန်ပီယံလိဂ်အိပ်မက်ဆိုးကို ချေဖျက်နိုင်မလားဆိုတဲ့ စိတ်လှုပ်ရှားစရာကောင်းခြင်းရဲ့ ပေးဆပ်မှုအတွက်တော့ နည်းပြတဦးဟာ သေချာပေါက် ရာဇဝင်ရိုင်းရတော့မှာဖြစ်ကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္စီးတီးနည္းျပပပ္ဂြာဒီယိုလာနဲ႔ ခ်ယ္လ္ဆီးနည္းျပေသာမတ္စ္ တူဟယ္လ္တို႔ရဲ႕ ဥ​ေရာပခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ထိပ္တိုက္ေတြ႕ဆုံမႈဟာ ကမာၻ႔ေဘာလုံးေလာကရဲ႕ အထင္ကရအျဖစ္ဆုံး အားၿပိဳင္မႈအျဖစ္ ပရိသတ္ေတြ အရသာေတြ႕စရာပါ။

ဒီေန႔ညမွာကစားမယ့္ ဗိုလ္လုပြဲမွာ တူဟယ္လ္က အဂၤလန္ကို ေရာက္ေရာက္ခ်င္း ေဆာက္နဲ႔ထြင္းဆိုသလိုပဲ ပပ္ကို ၂ ပြဲဆက္ အႏိုင္ယူၿပီး သင္ခန္းစာေပးခဲ့တဲ့ေနာက္မွာ မန္စီးတီးရဲ႕ ဦးဦးဖ်ားဖ်ား ခ်န္ပီယံလိဂ္ဖလားကို သိမ္းပိုက္ဖို႔ဆိုရင္ ပါးနပ္ၿပီး ဥာဏ္နီဥာဏ္နက္မ်ားလြန္းတဲ့ သူ႔ကို စပိန္သားႀကီးက ေက်ာ္ျဖတ္ျပရလိမ့္မယ္။

ဂ်ာမန္သားနဲ႔ စပိန္သားတို႔ရဲ႕ အျပာေရာင္ခ်င္းေတြ႕ဆုံတဲ့ တိုက္ပြဲမွာ လန္ဒန္အသင္းကေတာ့ ေအာက္အသင္းအျဖစ္ သတ္မွတ္ခံထားရၿပီး မန္စီးတီးက တန္ခိုးထြားေနခ်ိန္မွာ တူဟယ္လ္က ပပ္ရဲ႕ ၿပိဳင္ပြဲႀကီးေတြက ဗိုလ္လုပြဲမွတ္တမ္းရာဇဝင္ေတြေၾကာင့္ အနည္းငယ္တုန္လႈပ္လာရဖို႔လည္းရွိတယ္။

ဗိုလ္လုပြဲဆိုရင္ ရာဇဝင္အ႐ိုင္းမခံတဲ့ ပပ္က နည္းျပဘဝတေလွ်ာက္မွာ ဖိုင္နယ္ ၁၅ ပြဲကစားထားရမွာ ၁၄ ပြဲက ေအာင္ပြဲဆင္ႏိုင္ခဲ့တာျဖစ္ၿပီး ၂၀၁၁ က ေရာ္နယ္လ္ဒိုရဲ႕ နာက်င္အခ်ိန္ပိုေခါင္းတိုက္ဂိုးေၾကာင့္ ကိုပါဒယ္လ္ေရးဖလားကို လက္လႊတ္ခဲ့ရတဲ့ ရႈံးပြဲတပြဲသာ ႀကဳံေတြ႕ထားခဲ့တာပါ။

အဂၤလန္ကို ေရာက္လာခ်ိန္မွာလည္း ပပ္ရဲ႕ မန္စီးတီးက ဗိုလ္လုပြဲတက္ၿပီဆိုတာနဲ႔ ဒီဖလားကို အပိုင္သိမ္းၿပီလို႔ တထစ္ခ်တြက္ထားခံရတာမွာ ၂၀၁၁ ခုႏွစ္ကေန ၂၀၂၀ အထိ ပပ္ကိုင္ခဲ့တဲ့ အသင္းတိုင္းဟာ ဗိုလ္လုတဲ့ပြဲစဥ္တိုင္းမွာ ေပးဂိုး တဂိုးမွ မရွိခဲ့တာကို ေတြ႕ရတယ္။

တဖက္မွာေတာ့ တူဟယ္လ္ရဲ႕ အစဥ္အလာကို ေတြ႕ရၿပီး နည္းျပဘဝရဲ႕ ပထမဆုံးဖိုင္နယ္မွာပဲ ပပ္ကို ဒူးေထာက္ခဲ့ရတာက ၂၀၁၆ ဂ်ာမန္ပိုကယ္ဖလားမွာပါ။ ေနာက္ ၁၂ လအၾကာမွာေတာ့ တူဟယ္လ္က ပိုကယ္ဖလားဖိုင္နယ္ကို ထပ္မံတက္ေရာက္ၿပီး ဖရန္႔ဖတ္ကို အနိင္ကန္ၿပီး သရဖူေဆာင္းခဲ့တယ္။

အလားတူတိုက္ဆိုင္မႈကို PSG မွာလည္း ထပ္ေတြ႕ခဲ့ရတာက ရင္းေနးအသင္းကို ျပင္သစ္ျပည္တြင္းဖလား Coupe de France ဖိုင္နယ္မွာ ပင္နယ္တီနဲ႔ အေရးနိမ့္ခဲ့တဲ့ ေနာက္တႏွစ္အၾကာမွာပဲ အဲဒီဖလားကို အပိုင္သိမ္းခဲ့ျပန္တဲ့ တူဟယ္လ္ရဲ႕ ကလင္ဒါက်အရဆို မႏွစ္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ဘိုင္ယန္နဲ႔ အေရးနိမ့္ထားခဲ့တာကို ေတြ႕ရမယ္။

ဒီလိုဆိုရင္ေတာ့ ဒါဟာ ခ်ယ္လ္ဆီးအသင္းအတြက္ နိမိတ္ေကာင္းတခုျဖစ္လာဖို႔ ရွိေနၿပီး ပပ္အတြက္ သတိႀကီးႀကီးထားရမယ့္အခ်က္က တႀကိမ္ရႉံးဖူးထားတဲ့ ဖိုင္နယ္ကို ေနာက္တႏွစ္မွာ တူဟယ္လ္က အႏိုင္ကန္ၿပီး ဗိုလ္ဝင္ခံေလ့ရွိတယ္ဆိုတဲ့ ရင္ခုန္စရာအေနအထားနဲ႔ တန္ပိုျမင့္လာေတာ့မယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲညမွာ ပပ္ကပဲ သူ႔ရဲ႕ ဖိုင္နယ္အႏိုင္မွတ္တမ္းေကာင္းကို ဆက္လက္ထိန္းသိမ္းသြားႏိုင္မလား၊ ဒါမွမဟုတ္ တူဟယ္ကပဲ မႏွစ္က ခ်န္ပီယံလိဂ္အိပ္မက္ဆိုးကို ေခ်ဖ်က္ႏိုင္မလားဆိုတဲ့ စိတ္လႈပ္ရွားစရာေကာင္းျခင္းရဲ႕ ေပးဆပ္မႈအတြက္ေတာ့ နည္းျပတဦးဟာ ေသခ်ာေပါက္ ရာဇဝင္႐ိုင္းရေတာ့မွာျဖစ္ေၾကာင္း တင္ဆက္ေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.