Premier League

၂၀၂၀-၂၁ ဘောလုံးရာသီမှာ မက်ဆီနဲ့ ရော်နယ်လ်ဒို ဘယ်သူပိုကောင်းခဲ့လဲ?

၂၀၂၀-၂၁ ဘောလုံးရာသီပိတ်သိမ်းချိန်မှာ ၂၀၀၄ ခုနှစ်နောက်ပိုင်း မက်ဆီနဲ့ ရော်နယ်လ်ဒိုမပါဝင်တဲ့ ပထမဆုံး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး နှစ်ဦးစလုံးဟာ လက်ရှိ ကလပ်အသင်းတွေမှာ ဥရောပအောင်မြင်မှုနဲ့ ဝေးကွာခဲ့သလို လက်ရှိမှာတော့ နိုင်ငံတကာပွဲစဥ်တွေဘက် အာရုံစိုက်ကြတော့မှာပါ။

အားပြိုင်မှုတွေက တရိပ်ရိပ်ကျလာပြီလို့ ဝေဖန်မှုတွေ ရှိနေချိန်မှာ အသက် ၃၃ နဲ့ အသက် ၃၆ နှစ်ဆိုတဲ့ အရွယ်တွေဟာ ကမ္ဘာ့အဆင့်ကစားသမားတွေအဖြစ် လူငယ်ပါရမီရှင်တွေနဲ့ ဝင်တွန်းတိုက်ပြီး ရင်ဘောင်တန်းနေဆဲ အနေအထားမှာ မက်ဆီနဲ့ ရော်နယ်လ်ဒိုဘယ်သူပိုကောင်းခဲ့လဲဆိုတဲ့ ချိန်ထိုးမှုနဲ့ မေးခွန်းတွေက ခေါင်းထောင်နေဆဲပါ။

သွင်းဂိုးအရေအတွက် ဘယ်သူသာလဲ?
ပြီးခဲ့တဲ့တရာသီလုံးကို ပြန်ကြည့်ရင် ပြိုင်ပွဲစုံသွင်းဂိုးမှာ မက်ဆီ ၃၈ ဂိုးသွင်းယူခဲ့သလို ရော်နယ်လ်ဒိိုရဲပ ၃၆ ဂိုးထက် နှာတဖျားအသာစီးရခဲ့တယ်။ မက်ဆီက လာလီဂါ ရွှေဖိနပ်ဆုရှင်အဖြစ် ပီချီချီဆုကို ၅ နှစ်ဆက် ကြီးစိုးသွားခဲ့သလို ဒါက လာလီဂါသမိုင်းမှာ ပထမဆုံးကစားသမားဖြစ်သလို ပီချီချီဆု ၈ ကြိမ်ပြည့်မြောက်သွားခဲ့တယ်။

ဒါက ရော်နယ်လ်ဒို မခံစားဖူးတဲ့ စံချိန်ဖြစ်ပေမယ့် သူကလည်း စီးရီးအေရွှေဖိနပ်ဆုရှင်အဖြစ် ရပ်တည်နိုင်ခဲ့လို့ ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီးအေ ၃ ခုစလုံးမှာ ဂိုး ၁၀၀ ပြည့်သွင်းနိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးဘောလုံးသမားဖြစ်လာခဲ့တာက မက်ဆီဘယ်တော့မှ မတတ်နိုင်တော့မယ့် အရာလည်း ဖြစ်လာခဲ့ပါတယ်။

ဂိုးဖန်တီးမှုဘယ်သူသာလဲ?
ဒါလည်း မက်ဆီကသာ ပိုသာခဲ့တယ်။ မက်ဆီက ၁၁ ဂိုးဖန်တီးမှု ပြုလုပ်ခဲ့တာက ၅ ကြိမ်သာ ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုလက်မြှောက်ခဲ့ရပြီး အချက်အလက်အရ ငြင်းမရအောင်ကို ရော်နယ်လ်ဒိုက အသင်းဖော်တွေကို ပံ့ပိုးပေးဖို့ ပျက်ကွက်ခဲ့တာက မက်ဆီရဲ့တန်ဖိုးကို ပိုထင်သာမြင်သာဖြစ်စေခဲ့တယ်။

ဆုဖလားမှာ ဘယ်သူကသာလဲ?
ရော်နယ်လ်ဒိုက ကိုပါအီတာလီယာဖလားနဲ့ စူပါကိုပါအီတာလီယာနာ(အီတလီစူပါဖလား)တွေကို ရယူခဲ့ပြီး ဆုဖလားအောင်မြင်မှုမှာတော့ ကိုပါဒယ်လ်ရေးဖလားတလုံးသာ ရယူနိင်ခဲ့တဲ့ မက်ဆီကို အသာစီးရယူသွားခဲ့တယ်။ မက်ဆီရဲ့ ဘာစီလိုနာကတော့ ရာသီသိမ်းမှ လာလီဂါမှာ ခြေချော်ခဲ့သလို ရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်စ်က အဆင့် ၄ အတွင်းဝင်ဖို့ နောက်ဆုံးပွဲအထိ ရုန်းကန်ခဲ့ရတာကတော့ ဘဲစားဘဲချေပါပဲ။

MOTM ဆု ဘယ်သူပိုများလဲ?
ပွဲတပွဲအပြီး အကောင်းဆုံးကစားသမား MOTM အဖြစ် မက်ဆီက ၂၄ ပွဲအထိ သတ်မှတ်ခံခဲ့ရလို့ ဒါက ရော်နယ်လ်ဒိုရဲ့ MOTM ၈ ပွဲဆိုတဲ့ သာမညောင်ည မှတ်တမ်းထက် ၃ ဆသာလွန်ခဲ့လို့ ပွဲတပွဲမှာ အကောင်းဆုံးကစားသမားအဖြစ် ခြေစွမ်းပြနိုင်ဖို့ဆို မက်ဆီအတွက် ထမင်းစားရေသောက်သလို လုပ်ပြနေခဲ့တာကို တွေ့ရချိန်မှာ ရော်နယ်လ်ဒိုဟာ အသင်းဖော်တွေက သူ့ကိုဘောလုံးမပေးလို့ဆိုတဲ့ အကြောင်းပြချက်တဲ့ အဝတ်လဲခန်းထဲမှာ ပတ်ရန်ရှာနေခဲ့ကြောင်း သတင်းထွက်ခဲ့တယ်။

ဘယ်သူပိုကောင်းခဲ့လဲ?
ဒီရာသီမှာတော့ ချွင်းချက်မရှိ မက်ဆီလို့သာ ဆိုရမယ့်အချိန်မှာ ရော်နယ်လ်ဒို ပိုလုပ်ပြနိုင်ခဲ့တာက အထင်ကရမရှိလှတဲ့ ပြည်တွင်းဖလားတခုသာ အသာရခဲ့ရုံရှိပြီး မက်ဆီကတော့ အဘက်ဘက်မှာ ရော်နယ်လ်ဒိုကို အသာစီးရယူထားခဲ့တာကို အချက်အလက်နဲ့ အခိုင်အမာတွေ့ခဲ့ရတာဖြစ်သလို ရော်နယ်လ်ဒိုရဲ့ အမာခံတွေကို ခါးသီးစေနိုင်တယ်ဆိုရင်လည်း မမှားယွင်းနိုင်သေးတဲ့ မက်ဆီက ခေါင်းတလုံးပိုမြင့်နေမှုကို တည်ဆောက်ထားနိုင်ခဲ့တာကို တွေ့ရကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၂၀၂၀-၂၁ ေဘာလုံးရာသီပိတ္သိမ္းခ်ိန္မွာ ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုမပါဝင္တဲ့ ပထမဆုံး ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ကို ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး ႏွစ္ဦးစလုံးဟာ လက္ရွိ ကလပ္အသင္းေတြမွာ ဥေရာပေအာင္ျမင္မႈနဲ႔ ေဝးကြာခဲ့သလို လက္ရွိမွာေတာ့ ႏိုင္ငံတကာပြဲစဥ္ေတြဘက္ အာ႐ုံစိုက္ၾကေတာ့မွာပါ။

အားၿပိဳင္မႈေတြက တရိပ္ရိပ္က်လာၿပီလို႔ ေဝဖန္မႈေတြ ရွိေနခ်ိန္မွာ အသက္ ၃၃ နဲ႔ အသက္ ၃၆ ႏွစ္ဆိုတဲ့ အ႐ြယ္ေတြဟာ ကမာၻ႔အဆင့္ကစားသမားေတြအျဖစ္ လူငယ္ပါရမီရွင္ေတြနဲ႔ ဝင္တြန္းတိုက္ၿပီး ရင္ေဘာင္တန္းေနဆဲ အေနအထားမွာ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုဘယ္သူပိုေကာင္းခဲ့လဲဆိုတဲ့ ခ်ိန္ထိုးမႈနဲ႔ ေမးခြန္းေတြက ေခါင္းေထာင္ေနဆဲပါ။

သြင္းဂိုးအေရအတြက္ ဘယ္သူသာလဲ?
ၿပီးခဲ့တဲ့တရာသီလုံးကို ျပန္ၾကည့္ရင္ ၿပိဳင္ပြဲစုံသြင္းဂိုးမွာ မက္ဆီ ၃၈ ဂိုးသြင္းယူခဲ့သလို ေရာ္နယ္လ္ဒိိုရဲပ ၃၆ ဂိုးထက္ ႏွာတဖ်ားအသာစီးရခဲ့တယ္။ မက္ဆီက လာလီဂါေ႐ႊဖိနပ္ဆုရွင္အျဖစ္ ပီခ်ီခ်ီဆုကို ၅ ႏွစ္ဆက္ ႀကီးစိုးသြားခဲ့သလို ဒါက လာလီဂါသမိုင္းမွာ ပထမဆုံးကစားသမားျဖစ္သလို ပီခ်ီခ်ီဆု ၈ ႀကိမ္ျပည့္ေျမာက္သြားခဲ့တယ္။

ဒါက ေရာ္နယ္လ္ဒို မခံစားဖူးတဲ့ စံခ်ိန္ျဖစ္ေပမယ့္ သူကလည္း စီးရီးေအေ႐ႊဖိနပ္ဆုရွင္အျဖစ္ ရပ္တည္ႏိုင္ခဲ့လို႔ ပရီးမီးယားလိဂ္၊ လာလီဂါနဲ႔ စီးရီးေအ ၃ ခုစလုံးမွာ ဂိုး ၁၀၀ ျပည့္သြင္းႏိုင္ခဲ့တဲ့ ကမာၻ႔ပထမဆုံးေဘာလုံးသမားျဖစ္လာခဲ့တာက မက္ဆီဘယ္ေတာ့မွ မတတ္ႏိုင္ေတာ့မယ့္ အရာလည္း ျဖစ္လာခဲ့ပါတယ္။

ဂိုးဖန္တီးမႈဘယ္သူသာလဲ?
ဒါလည္း မက္ဆီကသာ ပိုသာခဲ့တယ္။ မက္ဆီက ၁၁ ဂိုးဖန္တီးမႈ ျပဳလုပ္ခဲ့တာက ၅ ႀကိမ္သာ ဂိုးဖန္တီးေပးႏိုင္ခဲ့တဲ့ ေရာ္နယ္လ္ဒိုလက္ေျမႇာက္ခဲ့ရၿပီး အခ်က္အလက္အရ ျငင္းမရေအာင္ကို ေရာ္နယ္လ္ဒိုက အသင္းေဖာ္ေတြကို ပံ့ပိုးေပးဖို႔ ပ်က္ကြက္ခဲ့တာက မက္ဆီရဲ႕တန္ဖိုးကို ပိုထင္သာျမင္သာျဖစ္ေစခဲ့တယ္။

ဆုဖလားမွာ ဘယ္သူကသာလဲ?
ေရာ္နယ္လ္ဒိုက ကိုပါအီတာလီယာဖလားနဲ႔ စူပါကိုပါအီတာလီယာနာ(အီတလီစူပါဖလား)ေတြကို ရယူခဲ့ၿပီး ဆုဖလားေအာင္ျမင္မႈမွာေတာ့ ကိုပါဒယ္လ္ေရးဖလားတလုံးသာ ရယူနိင္ခဲ့တဲ့ မက္ဆီကို အသာစီးရယူသြားခဲ့တယ္။ မက္ဆီရဲ႕ ဘာစီလိုနာကေတာ့ ရာသီသိမ္းမွ လာလီဂါမွာ ေျခေခ်ာ္ခဲ့သလို ေရာ္နယ္လ္ဒိုရဲ႕ ဂ်ဴဗင္တပ္စ္က အဆင့္ ၄ အတြင္းဝင္ဖို႔ ေနာက္ဆုံးပြဲအထိ ႐ုန္းကန္ခဲ့ရတာကေတာ့ ဘဲစားဘဲေခ်ပါပဲ။

MOTM ဆု ဘယ္သူပိုမ်ားလဲ?
ပြဲတပြဲအၿပီး အေကာင္းဆုံးကစားသမား MOTM အျဖစ္ မက္ဆီက ၂၄ ပြဲအထိ သတ္မွတ္ခံခဲ့ရလို႔ ဒါက ေရာ္နယ္လ္ဒိုရဲ႕ MOTM ၈ ပြဲဆိုတဲ့ သာမေညာင္ညမွတ္တမ္းထက္ ၃ ဆသာလြန္ခဲ့လို႔ ပြဲတပြဲမွာ အေကာင္းဆုံးကစားသမားအျဖစ္ ေျခစြမ္းျပႏိုင္ဖို႔ဆို မက္ဆီအတြက္ ထမင္းစားေရေသာက္သလို လုပ္ျပေနခဲ့တာကို ေတြ႕ရခ်ိန္မွာ ေရာ္နယ္လ္ဒိုဟာ အသင္းေဖာ္ေတြက သူ႔ကိုေဘာလုံးမေပးလို႔ဆိုတဲ့ အေၾကာင္းျပခ်က္တဲ့ အဝတ္လဲခန္းထဲမွာ ပတ္ရန္ရွာေနခဲ့ေၾကာင္း သတင္းထြက္ခဲ့တယ္။

ဘယ္သူပိုေကာင္းခဲ့လဲ?
ဒီရာသီမွာေတာ့ ခြၽင္းခ်က္မရွိ မက္ဆီလို႔သာ ဆိုရမယ့္အခ်ိန္မွာ ေရာ္နယ္လ္ဒို ပိုလုပ္ျပႏိုင္ခဲ့တာက အထင္ကရမရွိလွတဲ့ ျပည္တြင္းဖလားတခုသာ အသာရခဲ့႐ုံရွိၿပီး မက္ဆီကေတာ့ အဘက္ဘက္မွာ ေရာ္နယ္လ္ဒိုကို အသာစီးရယူထားခဲ့တာကို အခ်က္အလက္နဲ႔ အခိုင္အမာေတြ႕ခဲ့ရတာျဖစ္သလို ေရာ္နယ္လ္ဒိုရဲ႕ အမာခံေတြကို ခါးသီးေစႏိုင္တယ္ဆိုရင္လည္း မမွားယြင္းႏိုင္ေသးတဲ့ မက္ဆီက ေခါင္းတလုံးပိုျမင့္ေနမႈကို တည္ေဆာက္ထားႏိုင္ခဲ့တာကို ေတြ႕ရေၾကာင္း တင္ဆက္ေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.