Article Premier League

ဆိုးလ်ရှားကို စိတ်အချဉ်ပေါက်နေတဲ့ ယူနိုက်တက်အသင်းသား ၅ ဦး

၁။ ဆာဂျီယို ရိုမဲရိုး
၂၀၁၅ ခုနှစ်မှာ ဒဟဲယားရဲ့ အရန်အဖြစ် အသုံးတော်ခံဖို့ အိုးထရက်ဖို့ဒ်မြေကို ရောက်လာခဲ့တဲ့ ရိုမဲရိုးဟာ ဆိုးလ်ရှားလက်အောက်မှာတော့ စိတ်အချဉ်ပေါက်စရာတွေ ဆက်တိုက်ကြုံခဲ့ရတယ်။

၆၁ ပွဲကစားထားချိန်မှာ၂၇ ဂိုးသာခွင့်ပြုခဲ့ရပြီး ၃၉ ပွဲ Clean Sheet နဲ့ ပေးဂိုးမရှိခဲ့ပေမယ့် ဒဟဲယား၊ ဟန်ဒါဆန်နဲ့ လီဂရန့်တို့ရဲ့နောက်မှာ ချောင်ထိုးခံခဲ့ရကာ ဒီနှစ်မှာဆို တပွဲမှ မကစားခဲ့ရတာပါ။

၂။ ဂျက်ဆီ လင်ဂတ်
လက်ရှိအင်္ဂလန်ဘောလုံးလောကမှာ အဟော့ဆုံးဖြစ်လာခဲ့တဲ့ဂျက်ဆီ လင်ဂတ်က ပြီးခဲ့တဲ့ဇန်နဝါရီမှာ ဝက်စ်ဟမ်းအသင်းမှာ အငှားထွက်ကစားခဲ့တဲ့နောက် တသွေးတမွေးဖြစ်လာခဲ့ပြီး အသင်းကို ဥရောပဝင်ခွင့် ရယူပေးနိုင်ခဲ့တဲ့အထိ တဒိုင်းဒိုင်းဂိုးသွင်းနေတဲ့ ခြေစွမ်းတွေက တောက်ပလွန်းနေတာဟာ ယူနိုက်တက်နည်းပြဆိုးလ်ရှားရဲ့ သူ့ကို မယုံကြည်ခဲ့မှုအပြစ်ကိုလည်း ထင်ရှားစေခဲ့ပြီး အခုထက်ပိုပျိုးထောင်နိုင်ခဲ့တယ်လို့ ဝေဖန်ခံနေရပါတယ်။

၃။ ဒဟေးယား
ဖာဂီခေတ်လွန် ယူနိုက်တက်မှာ ဖာဒီနန်နဲ့ ဗီဒစ်ချ်တို့ ထွက်ခွာသွားခဲ့ချိန်မှာ အသင်းဂိုးပေါက်ကို နတ်ဘုရားတပါးလို ကာကွယ်ပေးခဲ့တဲ့ ဒဟေးယားက ဆာမတ်ဘက်စ်ဘီတနှစ်တာအကောင်းဆုံးဆုကိုလည်း ၃ နှစ်ဆက် ရယူခဲ့သူဖြစ်တယ်။

ဆိုးလ်ရှားလက်ထက်မှာတော့ အကယ်ဒမီထွက်ဂိုးသမားဒင်းန်ဟန်ဒါဆန်နဲ့ အပြိုင်နေရာလုနေခဲ့ရတာက ဒီနွေရာသီမှာ ဂိုးသမားနေရာအတွက် ဆုံးဖြတ်ချက်ချတော့မယ်လို့ ထုတ်ပြောခဲ့ရတဲ့အထိ ဖြစ်လာခဲ့ပြီး ဒဟေးယားဟာ အသင်းမှာ သူ့တန်ဖိုးတွေကို မျက်ကွယ်ပြုခံထားရတယ်ဆိုတဲ့ မှတ်ချက်တွေလည်း ရှိနေပါတယ်။

၄။ ဒွန်နီ ဗန်ဒဘိခ်
အိုင်းယတ်စ်အသင်းရဲ့ ၂၀၁၈-၁၉ လူစာရင်းမှာ ကြယ်ပွင့်ဖြစ်ခဲ့တဲ့ နယ်သာလန်ကွင်းလယ်လူဟာ အဲဒီနှစ်မှာပဲ ပြည်တွင်းဖလား ၂ လုံး အောင်မြင်ခဲ့သလို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့ရာကနေ ယူနိုက်တက်ကို ပေါင် ၃၅ သန်းနဲ့ မနှစ်က ရောက်ရှိလာခဲ့တာပါ။

သူ့ရဲ့စိတ်ကြိုက်နေရာဖြစ်ပြီး အားအသန်ဆုံးကစားနိုင်တဲ့ နံပါတ် ၁၀ နေရာ၊ ကစားကွက်ဖန်တီးရှင်နေရာမှာတော့ ဘရူနိုကို မကျော်နိုင်ခဲ့လို့ အရန်ခုံမှာ အချိန်ကုန်ခဲ့ရပြီး ဒီနှစ် ကစားခွင့်ရတဲ့ ပရီးမီးယားလိဂ် ၁၉ ပွဲမှာ ၁၅ ပွဲက လူစားဝင်ကစားခဲ့ရတာဖြစ်သလို ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင်း သက်သေပြခွင့် နည်းပါးလွန်းနေတာပါ။

၅။ အီဂါလို
ပြီးခဲ့တဲ့ဇန်နဝါရီမှာ ရှန်ဟိုင်းရှင်ဟွာအသင်းဆီ တပ်ခေါက်ပြန်ခဲ့ရတဲ့ အီဂါလိုက ဆိုးလ်ရှားရဲ့ မမျှတတဲ့ ဆုံးဖြတ်ချက်တွေနဲ့ အိမ်ဖြည့်ကစားသမားအဖြစ်သာ ဆက်ဆံခဲ့ရပြီး ၂၀၂၀-၂၁ ရာသီမှာ သူ့အတွက် ပွဲထွက်ခွင့်က မရှိသလောက်နည်းပါးခဲ့တယ်။

ယူနိုက်တက်တိုက်စစ်မှူးအဖြစ် ဘရူနိုနဲ့အတူ အသင်းကို တချိန်တည်းရောက်လာတဲ့ အာဖရိကန်သားဟာ ဝက်ဖို့ဒ်နဲ့အတူ ခြေစွမ်းပြောင်မြောက်ခဲ့စဉ်ကလို ပရီးမီးယားလိဂ်မှာ ဝင်မတိုးနိုင်တော့တာက အကြောင်းတကြောင်းဖြစ်ခဲ့ပေမယ့် ကမ္ဘာ့အဆင့်တိုက်စစ်မှူးစစ်စစ်ကို ငွေကုန်ခံမဝယ်ချင်လို့ ယူနိုက်တက်ပရိသတ်တွေအတွက် သူနဲ့ချွေးသိပ်ခံခဲ့ရတာကလည်း သူ့အတွက် သစ္စာဖောက်သလို ဖြစ်ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ ဆာဂ်ီယို ႐ိုမဲ႐ိုး
၂၀၁၅ ခုႏွစ္မွာ ဒဟဲယားရဲ႕ အရန္အျဖစ္ အသုံးေတာ္ခံဖို႔ အိုးထရက္ဖို႔ဒ္ေျမကို ေရာက္လာခဲ့တဲ့ ႐ိုမဲ႐ိုးဟာ ဆိုးလ္ရွားလက္ေအာက္မွာေတာ့ စိတ္အခ်ဥ္ေပါက္စရာေတြ ဆက္တိုက္ႀကဳံခဲ့ရတယ္။

၆၁ ပြဲကစားထားခ်ိန္မွာ၂၇ ဂိုးသာခြင့္ျပဳခဲ့ရၿပီး ၃၉ ပြဲ Clean Sheet နဲ႔ ေပးဂိုးမရွိခဲ့ေပမယ့္ ဒဟဲယား၊ ဟန္ဒါဆန္နဲ႔ လီဂရန႔္တို႔ရဲ႕ေနာက္မွာ ေခ်ာင္ထိုးခံခဲ့ရကာ ဒီႏွစ္မွာဆို တပြဲမွ မကစားခဲ့ရတာပါ။

၂။ ဂ်က္ဆီ လင္ဂတ္
လက္ရွိအဂၤလန္ေဘာလုံးေလာကမွာ အေဟာ့ဆုံးျဖစ္လာခဲ့တဲ့ဂ်က္ဆီ လင္ဂတ္က ၿပီးခဲ့တဲ့ဇန္နဝါရီမွာ ဝက္စ္ဟမ္းအသင္းမွာ အငွားထြက္ကစားခဲ့တဲ့ေနာက္ တေသြးတေမြးျဖစ္လာခဲ့ၿပီး အသင္းကို ဥေရာပဝင္ခြင့္ ရယူေပးႏိုင္ခဲ့တဲ့အထိ တဒိုင္းဒိုင္းဂိုးသြင္းေနတဲ့ ေျခစြမ္းေတြက ေတာက္ပလြန္းေနတာဟာ ယူႏိုက္တက္နည္းျပဆိုးလ္ရွားရဲ႕ သူ႔ကို မယုံၾကည္ခဲ့မႈအျပစ္ကိုလည္း ထင္ရွားေစခဲ့ၿပီး အခုထက္ပိုပ်ိဳးေထာင္ႏိုင္ခဲ့တယ္လို႔ ေဝဖန္ခံေနရပါတယ္။

၃။ ဒေဟးယား
ဖာဂီေခတ္လြန္ ယူႏိုက္တက္မွာ ဖာဒီနန္နဲ႔ ဗီဒစ္ခ်္တို႔ ထြက္ခြာသြားခဲ့ခ်ိန္မွာ အသင္းဂိုးေပါက္ကို နတ္ဘုရားတပါးလို ကာကြယ္ေပးခဲ့တဲ့ ဒေဟးယားက ဆာမတ္ဘက္စ္ဘီတႏွစ္တာအေကာင္းဆုံးဆုကိုလည္း ၃ ႏွစ္ဆက္ ရယူခဲ့သူျဖစ္တယ္။

ဆိုးလ္ရွားလက္ထက္မွာေတာ့ အကယ္ဒမီထြက္ဂိုးသမားဒင္းန္ဟန္ဒါဆန္နဲ႔ အၿပိဳင္ေနရာလုေနခဲ့ရတာက ဒီေႏြရာသီမွာ ဂိုးသမားေနရာအတြက္ ဆုံးျဖတ္ခ်က္ခ်ေတာ့မယ္လို႔ ထုတ္ေျပာခဲ့ရတဲ့အထိ ျဖစ္လာခဲ့ၿပီး ဒေဟးယားဟာ အသင္းမွာ သူ႔တန္ဖိုးေတြကို မ်က္ကြယ္ျပဳခံထားရတယ္ဆိုတဲ့ မွတ္ခ်က္ေတြလည္း ရွိေနပါတယ္။

၄။ ဒြန္နီ ဗန္ဒဘိခ္
အိုင္းယတ္စ္အသင္းရဲ႕ ၂၀၁၈-၁၉ လူစာရင္းမွာ ၾကယ္ပြင့္ျဖစ္ခဲ့တဲ့ နယ္သာလန္ကြင္းလယ္လူဟာ အဲဒီႏွစ္မွာပဲ ျပည္တြင္းဖလား ၂ လုံး ေအာင္ျမင္ခဲ့သလို ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အထိ တက္ႏိုင္ခဲ့ရာကေန ယူႏိုက္တက္ကို ေပါင္ ၃၅ သန္းနဲ႔ မႏွစ္က ေရာက္ရွိလာခဲ့တာပါ။

သူ႔ရဲ႕စိတ္ႀကိဳက္ေနရာျဖစ္ၿပီး အားအသန္ဆုံးကစားႏိုင္တဲ့ နံပါတ္ ၁၀ ေနရာ၊ ကစားကြက္ဖန္တီးရွင္ေနရာမွာေတာ့ ဘ႐ူႏိုကို မေက်ာ္ႏိုင္ခဲ့လို႔ အရန္ခုံမွာ အခ်ိန္ကုန္ခဲ့ရၿပီး ဒီႏွစ္ ကစားခြင့္ရတဲ့ ပရီးမီးယားလိဂ္ ၁၉ ပြဲမွာ ၁၅ ပြဲက လူစားဝင္ကစားခဲ့ရတာျဖစ္သလို ပြဲထြက္ခြင့္နဲ႔ ထိုက္တန္ေၾကာင္း သက္ေသျပခြင့္ နည္းပါးလြန္းေနတာပါ။

၅။ အီဂါလို
ၿပီးခဲ့တဲ့ဇန္နဝါရီမွာ ရွန္ဟိုင္းရွင္ဟြာအသင္းဆီ တပ္ေခါက္ျပန္ခဲ့ရတဲ့ အီဂါလိုက ဆိုးလ္ရွားရဲ႕ မမွ်တတဲ့ ဆုံးျဖတ္ခ်က္ေတြနဲ႔ အိမ္ျဖည့္ကစားသမားအျဖစ္သာ ဆက္ဆံခဲ့ရၿပီး ၂၀၂၀-၂၁ ရာသီမွာ သူ႔အတြက္ ပြဲထြက္ခြင့္က မရွိသေလာက္နည္းပါးခဲ့တယ္။

ယူႏိုက္တက္တိုက္စစ္မႉးအျဖစ္ ဘ႐ူႏိုနဲ႔အတူ အသင္းကို တခ်ိန္တည္းေရာက္လာတဲ့ အာဖရိကန္သားဟာ ဝက္ဖို႔ဒ္နဲ႔အတူ ေျခစြမ္းေျပာင္ေျမာက္ခဲ့စဥ္ကလို ပရီးမီးယားလိဂ္မွာ ဝင္မတိုးႏိုင္ေတာ့တာက အေၾကာင္းတေၾကာင္းျဖစ္ခဲ့ေပမယ့္ ကမာၻ႔အဆင့္တိုက္စစ္မႉးစစ္စစ္ကို ေငြကုန္ခံမဝယ္ခ်င္လို႔ ယူႏိုက္တက္ပရိသတ္ေတြအတြက္ သူနဲ႔ေခြၽးသိပ္ခံခဲ့ရတာကလည္း သူ႔အတြက္ သစၥာေဖာက္သလို ျဖစ္ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.